International Match Report

ကင်းကိုင်နဲ့ ဗာ့ဇ်တို့တောက်ပမှုနဲ့ အိမ်ရှင်ပြင်သစ်ကို တောက်ချခဲ့တဲ့ ဂျာမနီ

စနေနေ့ညက ဂျာမနီနဲ့ ပြင်သစ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဖလိုရီယန် ဗာ့ဇ်က ၇ စက္ကန့်အကြာမှာပဲ ဂျာမနီရဲ့ အမြန်ဆုံး နိုင်ငံတကာသွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အိမ်ရှင်ဖြစ်တဲ့ ဂျာမနီဟာ နောက်ဆုံး ၄ ပွဲမှာ ပထမဆုံးနိုင်ပွဲအဖြစ် ပြင်သစ်ကို ၂-၀ နဲ့ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ယုံကြည်မှု မြင့်တက်ခဲ့ပြီး နည်းပြ နာဂယ်စ်မန်းဟာ ဇွန်လမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲမတိုင်ခင် နှစ်သစ်မှာ ကောင်းမွန်တဲ့စတင်မှု လိုချင်ခဲ့တာဖြစ်ပါတယ်။

ဖလိုရီယန် ဗာ့ဇ်က တိုနီ ခရူးစ်ဆီက ဘောလုံးပေးပို့မှုကနေ ကောင်းကောင်း လေ့ကျင့်ထားတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီးနောက် ပထမဆုံး နိုင်ငံတကာသွင်းဂိုးကို အဝေးကန်ချက်နဲ့ သွင်းယူပြီး ပြင်သစ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးဟာ ၂၀၁၃ ခုနှစ်တုန်းက အီကွေဒေါကို လူးကပ်စ် ပိုဒေါလ်စကီးသွင်းယူခဲ့တဲ့ ၇ စက္ကန့်သွင်းဂိုးထက် စက္ကန့်အနည်းငယ် ပိုမို မြန်ဆန်ခဲ့ပြီး အိမ်ရှင်တွေဟာ တဖြည်းဖြည်းနဲ့ ထိန်းချုပ်မှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေရဲ့ အလွန်ကောင်းမွန်တဲ့ ကန်ချက်ကို တာစတီဂျန် ကာကွယ်နိုင်ခဲ့လို့ ပြင်သစ်တို့ ၂၆ မိနစ်မှာ ၁-၀ နဲ့ ဦးဆောင်နိုင်မှု မဆုံးရှုံးခဲ့တာဖြစ်ပြီး ပြင်သစ်က ချေပဂိုးသွင်းဖို့ တရစပ်ဖိအားပေးလာခဲ့ပေမယ့်လည်း နောက်ထပ်ဂိုးသွင်းနိုင်ခဲ့တဲ့အသင်းကတော့ နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲသာ နိုင်ပွဲရခဲ့တဲ့ ဂျာမနီတွေဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းအစောပိုင်းမှာ ဂျာမနီတို့ကပဲ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဂျမဲလ် မူစီးအားလားရဲ့ ပေးပို့မှုကနေတဆင့် ကိုင် ဟာဗတ်ဇ်က အဆုံးသတ်ပေးသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ဟာ ဒုတိယပိုင်းမှာ ဂျာမနီကို ချေပဖို့အတွက် ဘယ်လိုမှ မတတ်နိုင်ခဲ့ဘဲ ပွဲကစားချိန်နှောင်းပိုင်းမှာ လူစားဝင်လာတဲ့ ဂျီရူး အခွင့်အရေး ၂ ကြိမ် လွဲချော်ခဲ့ပြီးနောက် ရူဒီဂါ ကိုယ့်ဂိုးကိုယ်သွင်းမိမလိုဖြစ်ခဲ့ပေမယ့်လည်း တိုင်ထိသွားလို့ ကံကောင်းသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စေနေန႔ညက ဂ်ာမနီနဲ႔ ျပင္သစ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ဖလိုရီယန္ ဗာ့ဇ္က ၇ စကၠန႔္အၾကာမွာပဲ ဂ်ာမနီရဲ႕ အျမန္ဆုံး ႏိုင္ငံတကာသြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး ၂-၀ နဲ႔ အႏိုင္ရခဲ့ပါတယ္။

ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲရဲ႕ အိမ္ရွင္ျဖစ္တဲ့ ဂ်ာမနီဟာ ေနာက္ဆုံး ၄ ပြဲမွာ ပထမဆုံးႏိုင္ပြဲအျဖစ္ ျပင္သစ္ကို ၂-၀ နဲ႔ ႏိုင္ပြဲရယူႏိုင္ခဲ့တာေၾကာင့္ ယုံၾကည္မႈ ျမင့္တက္ခဲ့ၿပီး နည္းျပ နာဂယ္စ္မန္းဟာ ဇြန္လမွာ က်င္းပမယ့္ ယူ႐ိုၿပိဳင္ပြဲမတိုင္ခင္ ႏွစ္သစ္မွာ ေကာင္းမြန္တဲ့စတင္မႈ လိုခ်င္ခဲ့တာျဖစ္ပါတယ္။

ဖလိုရီယန္ ဗာ့ဇ္က တိုနီ ခ႐ူးစ္ဆီက ေဘာလုံးေပးပို႔မႈကေန ေကာင္းေကာင္း ေလ့က်င့္ထားတဲ့ လႈပ္ရွားမႈ ျပဳလုပ္ခဲ့ၿပီးေနာက္ ပထမဆုံး ႏိုင္ငံတကာသြင္းဂိုးကို အေဝးကန္ခ်က္နဲ႔ သြင္းယူၿပီး ျပင္သစ္ေတြကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။ ဒီသြင္းဂိုးဟာ ၂၀၁၃ ခုႏွစ္တုန္းက အီေကြေဒါကို လူးကပ္စ္ ပိုေဒါလ္စကီးသြင္းယူခဲ့တဲ့ ၇ စကၠန႔္သြင္းဂိုးထက္ စကၠန႔္အနည္းငယ္ ပိုမို ျမန္ဆန္ခဲ့ၿပီး အိမ္ရွင္ေတြဟာ တျဖည္းျဖည္းနဲ႔ ထိန္းခ်ဳပ္မႈ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ခီလီယန္ အမ္ဘာေပရဲ႕ အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္ကို တာစတီဂ်န္ ကာကြယ္ႏိုင္ခဲ့လို႔ ျပင္သစ္တို႔ ၂၆ မိနစ္မွာ ၁-၀ နဲ႔ ဦးေဆာင္ႏိုင္မႈ မဆုံးရႈံးခဲ့တာျဖစ္ၿပီး ျပင္သစ္က ေခ်ပဂိုးသြင္းဖို႔ တရစပ္ဖိအားေပးလာခဲ့ေပမယ့္လည္း ေနာက္ထပ္ဂိုးသြင္းႏိုင္ခဲ့တဲ့အသင္းကေတာ့ ေနာက္ဆုံး ၁၀ ပြဲမွာ ၂ ပြဲသာ ႏိုင္ပြဲရခဲ့တဲ့ ဂ်ာမနီေတြျဖစ္ခဲ့ပါတယ္။

ဒုတိယပိုင္းအေစာပိုင္းမွာ ဂ်ာမနီတို႔ကပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၿပီး ဂ်မဲလ္ မူစီးအားလားရဲ႕ ေပးပို႔မႈကေနတဆင့္ ကိုင္ ဟာဗတ္ဇ္က အဆုံးသတ္ေပးသြားခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ဟာ ဒုတိယပိုင္းမွာ ဂ်ာမနီကို ေခ်ပဖို႔အတြက္ ဘယ္လိုမွ မတတ္ႏိုင္ခဲ့ဘဲ ပြဲကစားခ်ိန္ေႏွာင္းပိုင္းမွာ လူစားဝင္လာတဲ့ ဂ်ီ႐ူး အခြင့္အေရး ၂ ႀကိမ္ လြဲေခ်ာ္ခဲ့ၿပီးေနာက္ ႐ူဒီဂါ ကိုယ့္ဂိုးကိုယ္သြင္းမိမလိုျဖစ္ခဲ့ေပမယ့္လည္း တိုင္ထိသြားလို႔ ကံေကာင္းသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.