International Match Report

ပါကယ်တာ ကယ်တင်ပေးလို့ စပိန်နဲ့ ဘာနေဗျူးမှာ သရေကျတဲ့ ဘရာဇီးလ်

ဝက်စ်ဟမ်းကြယ်ပွင့် လူးကပ်စ် ပါကယ်တာရဲ့ နောက်ကျပင်နယ်တီသွင်းဂိုးကြောင့် ဘရာဇီးလ်ဟာ စပိန်နဲ့ ဘာနေဗျူးမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ၃-၃ နဲ့ သရေကျခဲ့ပါတယ်။

ရိုဒရီက ပင်နယ်တီကနေ စပိန်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဒါနီ အိုလ်မိုက အလွန်ကောင်းမွန်တဲ့ တကိုယ်တော် အစွမ်းနဲ့ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ရိုဒရီဂိုက ပထမပိုင်းမပြီးဆုံးခင်မှာ ဘရာဇီးလ်အတွက် ချေပဂိုးတစ်ဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပြီး ဒုတိယပိုင်းပြန်စပြီး ၅ မိနစ်အကြာမှာ အန်းဒရစ်ခ်က တစ်ဖက် ၂ ဂိုးစီ ညီမျှစေမယ့် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ရိုဒရီက နောက်ထပ် ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပေမယ့်လည်း ၉၆ မိနစ်မှာ ဘရာဇီးလ်တို့ ပင်နယ်တီ ရရှိခဲ့ရာကနေ ပါကယ်တာက ချေပဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကစားသမားသစ်ဖြစ်လာတော့မယ့် အန်းဒရစ်ခ်ကတော့ ဘရာဇီးလ်အတွက် ၄ ရက်အတွင်း ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဟာ ဝင်ဘလေမှာ ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီးနောက် အင်္ဂါနေ့ညမှာ မကြာမီ လာကစားရတော့မယ့် ဘာနေဗျူးကွင်းကြီးထဲမှာ နောက်ထပ်တစ်ကြိမ် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လူးဝစ္စ အန်နရီကေးရဲ့ စပိန်အသင်းဟာ ကိုလံဘီယာကို ဝက်စ်ဟမ်းရဲ့လန်ဒန်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံတကာအားလပ်ရက်ကို နိုင်ပွဲမရှိစံချိန်နဲ့ အဆုံးသတ်ခဲ့ရပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဝက္စ္ဟမ္းၾကယ္ပြင့္ လူးကပ္စ္ ပါကယ္တာရဲ႕ ေနာက္က်ပင္နယ္တီသြင္းဂိုးေၾကာင့္ ဘရာဇီးလ္ဟာ စပိန္နဲ႔ ဘာေနဗ်ဴးမွာ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ၃-၃ နဲ႔ သေရက်ခဲ့ပါတယ္။

႐ိုဒရီက ပင္နယ္တီကေန စပိန္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ဒါနီ အိုလ္မိုက အလြန္ေကာင္းမြန္တဲ့ တကိုယ္ေတာ္ အစြမ္းနဲ႔ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ႐ိုဒရီဂိုက ပထမပိုင္းမၿပီးဆုံးခင္မွာ ဘရာဇီးလ္အတြက္ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ သြင္းယူေပးႏိုင္ခဲ့ၿပီး ဒုတိယပိုင္းျပန္စၿပီး ၅ မိနစ္အၾကာမွာ အန္းဒရစ္ခ္က တစ္ဖက္ ၂ ဂိုးစီ ညီမွ်ေစမယ့္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ပါတယ္။

႐ိုဒရီက ေနာက္ထပ္ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ေပမယ့္လည္း ၉၆ မိနစ္မွာ ဘရာဇီးလ္တို႔ ပင္နယ္တီ ရရွိခဲ့ရာကေန ပါကယ္တာက ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ကစားသမားသစ္ျဖစ္လာေတာ့မယ့္ အန္းဒရစ္ခ္ကေတာ့ ဘရာဇီးလ္အတြက္ ၄ ရက္အတြင္း ဒုတိယေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၁၇ ႏွစ္အ႐ြယ္ ဘရာဇီးလ္တိုက္စစ္မႉးဟာ ဝင္ဘေလမွာ ဂိုးသြင္းယူႏိုင္တဲ့ အသက္အငယ္ဆုံးကစားသမားျဖစ္လာခဲ့ၿပီးေနာက္ အဂၤါေန႔ညမွာ မၾကာမီ လာကစားရေတာ့မယ့္ ဘာေနဗ်ဴးကြင္းႀကီးထဲမွာ ေနာက္ထပ္တစ္ႀကိမ္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

လူးဝစၥ အန္နရီေကးရဲ႕ စပိန္အသင္းဟာ ကိုလံဘီယာကို ဝက္စ္ဟမ္းရဲ႕လန္ဒန္ကြင္းမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ႏိုင္ငံတကာအားလပ္ရက္ကို ႏိုင္ပြဲမရွိစံခ်ိန္နဲ႔ အဆုံးသတ္ခဲ့ရၿပီဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.