Premier League

စပါးစ္အသင္းအတြက္ ဆြန္ေဟာင္မင္ရဲ႕ဒဏ္ရာ ထိုးႏွက္ခ်က္ျဖစ္လာခဲ့

ၿပီးခဲ့တဲ့ တနလၤာေန႔က အက္စတန္ဗီလာနဲ႔ ပရီးမီးယားလိဂ္အေဝးကြင္းႏုိင္ပြဲမွာ ရရွိသြားခဲ့တဲ့ ေတာင္ကိုရီးယားတုိက္စစ္မွဴး ဆြန္ေဟာင္မင္ရဲ႕ လက္ေမာင္းဒဏ္ရာဟာ ထင္ထားတာထက္ ပိုမိုျပင္းထန္ခဲ့ၿပီး ခြဲစိတ္ကုသမွဳ ခံယူခဲ့ရသလို အနည္းဆုံး ေလးပတ္ကေန ႏွစ္လအထိ အနားယူရႏိုင္ေၾကာင္း သိရပါတယ္။

ပြဲရဲ႕ အဖြင့္မိနစ္ေတြမွာကတည္းက ထိခိုက္မိခဲ့တဲ့ ဆြန္ေဟာင္မင္ဟာ ဒဏ္ရာနဲ႔ပဲ ပြဲကို ဆက္ကစားရင္း ေခ်ပဂိုးနဲ႔ အႏုိင္ဂိုးေတြကို သြင္းယူႏိုင္ခဲ့ေပမယ့္ သူ႕ရဲ႕ႀကဳိးစားမွဳကေတာ့ ေရွ႕ဆက္ႏုိင္ေတာ့မွာ မဟုတ္ဘဲ စပါးစ္အသင္းအတြက္လည္း ထုိးႏွက္ခ်က္ျဖစ္လာေတာ့မွာပါ။

အသင္းရဲ႕ ထုတ္ျပန္ခ်က္အရေတာ့ ဗီလာနဲ႔ပြဲမွာ ထိခိုက္မိခဲ့တဲ့ ဒဏ္ရာကို ခြဲစိတ္ကုသၿပီးျဖစ္ၿပီး အသင္းရဲ႕ ေဆးဝန္ထမ္းေတြက ျပန္လည္ သန္စြမ္းေရးလုပ္ငန္းစဥ္ေတြကို လုပ္ေဆာင္သြားမယ္လုိ႔လည္း ပါရွိပါတယ္။ ဒီဒဏ္ရာကေတာ့ ဗီလာေနာက္ခံလူ ကြန္ဆာရဲ႕ ျပင္းထန္တဲ့ ဖ်က္ထုတ္မွဳကေန ႀကဳံခဲ့ရတာျဖစ္ၿပီး တခ်ဳိ႕ကေတာ့ ဆြန္အေနနဲ႔ ေစာေစာစီးစီး လူစားလဲခဲ့ရင္ ဒီေလာက္အထိ ဆုိးခ်င္မွဆုိးမယ္လို႔ သုံးသပ္ခဲ့ၾကပါတယ္။

ဆြန္ေဟာင္မင္ဟာ ဒီရာသီမွာ စပါးစ္အသင္းအတြက္ ပုံမွန္ေျခစြမ္းျပသထားႏုိင္တဲ့သူျဖစ္သလို ၿပဳိင္ပြဲစုံမွာ ၁၆ ဂိုးသြင္းၿပီး ၉ ဂိုး ဖန္တီးေပးထားသူျဖစ္လို႔ နည္းျပ ေမာ္ရင္ဟိုအတြက္ေတာ့ သူမပါဘဲ ကစားရႏိုင္တဲ့ ပြဲစဥ္ ၁၃ ပြဲေလာက္ဟာ ေခါင္းခဲစရာလည္းျဖစ္လာႏုိင္ပါတယ္။

စပါးစ္အသင္းမွာ အဓိကတုိက္စစ္မွဴး ဟာရီကိန္း ရာသီကုန္အထိ အနားယူေနရသလို ဒါကို ဆြန္ေဟာင္မင္က ျဖည့္ဆည္းေနရတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဒီကြက္လပ္ကို အစားထိုးဖို႔ တုိက္စစ္ကစားဖူးသူေတြျဖစ္တဲ့ ကစားသမားသစ္ ဘာ့ဂ္ဗိန္း၊ ဘရာဇီးလ္သား လူးကပ္စ္ မူရာနဲ႔ လူငယ္ တုိက္စစ္မွဴး ထရြဳိင္ ပဲေရာ့တုိ႔က ကစားေပးႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမွ်ာ္မွန္းေနတဲ့ အသင္းအတြက္ေတာ့ ခက္ခဲဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ တနင်္လာနေ့က အက်စတန်ဗီလာနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲမှာ ရရှိသွားခဲ့တဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ လက်မောင်းဒဏ်ရာဟာ ထင်ထားတာထက် ပိုမိုပြင်းထန်ခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရသလို အနည်းဆုံး လေးပတ်ကနေ နှစ်လအထိ အနားယူရနိုင်ကြောင်း သိရပါတယ်။

ပွဲရဲ့ အဖွင့်မိနစ်တွေမှာကတည်းက ထိခိုက်မိခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ဒဏ်ရာနဲ့ပဲ ပွဲကို ဆက်ကစားရင်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ကြိုးစားမှုကတော့ ရှေ့ဆက်နိုင်တော့မှာ မဟုတ်ဘဲ စပါးစ်အသင်းအတွက်လည်း ထိုးနှက်ချက်ဖြစ်လာတော့မှာပါ။

အသင်းရဲ့ ထုတ်ပြန်ချက်အရတော့ ဗီလာနဲ့ပွဲမှာ ထိခိုက်မိခဲ့တဲ့ ဒဏ်ရာကို ခွဲစိတ်ကုသပြီးဖြစ်ပြီး အသင်းရဲ့ ဆေးဝန်ထမ်းတွေက ပြန်လည် သန်စွမ်းရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားမယ်လို့လည်း ပါရှိပါတယ်။ ဒီဒဏ်ရာကတော့ ဗီလာနောက်ခံလူ ကွန်ဆာရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကနေ ကြုံခဲ့ရတာဖြစ်ပြီး တချို့ကတော့ ဆွန်အနေနဲ့ စောစောစီးစီး လူစားလဲခဲ့ရင် ဒီလောက်အထိ ဆိုးချင်မှဆိုးမယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါးစ်အသင်းအတွက် ပုံမှန်ခြေစွမ်းပြသထားနိုင်တဲ့သူဖြစ်သလို ပြိုင်ပွဲစုံမှာ ၁၆ ဂိုးသွင်းပြီး ၉ ဂိုး ဖန်တီးပေးထားသူဖြစ်လို့ နည်းပြ မော်ရင်ဟိုအတွက်တော့ သူမပါဘဲ ကစားရနိုင်တဲ့ ပွဲစဉ် ၁၃ ပွဲလောက်ဟာ ခေါင်းခဲစရာလည်းဖြစ်လာနိုင်ပါတယ်။

စပါးစ်အသင်းမှာ အဓိကတိုက်စစ်မှူး ဟာရီကိန်း ရာသီကုန်အထိ အနားယူနေရသလို ဒါကို ဆွန်ဟောင်မင်က ဖြည့်ဆည်းနေရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒီကွက်လပ်ကို အစားထိုးဖို့ တိုက်စစ်ကစားဖူးသူတွေဖြစ်တဲ့ ကစားသမားသစ် ဘာ့ဂ်ဗိန်း၊ ဘရာဇီးလ်သား လူးကပ်စ် မူရာနဲ့ လူငယ် တိုက်စစ်မှူး ထရွိုင် ပဲရော့တို့က ကစားပေးနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်မှန်းနေတဲ့ အသင်းအတွက်တော့ ခက်ခဲဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.