Premier League

စပါးစ်နဲ့ပွဲမှာ အံ့အားသင့်ဖွယ်ပြန်လာနိုင်ခဲ့ပေမယ့်ကစားသမားတွေနဲ့ပရိသတ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးအသင်းဟာ ကြာသပတေးနေ့ညက တော့တင်ဟမ်ဟော့စပါးနဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ပေမယ့်လည်း ပွဲပြီးအင်တာဗျူးမှာမန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပထမပိုင်းမှာ ဆိုးရွားတဲ့ အမှား ၂ ကြိမ် ကျူးလွန်ခဲ့တာကြောင့် စပါးစ်ကြယ်ပွင့်တွေဖြစ်တဲ့ ကူလူဆက်ဗ်စကီးနဲ့ အီမာဆင် ရိုင်ရယ်တို့က အခွင့်ကောင်းယူနိုင်ခဲ့ပြီး နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းက ပထမပိုင်းကို ၂-၀ နဲ့ အဆုံးသတ်နိုင်ခဲ့တာကြောင့် မန်ချက်စတာစီးတီး ကစားသမားတွေဟာ အိမ်ကွင်းပရိသတ်တွေဆီကနေ မကျေမနပ်နဲ့ လှောင်ပြောင်သံတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးအသင်းဟာ ယူလီယန် အယ်လ်ဗာရက်ဇ်နဲ့ အာလင်း ဟာလန်းတို့ဆီက လျင်မြန်တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် တစ်ဖက် ၂ ဂိုးစီ ညီမျှသွားခဲ့ပြီး ၆၃ မိနစ်နဲ့ မိနစ် ၉၀ မှာ မာရက်ဇ်က အံ့အားသင့်ဖွယ် နိုင်ပွဲ ပြန်လည်ရရှိအောင် ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာကြောင့် ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အနိုင်ရရှိခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက ပွဲအပြီးအင်တာဗျူးမှာ မပျော်မရွှင်ဖြစ်နေခဲ့ပြီး ၎င်းရဲ့ ကစားသမားတွေဟာ စိတ်အားထက်သန်မှု၊ အားစိုက်ထုတ်မှုနဲ့ အနိုင်ရချင်တဲ့စိတ်ဆန္ဒ ကင်းမဲ့နေခဲ့တယ်လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“ပွဲအစ မိနစ်ကနေ စပြီး စိတ်ပိုင်းဖြတ်မှု၊ စိတ်ဆန္ဒပြင်းပြမှု၊ အားစိုက်ထုတ်မှု၊ အနိုင်ရရှိချင်တဲ့စိတ်ဆန္ဒ ကင်းမဲ့နေခဲ့တယ်။ ပရိသတ်တွေလည်း အတူတူပဲ။ သူတို့တွေ ပထမတစ်ပိုင်းလုံး တိတ်ဆိတ်နေတယ်။ ကျွန်တော့်ပရိသတ်တွေကို ပြန်လိုချင်တယ်။ ကျွန်တော်တို့က အမြင့်မားဆုံးအဆင့်အတန်းမှာ ယှဉ်ပြိုင်နိုင်တဲ့အနေအထားနဲ့ အဝေးကြီးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာက ပြီးတဲ့နောက်မှာ မကြာသေးမီက ရုန်းကန်ခဲ့ရမှုတွေအပြီး ၎င်းရဲ့အသင်းကို မမှတ်မိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ခြေစွမ်းရနေတဲ့ အာဆင်နယ်လို ပြိုင်ဘက်ရှိပါတယ်။ ပရီးမီးယားလိဂ်ဖလားကို မရခဲ့တာ ဆယ်စုနှစ်၂ ခုရှိပြီ။ ကျွန်တော်က ပကတိအမှန်တရားကို ရှင်းပြနေတာပါ။ အရာအားလုံးက အရမ်းသက်တောင့်သက်သာဖြစ်နေပေမယ့် ပြိုင်ဘက်တွေက စောင့်နေမှာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ အသင်းကို မမှတ်မိပါဘူး။ သူတို့တွေမှာ စိတ်ဆန္ဒပြင်းပြမှုနဲ့ ပြေးလွှားချင်တဲ့ဆန္ဒရှိခဲ့တယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီတုန်းက ရှိခဲ့တဲ့ အသင်းနဲ့ တော်တော်လေးကို အလှမ်းကွာနေပါတယ်။ ဒီနိုင်ပွဲပြန်လည်ရယူနိုင်မှုက အချိန်တိုင်းဖြစ်နေမယ်လို့ ခင်ဗျား ထင်လို့လား။ အချိန်တိုင်းဖြစ်မှာမဟုတ်ဘူး”

“ဒီနေ့ ကျွန်တော်တို့ ကံကောင်းခဲ့တာပါ။ ကျွန်တော်တို့ တစ်စုံတရာကို အနိုင်ရရှိချင်ရင် ဒါမှမဟုတ် ယှဉ်ပြိုင်ချင်တယ်ဆိုရင်ဆိုပေမယ့် စောဒကတက်တယ်။ စောဒတက်တယ်။ စောဒကတက်တယ်။ ကျွန်တော်တို့ ဘာဖလားမှ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ခုကစားနေတဲ့ပုံစံနဲ့ အာဆင်နယ်နဲ့ ရမှတ်ကွာဟမှုကို လျှော့ချနိုင်မယ်လို့ ခင်ဗျား ထင်လား။ ဖြစ်နိုင်စရာအကြောင်းမရှိဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းဟာ ၾကာသပေတးေန႔ညက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ပြဲစဥ္မွာ အလြန္ေကာင္းမြန္တဲ့ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့ေပမယ့္လည္း ပြဲၿပီးအင္တာဗ်ဴးမွာမန္စီးတီးနည္းျပ ဂြါဒီယိုလာက ျပင္းထန္တဲ့တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ပထမပိုင္းမွာ ဆိုး႐ြားတဲ့ အမွား ၂ ႀကိမ္ က်ဴးလြန္ခဲ့တာေၾကာင့္ စပါးစ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ကူလူဆက္ဗ္စကီးနဲ႔ အီမာဆင္ ႐ိုင္ရယ္တို႔က အခြင့္ေကာင္းယူႏိုင္ခဲ့ၿပီး ေနာက္ကေန လိုက္ကစားခဲ့ရတာ ျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ပထမပိုင္းကို ၂-၀ နဲ႔ အဆုံးသတ္ႏိုင္ခဲ့တာေၾကာင့္ မန္ခ်က္စတာစီးတီး ကစားသမားေတြဟာ အိမ္ကြင္းပရိသတ္ေတြဆီကေန မေက်မနပ္နဲ႔ ေလွာင္ေျပာင္သံေတြကို ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ မန္ခ်က္စတာစီးတီးအသင္းဟာ ယူလီယန္ အယ္လ္ဗာရက္ဇ္နဲ႔ အာလင္း ဟာလန္းတို႔ဆီက လ်င္ျမန္တဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ တစ္ဖက္ ၂ ဂိုးစီ ညီမွ်သြားခဲ့ၿပီး ၆၃ မိနစ္နဲ႔ မိနစ္ ၉၀ မွာ မာရက္ဇ္က အံ့အားသင့္ဖြယ္ ႏိုင္ပြဲ ျပန္လည္ရရွိေအာင္ ဂိုးေတြ သြင္းယူေပးႏိုင္ခဲ့တာေၾကာင့္ ၄-၂ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

အႏိုင္ရရွိခဲ့ေပမယ့္လည္း မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာက ပြဲအၿပီးအင္တာဗ်ဴးမွာ မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့ၿပီး ၎ရဲ႕ ကစားသမားေတြဟာ စိတ္အားထက္သန္မႈ၊ အားစိုက္ထုတ္မႈနဲ႔ အႏိုင္ရခ်င္တဲ့စိတ္ဆႏၵ ကင္းမဲ့ေနခဲ့တယ္လို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

“ပြဲအစ မိနစ္ကေန စၿပီး စိတ္ပိုင္းျဖတ္မႈ၊ စိတ္ဆႏၵျပင္းျပမႈ၊ အားစိုက္ထုတ္မႈ၊ အႏိုင္ရရွိခ်င္တဲ့စိတ္ဆႏၵ ကင္းမဲ့ေနခဲ့တယ္။ ပရိသတ္ေတြလည္း အတူတူပဲ။ သူတို႔ေတြ ပထမတစ္ပိုင္းလုံး တိတ္ဆိတ္ေနတယ္။ ကြၽန္ေတာ့္ပရိသတ္ေတြကို ျပန္လိုခ်င္တယ္။ ကြၽန္ေတာ္တို႔က အျမင့္မားဆုံးအဆင့္အတန္းမွာ ယွဥ္ၿပိဳင္ႏိုင္တဲ့အေနအထားနဲ႔ အေဝးႀကီးမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဂြါဒီယိုလာက ၿပီးတဲ့ေနာက္မွာ မၾကာေသးမီက ႐ုန္းကန္ခဲ့ရမႈေတြအၿပီး ၎ရဲ႕အသင္းကို မမွတ္မိေတာ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းတဲ့ ေျခစြမ္းရေနတဲ့ အာဆင္နယ္လို ၿပိဳင္ဘက္ရွိပါတယ္။ ပရီးမီးယားလိဂ္ဖလားကို မရခဲ့တာ ဆယ္စုႏွစ္၂ ခုရွိၿပီ။ ကြၽန္ေတာ္က ပကတိအမွန္တရားကို ရွင္းျပေနတာပါ။ အရာအားလုံးက အရမ္းသက္ေတာင့္သက္သာျဖစ္ေနေပမယ့္ ၿပိဳင္ဘက္ေတြက ေစာင့္ေနမွာမဟုတ္ဘူး။ ကြၽန္ေတာ့္ရဲ႕ အသင္းကို မမွတ္မိပါဘူး။ သူတို႔ေတြမွာ စိတ္ဆႏၵျပင္းျပမႈနဲ႔ ေျပးလႊားခ်င္တဲ့ဆႏၵရွိခဲ့တယ္။ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ရာသီတုန္းက ရွိခဲ့တဲ့ အသင္းနဲ႔ ေတာ္ေတာ္ေလးကို အလွမ္းကြာေနပါတယ္။ ဒီႏိုင္ပြဲျပန္လည္ရယူႏိုင္မႈက အခ်ိန္တိုင္းျဖစ္ေနမယ္လို႔ ခင္ဗ်ား ထင္လို႔လား။ အခ်ိန္တိုင္းျဖစ္မွာမဟုတ္ဘူး”

“ဒီေန႔ ကြၽန္ေတာ္တို႔ ကံေကာင္းခဲ့တာပါ။ ကြၽန္ေတာ္တို႔ တစ္စုံတရာကို အႏိုင္ရရွိခ်င္ရင္ ဒါမွမဟုတ္ ယွဥ္ၿပိဳင္ခ်င္တယ္ဆိုရင္ဆိုေပမယ့္ ေစာဒကတက္တယ္။ ေစာဒတက္တယ္။ ေစာဒကတက္တယ္။ ကြၽန္ေတာ္တို႔ ဘာဖလားမွ အႏိုင္ရဖို႔ မျဖစ္ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ ခုကစားေနတဲ့ပုံစံနဲ႔ အာဆင္နယ္နဲ႔ ရမွတ္ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္မယ္လို႔ ခင္ဗ်ား ထင္လား။ ျဖစ္ႏိုင္စရာအေၾကာင္းမရွိဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.