International World Cup

အာဂျင်တီးနားကစားသမားတွေရဲ့အောင်ပွဲခံမှုကို ဝေဖန်ခဲ့တဲ့ အီဘရာဟီမိုဗစ်ကို တုံ့ပြန်ခဲ့တဲ့ အဂွေရို

အာဂျင်တီးနားဂန္တဝင် ဆာဂျီယို အဂွေရိုက အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအောင်ပွဲခံမှုတွေကို ဝေဖန်ခဲ့တဲ့ ဇလာတန် အီဘရာဟီမိုဗစ်ကို ပြန်လည်ထိုးနှက်ခဲ့ပါတယ်။

စကာလိုနီရဲ့အသင်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ကို ၃-၃ နဲ့ သရေကျခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ပြီး တတိယမြောက် ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုဖလားကြီးကို နောက်ဆုံးမှာ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ကစားသမားဘဝမှာ လိုအပ်နေတဲ့ နောက်ဆုံးအဓိကဆုဖလားကြီးကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ ဘာစီလိုနာအသင်းမှာ အတူတူ ကစားခဲ့ဖူးတဲ့ အီဘရာဟီမိုဗစ်က မက်ဆီကို သမိုင်းမှာ အကောင်းဆုံးကစားသမားအဖြစ် ယူဆထားတာကြောင့် ဘာစီလိုနာကြယ်ပွင့်ဟောင်းနဲ့ အာဂျင်တီးနားက ကမ္ဘာ့ဖလားကို အနိုင်ရရှိလိမ့်မယ်ဆိုတာ သေချာသိနေခဲ့တာဖြစ်ပါတယ်။

အေစီမီလန်ဝါရင့်တိုက်စစ်မှူးကြီးက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ အမ်ဘာပေကိုလည်း ချီးကျူးခဲ့ပေမယ့်လည်း အာဂျင်တီးနားကစားသမားတွေရဲ့ အောင်ပွဲခံမှုဟာ လိုတာထက်ပိုခဲ့တယ်လို့ ထင်မြင်ခဲ့တာကြောင့် တောင်အမေရိကအသင်းအနေနဲ့ နောက်ထပ် ဘာဖလားမှရတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အမ်ဘာပေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ဗိုလ်လုပွဲမှာ ၄ ဂိုးသွင်း(ပင်နယ်တီ အဆုံးအဖြတ်အပါအဝင်)နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားကို မရရှိခဲ့ဘူးဆိုရင် အဲဒါက အရမ်းဝမ်းနည်းစရာဖြစ်မှာမို့လို့ပါ။ ဒါပေမယ့် သူ နောက်ထပ်ကမ္ဘာ့ဖလားကို အနိုင်ရဦးမှာဖြစ်ပြီး သူ ကမ္ဘာ့ဖလားတစ်ကြိမ် ရရှိခဲ့ပြီးပြီဖြစ်တဲ့အတွက် အမ်ဘာပေအတွက် ကျွန်တော် စိတ်မပူပါဘူး”

“ကျွန်တော် စိတ်ပူတာက အာဂျင်တီးနားက တခြားကစားသမားတွေကိုပါ။ ဘာလို့လဲဆိုတော့ သူတို့တွေ ဘာဖလားမှ ရတော့မှာမဟုတ်လို့ပါ။ မက်ဆီက အရာအားလုံးကို အနိုင်ရရှိခဲ့ပြီးဖြစ်ပြီး သူ့ကို အမှတ်ရနေကြပါလိမ့်မယ်။ ဒါပေမယ့် ကျန်တဲ့လူတွေကတော့ ဆိုးဆိုးရွားရွား ပြုမူခဲ့ပြီး ကျွန်တော်တို့ အဲဒါကို လေးစားလို့မရပါဘူး”

“အဲဒီလိုပြောတာက မြင့်မားတဲ့အဆင့်အတန်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် ပြောတာပါ။ ကျွန်တော့်အတွက်တော့ အဲဒါက သူတို့တွေ တစ်ကြိမ်ပဲ အနိုင်ရရှိပြီး နောက်ထပ် ထပ်ပြီး အနိုင်ရရှိတော့မှာမဟုတ်ဘူးဆိုတဲ့ လက္ခဏာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျား ဒီလိုမျိုး ပုံစံနဲ့ဆိုရင် အနိုင်ရရှိမှာမဟုတ်လို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ရဲ့ ပြောစကားဟာ ကမ္ဘာ့ဖလားဆုပေးပွဲစင်မြင့်ပေါ်မှာ ရွှေလက်အိတ်ဆုကို ရယူခဲ့တဲ့အချိန်မှာ ပြင်သစ်ပရိသတ်တွေကို ရိုင်းပျတဲ့ အမူအရာလုပ်ပြခဲ့တဲ့ အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ရည်ရွယ်ခဲ့ပုံပေါ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ အောင်ပွဲခံရာမှာ ပါဝင်ခဲ့တဲ့ အဂွေရိုက ဆွီဒင်ဝါရင့်တိုက်စစ်မှူးရဲ့ ဝေဖန်မှုကို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော်တို့ နောက်ထပ် ဆုဖလားတွေ ရရှိတော့မှာမဟုတ်ဘူးလို့ ပြောတာကတော့ ကျွန်တော့်အတွက်တော့ အရမ်းရိုင်းပျတဲ့ပုံပေါ်ပါတယ်။ အာဂျင်တီးနားအတွက် စိတ်မပူခင်မှာ ခင်ဗျားအနေနဲ့ ခင်ဗျားနိုင်ငံ၊ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာတောင် မပါဝင်ခဲ့ရတဲ့ ခင်ဗျား ကစားသမားတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားဂႏၲဝင္ ဆာဂ်ီယို အေဂြ႐ိုက အာဂ်င္တီးနားရဲ႕ ကမာၻ႔ဖလားေအာင္ပြဲခံမႈေတြကို ေဝဖန္ခဲ့တဲ့ ဇလာတန္ အီဘရာဟီမိုဗစ္ကို ျပန္လည္ထိုးႏွက္ခဲ့ပါတယ္။

စကာလိုနီရဲ႕အသင္ဟာ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ျပင္သစ္ကို ၃-၃ နဲ႔ သေရက်ခဲ့ၿပီးေနာက္ ပင္နယ္တီ အဆုံးအျဖတ္မွာ အႏိုင္ရရွိခဲ့ၿပီး တတိယေျမာက္ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ ေဘာလုံးေလာကရဲ႕ ဂုဏ္သိကၡာအႀကီးမားဆုံး ဆုဖလားႀကီးကို ေနာက္ဆုံးမွာ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ကစားသမားဘဝမွာ လိုအပ္ေနတဲ့ ေနာက္ဆုံးအဓိကဆုဖလားႀကီးကို လက္ဝယ္ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီနဲ႔ ဘာစီလိုနာအသင္းမွာ အတူတူ ကစားခဲ့ဖူးတဲ့ အီဘရာဟီမိုဗစ္က မက္ဆီကို သမိုင္းမွာ အေကာင္းဆုံးကစားသမားအျဖစ္ ယူဆထားတာေၾကာင့္ ဘာစီလိုနာၾကယ္ပြင့္ေဟာင္းနဲ႔ အာဂ်င္တီးနားက ကမာၻ႔ဖလားကို အႏိုင္ရရွိလိမ့္မယ္ဆိုတာ ေသခ်ာသိေနခဲ့တာျဖစ္ပါတယ္။

ေအစီမီလန္ဝါရင့္တိုက္စစ္မႉးႀကီးက ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ဟက္ထရစ္သြင္းယူခဲ့တဲ့ အမ္ဘာေပကိုလည္း ခ်ီးက်ဴးခဲ့ေပမယ့္လည္း အာဂ်င္တီးနားကစားသမားေတြရဲ႕ ေအာင္ပြဲခံမႈဟာ လိုတာထက္ပိုခဲ့တယ္လို႔ ထင္ျမင္ခဲ့တာေၾကာင့္ ေတာင္အေမရိကအသင္းအေနနဲ႔ ေနာက္ထပ္ ဘာဖလားမွရေတာ့မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အမ္ဘာေပအတြက္ စိတ္မေကာင္းျဖစ္မိပါတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ဗိုလ္လုပြဲမွာ ၄ ဂိုးသြင္း(ပင္နယ္တီ အဆုံးအျဖတ္အပါအဝင္)ႏိုင္ခဲ့ၿပီး ကမာၻ႔ဖလားကို မရရွိခဲ့ဘူးဆိုရင္ အဲဒါက အရမ္းဝမ္းနည္းစရာျဖစ္မွာမို႔လို႔ပါ။ ဒါေပမယ့္ သူ ေနာက္ထပ္ကမာၻ႔ဖလားကို အႏိုင္ရဦးမွာျဖစ္ၿပီး သူ ကမာၻ႔ဖလားတစ္ႀကိမ္ ရရွိခဲ့ၿပီးၿပီျဖစ္တဲ့အတြက္ အမ္ဘာေပအတြက္ ကြၽန္ေတာ္ စိတ္မပူပါဘူး”

“ကြၽန္ေတာ္ စိတ္ပူတာက အာဂ်င္တီးနားက တျခားကစားသမားေတြကိုပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ ဘာဖလားမွ ရေတာ့မွာမဟုတ္လို႔ပါ။ မက္ဆီက အရာအားလုံးကို အႏိုင္ရရွိခဲ့ၿပီးျဖစ္ၿပီး သူ႔ကို အမွတ္ရေနၾကပါလိမ့္မယ္။ ဒါေပမယ့္ က်န္တဲ့လူေတြကေတာ့ ဆိုးဆိုး႐ြား႐ြား ျပဳမူခဲ့ၿပီး ကြၽန္ေတာ္တို႔ အဲဒါကို ေလးစားလို႔မရပါဘူး”

“အဲဒီလိုေျပာတာက ျမင့္မားတဲ့အဆင့္အတန္းမွာ ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ ေျပာတာပါ။ ကြၽန္ေတာ့္အတြက္ေတာ့ အဲဒါက သူတို႔ေတြ တစ္ႀကိမ္ပဲ အႏိုင္ရရွိၿပီး ေနာက္ထပ္ ထပ္ၿပီး အႏိုင္ရရွိေတာ့မွာမဟုတ္ဘူးဆိုတဲ့ လကၡဏာပါ။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ဒီလိုမ်ိဳး ပုံစံနဲ႔ဆိုရင္ အႏိုင္ရရွိမွာမဟုတ္လို႔ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ရဲ႕ ေျပာစကားဟာ ကမာၻ႔ဖလားဆုေပးပြဲစင္ျမင့္ေပၚမွာ ေ႐ႊလက္အိတ္ဆုကို ရယူခဲ့တဲ့အခ်ိန္မွာ ျပင္သစ္ပရိသတ္ေတြကို ႐ိုင္းပ်တဲ့ အမူအရာလုပ္ျပခဲ့တဲ့ အာဂ်င္တီးနားဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကို ရည္႐ြယ္ခဲ့ပုံေပၚပါတယ္။ ဒါေပမယ့္လည္း ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔အတူ ေအာင္ပြဲခံရာမွာ ပါဝင္ခဲ့တဲ့ အေဂြ႐ိုက ဆြီဒင္ဝါရင့္တိုက္စစ္မႉးရဲ႕ ေဝဖန္မႈကို ျပန္လည္ တုံ႔ျပန္ခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ေနာက္ထပ္ ဆုဖလားေတြ ရရွိေတာ့မွာမဟုတ္ဘူးလို႔ ေျပာတာကေတာ့ ကြၽန္ေတာ့္အတြက္ေတာ့ အရမ္း႐ိုင္းပ်တဲ့ပုံေပၚပါတယ္။ အာဂ်င္တီးနားအတြက္ စိတ္မပူခင္မွာ ခင္ဗ်ားအေနနဲ႔ ခင္ဗ်ားႏိုင္ငံ၊ ေနာက္ဆုံး ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာေတာင္ မပါဝင္ခဲ့ရတဲ့ ခင္ဗ်ား ကစားသမားေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္ရမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.