Bundesliga Premier League

ဘွန်ဒက်စ်လီဂါဂန္တဝင်ကစားသမားကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ်စီစဉ်နေတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘွန်ဒက်စ်လီဂါဂန္တဝင် မာကို ရွိုက်စ်ကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပြီးခဲ့တဲ့လတွေမှာ အလွန်ထူးခြားတဲ့ ခြေစွမ်းကို ပိုင်ဆိုင်နေခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့က မန်စီးတီးကို ၆-၃ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ပွဲ ၂၀ မှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့သေးတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၃ ခုနှစ် နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ခြင်းမရှိသေးတာဖြစ်ပြီး အမှတ်ပေးဇယားမှာ တဖြည်းဖြည်းနဲ့ အပေါ်ကို တက်လာခဲ့ပြီးနောက် လက်ရှိမှာ တတိယနေရာက ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးက တစ်ပွဲလျော့နေတဲ့ အာဆင်နယ်အသင်းနဲ့ ၈ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးနဲ့ ၃ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြန်လည်တည်ဆောက်မှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် တန်ဟက်ဟာ ယခုဆောင်းရာသီရော လာမယ့်နွေရာသီမှာပါ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အရည်အချင်းအရှိဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ မာကို ရွိုက်စ်က ပစ်မှတ်အဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ပြောကြားချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ယခုလာမယ့်နွေရာသီမှာ မာကို ရွိုက်စ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပြီး ဒေါ့မွန်ကြယ်ပွင့်ဟာ ယခုရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်တာကြောင့် မန်ယူနိုက်တက်နဲ့ သတင်းထွက်နေသလို အရှေ့အလယ်ပိုင်းကအသင်းတွေနဲ့လည်း သတင်းထွက်နေတာဖြစ်ပါတယ်။

ဖော့ခ်က မန်ချက်စတာယူနိုက်တက်ဟာ မာကို ရွိုက်စ်ရဲ့ နောက်ထပ် ပြောင်းရွှေ့မယ့်နေရာဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပြီး အမှန်တကယ်လည်း ဒေါ့မွန်ကြယ်ပွင့်ရဲ့အေးဂျင့်ဟာ မန်စီးတီးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို ပွဲကြည့်စင်ကနေ လာရောက်ကြည့်ရှုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ခရစ်ရှန် ဖော့ခ်က တန်ဟက်ဟာ ပွဲအပြီးမှာ မာကို ရွိုက်စ်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ဒေါ့မွန်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ခိုင်မာတဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်ခဲ့တာမျိုးတော့ မရှိသေးဘဲ မာကို ရွိုက်စ်ဟာ ယခုရာသီမှာ ဒေါ့မွန်အတွက် ဘွန်ဒက်စ်လီဂါ ၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘြန္ဒက္စ္လီဂါဂႏၲဝင္ မာကို ႐ြိဳက္စ္ကို အံ့အားသင့္ဖြယ္ ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့လေတြမွာ အလြန္ထူးျခားတဲ့ ေျခစြမ္းကို ပိုင္ဆိုင္ေနခဲ့တာျဖစ္ၿပီး ေအာက္တိုဘာလ ၂ ရက္ေန႔က မန္စီးတီးကို ၆-၃ နဲ႔ အရွက္ရဖြယ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံ ပြဲ ၂၀ မွာ တစ္ပြဲသာ ရႈံးနိမ့္ခဲ့ေသးတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၂၀၁၃ ခုႏွစ္ ေနာက္ပိုင္းကတည္းက ပရီးမီးယားလိဂ္ဖလားကို ရရွိခဲ့ျခင္းမရွိေသးတာျဖစ္ၿပီး အမွတ္ေပးဇယားမွာ တျဖည္းျဖည္းနဲ႔ အေပၚကို တက္လာခဲ့ၿပီးေနာက္ လက္ရွိမွာ တတိယေနရာက ရပ္တည္ေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အမွတ္ေပးဇယား ထိပ္ဆုံးက တစ္ပြဲေလ်ာ့ေနတဲ့ အာဆင္နယ္အသင္းနဲ႔ ၈ မွတ္အကြာမွာ ရပ္တည္ေနတာျဖစ္ၿပီး ဒုတိယေနရာက မန္စီးတီးနဲ႔ ၃ မွတ္သာ ကြာဟေနတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ျပန္လည္တည္ေဆာက္မႈေတြ ဆက္လက္ျပဳလုပ္ေနတာေၾကာင့္ တန္ဟက္ဟာ ယခုေဆာင္းရာသီေရာ လာမယ့္ေႏြရာသီမွာပါ တိုက္စစ္ကို အင္အားျဖည့္တင္းဖို႔ စိတ္ဝင္စားေနၿပီး ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း အရည္အခ်င္းအရွိဆုံး ကြင္းလယ္ကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တဲ့ မာကို ႐ြိဳက္စ္က ပစ္မွတ္အျဖစ္ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

သတင္းေထာက္ ခရစ္ရွန္ ေဖာ့ခ္ရဲ႕ ေျပာၾကားခ်က္အရ မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုလာမယ့္ေႏြရာသီမွာ မာကို ႐ြိဳက္စ္ကို ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သိရၿပီး ေဒါ့မြန္ၾကယ္ပြင့္ဟာ ယခုရာသီကုန္မွာ အလြတ္နဲ႔ ထြက္ခြာခြင့္ရရွိေတာ့မွာျဖစ္တာေၾကာင့္ မန္ယူႏိုက္တက္နဲ႔ သတင္းထြက္ေနသလို အေရွ႕အလယ္ပိုင္းကအသင္းေတြနဲ႔လည္း သတင္းထြက္ေနတာျဖစ္ပါတယ္။

ေဖာ့ခ္က မန္ခ်က္စတာယူႏိုက္တက္ဟာ မာကို ႐ြိဳက္စ္ရဲ႕ ေနာက္ထပ္ ေျပာင္းေ႐ႊ႕မယ့္ေနရာျဖစ္လာႏိုင္တယ္လို႔ ေျပာၾကားခဲ့ၿပီး အမွန္တကယ္လည္း ေဒါ့မြန္ၾကယ္ပြင့္ရဲ႕ေအးဂ်င့္ဟာ မန္စီးတီးကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကို ပြဲၾကည့္စင္ကေန လာေရာက္ၾကည့္ရႈခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ခရစ္ရွန္ ေဖာ့ခ္က တန္ဟက္ဟာ ပြဲအၿပီးမွာ မာကို ႐ြိဳက္စ္ရဲ႕ ေအးဂ်င့္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈ ျပဳလုပ္ခဲ့ၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ ေဒါ့မြန္ၾကယ္ပြင့္ကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ျပသခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခိုင္မာတဲ့ ကမ္းလွမ္းမႈမ်ိဳး ျပဳလုပ္ခဲ့တာမ်ိဳးေတာ့ မရွိေသးဘဲ မာကို ႐ြိဳက္စ္ဟာ ယခုရာသီမွာ ေဒါ့မြန္အတြက္ ဘြန္ဒက္စ္လီဂါ ၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားတဲ့ ကစားသမား ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.