Premier League Transfer News

21 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့သတင်းများ

– အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ ဒုတိယမြောက် ဆောင်းရာသီ ကစားသမားခေါ်ယူမှုအဖြစ် စီးရီးအေကလပ် စပီဇီယာအသင်းရဲ့ နောက်ခံလူ ယာကုဘ် ကီဗီယာကို ၄၈ နာရီအတွင်း ရရှိနိုင်ဖို့ ပြင်ဆင်နေပြီး စနေ၊ တနင်္ဂနွေမှာ ဆေးစစ်သွားမှာဖြစ်သလို လာမယ့်တစ်ပတ်အတွင်းမှာ ပွဲထုတ်နိုင်ဖို့ စီစဉ်နေ။

– ဘရိုက်တန်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ကျောနံပါတ် ၁၉ ကို ဝတ်ဆင်မှာဖြစ်တဲ့ လူသစ်တောင်ပံကစားသမား လီယန်ဒရို ထရော့ဆတ်အတွက် နည်းပြဟောင်း ရောဘတ်တို ဒီဇာဘီက ဝမ်းနည်းကြောင်း နှုတ်ဆက်စကားပြောကြားလိုက်ပြီး အသင်းသစ်နဲ့ အောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့။

– အာဆင်နယ်တို့အနေနဲ့ နောက်ထပ် မာတင် အော်ဒီဂွါဒ် လမ်းစဉ် အပြောင်းအရွှေ့ကို စီစဉ်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခွင့် နည်းပါးနေတဲ့ ပြင်သစ်ကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါကို ခြောက်လအငှားနဲ့ ခေါ်ယူသွားဖို့ စီစဉ်နေပြီး နည်းပြ အန်ချယ်လော့တီရဲ့ မှတ်ချက်စကားအရလည်း ဒီထက်ပို အရေးပါမလာနိုင်တာကြောင့် အဆင်ပြေနိုင်ဖွယ်ရှိနေ။

– အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေအနေနဲ့ အာဆင်နယ်တို့ဟာ စီးရီးအေ ဈေးကွက်ကို ကောင်းကောင်း မွှေနှောက်တတ်နေပြီဖြစ်ပြီး ကီဗီယာကို ခေါ်ယူနိုင်တော့မယ့်အပြင် ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ကိုလည်း ရရှိနိုင်ဖို့ ကြိုးစားလာလိမ့်မယ်လို့ ခန့်မှန်းနေကြ။

– အာဆင်နယ်တို့ ချိတ်ဆက်နေခဲ့တဲ့ လာလီဂါကလပ် ဗယ်လာဒိုလစ်ရဲ့ လူငယ်ကြယ်ပွင့် အီဗန် ဖရက်စ်နီဒါကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ယူရိုသန်း ၂၀ နဲ့ ကမ်းလှမ်းထားခဲ့သလို သူ့ရဲ့ အေးဂျင့်တွေအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ လန်ဒန်ကို လာရောက်ဖို့ ရှိနေပြီး သူတို့ရဲ့ ကစားသမားကို ရောင်းချနိုင်ဖို့ လုပ်ဆောင်သွားဖွယ်ရှိနေ။

– ဘိုင်ယာ လေဗာကူဆင်အသင်းမှာ ခြေစွမ်းပြနေတဲ့ ပြင်သစ်တောင်ပံကစားသမား မူဆာ ဒီယာဘီကို ခေါ်ယူဖို့အတွက် အာဆင်နယ်တို့ ဆက်လက်ကြိုးစားနေခဲ့ပေမယ့် ထရော့ဆတ် ရောက်ရှိလာတဲ့အပြင် ဘူကာယို ဆာကာနဲ့အပြိုင် ပွဲထွက်နေရာပေးရမယ့် ကိစ္စကိုလည်း အာမခံနိုင်ခြင်း မရှိတာကြောင့် ဈေးနှုန်းမြင့်မားတဲ့ ၂၃ နှစ်သားကို နွေရာသီအထိ စောင့်ဆိုင်းသွားနိုင်။

– ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်မှာ ရှေ့က စီနီယာကစားသမားတွေ များပြားလွန်းနေမှုကြောင့် နေရာရနိုင်ဖွယ် မရှိသေးတဲ့ လူငယ်ကစားသမား ဝါရင် ဇိုင်ယာ-အမ်မရီကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်တို့ စောင့်ကြည့်နေပြီး အနာဂတ်အတွက် အမြော်အမြင်ကြီးတဲ့ ပြောင်းရွှေ့မှု ဖြစ်လာနိုင်ဖို့ ခန့်မှန်းနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကစားပုံနဲ့ အံမဝင်တော့တဲ့ ဝါရင့်နောက်ခံလူ ဆီးဒရစ် ဆွာရက်စ်ကို ဖူလ်ဟမ်အသင်းဆီ ရောင်းချနိုင်ဖို့ ကြိုးစားနေပြီး ကစားသမားဘက်ကလည်း သူ့ရဲ့ လစာငွေကို အမ်းမရိတ်မှာ ရရှိနေတာထက် လျှော့ယူဖွယ်ရှိနေခဲ့တာကြောင့် မကြာခင် အဆင်ပြေနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ဖော်ပြ။

– အသင်းရဲ့ တိုက်စစ်မှာ အရေးပါတဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဘူကာယို ဆာကာနဲ့ ဂါဘရီယယ်လ် မာတီနယ်လီတို့အပြင် လူငယ်ခံစစ်မှူး ဝီလီယမ် ဆာလီဘာတို့ကို အမြန်ဆုံး သက်တမ်းတိုးသွားနိုင်ဖို့ အာဆင်နယ်တို့ ဆွေးနွေးနေပြီး တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းသွားနိုင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကစားပုံကို အားကျကြောင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ ဘုန်းမောက်တောင်ပံကစားသမား ဂျေဒန် အန်ထော်နီရဲ့ ရရှိနိုင်ခြေကို စောင့်ကြည့်နေပြီး ချယ်ရီတွေနဲ့ ၆ လစာချုပ်သာ ကျန်ရှိတော့သလို တောင်ပံနဲ့ အထောင်နေရာတွေမှာ ကစားနိုင်တဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီထွက်ကို အမ်းမရိတ်ဆီ ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖို့ အလိုရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ ဒုတိယေျမာက္ ေဆာင္းရာသီ ကစားသမားေခၚယူမႈအျဖစ္ စီးရီးေအကလပ္ စပီဇီယာအသင္းရဲ႕ ေနာက္ခံလူ ယာကုဘ္ ကီဗီယာကို ၄၈ နာရီအတြင္း ရရွိႏိုင္ဖို႔ ျပင္ဆင္ေနၿပီး စေန၊ တနဂၤေႏြမွာ ေဆးစစ္သြားမွာျဖစ္သလို လာမယ့္တစ္ပတ္အတြင္းမွာ ပြဲထုတ္ႏိုင္ဖို႔ စီစဥ္ေန။

– ဘ႐ိုက္တန္အသင္းကေန အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ေက်ာနံပါတ္ ၁၉ ကို ဝတ္ဆင္မွာျဖစ္တဲ့ လူသစ္ေတာင္ပံကစားသမား လီယန္ဒ႐ို ထေရာ့ဆတ္အတြက္ နည္းျပေဟာင္း ေရာဘတ္တို ဒီဇာဘီက ဝမ္းနည္းေၾကာင္း ႏႈတ္ဆက္စကားေျပာၾကားလိုက္ၿပီး အသင္းသစ္နဲ႔ ေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးခဲ့။

– အာဆင္နယ္တို႔အေနနဲ႔ ေနာက္ထပ္ မာတင္ ေအာ္ဒီဂြါဒ္ လမ္းစဥ္ အေျပာင္းအေ႐ႊ႕ကို စီစဥ္ေနၿပီး ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားခြင့္ နည္းပါးေနတဲ့ ျပင္သစ္ကြင္းလယ္လူ ေအဒူယာဒို ကာမာဗင္ဂါကို ေျခာက္လအငွားနဲ႔ ေခၚယူသြားဖို႔ စီစဥ္ေနၿပီး နည္းျပ အန္ခ်ယ္ေလာ့တီရဲ႕ မွတ္ခ်က္စကားအရလည္း ဒီထက္ပို အေရးပါမလာႏိုင္တာေၾကာင့္ အဆင္ေျပႏိုင္ဖြယ္ရွိေန။

– အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြအေနနဲ႔ အာဆင္နယ္တို႔ဟာ စီးရီးေအ ေဈးကြက္ကို ေကာင္းေကာင္း ေမႊေႏွာက္တတ္ေနၿပီျဖစ္ၿပီး ကီဗီယာကို ေခၚယူႏိုင္ေတာ့မယ့္အျပင္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ်္ကိုလည္း ရရွိႏိုင္ဖို႔ ႀကိဳးစားလာလိမ့္မယ္လို႔ ခန႔္မွန္းေနၾက။

– အာဆင္နယ္တို႔ ခ်ိတ္ဆက္ေနခဲ့တဲ့ လာလီဂါကလပ္ ဗယ္လာဒိုလစ္ရဲ႕ လူငယ္ၾကယ္ပြင့္ အီဗန္ ဖရက္စ္နီဒါကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီး ယူ႐ိုသန္း ၂၀ နဲ႔ ကမ္းလွမ္းထားခဲ့သလို သူ႔ရဲ႕ ေအးဂ်င့္ေတြအေနနဲ႔ လာမယ့္ရက္ပိုင္းအတြင္းမွာ လန္ဒန္ကို လာေရာက္ဖို႔ ရွိေနၿပီး သူတို႔ရဲ႕ ကစားသမားကို ေရာင္းခ်ႏိုင္ဖို႔ လုပ္ေဆာင္သြားဖြယ္ရွိေန။

– ဘိုင္ယာ ေလဗာကူဆင္အသင္းမွာ ေျခစြမ္းျပေနတဲ့ ျပင္သစ္ေတာင္ပံကစားသမား မူဆာ ဒီယာဘီကို ေခၚယူဖို႔အတြက္ အာဆင္နယ္တို႔ ဆက္လက္ႀကိဳးစားေနခဲ့ေပမယ့္ ထေရာ့ဆတ္ ေရာက္ရွိလာတဲ့အျပင္ ဘူကာယို ဆာကာနဲ႔အၿပိဳင္ ပြဲထြက္ေနရာေပးရမယ့္ ကိစၥကိုလည္း အာမခံႏိုင္ျခင္း မရွိတာေၾကာင့္ ေဈးႏႈန္းျမင့္မားတဲ့ ၂၃ ႏွစ္သားကို ေႏြရာသီအထိ ေစာင့္ဆိုင္းသြားႏိုင္။

– ပီအက္စ္ဂ်ီအသင္းရဲ႕ ကြင္းလယ္မွာ ေရွ႕က စီနီယာကစားသမားေတြ မ်ားျပားလြန္းေနမႈေၾကာင့္ ေနရာရႏိုင္ဖြယ္ မရွိေသးတဲ့ လူငယ္ကစားသမား ဝါရင္ ဇိုင္ယာ-အမ္မရီကို ေခၚယူႏိုင္ဖို႔ အာဆင္နယ္တို႔ ေစာင့္ၾကည့္ေနၿပီး အနာဂတ္အတြက္ အေျမာ္အျမင္ႀကီးတဲ့ ေျပာင္းေ႐ႊ႕မႈ ျဖစ္လာႏိုင္ဖို႔ ခန႔္မွန္းေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကစားပုံနဲ႔ အံမဝင္ေတာ့တဲ့ ဝါရင့္ေနာက္ခံလူ ဆီးဒရစ္ ဆြာရက္စ္ကို ဖူလ္ဟမ္အသင္းဆီ ေရာင္းခ်ႏိုင္ဖို႔ ႀကိဳးစားေနၿပီး ကစားသမားဘက္ကလည္း သူ႔ရဲ႕ လစာေငြကို အမ္းမရိတ္မွာ ရရွိေနတာထက္ ေလွ်ာ့ယူဖြယ္ရွိေနခဲ့တာေၾကာင့္ မၾကာခင္ အဆင္ေျပႏိုင္ဖြယ္ရွိတယ္လို႔ သတင္းေတြ ေဖာ္ျပ။

– အသင္းရဲ႕ တိုက္စစ္မွာ အေရးပါတဲ့ ကစားသမားေတြျဖစ္ၾကတဲ့ ဘူကာယို ဆာကာနဲ႔ ဂါဘရီယယ္လ္ မာတီနယ္လီတို႔အျပင္ လူငယ္ခံစစ္မႉး ဝီလီယမ္ ဆာလီဘာတို႔ကို အျမန္ဆုံး သက္တမ္းတိုးသြားႏိုင္ဖို႔ အာဆင္နယ္တို႔ ေဆြးေႏြးေနၿပီး တည္တည္ၿငိမ္ၿငိမ္နဲ႔ ထိန္းသိမ္းသြားႏိုင္ဖို႔ အစြမ္းကုန္ လုပ္ေဆာင္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကစားပုံကို အားက်ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ ဘုန္းေမာက္ေတာင္ပံကစားသမား ေဂ်ဒန္ အန္ေထာ္နီရဲ႕ ရရွိႏိုင္ေျခကို ေစာင့္ၾကည့္ေနၿပီး ခ်ယ္ရီေတြနဲ႔ ၆ လစာခ်ဳပ္သာ က်န္ရွိေတာ့သလို ေတာင္ပံနဲ႔ အေထာင္ေနရာေတြမွာ ကစားႏိုင္တဲ့ ေဟးလ္အန႔္ဒ္အကယ္ဒမီထြက္ကို အမ္းမရိတ္ဆီ ေဈးသက္သက္သာသာနဲ႔ ေခၚယူႏိုင္ဖို႔ အလိုရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.