Other Leagues

မက်ဆီကို ဘယ်လောက်ချစ်မြတ်နိုးလဲဆိုတာ ပြသခဲ့တဲ့ နေမာ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ကြာသပတေးနေ့က ရီယက်ဒ်ကြယ်စင်စုအသင်းနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ပင်နယ်တီ မကန်သွင်းမီ လီယွန်နယ်မက်ဆီ ဆီကနေ ခွင့်ပြုချက်တောင်းခံခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပင်နယ်တီဧရိယာထဲမှာ လဲကျသွားခဲ့ပြီးနောက် ပထမပိုင်းနာကျင်အချိန်ပိုမှာ ပင်နယ်တီ ရရှိခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးခဲ့ပေမယ့်လည်း VAR က ပင်နယ်တီ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုးကြောင့် ၂-၁ နဲ့ ဦးဆောင်နေချိန်မှာ နေမာက နောက်ထပ် ဦးဆောင်ဂိုး သွင်းယူနိုင်မယ့် အခွင့်အရေး ရရှိခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးက ဘောလုံးကို ကောက်ကိုင်ပြီးနောက် အာဂျင်တီးနားကြယ်ပွင့်ကို ပင်နယ်တီ ကန်ဖို့ မေးမြန်းတဲ့အနေနဲ့ ကြည့်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လီယွန်နယ် မက်ဆီက ခေါင်းအသာဆတ်လိုက်ပြီး နေမာကို ပင်နယ်တီကန်သွင်းဖို့ မီးစိမ်းပြသလိုက်တာဖြစ်ပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူးရဲ့ အားမပါတဲ့ကန်ချက်ကို မိုဟာမက် အယ်လိုဝစ်က ကာကွယ်သွားနိုင်ခဲ့ပြီး နောက်ထပ်ဦးဆောင်ဂိုးရရှိမယ့်အခွင့်အရေးလွဲချော်ခဲ့တာ ဖြစ်ပါတယ်။

နေမာရဲ့ ပင်နယ်တီ လွဲချော်မှုအပြီးမှာ ရော်နယ်လ်ဒိုက နောက်ထပ်တစ်ကြိမ် ချေပဂိုးကို သွင်းယူသွားခဲ့တာကြောင့် ပထမပိုင်းဟာ ၂-၂ နဲ့ ပွဲပြီးဆုံးသွားခဲ့ပြီး ဒုတိယပိုင်းမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ စုစုပေါင်း သွင်းဂိုး ၉ ဂိုးအထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့ ပထမဦးစားပေး ပင်နယ်တီ ကန်သွင်းသူမဟုတ်ဘဲ နေမာဟာ ယခုရာသီမှာ ပီအက်စ်ဂျီအတွက် ပင်နယ်တီကနေ ၃ ဂိုး၊ အမ်ဘာပေက ၄ ဂိုး သွင်းယူထားခဲ့ကြတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့် ၃ ဦးစလုံးဟာ ၆၂ မိနစ်မှာ အပြောင်းအလဲအများအပြား ပြုလုပ်ခဲ့တဲ့ နည်းပြ ဂဲလ်တီယာကြောင့် လူစားလဲခံခဲ့ရတဲ့ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ပြီး ပထမပိုင်း ၃၉ မိနစ်မှာ ဟွမ် ဘားနတ် တိုက်ရိုက်အနီကတ်ကြောင့် တစ်ယောက်လျော့ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီက ၅-၄ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ေနမာဟာ ၾကာသပေတးေန႔က ရီယက္ဒ္ၾကယ္စင္စုအသင္းနဲ႔ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ ပင္နယ္တီ မကန္သြင္းမီ လီယြန္နယ္မက္ဆီ ဆီကေန ခြင့္ျပဳခ်က္ေတာင္းခံခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဘရာဇီးလ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ပင္နယ္တီဧရိယာထဲမွာ လဲက်သြားခဲ့ၿပီးေနာက္ ပထမပိုင္းနာက်င္အခ်ိန္ပိုမွာ ပင္နယ္တီ ရရွိခဲ့တာျဖစ္ၿပီး ကြင္းလယ္ဒိုင္က ပင္နယ္တီမေပးခဲ့ေပမယ့္လည္း VAR က ပင္နယ္တီ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ သြင္းဂိုးေၾကာင့္ ၂-၁ နဲ႔ ဦးေဆာင္ေနခ်ိန္မွာ ေနမာက ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူႏိုင္မယ့္ အခြင့္အေရး ရရွိခဲ့တာျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးက ေဘာလုံးကို ေကာက္ကိုင္ၿပီးေနာက္ အာဂ်င္တီးနားၾကယ္ပြင့္ကို ပင္နယ္တီ ကန္ဖို႔ ေမးျမန္းတဲ့အေနနဲ႔ ၾကည့္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

လီယြန္နယ္ မက္ဆီက ေခါင္းအသာဆတ္လိုက္ၿပီး ေနမာကို ပင္နယ္တီကန္သြင္းဖို႔ မီးစိမ္းျပသလိုက္တာျဖစ္ေပမယ့္လည္း ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ အားမပါတဲ့ကန္ခ်က္ကို မိုဟာမက္ အယ္လိုဝစ္က ကာကြယ္သြားႏိုင္ခဲ့ၿပီး ေနာက္ထပ္ဦးေဆာင္ဂိုးရရွိမယ့္အခြင့္အေရးလြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။

ေနမာရဲ႕ ပင္နယ္တီ လြဲေခ်ာ္မႈအၿပီးမွာ ေရာ္နယ္လ္ဒိုက ေနာက္ထပ္တစ္ႀကိမ္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာေၾကာင့္ ပထမပိုင္းဟာ ၂-၂ နဲ႔ ပြဲၿပီးဆုံးသြားခဲ့ၿပီး ဒုတိယပိုင္းမွာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ စုစုေပါင္း သြင္းဂိုး ၉ ဂိုးအထိ ရွိခဲ့တာ ျဖစ္ပါတယ္။

ေျပာရမယ္ဆိုရင္ လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ ပထမဦးစားေပး ပင္နယ္တီ ကန္သြင္းသူမဟုတ္ဘဲ ေနမာဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအတြက္ ပင္နယ္တီကေန ၃ ဂိုး၊ အမ္ဘာေပက ၄ ဂိုး သြင္းယူထားခဲ့ၾကတာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္ ၃ ဦးစလုံးဟာ ၆၂ မိနစ္မွာ အေျပာင္းအလဲအမ်ားအျပား ျပဳလုပ္ခဲ့တဲ့ နည္းျပ ဂဲလ္တီယာေၾကာင့္ လူစားလဲခံခဲ့ရတဲ့ကစားသမားေတြထဲမွာ အပါအဝင္ျဖစ္ခဲ့ၿပီး ပထမပိုင္း ၃၉ မိနစ္မွာ ဟြမ္ ဘားနတ္ တိုက္႐ိုက္အနီကတ္ေၾကာင့္ တစ္ေယာက္ေလ်ာ့ခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီက ၅-၄ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.