Premier League

ဂါဘရီယဲလ်ကို စာချုပ်သစ်ကမ်းလှမ်းမယ့် အာဆင်နယ်အပါအဝင် နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်ဟာ ဒီရာသီမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနေတဲ့ ဂါဘရီယဲလ် မာဂါလိုင်စ်ကို စာချုပ်သက်တမ်းတိုးဖို့ အကြိုပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးလ်နောက်ခံလူဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလကမှ စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်ပေမယ့်လည်း အာဆင်နယ်က ဂါဘရီယဲလ်ရဲ့ စွမ်းဆောင်ရည်အတွက် အသိအမှတ်ပြုတဲ့အနေနဲ့ စာချုပ်သစ် ချုပ်ဆိုသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်နည်းပြ အာတီတာက ပြီးခဲ့တဲ့ နွေရာသီမှာ ချဲလ်ဆီးကနေ ကိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တာက သူ့တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ အားလုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာတီတာက သူတို့အနေနဲ့ အသင်းရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီမယ့် ကစားသမားမျိုးကို ထောက်ခံချက်ပေးခဲ့ကြောင်း၊ အသင်းတာဝန်ရှိသူတွေအားလုံး ပါဝင်ခဲ့ပြီး ပိုင်ရှင်တွေဆီက အားပေးထောက်ခံမှုရခဲ့လို့ အရာအားလုံးက ဖြစ်လာခဲ့တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ အာတီတာက အရင်ဆုံး ကစားသမားတွေရဲ့ စိတ်ဓာတ်ကိုကြည့်ပြီး ပြီးတော့မှ အသင်းရဲ့ ပုံစံနဲ့ အံဝင်မယ့် အရည်အသွေးမျိုးရှိတယ်လို့ ယုံကြည်လို့ ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားတွေကလည်း သူတို့ရဲ့ အလားအလာရှိတဲ့အတိုင်း ရောက်ရှိအောင် လုပ်ပြဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

-ဂန်းနားတွေဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ နံပါတ် ၁ ကွင်းလယ်ပစ်မှတ်အဖြစ် ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။ စပိန်ကွင်းလယ်ကစားသမားဟာ လက်ရှိမှာ အာဆင်နယ်ရဲ့ ကွင်းလယ်ပစ်မှတ်စာရင်းထဲမှာ အဲဗာတန်ကွင်းလယ်လူ အမာဒူ အိုနာနာ၊ မိုနာကိုကွင်းလယ်လူ ယူဆွတ်ဖ် ဖိုဖာနာတို့ရဲ့ အထက်မှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဇူဘီမန်ဒီဟာ ရီးရဲလ်ဆိုစီဒက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်လျော်ကြေး ပေါင် ၅၁ သန်းကို ထည့်သွင်းချုပ်ဆိုထားပြီး ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း စပိန်ကွင်းလယ်ကစားသမားကို ခေါ်ယူချင်နေကြတာဖြစ်ပါတယ်။

-ဖီယင်နုအသင်းဟာ နည်းပြ အန်းဆလော့ကို လီဗာပူးလ်အသင်းဆီ လာမယ့်နွေရာသီမှာ ထွက်ခွာခွင့်ပေးဖို့ သဘောတူညီလိုက်ပြီဖြစ်တာကြောင့် ဒတ်ချ်လူမျိုးနည်းပြရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုပြုလုပ်ဖို့အတွက် ပစ်မှတ်ကို သတ်မှတ်ခဲ့ပါတယ်။ ဖီယင်နု နည်းပြသစ် ဖြစ်လာနိုင်သူအဖြစ် အာဆင်နယ်လက်ထောက်နည်းပြ အဲလ်ဘတ် စတီဗန်ဘာ့ဂ်ကို သတ်မှတ်ထားတယ်လို့ သိရပြီး ဒတ်ချ်လူမျိုးနည်းပြဟာ ၂၀၁၇ ခုနစ်ကနေတ ၂၀၂၁ ခုနှစ်အထိ ဝေးလ်လက်ရွေးစင်လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သလို ၂၀၁၉ ခုနှစ်ကတည်းက အာတီတာနဲ့အတူ အမ်းမရိတ်စ်မှာ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-အာဆင္နယ္ဟာ ဒီရာသီမွာ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းျပသေနတဲ့ ဂါဘရီယဲလ္ မာဂါလိုင္စ္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ အႀကိဳေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဘရာဇီးလ္ေနာက္ခံလူဟာ ၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလကမွ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့သူျဖစ္ေပမယ့္လည္း အာဆင္နယ္က ဂါဘရီယဲလ္ရဲ႕ စြမ္းေဆာင္ရည္အတြက္ အသိအမွတ္ျပဳတဲ့အေနနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

-အာဆင္နယ္နည္းျပ အာတီတာက ၿပီးခဲ့တဲ့ ေႏြရာသီမွာ ခ်ဲလ္ဆီးကေန ကိုင္ ဟာဗတ္ဇ္ကို ေပါင္ ၆၅ သန္းနဲ႔ ေခၚယူခဲ့တာက သူ႔တစ္ေယာက္တည္းရဲ႕ ဆုံးျဖတ္ခ်က္မဟုတ္ဘဲ အားလုံးရဲ႕ ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အာတီတာက သူတို႔အေနနဲ႔ အသင္းရဲ႕ ရည္မွန္းခ်က္နဲ႔ ကိုက္ညီမယ့္ ကစားသမားမ်ိဳးကို ေထာက္ခံခ်က္ေပးခဲ့ေၾကာင္း၊ အသင္းတာဝန္ရွိသူေတြအားလုံး ပါဝင္ခဲ့ၿပီး ပိုင္ရွင္ေတြဆီက အားေပးေထာက္ခံမႈရခဲ့လို႔ အရာအားလုံးက ျဖစ္လာခဲ့တာျဖစ္တယ္လို႔ ေျပာျပခဲ့ပါတယ္။ အာတီတာက အရင္ဆုံး ကစားသမားေတြရဲ႕ စိတ္ဓာတ္ကိုၾကည့္ၿပီး ၿပီးေတာ့မွ အသင္းရဲ႕ ပုံစံနဲ႔ အံဝင္မယ့္ အရည္အေသြးမ်ိဳးရွိတယ္လို႔ ယုံၾကည္လို႔ ေခၚယူခဲ့တာျဖစ္ၿပီး ကစားသမားေတြကလည္း သူတို႔ရဲ႕ အလားအလာရွိတဲ့အတိုင္း ေရာက္ရွိေအာင္ လုပ္ျပဖို႔ လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

-ဂန္းနားေတြဟာ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ နံပါတ္ ၁ ကြင္းလယ္ပစ္မွတ္အျဖစ္ ရီးရဲလ္ဆိုစီဒက္ကြင္းလယ္လူ မာတင္ ဇူဘီမန္ဒီကို သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ စပိန္ကြင္းလယ္ကစားသမားဟာ လက္ရွိမွာ အာဆင္နယ္ရဲ႕ ကြင္းလယ္ပစ္မွတ္စာရင္းထဲမွာ အဲဗာတန္ကြင္းလယ္လူ အမာဒူ အိုနာနာ၊ မိုနာကိုကြင္းလယ္လူ ယူဆြတ္ဖ္ ဖိုဖာနာတို႔ရဲ႕ အထက္မွာ ရပ္တည္ေနတာျဖစ္ပါတယ္။ ဇူဘီမန္ဒီဟာ ရီးရဲလ္ဆိုစီဒက္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၅၁ သန္းကို ထည့္သြင္းခ်ဳပ္ဆိုထားၿပီး ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ကလည္း စပိန္ကြင္းလယ္ကစားသမားကို ေခၚယူခ်င္ေနၾကတာျဖစ္ပါတယ္။

-ဖီယင္ႏုအသင္းဟာ နည္းျပ အန္းဆေလာ့ကို လီဗာပူးလ္အသင္းဆီ လာမယ့္ေႏြရာသီမွာ ထြက္ခြာခြင့္ေပးဖို႔ သေဘာတူညီလိုက္ၿပီျဖစ္တာေၾကာင့္ ဒတ္ခ်္လူမ်ိဳးနည္းျပရဲ႕ ေနရာမွာ အစားထိုးေခၚယူမႈျပဳလုပ္ဖို႔အတြက္ ပစ္မွတ္ကို သတ္မွတ္ခဲ့ပါတယ္။ ဖီယင္ႏု နည္းျပသစ္ ျဖစ္လာႏိုင္သူအျဖစ္ အာဆင္နယ္လက္ေထာက္နည္းျပ အဲလ္ဘတ္ စတီဗန္ဘာ့ဂ္ကို သတ္မွတ္ထားတယ္လို႔ သိရၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပဟာ ၂၀၁၇ ခုနစ္ကေနတ ၂၀၂၁ ခုႏွစ္အထိ ေဝးလ္လက္ေ႐ြးစင္လက္ေထာက္နည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့သလို ၂၀၁၉ ခုႏွစ္ကတည္းက အာတီတာနဲ႔အတူ အမ္းမရိတ္စ္မွာ နည္းျပအဖြဲ႕ဝင္အျဖစ္ တာဝန္ယူခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.