Serie A

အလိမ်အညာ အရှုပ်ထုပ် ဂျူဗင်တပ်စ်တို့ ၁၅ မှတ်လျှော့ အရေးယူခံရပြီး ဒုက္ခရောက်ပြီ

စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက ကစားသမားခေါ်ယူမှုတွေနဲ့ အသုံးစရိတ်တွေမှာ ဘဏ္ဏာရေးစည်းမျဉ်းတွေကို ရှောင်လွှဲဖို့အတွက် စာရင်းအင်းတွေ လိမ်ညာခဲ့မှုအပေါ် အီတလီဘောလုံးအဖွဲ့ချုပ် FIGC ရဲ့ တာဝန်ရှိသူတွေက အပြစ်ပေး အရေးယူလိုက်ပြီဖြစ်ပြီး အသင်းနဲ့အတူ အရေးပါတဲ့ ဦးဆောင်သူတွေကိုပါ ပြစ်ဒဏ်တွေကို အသီးသီး ချမှတ်သွားခဲ့ပါတယ်။

အဖြူအနက်ကျား ဘီယန်ကွန်နယ်ရီတွေအနေနဲ့ လက်ရှိရာသီမှာပဲ ရမှတ် ၁၅ မှတ်ကို လျှော့ချခံရတော့မှာဖြစ်ပြီး အသင်းရဲ့ တာဝန်ရှိသူတွေ ဖြစ်ကြတဲ့ လက်ရှိ စပါးစ်အားကစားဒါရိုက်တာ ဖာဘီယို ပါရာတီချီ အပါအဝင် ဥက္ကဌဟောင်း အန်ဒရီးယား အဂ္ဂနယ်လီနဲ့ စီအီးအို မော်ရီဇီယို အာရာဗာဘီနီ၊ လက်ရှိ အားကစားဒါရိုက်တာ ဖက်ဒါရီကို ရှာရူဘီနီ၊ ဒုတိယ ဥက္ကဌ ပါဗယ် နက်ဗက်ဒ်တို့ကိုပါ ပြစ်ဒဏ်တွေ ချမှတ်သွားခဲ့တာပါ။

အင်္ဂလန်ကို ရောက်ရှိနေခဲ့တဲ့ ပါရာတီချီအနေနဲ့ အီတလီဘောလုံးလောကကနေ လပေါင်း ၃၀ (နှစ်နှစ်ခွဲ) ပါဝင်ပတ်သက်ခွင့် မရှိတဲ့ ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရသလို အဂ္ဂနယ်လီက ၂၄ လ (နှစ်နှစ်)၊ ရှာရူဘီနီနဲ့ နက်ဗက်ဒ်တို့က ၁၂ လ (တစ်နှစ်)အထိ ဘောလုံးနဲ့ ပတ်သက်သမျှ ကိစ္စတွေကနေ တားမြစ် ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

ပါရာတီချီအနေနဲ့ ပရီးမီးယားလိဂ်မှာတော့ ပြစ်ဒဏ်ချခံရနိုင်ဖွယ် မရှိပေမယ့် စပါးစ်အသင်းရဲ့ ဂုဏ်သိက္ခာကိုတော့ ထိခိုက်စရာဖြစ်ခဲ့ပြီး ဒီရက်ပိုင်းအတွင်း ရှုံးပွဲဆက်နေခဲ့သလို မြောက်လန်ဒန်ဒါဘီက မျက်နှာပျက်စရာ ကိစ္စတွေကိုပါ ကြုံတွေ့ခဲ့ရတာကြောင့် သူတို့အတွက်တော့ ကံဆိုးတဲ့ ရက်သတ္တပတ်လည်း ဖြစ်ခဲ့ရတာပါ။

ဂျူဗင်တပ်စ်တို့ရဲ့ ဒီအချိန်အထိ အောင်မြင်ခဲ့သမျှ စကူဒက်တို အမှတ်ပေးချန်ပီယံဆုဖလားတွေမှာ အညစ်အကြေးနဲ့ အရိပ်မည်းတွေ ကပ်ငြိနေခဲ့သလားလို့ သံသယ ဝင်စရာဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ၁၅ မှတ် အနုတ်ခံလိုက်ရမှုကြောင့် စီးရီးအေမှာ အဆင့် ၃ က‌နေ အဆင့် ၁၀ ကို ကျရောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

၂၀၀၅-၀၆ ရာသီတုန်းကလည်း အထွေထွေမန်နေဂျာ လူစီယာနို မော့ဂီရဲ့ ဒိုင်တွေကို လာဘ်ပေးခဲ့တဲ့ လုပ်ပွဲကစားမှုကြောင့် စီးရီးဘီကို တန်းဆင်းပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးတဲ့ ဂျူဗင်တပ်စ်တို့အနေနဲ့ ဒီတစ်ခါမှာလည်း အသင်းရဲ့ သမိုင်းစာမျက်နှာမှာ အရှက်ရစရာ ထပ်မံကြုံတွေ့ခဲ့ရပြီး ဘောလုံးလောကမှာ ရိုးရိုးသားသား ယှဉ်ပြိုင်ဖို့ရော တစ်ခါတစ်လေ လုပ်ခဲ့ဖူးသလားလို့ပါ ပြိုင်ဘက်အားလုံးက လှောင်ပြောင်စရာလည်းဖြစ်ခဲ့ရပါတယ်။

လက်ရှိ ၁၅ မှတ် အလျှော့ခံရမှုနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ပြစ်ဒဏ်တွေကိုတော့ ဂျူဗင်တပ်စ်တို့အနေနဲ့ အီတလီအိုလံပစ်ကော်မတီ CONI ကို အယူခံဝင်ဖို့ အခွင့်အရေးပေးထားပြီး CONI ရဲ့ တာဝန်ကတော့ ပြစ်ဒဏ်ကို မှန်မမှန်နဲ့ ပယ်ဖျက်မဖျက် ဆုံးဖြတ်ဖို့သာ ဖြစ်ပြီး လျှော့ပေါ့ဈေးဆစ်မှုတွေကို လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဂျူဗင်တပ်စ်တို့အနေနဲ့ အခုလိုမျိုး ပြစ်ဒဏ်ချမှတ်ခံရနိုင်တာကို ရှောင်လွှဲဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက အဂ္ဂနယ်လီ၊ အာရီဗာဘီနီနဲ့ နက်ဗက်ဒ်တို့ အပါအဝင် ဘုတ်အဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်ပြီး အသင်းကို ပစ်ပြေးခဲ့ပေမယ့် ရာဇဝတ်ဘေးကတော့ ပြေးလို့ မလွတ်ဘဲ ရောက်ရှိလာခဲ့တာပါ။

အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ စစ်ဆေးတွေ့ရှိမှုတွေအရ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျူဗီတို့အနေနဲ့ ပေါင်သန်း ၂၂၀ အထိ အရှုံးပေါ်ခဲ့တယ်လို့လည်း ထုတ်ဖော်လိုက်ပြီး ဘဏ္ဏာရေး စည်းမျဉ်းအရ ချိန်ညှိမှုတွေ ပြုလုပ်နိုင်ဖို့အတွက်တော့ ကစားသမားကောင်းတွေကို ရောင်းချသွားရလိမ့်မယ်လို့ ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက ကစားသမားေခၚယူမႈေတြနဲ႔ အသုံးစရိတ္ေတြမွာ ဘဏၰာေရးစည္းမ်ဥ္းေတြကို ေရွာင္လႊဲဖို႔အတြက္ စာရင္းအင္းေတြ လိမ္ညာခဲ့မႈအေပၚ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ FIGC ရဲ႕ တာဝန္ရွိသူေတြက အျပစ္ေပး အေရးယူလိုက္ၿပီျဖစ္ၿပီး အသင္းနဲ႔အတူ အေရးပါတဲ့ ဦးေဆာင္သူေတြကိုပါ ျပစ္ဒဏ္ေတြကို အသီးသီး ခ်မွတ္သြားခဲ့ပါတယ္။

အျဖဴအနက္က်ား ဘီယန္ကြန္နယ္ရီေတြအေနနဲ႔ လက္ရွိရာသီမွာပဲ ရမွတ္ ၁၅ မွတ္ကို ေလွ်ာ့ခ်ခံရေတာ့မွာျဖစ္ၿပီး အသင္းရဲ႕ တာဝန္ရွိသူေတြ ျဖစ္ၾကတဲ့ လက္ရွိ စပါးစ္အားကစားဒါ႐ိုက္တာ ဖာဘီယို ပါရာတီခ်ီ အပါအဝင္ ဥကၠဌေဟာင္း အန္ဒရီးယား အဂၢနယ္လီနဲ႔ စီအီးအို ေမာ္ရီဇီယို အာရာဗာဘီနီ၊ လက္ရွိ အားကစားဒါ႐ိုက္တာ ဖက္ဒါရီကို ရွာ႐ူဘီနီ၊ ဒုတိယ ဥကၠဌ ပါဗယ္ နက္ဗက္ဒ္တို႔ကိုပါ ျပစ္ဒဏ္ေတြ ခ်မွတ္သြားခဲ့တာပါ။

အဂၤလန္ကို ေရာက္ရွိေနခဲ့တဲ့ ပါရာတီခ်ီအေနနဲ႔ အီတလီေဘာလုံးေလာကကေန လေပါင္း ၃၀ (ႏွစ္ႏွစ္ခြဲ) ပါဝင္ပတ္သက္ခြင့္ မရွိတဲ့ ျပစ္ဒဏ္ကို ခ်မွတ္ခံခဲ့ရသလို အဂၢနယ္လီက ၂၄ လ (ႏွစ္ႏွစ္)၊ ရွာ႐ူဘီနီနဲ႔ နက္ဗက္ဒ္တို႔က ၁၂ လ (တစ္ႏွစ္)အထိ ေဘာလုံးနဲ႔ ပတ္သက္သမွ် ကိစၥေတြကေန တားျမစ္ ပိတ္ပင္ခံခဲ့ရတာျဖစ္ပါတယ္။

ပါရာတီခ်ီအေနနဲ႔ ပရီးမီးယားလိဂ္မွာေတာ့ ျပစ္ဒဏ္ခ်ခံရႏိုင္ဖြယ္ မရွိေပမယ့္ စပါးစ္အသင္းရဲ႕ ဂုဏ္သိကၡာကိုေတာ့ ထိခိုက္စရာျဖစ္ခဲ့ၿပီး ဒီရက္ပိုင္းအတြင္း ရႈံးပြဲဆက္ေနခဲ့သလို ေျမာက္လန္ဒန္ဒါဘီက မ်က္ႏွာပ်က္စရာ ကိစၥေတြကိုပါ ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ သူတို႔အတြက္ေတာ့ ကံဆိုးတဲ့ ရက္သတၱပတ္လည္း ျဖစ္ခဲ့ရတာပါ။

ဂ်ဴဗင္တပ္စ္တို႔ရဲ႕ ဒီအခ်ိန္အထိ ေအာင္ျမင္ခဲ့သမွ် စကူဒက္တို အမွတ္ေပးခ်န္ပီယံဆုဖလားေတြမွာ အညစ္အေၾကးနဲ႔ အရိပ္မည္းေတြ ကပ္ၿငိေနခဲ့သလားလို႔ သံသယ ဝင္စရာျဖစ္ခဲ့ၿပီး လက္ရွိမွာေတာ့ ၁၅ မွတ္ အႏုတ္ခံလိုက္ရမႈေၾကာင့္ စီးရီးေအမွာ အဆင့္ ၃ က‌ေန အဆင့္ ၁၀ ကို က်ေရာက္သြားခဲ့ၿပီလည္းျဖစ္ပါတယ္။

၂၀၀၅-၀၆ ရာသီတုန္းကလည္း အေထြေထြမန္ေနဂ်ာ လူစီယာႏို ေမာ့ဂီရဲ႕ ဒိုင္ေတြကို လာဘ္ေပးခဲ့တဲ့ လုပ္ပြဲကစားမႈေၾကာင့္ စီးရီးဘီကို တန္းဆင္းျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရဖူးတဲ့ ဂ်ဴဗင္တပ္စ္တို႔အေနနဲ႔ ဒီတစ္ခါမွာလည္း အသင္းရဲ႕ သမိုင္းစာမ်က္ႏွာမွာ အရွက္ရစရာ ထပ္မံႀကဳံေတြ႕ခဲ့ရၿပီး ေဘာလုံးေလာကမွာ ႐ိုး႐ိုးသားသား ယွဥ္ၿပိဳင္ဖို႔ေရာ တစ္ခါတစ္ေလ လုပ္ခဲ့ဖူးသလားလို႔ပါ ၿပိဳင္ဘက္အားလုံးက ေလွာင္ေျပာင္စရာလည္းျဖစ္ခဲ့ရပါတယ္။

လက္ရွိ ၁၅ မွတ္ အေလွ်ာ့ခံရမႈနဲ႔ လူပုဂၢိဳလ္တစ္ဦးခ်င္းရဲ႕ ျပစ္ဒဏ္ေတြကိုေတာ့ ဂ်ဴဗင္တပ္စ္တို႔အေနနဲ႔ အီတလီအိုလံပစ္ေကာ္မတီ CONI ကို အယူခံဝင္ဖို႔ အခြင့္အေရးေပးထားၿပီး CONI ရဲ႕ တာဝန္ကေတာ့ ျပစ္ဒဏ္ကို မွန္မမွန္နဲ႔ ပယ္ဖ်က္မဖ်က္ ဆုံးျဖတ္ဖို႔သာ ျဖစ္ၿပီး ေလွ်ာ့ေပါ့ေဈးဆစ္မႈေတြကို လက္ခံစဥ္းစားမွာ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

ဂ်ဴဗင္တပ္စ္တို႔အေနနဲ႔ အခုလိုမ်ိဳး ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္တာကို ေရွာင္လႊဲဖို႔အတြက္ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက အဂၢနယ္လီ၊ အာရီဗာဘီနီနဲ႔ နက္ဗက္ဒ္တို႔ အပါအဝင္ ဘုတ္အဖြဲ႕တစ္ဖြဲ႕လုံး ႏုတ္ထြက္ၿပီး အသင္းကို ပစ္ေျပးခဲ့ေပမယ့္ ရာဇဝတ္ေဘးကေတာ့ ေျပးလို႔ မလြတ္ဘဲ ေရာက္ရွိလာခဲ့တာပါ။

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ စစ္ေဆးေတြ႕ရွိမႈေတြအရ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဂ်ဴဗီတို႔အေနနဲ႔ ေပါင္သန္း ၂၂၀ အထိ အရႈံးေပၚခဲ့တယ္လို႔လည္း ထုတ္ေဖာ္လိုက္ၿပီး ဘဏၰာေရး စည္းမ်ဥ္းအရ ခ်ိန္ညႇိမႈေတြ ျပဳလုပ္ႏိုင္ဖို႔အတြက္ေတာ့ ကစားသမားေကာင္းေတြကို ေရာင္းခ်သြားရလိမ့္မယ္လို႔ ခန႔္မွန္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.