Premier League

ဂန်းနားတွေကို ထပ်နိုင်ချင်ရင် ယူနိုက်တက် ဘာလုပ်ရမလဲဆိုတာကို အကြံပေးခဲ့တဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက လာမယ့်တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ကို မန်ယူနိုက်တက်အနေနဲ့ ဘယ်လို အောင်ပွဲရအောင် လုပ်နိုင်လဲဆိုတာကို ပြောပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ ကောင်းမွန်တဲ့ခြေစွမ်းကောင်း ပိုင်ဆိုင်နေတာဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၁၀ ပွဲအထိ ရှုံးပွဲမရှိ စံချိန်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၁၉ ပွဲကနေ ၃၉ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁ ပွဲလျော့နေတဲ့ အာဆင်နယ်နဲ့ ၈ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။

The Telegraph က ကော်လံထဲမှာ ကာရေဂါက ယခုရာသီ မန်ချက်စတာယူနိုက်တက်ကစားနေတဲ့ ကစားဟန်အပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ အိုင်းယက်စ်တုန်းက ဘောလုံးကို လွှမ်းမိုးမှုရယူဖို့ အဓိကထားတဲ့ တန်ဟက်ရဲ့ အစီအစဉ်ကို မမြင်ရသေးပါဘူး။ မန်ချက်စတာယူနိုက်တက်ရဲ့ ဒီရာသီ အကောင်းဆုံးအခိုက်အတန့်တွေက လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီးတို့ကို အနိုင်ရခဲ့တာဖြစ်ပြီး သေချာစုဖွဲ့ထားတဲ့ ခံစစ်နဲ့ တန်ပြန်တိုက်စစ်အပေါ်မှာ တည်ဆောက်ထားခဲ့တာပါ။ ယူနိုက်တက်က အဲဒီပွဲစဉ်တွေမှာ အနိုင်ရဖို့ အခွင့်အရေးနည်းပါးတဲ့ပုံစံမျိုးနဲ့ ကစားခဲ့တယ်”

“ရလဒ်တွေကတော့ ကောင်းလည်းကောင်းနိုင်သလို ဆိုးလည်း ဆိုးနိုင်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီနဲ့ မတူတာက ယူနိုက်တက်က ပိုပြီးတော့ ယှဉ်ပြိုင်နိုင်စွမ်းရှိလာပြီး ပြိုင်ဘက်တွေကို နာကျင်အောင် သူတို့ရဲ့ အရည်အချင်းတွေကို အသုံးချရမယ့် နည်းလမ်းကို ရှာတွေ့ခဲ့တယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ပြန်လည်သက်ဝင်လာမှုကြောင့်လည်း အကူအညီရခဲ့တယ်။ အဲဒါက အမ်းမရိတ်စ်ကွင်းမှာ အာဆင်နယ်ကို နာကျင်အောင်လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ကာရေဂါက မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်ကို အာဆင်နယ်နည်းပြ အာတီတာနဲ့လည်း နှိုင်းယှဉ်ပြီး “တန်ဟက်က အသင်းကို ဒီလိုမျိုး လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ပေးခဲ့ပြီး ဒီလိုမြင်နေရတာတွေအတွက် ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်”

“သူ ဆက်ခံခဲ့ရတဲ့ လူစာရင်းဆီကနေ အကောင်းဆုံးပုံစံရရှိဖို့ သူ့ရဲ့ ဘောလုံးအမြင်တွေကို လိုတိုးပိုလျှော့လုပ်ပေးခဲ့တယ်။ အာတီတာလည်း အာဆင်နယ်ကို စစချင်း တာဝန်ယူခဲ့ရတုန်းက အဲဒီအတိုင်း လုပ်ခဲ့တာပါ။ အက်ဖ်အေဖလားပြိုင်ပွဲမှာ ဖိအားတွေကို စုပ်ယူပြီး ဒုတိယပိုင်းမှာ ပြိုင်ဘက်တွေကို ပြန်တိုက်ခိုက်ပြီး အသင်းကြီးတွေကို အနိုင်ယူနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက လာမယ့္တနဂၤေႏြေန႔ အမ္းမရိတ္စ္မွာ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္ကို မန္ယူႏိုက္တက္အေနနဲ႔ ဘယ္လို ေအာင္ပြဲရေအာင္ လုပ္ႏိုင္လဲဆိုတာကို ေျပာျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လက္ရွိမွာ ေကာင္းမြန္တဲ့ေျခစြမ္းေကာင္း ပိုင္ဆိုင္ေနတာျဖစ္ၿပီး ၿပိဳင္ပြဲစုံမွာ ၁၀ ပြဲအထိ ရႈံးပြဲမရွိ စံခ်ိန္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ၁၉ ပြဲကေန ၃၉ မွတ္နဲ႔ တတိယေနရာမွာ ရပ္တည္ေနၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၁ ပြဲေလ်ာ့ေနတဲ့ အာဆင္နယ္နဲ႔ ၈ မွတ္ကြာဟေနတာ ျဖစ္ပါတယ္။

The Telegraph က ေကာ္လံထဲမွာ ကာေရဂါက ယခုရာသီ မန္ခ်က္စတာယူႏိုက္တက္ကစားေနတဲ့ ကစားဟန္အေပၚ ၎ရဲ႕ ထင္ျမင္ခ်က္ကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ အိုင္းယက္စ္တုန္းက ေဘာလုံးကို လႊမ္းမိုးမႈရယူဖို႔ အဓိကထားတဲ့ တန္ဟက္ရဲ႕ အစီအစဥ္ကို မျမင္ရေသးပါဘူး။ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဒီရာသီ အေကာင္းဆုံးအခိုက္အတန႔္ေတြက လီဗာပူးလ္၊ အာဆင္နယ္၊ မန္စီးတီးတို႔ကို အႏိုင္ရခဲ့တာျဖစ္ၿပီး ေသခ်ာစုဖြဲ႕ထားတဲ့ ခံစစ္နဲ႔ တန္ျပန္တိုက္စစ္အေပၚမွာ တည္ေဆာက္ထားခဲ့တာပါ။ ယူႏိုက္တက္က အဲဒီပြဲစဥ္ေတြမွာ အႏိုင္ရဖို႔ အခြင့္အေရးနည္းပါးတဲ့ပုံစံမ်ိဳးနဲ႔ ကစားခဲ့တယ္”

“ရလဒ္ေတြကေတာ့ ေကာင္းလည္းေကာင္းႏိုင္သလို ဆိုးလည္း ဆိုးႏိုင္တယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရာသီနဲ႔ မတူတာက ယူႏိုက္တက္က ပိုၿပီးေတာ့ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိလာၿပီး ၿပိဳင္ဘက္ေတြကို နာက်င္ေအာင္ သူတို႔ရဲ႕ အရည္အခ်င္းေတြကို အသုံးခ်ရမယ့္ နည္းလမ္းကို ရွာေတြ႕ခဲ့တယ္။ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ျပန္လည္သက္ဝင္လာမႈေၾကာင့္လည္း အကူအညီရခဲ့တယ္။ အဲဒါက အမ္းမရိတ္စ္ကြင္းမွာ အာဆင္နယ္ကို နာက်င္ေအာင္လုပ္ႏိုင္မယ့္ တစ္ခုတည္းေသာ နည္းလမ္းပါ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ကာေရဂါက မန္ခ်က္စတာယူႏိုက္တက္နည္းျပ တန္ဟက္ကို အာဆင္နယ္နည္းျပ အာတီတာနဲ႔လည္း ႏႈိင္းယွဥ္ၿပီး “တန္ဟက္က အသင္းကို ဒီလိုမ်ိဳး လိုက္ေလ်ာညီေထြျဖစ္ေအာင္ တည္ေဆာက္ေပးခဲ့ၿပီး ဒီလိုျမင္ေနရတာေတြအတြက္ ခ်ီးက်ဴးမႈေတြနဲ႔ ထိုက္တန္ပါတယ္”

“သူ ဆက္ခံခဲ့ရတဲ့ လူစာရင္းဆီကေန အေကာင္းဆုံးပုံစံရရွိဖို႔ သူ႔ရဲ႕ ေဘာလုံးအျမင္ေတြကို လိုတိုးပိုေလွ်ာ့လုပ္ေပးခဲ့တယ္။ အာတီတာလည္း အာဆင္နယ္ကို စစခ်င္း တာဝန္ယူခဲ့ရတုန္းက အဲဒီအတိုင္း လုပ္ခဲ့တာပါ။ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ဖိအားေတြကို စုပ္ယူၿပီး ဒုတိယပိုင္းမွာ ၿပိဳင္ဘက္ေတြကို ျပန္တိုက္ခိုက္ၿပီး အသင္းႀကီးေတြကို အႏိုင္ယူႏိုင္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.