La Liga Premier League

စတမ်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာဖို့ ကိုယ့်ကိုကိုယ် ဘာစီလိုနာကို ကမ်းလှမ်းခဲ့တဲ့ ကြယ်ပွင့်ကစားသမား

ချဲလ်ဆီးအသင်းမှာ အပယ်ခံဖြစ်နေတဲ့ မော်ရိုကိုကြယ်ပွင့် ဟာကင်း ဇီယက်ရှ်ဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်နေပြီး ကိုယ့်ကိုကိုယ် ကတ်တလန်အသင်းကြီးဆီ ကမ်းလှမ်းခဲ့တယ်လို့ စပိန်သတင်းဌာန Sport ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စပိန်သတင်းဌာနရဲ့ ဖော်ပြချက်အရ မော်ရိုကို လက်ရွေးစင်ကြယ်ပွင့်ဟာ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ မန်းဖစ် ဒီပိုင်းရဲ့နေရာမှာ အစားထိုးမှုအဖြစ် နူးကမ့်ကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။

ဟာကင်း ဇီယက်ရှ်ဟာ ချဲလ်ဆီးအသင်းကို ၂၀၂၀ ခုနှစ်မှာ အိုင်းယက်စ်ကနေ ယူရိုသန်း ၄၀ နဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း မျှော်မှန်းချက်တွေအတိုင်း စွမ်းဆောင်ပြသနိုင်ခြင်း ဘယ်တုန်းကမှ မရှိခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုလက်ရွေးစင်တောင်ပံကစားးသမားဟာ ချဲလ်ဆီးအသင်း ပွဲထွက်လူစာရင်းထဲမှာ တစ်နေရာ အခိုင်အမာ ရရှိခဲ့ခြင်းမရှိဘဲ အရာအားလုံးက အသက် ၂၉ နှစ်အရွယ် ကစားသမားအတွက် ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ တော့ဒ် ဘိုလီ လက်လွှဲဝယ်ယူခဲ့ပြီးကတည်းက လူစာရင်းကို အင်အားဖြည့်တင်းဖို့အတွက် ငွေကြေးအများအပြားသုံးစွဲခဲ့ပြီး အဓိကအားဖြင့် တိုက်စစ်ကို အင်အားဖြည့်တင်းခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရှက်တာဒိုးနတ်ကနေ မိုင်ခေလို မာဒရစ်ခ်ကို ခေါ်ယူခဲ့ပြီး နိုနီ မာဒူအဲခီကိုလည်း ပီအက်စ်ဗွီကနေ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အနောက်လန်ဒန်ကလပအသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ ဂျာအို ဖဲလစ်ကိုလည်း အငှားနဲ့ ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပြီး ဇီယက်ရှ်ရဲ့ပွဲကစားချိန်အတွက် ရုန်းကန်နေရမှုက ပိုလို့တောင် ဆိုးရွားလာတော့မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

အိုင်းယက်စ်ကြယ်ပွင့်ဟောင်းဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ထွက်ခွာချင်နေတယ်လို့ နားလည်ရပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ မော်ရိုကိုကြယ်ပွင့်ဟာ အရင်တုန်းက ကတ်တလန်ထိပ်သီးအသင်းကြီးဆီကနေ စိတ်ဝင်စားမှု ၂ ကြိမ်အထိ ခံခဲ့ရပြီး ၂၀၂၀ မှာ ဘာစီလိုနာက အိုင်းယက်စ်ကနေ ဇီယက်ရှ်ကို ခေါ်ယူချင်ခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းက ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက ဇီယက်ရှ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း ဝုလ်ဗ်စ်က ထရာအိုရေးကိုသာ အငှားနဲ့ ခေါ်ယူခဲ့ပြီး မန်ချက်စတာစီးတီးတိုက်စစ်မှူး ဖာရန် တောရက်စ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းမွာ အပယ္ခံျဖစ္ေနတဲ့ ေမာ္႐ိုကိုၾကယ္ပြင့္ ဟာကင္း ဇီယက္ရွ္ဟာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ခ်င္ေနၿပီး ကိုယ့္ကိုကိုယ္ ကတ္တလန္အသင္းႀကီးဆီ ကမ္းလွမ္းခဲ့တယ္လို႔ စပိန္သတင္းဌာန Sport ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

စပိန္သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေမာ္႐ိုကို လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ အက္သလက္တီကိုမက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ မန္းဖစ္ ဒီပိုင္းရဲ႕ေနရာမွာ အစားထိုးမႈအျဖစ္ ႏူးကမ့္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတာ ျဖစ္ပါတယ္။

ဟာကင္း ဇီယက္ရွ္ဟာ ခ်ဲလ္ဆီးအသင္းကို ၂၀၂၀ ခုႏွစ္မွာ အိုင္းယက္စ္ကေန ယူ႐ိုသန္း ၄၀ နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ေမွ်ာ္မွန္းခ်က္ေတြအတိုင္း စြမ္းေဆာင္ျပသႏိုင္ျခင္း ဘယ္တုန္းကမွ မရွိခဲ့တာျဖစ္ပါတယ္။

ေမာ္႐ိုကိုလက္ေ႐ြးစင္ေတာင္ပံကစားးသမားဟာ ခ်ဲလ္ဆီးအသင္း ပြဲထြက္လူစာရင္းထဲမွာ တစ္ေနရာ အခိုင္အမာ ရရွိခဲ့ျခင္းမရွိဘဲ အရာအားလုံးက အသက္ ၂၉ ႏွစ္အ႐ြယ္ ကစားသမားအတြက္ ပိုၿပီးေတာ့ ရႈပ္ေထြးလာခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေတာ့ဒ္ ဘိုလီ လက္လႊဲဝယ္ယူခဲ့ၿပီးကတည္းက လူစာရင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ေငြေၾကးအမ်ားအျပားသုံးစြဲခဲ့ၿပီး အဓိကအားျဖင့္ တိုက္စစ္ကို အင္အားျဖည့္တင္းခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ရွက္တာဒိုးနတ္ကေန မိုင္ေခလို မာဒရစ္ခ္ကို ေခၚယူခဲ့ၿပီး ႏိုနီ မာဒူအဲခီကိုလည္း ပီအက္စ္ဗြီကေန ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အေနာက္လန္ဒန္ကလပအသင္းဟာ အက္သလက္တီကို မက္ဒရစ္အသင္းကေန ဂ်ာအို ဖဲလစ္ကိုလည္း အငွားနဲ႔ ေခၚယူထားႏိုင္ခဲ့တာျဖစ္ၿပီး ဇီယက္ရွ္ရဲ႕ပြဲကစားခ်ိန္အတြက္ ႐ုန္းကန္ေနရမႈက ပိုလို႔ေတာင္ ဆိုး႐ြားလာေတာ့မယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကေန ထြက္ခြာခ်င္ေနတယ္လို႔ နားလည္ရၿပီး ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနတယ္လို႔ Sportskeeda က ေဖာ္ျပခဲ့ပါတယ္။ ေမာ္႐ိုကိုၾကယ္ပြင့္ဟာ အရင္တုန္းက ကတ္တလန္ထိပ္သီးအသင္းႀကီးဆီကေန စိတ္ဝင္စားမႈ ၂ ႀကိမ္အထိ ခံခဲ့ရၿပီး ၂၀၂၀ မွာ ဘာစီလိုနာက အိုင္းယက္စ္ကေန ဇီယက္ရွ္ကို ေခၚယူခ်င္ခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးအသင္းက ေခၚယူမယ့္ၿပိဳင္ပြဲထဲမွာ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလတုန္းက ဇီယက္ရွ္ကို အငွားနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္လည္း ဝုလ္ဗ္စ္က ထရာအိုေရးကိုသာ အငွားနဲ႔ ေခၚယူခဲ့ၿပီး မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ဖာရန္ ေတာရက္စ္ကို ေခၚယူခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES

PHOTOS CREDIT TO OWNERS

SPORTS A2Z.