International Match Report

အက်စတိုးနီးယားကို ဂိုးပြတ်အနိုင်ယူပြီး ပလေးအော့ဖ်မှာ ဝေးလ်စ်နဲ့တွေ့ဆုံရမယ့် ပိုလန်

ပိုလန်ဟာ ယူရို ၂၀၂၄ ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကြာသပတေးနေ့ညက ကစားခဲ့တဲ့ အက်စတိုးနီးယားနဲ့ပွဲမှာ ၅-၁ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ပိုလန်ဟာ ဖင်လန်ကို ပလေးအော့ဖ်ဆီမီးဖိုင်နယ်အဆင့်မှာ ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ဝေးလ်စ်နဲ့ လမ်းကြောင်း A ပလေးအော့ဖ် ဗိုလ်လုပွဲအဖြစ် လာမယ့် အင်္ဂါနေ့မှာ ကာဒစ်ဖ်ကို သွားရောက် ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ ပိုလန်ဟာ တုံ့ပြန်နိုင်စွမ်းမရှိဘဲ ကိုယ့်ကွင်းဘက်ခြမ်းမှာသာ နေရခဲ့ရတဲ့ အက်စတိုးနီးယားကို ဂိုးပြတ် အနိုင်ယူခဲ့တာဖြစ်ပြီး ၇၈ မိနစ်မှသာ အက်စတိုးနီးယားကွင်းလယ်လူ မာတင် ဗက်ကယ်က နှစ်သိမ့်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဖရန်ကောစကီးက ပထမပိုင်း ၂၂ မိနစ်မှာ ပိုလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပီယိုထရောစကီးရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေ ရယူပြီးနောက် မြေလှိမ့်ဘောကန်ချက်နဲ့ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇီလင်းစကီးက ဒုတိယပိုင်းမှာ ဇာလက်ဗ်စကီးရဲ့ ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက်ပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ပီယိထရောစကီးက မိနစ် ၇၀ မှာ အဝေးကန်ချက်နဲ့ တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ အက်စတိုးနီးယားနောက်ခံလူ ကာရို မတ်စ်က ပိုလန်ကို ကိုယ့်ဂိုးကိုယ်သွင်းပြီး ဂိးလက်ဆောင်ပေးခဲ့ပြီး ပဉ္စမမြောက်ဦးဆောင်ဂိုးကို ဆီဘက်စတီယန် ရှီမန်းစကီးက အနီးကပ်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အက်စတိုးနီးယားဟာ ပထမပိုင်း ၂၇ မိနစ်ကတည်းက နောက်ခံလူ မက်စ်ကင် ပက်ကော့စီ ဇာလက်ဗ်စကီးကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့  ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

ပိုလန်ဟာ ယူရို ၂၀၂၄ ဝင်ခွင့် အုပ်စု အီးမှာ အယ်လ်ဘေးနီးယား၊ ချက်တို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်ခဲ့ရတာဖြစ်ပြီး အက်စတိုးနီးယားက အုပ်စု အက်ဖ်မှာ နောက်ဆုံးက ရပ်တည်ခဲ့ပေမယ့်လည်း အခြား ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲကစားခဲ့တဲ့အသင်းတွေအတိုင်းပဲ နေးရှင်းလိဂ်ကနေတဆင့် ပလေးအော့ဖ်ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပိုလန္ဟာ ယူ႐ို ၂၀၂၄ ပေလးေအာ့ဖ္ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ၾကာသပေတးေန႔ညက ကစားခဲ့တဲ့ အက္စတိုးနီးယားနဲ႔ပြဲမွာ ၅-၁ နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။

ပိုလန္ဟာ ဖင္လန္ကို ပေလးေအာ့ဖ္ဆီမီးဖိုင္နယ္အဆင့္မွာ ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ေဝးလ္စ္နဲ႔ လမ္းေၾကာင္း A ပေလးေအာ့ဖ္ ဗိုလ္လုပြဲအျဖစ္ လာမယ့္ အဂၤါေန႔မွာ ကာဒစ္ဖ္ကို သြားေရာက္ ရင္ဆိုင္ကစားသြားရမွာ ျဖစ္ပါတယ္။ ပိုလန္ဟာ တုံ႔ျပန္ႏိုင္စြမ္းမရွိဘဲ ကိုယ့္ကြင္းဘက္ျခမ္းမွာသာ ေနရခဲ့ရတဲ့ အက္စတိုးနီးယားကို ဂိုးျပတ္ အႏိုင္ယူခဲ့တာျဖစ္ၿပီး ၇၈ မိနစ္မွသာ အက္စတိုးနီးယားကြင္းလယ္လူ မာတင္ ဗက္ကယ္က ႏွစ္သိမ့္ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဖရန္ေကာစကီးက ပထမပိုင္း ၂၂ မိနစ္မွာ ပိုလန္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ပီယိုထေရာစကီးရဲ႕ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈကေန ရယူၿပီးေနာက္ ေျမလွိမ့္ေဘာကန္ခ်က္နဲ႔ အဆုံးသတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဇီလင္းစကီးက ဒုတိယပိုင္းမွာ ဇာလက္ဗ္စကီးရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ေခါင္းတိုက္ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ပီယိထေရာစကီးက မိနစ္ ၇၀ မွာ အေဝးကန္ခ်က္နဲ႔ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၃ မိနစ္အၾကာမွာ အက္စတိုးနီးယားေနာက္ခံလူ ကာ႐ို မတ္စ္က ပိုလန္ကို ကိုယ့္ဂိုးကိုယ္သြင္းၿပီး ဂိးလက္ေဆာင္ေပးခဲ့ၿပီး ပၪၥမေျမာက္ဦးေဆာင္ဂိုးကို ဆီဘက္စတီယန္ ရွီမန္းစကီးက အနီးကပ္ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အက္စတိုးနီးယားဟာ ပထမပိုင္း ၂၇ မိနစ္ကတည္းက ေနာက္ခံလူ မက္စ္ကင္ ပက္ေကာ့စီ ဇာလက္ဗ္စကီးကို ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့လို႔  ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရၿပီးကတည္းက တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာျဖစ္ပါတယ္။

ပိုလန္ဟာ ယူ႐ို ၂၀၂၄ ဝင္ခြင့္ အုပ္စု အီးမွာ အယ္လ္ေဘးနီးယား၊ ခ်က္တို႔ရဲ႕ေနာက္ တတိယေနရာမွာ ရပ္တည္ခဲ့ရတာျဖစ္ၿပီး အက္စတိုးနီးယားက အုပ္စု အက္ဖ္မွာ ေနာက္ဆုံးက ရပ္တည္ခဲ့ေပမယ့္လည္း အျခား ပေလးေအာ့ဖ္ဆီမီးဖိုင္နယ္ပြဲကစားခဲ့တဲ့အသင္းေတြအတိုင္းပဲ ေနးရွင္းလိဂ္ကေနတဆင့္ ပေလးေအာ့ဖ္ဝင္ခြင့္ရခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.