Analysis Match Report Premier League

အာဆင်နယ်ကို သတိပေးတဲ့ မန်စီးတီးနဲ့ အလှူတော်မင်္ဂလာ စပါးစ်ပွဲက ပြောစရာများ

အာဆင်နယ်ကို သတိပေးလိုက်တဲ့ မန်စီးတီး
မန်ချက်စတာစီးတီးတို့အနေနဲ့ အကြောင်းကြောင်းကြောင့် ခြေစွမ်းကျဆင်းပြီး အားနည်းမှုတွေ ရှိရင်သာ ရှိနေပေမယ့်၊ အလွယ်တကူနဲ့ လက်လျှော့တတ်တဲ့ အသင်းမျိုး မဟုတ်ဘဲ ကစားသမားတွေရဲ့ အရည်အသွေးနဲ့ နိုင်ပွဲတွေ ရယူနိုင်စွမ်းရှိကြောင်း ဒီနေ့မှာ Come Back Win နဲ့အတူ ဦးဆောင်သူ အာဆင်နယ်တို့ကို သတိပေးလိုက်တာပါ။ အာဆင်နယ်ထက် တစ်ပွဲပိုကစားပြီး ကွာဟချက်ကို ၅ မှတ်အထိ ပြန်လျှော့ချနိုင်ခဲ့တဲ့ မန်စီးတီးတို့ အနေနဲ့ သူတို့ရှေ့မှာ အမှားလာလုပ်ပြတဲ့ ဘယ်သူ့ကိုမဆို အခွင့်ကောင်းယူ အလဲထိုးသွားမှာဖြစ်ကြောင်း ဆိုခဲ့ပြီး မန်ချက်စတာဒါဘီ ရှုံးပွဲကိုလည်း ချက်ချင်းပဲ ပြန်ပြီး တုံ့ပြန်ပြခဲ့တာဖြစ်ပါတယ်။

အထိမခံ ရွှေပန်းကန် ခံစစ်နဲ့ ကြောက်မက်ဖွယ်ရာ တိုက်စစ်
မန်ချက်စတာစီးတီးတို့ရဲ့ ဒီရာသီ အားသာမှုက အာလင်း ဟားလန်းလို့ ပြောလိုက်တာနဲ့ ပြိုင်ဘက်တွေ အလိုလိုရှိန်နေတဲ့ တိုက်စစ်ဖြစ်နေချိန်မှာ အားနည်းမှုကတော့ Nerve မခိုင်တဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ ခံစစ်ဖြစ်နေခဲ့တာပါ။ မန်စီးတီးရဲ့ အမှားအများဆုံး ကစားသမား အီဒါဆန်က ပထမဆုံးဂိုးကို ရောင်းခဲ့သလို ဒီဖြစ်ရပ်မှာ ကျဉ်းထဲကျပ်ထဲက ရိုဒရီကို ဘောလုံးပေးတာကတောင် ခပ်ကြီးကြီး မှားတဲ့ အမှားဖြစ်နေခဲ့ချိန်မှာ တည့်အောင်မပေးနိုင်ခဲ့ဘဲ ဘေးကို နည်းနည်းလွဲသွားခဲ့တာကတော့ ဘေးဆိုးကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ ဒီလိုဂိုးပေးလိုက်ချိန်မှာလည်း တစ်ဂိုးနဲ့ ရပ်မသွားသေးဘဲ နောက်တစ်ဂိုးပါ ဆက်တိုက်ပေးခဲ့ရတာက မန်ယူနဲ့ ရှုံးပွဲကို အမှတ်ရစေခဲ့သလို ဒီလို အိုးနင်းခွက်နင်းခံစစ်ကို ရှေ့က ဟားလန်းနဲ့ မာရက်ဇ်တို့အုပ်စု ကယ်ခဲ့လို့သာ နိုင်ပွဲ ပြန်ရှာနိုင်ခဲ့တာဖြစ်ပါတယ်။

အလှူတော် မင်္ဂလာ လိုရစ်
ဂိုးသမား လိုရစ်ကတော့ ပရီးမီးယားလိဂ်မှာ အရက်ရောဆုံးလို့ ဆိုရအောင်ကို တစ်ဂိုးပြီးတစ်ဂိုး ဆက်တိုက်လှူနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ တစ်ဂိုးလှူခဲ့သလို ဒီနေ့မှာလည်း မန်စီးတီးရဲ့ သွင်းဂိုး နှစ်ဂိုးမှာ ကြီးကြီးမားမား တာဝန်ရှိခဲ့တာပါ။ သူ့ရဲ့ ကျဆင်းသွားတဲ့ လျင်မြန်မှုက ပြိုင်ဘက်တွေအတွက်တော့ ကောင်းခြင်းမင်္ဂလာဖြစ်ခဲ့သလို ပထမဂိုးမှာ ပုတ်ထုတ်ရမယ့် ဘောလုံးကို မထိလိုက်နိုင်ဘဲ မှားခဲ့လို့ အယ်လ်ဗာရက်ဇ်က အနီးကပ် ကန်သွင်းသွားခဲ့တာဖြစ်ပြီး တတိယဂိုးမှာတော့ မာရက်ဇ်ရဲ့ ကန်ချက်ကို ထောင့်ပိတ်ပြီး ကာကွယ်ရမယ့်အစား မလုပ်နိုင်ဘဲ အနီးတိုင်ခြေကို ဂိုးဝင်သွားခဲ့တာကတော့ ဂိုးသမားတိုင်းအတွက် ကြီးမားတဲ့ အရှက်ကွဲမှုမျိုးဖြစ်ခဲ့ပါတယ်။

အရေးအကြောင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ မာရက်ဇ်
မန်စီးတီးတို့ရဲ့ သွင်းဂိုးတိုင်းက အယ်လ်ဂျီးရီးယားသားရဲ့ ညာတောင်ပံကနေပဲ မြစ်ဖျားခံခဲ့ပြီး သူကိုယ်တိုင် နှစ်ဂိုးသွင်းခဲ့တာက နိုင်ပွဲရဖို့ ဖြစ်ခဲ့တာက တိုက်ဆိုင်မှုတော့ မဟုတ်ခဲ့တာပါ။ စပါးစ်တို့ရဲ့ ခံစစ် မပိုင်နိုင်တဲ့ ဘယ်ခြမ်းကို မာရက်ဇ်က အလဲထိုးသွားနိုင်ခဲ့သလို ပထမဂိုးမှာ သူ့ဘက်က ဖြတ်တင်ဘောနဲ့ စတင်ပေးခဲ့သလို ဒုတိယဂိုးမှာတော့ ဟားလန်းသွင်းယူဖို့ ညာဘက်တိုင်နားကနေ ခေါင်းတိုက်ပြီး အလယ်ကို ပြန်ပို့ပေးခဲ့တာပါ။ တတိယဂိုးကိုတော့ ကိုယ်တိုင် ထောင့်ကျဉ်းထဲကို ကန်သွင်းယူခဲ့တာဖြစ်ပြီး စတုတ္ထဂိုးကတော့ စပါးစ်နောက်ခံလူ လွန်ဂလေရဲ့ ဘောလုံးအထိန်းမှားတာကို အခွင့်ကောင်းယူဖို့ အသင့်ရှိခဲ့သလို ဂိုးသမား လိုရစ်ကိုပါ ပါးပါးလေးပုတ်ပြီး ပညာပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ရှေ့နေဝင်ကာမှ ထောင်လုံးလုံးကျတဲ့ ကွန်တီ
မန်စီးတီးတို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးနေလို့ လူစားတွေ လဲလိုက်တဲ့ ကွန်တီရဲ့ အပြောင်းအလဲကတော့ အလုပ်မဖြစ်ဘဲ ဒီနေ့ပွဲမှာ Back Fire ဖြစ်သွားခဲ့ပါတယ်။ ဘင်တန်ကာအစား ထည့်လိုက်တဲ့ ဘီဆူးမားက လုံးဝ တိုက်စစ်မကူနိုင်သလို ရစ်ချာလစ်ဆန်ကလည်း တိုက်စစ်ကစားဖို့နေနေသာသာ ပင်နယ်တီ ပေးရဖို့တောင် နီးစပ်ခဲ့သေးပြီး လွန်ဂလေကတော့ မန်စီးတီးတို့ကို နောက်တစ်ဂိုး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချိန်လုံး အိမ်ရှင်တွေကို ဒုက္ခပေးနေတဲ့ ကူလူရှက်ဗ်စကီးနောက်က ထောက်ကူပေးထားတဲ့ အီမာဆန် ရိုယဲလ်ကို ထုတ်လိုက်တာက ညာခြမ်းကို သေသွားစေခဲ့ပြီး ကွန်တီရဲ့ လူစားလဲမှုတွေက သူ့ကို ပြန်သတ်ခဲ့တာပါ။

ဂိုးပေါက်ပြန်ရှာနိုင်ခဲ့တဲ့ ဟားလန်း
ချဲလ်ဆီးနဲ့ မန်ယူတို့ကို အသင်းကြီးနှစ်ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တဲ့ ဟားလန်းအနေနဲ့ စပါးစ်နဲ့ပွဲမှာပါ ဆက်ပျောက်ခဲ့ရင်တော့ ဝေဖန်သံတွေက စောင့်ကြိုနေခဲ့မှာဖြစ်ပေမယ့် အသင်းအတွက် အရေးပါတဲ့ သရေဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကတော့ သူ့အတွက် ဖိအားတွေကို လျော့ကျသွားစေခဲ့ပါတယ်။ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနား မပါဝင်ခဲ့တဲ့ ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ နော်ဝေတိုက်စစ်မှူးအနေနဲ့ ဒီနေ့ပွဲမှာ သူ့အသက်နဲ့ တူညီတဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၂၂ ဂိုးမြောက်ကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပြီး ရွှေဖိနပ်ဆုအတွက် ဒုတိယနေရာမှာ ရှိနေတဲ့ အဓိကပြိုင်ဘက် စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို ၇ ဂိုး ဖြတ်ထားနိုင်ခဲ့တာပါ။

စပါးစ်ကို ရှုံးပွဲတွေ့စေတဲ့ ပါရီရှစ်ချ်
ဒီနေ့မှာ စပါးစ်တို့အတွက် တကယ်တမ်း ဆေးထိုးခဲ့တာ မဟုတ်ပေမယ့် ရှုံးနိမ့်စေတဲ့ အလှည့်အပြောင်းကို နှစ်ကြိမ်တိုင်တိုင် ဖန်တီးခဲ့သူကတော့ ဘယ်တောင်ပံကစားသမား အီဗန် ပါရီရှစ်ချ်ပဲဖြစ်ခဲ့ပါတယ်။ ခရိုအေးရှားသားဟာ ဒီနေ့ပွဲမှာ ဘယ်ခြမ်းက Left Wing Back အဖြစ် ကစားခဲ့တာဖြစ်ပြီး သူ့ဘက်ခြမ်းကချည်း ဂိုးတွေ ပေးခဲ့ရတာကို တခြားကစားသမားတွေမှာလည်း တာဝန်ရှိတယ်လို့ ခွင့်လွှတ်ပေးလို့ ရသေးပေမယ့် နှစ်ဂိုးစီသရေကျနေချိန်မှာ အပိုင်အခွင့်အရေးကို ဂိုးဝင်အောင် မကန်နိုင်ခဲ့တာနဲ့ ဆရာကြီးဆိုက်ပိပြီး မာရက်ဇ်ဆီက ဘောလုံးကို ဆုတ်ခံရမယ့်အစား ပြေးလုရင်း လွတ်သွားလို့ အဲ့ဒီကနေ ဂိုးပေးခဲ့ရတာတွေကတော့ ကိုယ့်ကို သုံးဂိုး-နှစ်ဂိုးမဖြစ်စေဘဲ သူများကို သုံးဂိုး-နှစ်ဂိုးဖြစ်စေခဲ့ပြီး စပါးစ်တို့ကို ရှုံးနိမ့်စေခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ကို သတိေပးလိုက္တဲ့ မန္စီးတီး
မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ အေၾကာင္းေၾကာင္းေၾကာင့္ ေျခစြမ္းက်ဆင္းၿပီး အားနည္းမႈေတြ ရွိရင္သာ ရွိေနေပမယ့္၊ အလြယ္တကူနဲ႔ လက္ေလွ်ာ့တတ္တဲ့ အသင္းမ်ိဳး မဟုတ္ဘဲ ကစားသမားေတြရဲ႕ အရည္အေသြးနဲ႔ ႏိုင္ပြဲေတြ ရယူႏိုင္စြမ္းရွိေၾကာင္း ဒီေန႔မွာ Come Back Win နဲ႔အတူ ဦးေဆာင္သူ အာဆင္နယ္တို႔ကို သတိေပးလိုက္တာပါ။ အာဆင္နယ္ထက္ တစ္ပြဲပိုကစားၿပီး ကြာဟခ်က္ကို ၅ မွတ္အထိ ျပန္ေလွ်ာ့ခ်ႏိုင္ခဲ့တဲ့ မန္စီးတီးတို႔ အေနနဲ႔ သူတို႔ေရွ႕မွာ အမွားလာလုပ္ျပတဲ့ ဘယ္သူ႔ကိုမဆို အခြင့္ေကာင္းယူ အလဲထိုးသြားမွာျဖစ္ေၾကာင္း ဆိုခဲ့ၿပီး မန္ခ်က္စတာဒါဘီ ရႈံးပြဲကိုလည္း ခ်က္ခ်င္းပဲ ျပန္ၿပီး တုံ႔ျပန္ျပခဲ့တာျဖစ္ပါတယ္။

အထိမခံ ေ႐ႊပန္းကန္ ခံစစ္နဲ႔ ေၾကာက္မက္ဖြယ္ရာ တိုက္စစ္
မန္ခ်က္စတာစီးတီးတို႔ရဲ႕ ဒီရာသီ အားသာမႈက အာလင္း ဟားလန္းလို႔ ေျပာလိုက္တာနဲ႔ ၿပိဳင္ဘက္ေတြ အလိုလိုရွိန္ေနတဲ့ တိုက္စစ္ျဖစ္ေနခ်ိန္မွာ အားနည္းမႈကေတာ့ Nerve မခိုင္တဲ့ စိတ္လႈပ္ရွားမႈေတြနဲ႔ ခံစစ္ျဖစ္ေနခဲ့တာပါ။ မန္စီးတီးရဲ႕ အမွားအမ်ားဆုံး ကစားသမား အီဒါဆန္က ပထမဆုံးဂိုးကို ေရာင္းခဲ့သလို ဒီျဖစ္ရပ္မွာ က်ဥ္းထဲက်ပ္ထဲက ႐ိုဒရီကို ေဘာလုံးေပးတာကေတာင္ ခပ္ႀကီးႀကီး မွားတဲ့ အမွားျဖစ္ေနခဲ့ခ်ိန္မွာ တည့္ေအာင္မေပးႏိုင္ခဲ့ဘဲ ေဘးကို နည္းနည္းလြဲသြားခဲ့တာကေတာ့ ေဘးဆိုးႀကီးတစ္ခုျဖစ္သြားခဲ့ပါတယ္။ ဒီလိုဂိုးေပးလိုက္ခ်ိန္မွာလည္း တစ္ဂိုးနဲ႔ ရပ္မသြားေသးဘဲ ေနာက္တစ္ဂိုးပါ ဆက္တိုက္ေပးခဲ့ရတာက မန္ယူနဲ႔ ရႈံးပြဲကို အမွတ္ရေစခဲ့သလို ဒီလို အိုးနင္းခြက္နင္းခံစစ္ကို ေရွ႕က ဟားလန္းနဲ႔ မာရက္ဇ္တို႔အုပ္စု ကယ္ခဲ့လို႔သာ ႏိုင္ပြဲ ျပန္ရွာႏိုင္ခဲ့တာျဖစ္ပါတယ္။

အလႉေတာ္ မဂၤလာ လိုရစ္
ဂိုးသမား လိုရစ္ကေတာ့ ပရီးမီးယားလိဂ္မွာ အရက္ေရာဆုံးလို႔ ဆိုရေအာင္ကို တစ္ဂိုးၿပီးတစ္ဂိုး ဆက္တိုက္လႉေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီမွာ တစ္ဂိုးလႉခဲ့သလို ဒီေန႔မွာလည္း မန္စီးတီးရဲ႕ သြင္းဂိုး ႏွစ္ဂိုးမွာ ႀကီးႀကီးမားမား တာဝန္ရွိခဲ့တာပါ။ သူ႔ရဲ႕ က်ဆင္းသြားတဲ့ လ်င္ျမန္မႈက ၿပိဳင္ဘက္ေတြအတြက္ေတာ့ ေကာင္းျခင္းမဂၤလာျဖစ္ခဲ့သလို ပထမဂိုးမွာ ပုတ္ထုတ္ရမယ့္ ေဘာလုံးကို မထိလိုက္ႏိုင္ဘဲ မွားခဲ့လို႔ အယ္လ္ဗာရက္ဇ္က အနီးကပ္ ကန္သြင္းသြားခဲ့တာျဖစ္ၿပီး တတိယဂိုးမွာေတာ့ မာရက္ဇ္ရဲ႕ ကန္ခ်က္ကို ေထာင့္ပိတ္ၿပီး ကာကြယ္ရမယ့္အစား မလုပ္ႏိုင္ဘဲ အနီးတိုင္ေျခကို ဂိုးဝင္သြားခဲ့တာကေတာ့ ဂိုးသမားတိုင္းအတြက္ ႀကီးမားတဲ့ အရွက္ကြဲမႈမ်ိဳးျဖစ္ခဲ့ပါတယ္။

အေရးအေၾကာင္းမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ မာရက္ဇ္
မန္စီးတီးတို႔ရဲ႕ သြင္းဂိုးတိုင္းက အယ္လ္ဂ်ီးရီးယားသားရဲ႕ ညာေတာင္ပံကေနပဲ ျမစ္ဖ်ားခံခဲ့ၿပီး သူကိုယ္တိုင္ ႏွစ္ဂိုးသြင္းခဲ့တာက ႏိုင္ပြဲရဖို႔ ျဖစ္ခဲ့တာက တိုက္ဆိုင္မႈေတာ့ မဟုတ္ခဲ့တာပါ။ စပါးစ္တို႔ရဲ႕ ခံစစ္ မပိုင္ႏိုင္တဲ့ ဘယ္ျခမ္းကို မာရက္ဇ္က အလဲထိုးသြားႏိုင္ခဲ့သလို ပထမဂိုးမွာ သူ႔ဘက္က ျဖတ္တင္ေဘာနဲ႔ စတင္ေပးခဲ့သလို ဒုတိယဂိုးမွာေတာ့ ဟားလန္းသြင္းယူဖို႔ ညာဘက္တိုင္နားကေန ေခါင္းတိုက္ၿပီး အလယ္ကို ျပန္ပို႔ေပးခဲ့တာပါ။ တတိယဂိုးကိုေတာ့ ကိုယ္တိုင္ ေထာင့္က်ဥ္းထဲကို ကန္သြင္းယူခဲ့တာျဖစ္ၿပီး စတုတၳဂိုးကေတာ့ စပါးစ္ေနာက္ခံလူ လြန္ဂေလရဲ႕ ေဘာလုံးအထိန္းမွားတာကို အခြင့္ေကာင္းယူဖို႔ အသင့္ရွိခဲ့သလို ဂိုးသမား လိုရစ္ကိုပါ ပါးပါးေလးပုတ္ၿပီး ပညာေပးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေရွ႕ေနဝင္ကာမွ ေထာင္လုံးလုံးက်တဲ့ ကြန္တီ
မန္စီးတီးတို႔ကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ ရႈံးေနလို႔ လူစားေတြ လဲလိုက္တဲ့ ကြန္တီရဲ႕ အေျပာင္းအလဲကေတာ့ အလုပ္မျဖစ္ဘဲ ဒီေန႔ပြဲမွာ Back Fire ျဖစ္သြားခဲ့ပါတယ္။ ဘင္တန္ကာအစား ထည့္လိုက္တဲ့ ဘီဆူးမားက လုံးဝ တိုက္စစ္မကူႏိုင္သလို ရစ္ခ်ာလစ္ဆန္ကလည္း တိုက္စစ္ကစားဖို႔ေနေနသာသာ ပင္နယ္တီ ေပးရဖို႔ေတာင္ နီးစပ္ခဲ့ေသးၿပီး လြန္ဂေလကေတာ့ မန္စီးတီးတို႔ကို ေနာက္တစ္ဂိုး လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ တစ္ခ်ိန္လုံး အိမ္ရွင္ေတြကို ဒုကၡေပးေနတဲ့ ကူလူရွက္ဗ္စကီးေနာက္က ေထာက္ကူေပးထားတဲ့ အီမာဆန္ ႐ိုယဲလ္ကို ထုတ္လိုက္တာက ညာျခမ္းကို ေသသြားေစခဲ့ၿပီး ကြန္တီရဲ႕ လူစားလဲမႈေတြက သူ႔ကို ျပန္သတ္ခဲ့တာပါ။

ဂိုးေပါက္ျပန္ရွာႏိုင္ခဲ့တဲ့ ဟားလန္း
ခ်ဲလ္ဆီးနဲ႔ မန္ယူတို႔ကို အသင္းႀကီးႏွစ္ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ ဟားလန္းအေနနဲ႔ စပါးစ္နဲ႔ပြဲမွာပါ ဆက္ေပ်ာက္ခဲ့ရင္ေတာ့ ေဝဖန္သံေတြက ေစာင့္ႀကိဳေနခဲ့မွာျဖစ္ေပမယ့္ အသင္းအတြက္ အေရးပါတဲ့ သေရဂိုးကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာကေတာ့ သူ႔အတြက္ ဖိအားေတြကို ေလ်ာ့က်သြားေစခဲ့ပါတယ္။ ကြင္းလယ္ဖန္တီးရွင္ ဒီဘ႐ိုင္းနား မပါဝင္ခဲ့တဲ့ ပြဲမွာ ႐ုန္းကန္ခဲ့ရတဲ့ ေနာ္ေဝတိုက္စစ္မႉးအေနနဲ႔ ဒီေန႔ပြဲမွာ သူ႔အသက္နဲ႔ တူညီတဲ့ ပရီးမီးယားလိဂ္သြင္းဂိုး ၂၂ ဂိုးေျမာက္ကို ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ၿပီး ေ႐ႊဖိနပ္ဆုအတြက္ ဒုတိယေနရာမွာ ရွိေနတဲ့ အဓိကၿပိဳင္ဘက္ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို ၇ ဂိုး ျဖတ္ထားႏိုင္ခဲ့တာပါ။

စပါးစ္ကို ရႈံးပြဲေတြ႕ေစတဲ့ ပါရီရွစ္ခ်္
ဒီေန႔မွာ စပါးစ္တို႔အတြက္ တကယ္တမ္း ေဆးထိုးခဲ့တာ မဟုတ္ေပမယ့္ ရႈံးနိမ့္ေစတဲ့ အလွည့္အေျပာင္းကို ႏွစ္ႀကိမ္တိုင္တိုင္ ဖန္တီးခဲ့သူကေတာ့ ဘယ္ေတာင္ပံကစားသမား အီဗန္ ပါရီရွစ္ခ်္ပဲျဖစ္ခဲ့ပါတယ္။ ခ႐ိုေအးရွားသားဟာ ဒီေန႔ပြဲမွာ ဘယ္ျခမ္းက Left Wing Back အျဖစ္ ကစားခဲ့တာျဖစ္ၿပီး သူ႔ဘက္ျခမ္းကခ်ည္း ဂိုးေတြ ေပးခဲ့ရတာကို တျခားကစားသမားေတြမွာလည္း တာဝန္ရွိတယ္လို႔ ခြင့္လႊတ္ေပးလို႔ ရေသးေပမယ့္ ႏွစ္ဂိုးစီသေရက်ေနခ်ိန္မွာ အပိုင္အခြင့္အေရးကို ဂိုးဝင္ေအာင္ မကန္ႏိုင္ခဲ့တာနဲ႔ ဆရာႀကီးဆိုက္ပိၿပီး မာရက္ဇ္ဆီက ေဘာလုံးကို ဆုတ္ခံရမယ့္အစား ေျပးလုရင္း လြတ္သြားလို႔ အဲ့ဒီကေန ဂိုးေပးခဲ့ရတာေတြကေတာ့ ကိုယ့္ကို သုံးဂိုး-ႏွစ္ဂိုးမျဖစ္ေစဘဲ သူမ်ားကို သုံးဂိုး-ႏွစ္ဂိုးျဖစ္ေစခဲ့ၿပီး စပါးစ္တို႔ကို ရႈံးနိမ့္ေစခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.