Premier League Serie A

ဂျူဗင်တပ် ရမှတ်လျှော့ခံရပြီးနောက် အခွင့်အရေးကို လက်လွှတ်မခံခဲ့တဲ့ ဂန်းနားပရိသတ်များ

အာဆင်နယ်ပရိသတ်တွေဟာ ဂျူဗင်တပ်အသင်းက စီးရီးအေမှာ ရမှတ် ၁၅ မှတ်လျှော့ခံခဲ့ရပြီး စကူဒက်တိုဖလားကို ရရှိမယ့်အခွင့်အရေး အဆုံးသတ်ခဲ့ပြီးနောက် ဒူဆန် ဗလာဟိုဗစ်ချ်ကို ရက်ရက်စက်စက် လှောင်ပြောင်ခဲ့ကြပါတယ်။

သောကြာနေ့ညမှာ အီတလီထိပ်သီးအသင်းကြီးဟာ ငွေကြေးအမြတ်အစွန်းလိမ်လည်စာရင်းပြမှု ကျူးလွန်ခဲ့တယ်လို့ တွေ့ရှိခဲ့ပြီးနောက် ကြီးမားတဲ့ အပြစ်ပေးအရေးယူမှုတွေ ခံရမှာဖြစ်တယ်လို့ ကြေညာခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ရမှတ်လျှော့ချခံရမှုကို အယူခံဝင်ဖို့အတွက် အခွင့်အရေးရှိပြီး ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်မှာဖြစ်ပေမယ့်လည်း အပြောင်းအလဲမရှိဘူးဆိုရင်တော့ စီးရီးအေအမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်ရတော့မှာ ဖြစ်ပါတယ်။ အယ်လီဂရီရဲ့အသင်းဟာ စီးရီးအေအမှတ်ပေးဇယား ဦးဆောင်သူ နာပိုလီအသင်းနဲ့ ၁၀ မှတ်အထိ ကွာဟနေခဲ့ပြီးဖြစ်တာကြောင့် လက်ရှိအချိန်မှာတော့ ရမှတ်ကွာဟမှုက ၂၅ မှတ်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအတွက် လက်ရှိမှာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးအောင်လုပ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်လုပ်ဖို့က အရေးအကြီးဆုံးဖြစ်လာတော့မှာဖြစ်ပြီး လက်ရှိမှာ ရမှတ်လျှော့ချခံရမှုကြောင့် အဆင့် ၄ နေရာက လာဇီယိုနဲ့ ၁၂ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

အိုးလေဒီတွေအနေနဲ့ လာမယ့်ရာသီ ဥရောပထိပ်တန်းပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖွယ် မရှိဖို့ များနေပုံပေါ်ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ မက္ကာဘီ ဟိုင်ဖာကို ရှုံးနိမ့်ခဲ့ပြီးနောက် ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာက နောက်ထပ်ထိုးနှက်ချက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် အာဆင်နယ်ပရိသတ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် တူရင်ကို သွားဖို့ ငြင်းပယ်ခဲ့တဲ့ ဒူဆန် ဗလာဟိုဗစ်ချ်ကို လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

“သူ့ရဲ့ ပထမဆုံး ၂ ပွဲမှာ ဗီလာရီးရဲလ်ရဲ့ အလဲထိုးတာ ခံခဲ့ရတယ်။ သူ့ရဲ့ ပထမဆုံးရာသီမှာ ယူရိုပါလိဂ်ကို ကျဆင်းခဲ့ပြီး အခု လာမယ့်ရာသီမှာ ယူရိုပါလိဂ်တောင် ကစားရတော့မှာမဟုတ်ဘူး”လို့ အာဆင်နယ်ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “အပြောင်းအရွှေ့လုပ်ဖို့အတွက် ရက်အနည်းငယ် ကျန်နေပါသေးတယ်။ သူသာ သူ့အတွက် ဘာက ကောင်းမွန်လဲဆိုတာကို သိရင်ပေါ့”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးရဲ့အေးဂျင့်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက အခြေအနေနိမ့်ပါးနေခဲ့တဲ့ အာဆင်နယ်ရဲ့ ဖုန်းခေါ်ဆိုမှုကိုတောင် မကိုင်ဘဲ ထားခဲ့တယ်လို့ သိရပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကစားသမားတွေအနေနဲ့ ငွေကြေးအတွက် သူတို့ကို အေးဂျင့်တွေက လမ်းမှားရောက်စေတဲ့အချိန်မှာ မားမားမတ်မတ် ရပ်တည်ဖို့ ဒီဖြစ်စဉ်ကနေ လေ့လာသင်ယူနိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ပရိသတ္ေတြဟာ ဂ်ဴဗင္တပ္အသင္းက စီးရီးေအမွာ ရမွတ္ ၁၅ မွတ္ေလွ်ာ့ခံခဲ့ရၿပီး စကူဒက္တိုဖလားကို ရရွိမယ့္အခြင့္အေရး အဆုံးသတ္ခဲ့ၿပီးေနာက္ ဒူဆန္ ဗလာဟိုဗစ္ခ်္ကို ရက္ရက္စက္စက္ ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

ေသာၾကာေန႔ညမွာ အီတလီထိပ္သီးအသင္းႀကီးဟာ ေငြေၾကးအျမတ္အစြန္းလိမ္လည္စာရင္းျပမႈ က်ဴးလြန္ခဲ့တယ္လို႔ ေတြ႕ရွိခဲ့ၿပီးေနာက္ ႀကီးမားတဲ့ အျပစ္ေပးအေရးယူမႈေတြ ခံရမွာျဖစ္တယ္လို႔ ေၾကညာျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ ရမွတ္ေလွ်ာ့ခ်ခံရမႈကို အယူခံဝင္ဖို႔အတြက္ အခြင့္အေရးရွိၿပီး ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲႏိုင္မွာျဖစ္ေပမယ့္လည္း အေျပာင္းအလဲမရွိဘူးဆိုရင္ေတာ့ စီးရီးေအအမွတ္ေပးဇယား အဆင့္ ၁၀ ေနရာမွာ ရပ္တည္ရေတာ့မွာ ျဖစ္ပါတယ္။ အယ္လီဂရီရဲ႕အသင္းဟာ စီးရီးေအအမွတ္ေပးဇယား ဦးေဆာင္သူ နာပိုလီအသင္းနဲ႔ ၁၀ မွတ္အထိ ကြာဟေနခဲ့ၿပီးျဖစ္တာေၾကာင့္ လက္ရွိအခ်ိန္မွာေတာ့ ရမွတ္ကြာဟမႈက ၂၅ မွတ္အထိ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းအတြက္ လက္ရွိမွာ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးေအာင္လုပ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္လုပ္ဖို႔က အေရးအႀကီးဆုံးျဖစ္လာေတာ့မွာျဖစ္ၿပီး လက္ရွိမွာ ရမွတ္ေလွ်ာ့ခ်ခံရမႈေၾကာင့္ အဆင့္ ၄ ေနရာက လာဇီယိုနဲ႔ ၁၂ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။

အိုးေလဒီေတြအေနနဲ႔ လာမယ့္ရာသီ ဥေရာပထိပ္တန္းၿပိဳင္ပြဲမွာ ပါဝင္ကစားႏိုင္ဖြယ္ မရွိဖို႔ မ်ားေနပုံေပၚၿပီး ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ မကၠာဘီ ဟိုင္ဖာကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဥေရာပၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာက ေနာက္ထပ္ထိုးႏွက္ခ်က္ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဒီအေျခအေနေတြေၾကာင့္ အာဆင္နယ္ပရိသတ္ေတြဟာ လူမႈကြန္ရက္ေပၚမွာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလမွာ ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ တူရင္ကို သြားဖို႔ ျငင္းပယ္ခဲ့တဲ့ ဒူဆန္ ဗလာဟိုဗစ္ခ်္ကို ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ပါတယ္။

“သူ႔ရဲ႕ ပထမဆုံး ၂ ပြဲမွာ ဗီလာရီးရဲလ္ရဲ႕ အလဲထိုးတာ ခံခဲ့ရတယ္။ သူ႔ရဲ႕ ပထမဆုံးရာသီမွာ ယူ႐ိုပါလိဂ္ကို က်ဆင္းခဲ့ၿပီး အခု လာမယ့္ရာသီမွာ ယူ႐ိုပါလိဂ္ေတာင္ ကစားရေတာ့မွာမဟုတ္ဘူး”လို႔ အာဆင္နယ္ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “အေျပာင္းအေ႐ႊ႕လုပ္ဖို႔အတြက္ ရက္အနည္းငယ္ က်န္ေနပါေသးတယ္။ သူသာ သူ႔အတြက္ ဘာက ေကာင္းမြန္လဲဆိုတာကို သိရင္ေပါ့”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ေအးဂ်င့္ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက အေျခအေနနိမ့္ပါးေနခဲ့တဲ့ အာဆင္နယ္ရဲ႕ ဖုန္းေခၚဆိုမႈကိုေတာင္ မကိုင္ဘဲ ထားခဲ့တယ္လို႔ သိရၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ကစားသမားေတြအေနနဲ႔ ေငြေၾကးအတြက္ သူတို႔ကို ေအးဂ်င့္ေတြက လမ္းမွားေရာက္ေစတဲ့အခ်ိန္မွာ မားမားမတ္မတ္ ရပ္တည္ဖို႔ ဒီျဖစ္စဥ္ကေန ေလ့လာသင္ယူႏိုင္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္တယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.