Match Report Premier League

ကလော့ပ်လိုပဲ ဖလားပြိုင်ပွဲကို တဖြည်းဖြည်းနဲ့လက်ပြနှုတ်ဆက်ရတော့မယ့် လီဗာပူးလ်

လီဗာပူးလ်ဟာ စနေနေ့ နေ့လယ်အစောဆုံးပွဲစဉ်အဖြစ် ဝက်စ်ဟမ်းရဲ့ လန်ဒန်ကွင်းမှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲနဲ့ တရွေ့ရွေ့ဝေးကွာလာခဲ့ပြီဖြစ်ပါတယ်။

ဝက်စ်ဟမ်းက ဂျားရော့ ဘိုဝင်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် လီဗာပူးလ်ကို ပထမပိုင်းမှာ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပြန်စစပြီး သိပ်မကြာခင်မှာပဲ ရောဘတ်ဆန်က ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ၆၅ မိနစ်မှာ ဂတ်ခ်ပိုရဲ့ ကန်ချက်က ဝက်စ်ဟမ်းနောက်ခံလူတွေနဲ့ ထိပြီး အာရီယိုလာ အုန်းဂိုးဖြစ်ပြီး ရရှိခဲ့တဲ့ဂိုးကနေ ဦးဆောင်ဂိုး ရရှိသွားခဲ့ပေမယ့်လည်း အန်တိုနီယိုက ၇၇ မိနစ်မှာ အိမ်ရှင်တွေအတွက် သရေ ၁ မှတ်ရရှိစေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းရဲ့ အဖွင့်ဂိုးမှာ ကွမ်ဆာရဲ့ အခန်းကဏ္ဍက မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး ဘောလုံးကို လွယ်လွယ်နဲ့ ပေးပစ်ခဲ့ပြီးနောက် ဒုတိယဂိုးမှာလည်း အန်တိုနီယိုနဲ့ ရင်ဆိုင်ရာမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ အခုဆိုရင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာက မန်စီးတီးထက် ၂ ပွဲကစားထားပေမယ့်လည်း ၁ မှတ်လျော့နဲ့ တတိယနေရာမှာ ဆက်လက်ရပ်တည်ခဲ့ရပြီး ဆုဖလားပြိုင်ပွဲနဲ့ တဖြည်းဖြည်း အလှမ်းကွာလာခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္ဟာ စေနေန႔ ေန႔လယ္အေစာဆုံးပြဲစဥ္အျဖစ္ ဝက္စ္ဟမ္းရဲ႕ လန္ဒန္ကြင္းမွာ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲနဲ႔ တေ႐ြ႕ေ႐ြ႕ေဝးကြာလာခဲ့ၿပီျဖစ္ပါတယ္။

ဝက္စ္ဟမ္းက ဂ်ားေရာ့ ဘိုဝင္ရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ လီဗာပူးလ္ကို ပထမပိုင္းမွာ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ၿပီး ဒုတိယပိုင္း ျပန္စစၿပီး သိပ္မၾကာခင္မွာပဲ ေရာဘတ္ဆန္က ေခ်ပဂိုး ျပန္လည္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ၆၅ မိနစ္မွာ ဂတ္ခ္ပိုရဲ႕ ကန္ခ်က္က ဝက္စ္ဟမ္းေနာက္ခံလူေတြနဲ႔ ထိၿပီး အာရီယိုလာ အုန္းဂိုးျဖစ္ၿပီး ရရွိခဲ့တဲ့ဂိုးကေန ဦးေဆာင္ဂိုး ရရွိသြားခဲ့ေပမယ့္လည္း အန္တိုနီယိုက ၇၇ မိနစ္မွာ အိမ္ရွင္ေတြအတြက္ သေရ ၁ မွတ္ရရွိေစမယ့္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းရဲ႕ အဖြင့္ဂိုးမွာ ကြမ္ဆာရဲ႕ အခန္းက႑က ေမးခြန္းထုတ္စရာျဖစ္ခဲ့ၿပီး ေဘာလုံးကို လြယ္လြယ္နဲ႔ ေပးပစ္ခဲ့ၿပီးေနာက္ ဒုတိယဂိုးမွာလည္း အန္တိုနီယိုနဲ႔ ရင္ဆိုင္ရာမွာ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္ဟာ အခုဆိုရင္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားဒုတိယေနရာက မန္စီးတီးထက္ ၂ ပြဲကစားထားေပမယ့္လည္း ၁ မွတ္ေလ်ာ့နဲ႔ တတိယေနရာမွာ ဆက္လက္ရပ္တည္ခဲ့ရၿပီး ဆုဖလားၿပိဳင္ပြဲနဲ႔ တျဖည္းျဖည္း အလွမ္းကြာလာခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.