Premier League

ရော်နယ်လ်ဒိုရဲ့ ဝေဖန်မှုတွေကို ထောက်ခံခဲ့ပြီး နောက်ကွယ်ကအရာတွေကို ဖွင့်ဟခဲ့တဲ့ လင်ဂတ်

ဂျက်ဆီ လင်ဂတ်က မန်ချက်စတာယူနိုက်တက်ရဲ့ လေကျင့်ရေးကွင်းနဲ့ အထောက်အကူပြုပစ္စည်းတွေဟာ ပြိုင်ဘက်တွေရဲ့နောက် မိုင်ပေါင်းများစွာမှာ ကျန်နေခဲ့ပြီလို့ ပြောကြားခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဝေဖန်မှုတွေကို ထောက်ခံခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ ၂၀၀၉ ခုနှစ်တုန်းက အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့ချိန်ကတည်းက အသင်းက တိုးတက်မှု သုညဖြစ်နေခဲ့တယ်လို့ ဝေဖန်ပြောဆိုခဲ့တာဖြစ်ပြီး စာချုပ်ဖျက်သိမ်းတဲ့အခြေအနေအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ထွက်သွားတဲ့အချိန်တုန်းကအတိုင်း ဘာမှမပြောင်းလဲဘူး။ ရေကူးကန်၊ ရေချိုးကန်၊ အလေးမရုံနဲ့ နည်းပညာအချို့တေင်မှ မပြောင်းလဲပါဘူ။ ကျွန်တော် ချီးကျူးခဲ့ရတဲ့ ချစ်ခင်ဖွယ်ကောင်းတဲ့သူတွေဖြစ်တဲ့ စားဖိုမှူးတွေတောင်မှပါပဲ။ ကျွန်တော် နည်းပညာသစ်တွေ၊ အခြေခံအဆောက်အအုံအသစ်တွေ မြင်ရမယ်လို့ ထင်ခဲ့တာပါ။ ကျွန်တော် အသက် ၂၀ လောက်တုန်းက အရာတွေပဲ ကျွန်တော် မြင်ခဲ့ရတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ နော်တင်ဟမ် ဖောရက်စ်ကို မပြောင်းရွှေ့မီ အသင်းမှာ ဆယ်စုနှစ် ၂ ခုကျော် အချိန်ကုန်ဆုံးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက် ဂျက်ဆီ လင်ဂတ်ကလည်း လက်ရှိမှာ ရော်နယ်လ်ဒိုရဲ့ ဝေဖန်မှုကို ထောက်ခံခဲ့ပြီး မန်ယူနိုက်တက်အနေနဲ့ ကွင်းပြင်ပမှာ ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။ “ဘာလဲ ခင်ဗျား သိလား။ သူတို့က အရာအားလုံးမှာ အားလုံးရဲ့နောက်မှာ အရမ်းရောက်နေပြီလို့ ကျွန်တော် ထင်တယ်။ ခင်ဗျား စီးတီးရဲ့ အထောက်အကူပစ္စည်းတွေ မြင်မှာပါ။ အင်္ဂလန်အသင်းနဲ့အတူ ကျွန်တော်တို့ သွားခဲ့ပြီး တော့တင်ဟမ်မှာ လေ့ကျင့်ခဲ့တဲ့အချိန်တုန်းက တော့တင်ဟမ်ရဲ့ အထောက်အကူပစ္စည်းတွေကို မြင်ခဲ့တယ်။ လူတွေက မိုင်ပေါင်းများစွာ ရှေ့ရောက်သွားသလိုမျိုးပဲ”

“လူမှုကွန်ရက်ပိုင်းက အရာတွေတောင် ဒီလိုပဲ။ ကျွန်တော် ၂၀၁၇ ခုနှစ်တုန်းက သူတို့ဆီသွားပြီး YouTube နဲ့ပတ်သက်ပြီး အကြောင်းအရာတွေ ဖန်တီးခဲ့တယ်။ ဒါပေမယ့် သူတို့တွေ အရာအားလုံးမှာ အရမ်းနောက်ကျနေပါတယ်။ အခုဖြစ်နေတာတွေ၊ ပေါ်လာတဲ့အရာတွေကို သူတို့ကို သိစေချင်တာပါ။ ခင်ဗျား ခေတ်နဲ့ အညီဖြစ်နေမှရမယ်။ ခင်ဗျား ခေတ်မီနေမှရမယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး သီးခြားမေးမြန်းခဲ့ချိန်မှာ လင်ဂတ်က “ဟုတ်တယ်။ သူ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပထမဆုံးအကြိမ် စွန့်ခွာခဲ့တယ်။ ခင်ဗျား အကောင်းဆုံးအရာတွေကို လိုချင်မှာပါ။ အထူးသဖြင့် ယူနိုက်တက်က ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်နေလို့ပါ။ ခင်ဗျား အကောင်းဆုံးအတွက် အကောင်းဆုံးပဲ လိုချင်မှာပါ”

“ဟုတ်တာပေါ့။ ခင်ဗျား အကောင်းဆုံးအစားအစာ၊ အကောင်းဆုံး ရေကူးကန်၊ ရေချိုးကန်၊ ချွေးထုတ်ခန်းလိုချင်မျာပါ။ အဲဒီမှာ ရှိနေတယ်ဆိုပေမယ့်လည်း နည်းနည်းတော့ ပိုပြီး ခေတ်မီသင့်ပါတယ်။ ခေတ်နဲ့အညီဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ စီးတီးရဲ့အထောက်အကူပစ္စည်းတွေကို ခင်ဗျားမြင်ရင် ‘ခေတ်နဲ့အမီလိုက်ရမယ်။ နည်းနည်းတော့ အမီလိုက်ရမယ်’လို့ တွေးမိမှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေက အဲဒီအချိန်မှာ နောက်ကျကျန်နေခဲ့လို့ပါ။ သူတို့တွေက အများအားဖြင့် နောက်ကျ ကျန်နေခဲ့တယ်။ အရင်တုန်းက ကျွန်တော်တို့မှာ စားပွဲတင် တင်းနစ်၊ ရေကူးကန်၊ မြားပစ်တဲ့ဘုတ်ပြားတွေ ရှိခဲ့ကြပြီး အဲဒါက ခင်ဗျားကို စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်နေစေတယ်။ အဲဒီလိုမျိုးအရာတွေ ရှိခဲ့တယ်။ ဒါပေမယ့် ခုမရှိတော့ဘူး။ ဂိမ်းကစားတဲ့အခန်းလည်း မရှိသလို ဘာမှမရှိဘူး။ ခင်ဗျား အသင်းကို ရောက်တယ်။ ခင်ဗျား လေ့ကျင့်တယ်။ ပြီးရင် အိမ်ပြန်တော့ပဲ”

“တစ်ခါတလေ ခင်ဗျားလည်း လေ့ကျင့်ရေးကွင်းမှာ နေချင်မှာပဲ။ အသင်းဖော်တွေနဲ့ မြှားပစ်တမ်း ကစားမယ်။ စားပွဲတင် တင်းနစ် ကစားမယ်။ ဒါပေမယ့် ကျွန်တော် ပြောသလိုပဲ သူတို့တွေက နည်းနည်းလေးပိုပြီး ခေတ်မီအောင် အမီလိုက်ဖို့ လိုအပ်နေတာပါ။ သူတို့တွေ ကန်တင်းကို ပြောင်းလဲခဲ့ပေမယ့်လည်း ခေတ်နဲ့အညီဖြစ်ရမှာဖြစ်ပြီး ဒီနေ့ခေတ်မှာ ရှိနေရမှာပါ။ ခင်ဗျား နည်းနည်းပိုပြီးတော့ ခေတ်မီအောင် လုပ်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်က္ဆီ လင္ဂတ္က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေလက်င့္ေရးကြင္းနဲ႔ အေထာက္အကူျပဳပစၥည္းေတြဟာ ၿပိဳင္ဘက္ေတြရဲ႕ေနာက္ မိုင္ေပါင္းမ်ားစြာမွာ က်န္ေနခဲ့ၿပီလို႔ ေျပာၾကားခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေဝဖန္မႈေတြကို ေထာက္ခံခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ပီးယာ့စ္ ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ ၂၀၀၉ ခုႏွစ္တုန္းက အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခဲ့ခ်ိန္ကတည္းက အသင္းက တိုးတက္မႈ သုညျဖစ္ေနခဲ့တယ္လို႔ ေဝဖန္ေျပာဆိုခဲ့တာျဖစ္ၿပီး စာခ်ဳပ္ဖ်က္သိမ္းတဲ့အေျခအေနအထိ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ထြက္သြားတဲ့အခ်ိန္တုန္းကအတိုင္း ဘာမွမေျပာင္းလဲဘူး။ ေရကူးကန္၊ ေရခ်ိဳးကန္၊ အေလးမ႐ုံနဲ႔ နည္းပညာအခ်ိဳ႕ေတင္မွ မေျပာင္းလဲပါဘူ။ ကြၽန္ေတာ္ ခ်ီးက်ဴးခဲ့ရတဲ့ ခ်စ္ခင္ဖြယ္ေကာင္းတဲ့သူေတြျဖစ္တဲ့ စားဖိုမႉးေတြေတာင္မွပါပဲ။ ကြၽန္ေတာ္ နည္းပညာသစ္ေတြ၊ အေျခခံအေဆာက္အအုံအသစ္ေတြ ျမင္ရမယ္လို႔ ထင္ခဲ့တာပါ။ ကြၽန္ေတာ္ အသက္ ၂၀ ေလာက္တုန္းက အရာေတြပဲ ကြၽန္ေတာ္ ျမင္ခဲ့ရတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ေနာ္တင္ဟမ္ ေဖာရက္စ္ကို မေျပာင္းေ႐ႊ႕မီ အသင္းမွာ ဆယ္စုႏွစ္ ၂ ခုေက်ာ္ အခ်ိန္ကုန္ဆုံးခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီထြက္ ဂ်က္ဆီ လင္ဂတ္ကလည္း လက္ရွိမွာ ေရာ္နယ္လ္ဒိုရဲ႕ ေဝဖန္မႈကို ေထာက္ခံခဲ့ၿပီး မန္ယူႏိုက္တက္အေနနဲ႔ ကြင္းျပင္ပမွာ ေခတ္နဲ႔အညီ ျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။ “ဘာလဲ ခင္ဗ်ား သိလား။ သူတို႔က အရာအားလုံးမွာ အားလုံးရဲ႕ေနာက္မွာ အရမ္းေရာက္ေနၿပီလို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ား စီးတီးရဲ႕ အေထာက္အကူပစၥည္းေတြ ျမင္မွာပါ။ အဂၤလန္အသင္းနဲ႔အတူ ကြၽန္ေတာ္တို႔ သြားခဲ့ၿပီး ေတာ့တင္ဟမ္မွာ ေလ့က်င့္ခဲ့တဲ့အခ်ိန္တုန္းက ေတာ့တင္ဟမ္ရဲ႕ အေထာက္အကူပစၥည္းေတြကို ျမင္ခဲ့တယ္။ လူေတြက မိုင္ေပါင္းမ်ားစြာ ေရွ႕ေရာက္သြားသလိုမ်ိဳးပဲ”

“လူမႈကြန္ရက္ပိုင္းက အရာေတြေတာင္ ဒီလိုပဲ။ ကြၽန္ေတာ္ ၂၀၁၇ ခုႏွစ္တုန္းက သူတို႔ဆီသြားၿပီး YouTube နဲ႔ပတ္သက္ၿပီး အေၾကာင္းအရာေတြ ဖန္တီးခဲ့တယ္။ ဒါေပမယ့္ သူတို႔ေတြ အရာအားလုံးမွာ အရမ္းေနာက္က်ေနပါတယ္။ အခုျဖစ္ေနတာေတြ၊ ေပၚလာတဲ့အရာေတြကို သူတို႔ကို သိေစခ်င္တာပါ။ ခင္ဗ်ား ေခတ္နဲ႔ အညီျဖစ္ေနမွရမယ္။ ခင္ဗ်ား ေခတ္မီေနမွရမယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုရဲ႕ ေျပာၾကားခ်က္နဲ႔ပတ္သက္ၿပီး သီးျခားေမးျမန္းခဲ့ခ်ိန္မွာ လင္ဂတ္က “ဟုတ္တယ္။ သူ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက ပထမဆုံးအႀကိမ္ စြန႔္ခြာခဲ့တယ္။ ခင္ဗ်ား အေကာင္းဆုံးအရာေတြကို လိုခ်င္မွာပါ။ အထူးသျဖင့္ ယူႏိုက္တက္က ကမာၻေပၚက အႀကီးမားဆုံးကလပ္အသင္းေတြထဲက တစ္သင္းျဖစ္ေနလို႔ပါ။ ခင္ဗ်ား အေကာင္းဆုံးအတြက္ အေကာင္းဆုံးပဲ လိုခ်င္မွာပါ”

“ဟုတ္တာေပါ့။ ခင္ဗ်ား အေကာင္းဆုံးအစားအစာ၊ အေကာင္းဆုံး ေရကူးကန္၊ ေရခ်ိဳးကန္၊ ေခြၽးထုတ္ခန္းလိုခ်င္မ်ာပါ။ အဲဒီမွာ ရွိေနတယ္ဆိုေပမယ့္လည္း နည္းနည္းေတာ့ ပိုၿပီး ေခတ္မီသင့္ပါတယ္။ ေခတ္နဲ႔အညီျဖစ္ရမယ္။ ဘာလို႔လဲဆိုေတာ့ စီးတီးရဲ႕အေထာက္အကူပစၥည္းေတြကို ခင္ဗ်ားျမင္ရင္ ‘ေခတ္နဲ႔အမီလိုက္ရမယ္။ နည္းနည္းေတာ့ အမီလိုက္ရမယ္’လို႔ ေတြးမိမွာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက အဲဒီအခ်ိန္မွာ ေနာက္က်က်န္ေနခဲ့လို႔ပါ။ သူတို႔ေတြက အမ်ားအားျဖင့္ ေနာက္က် က်န္ေနခဲ့တယ္။ အရင္တုန္းက ကြၽန္ေတာ္တို႔မွာ စားပြဲတင္ တင္းနစ္၊ ေရကူးကန္၊ ျမားပစ္တဲ့ဘုတ္ျပားေတြ ရွိခဲ့ၾကၿပီး အဲဒါက ခင္ဗ်ားကို စိတ္ပိုင္းဆိုင္ရာ ေပ်ာ္႐ႊင္ေနေစတယ္။ အဲဒီလိုမ်ိဳးအရာေတြ ရွိခဲ့တယ္။ ဒါေပမယ့္ ခုမရွိေတာ့ဘူး။ ဂိမ္းကစားတဲ့အခန္းလည္း မရွိသလို ဘာမွမရွိဘူး။ ခင္ဗ်ား အသင္းကို ေရာက္တယ္။ ခင္ဗ်ား ေလ့က်င့္တယ္။ ၿပီးရင္ အိမ္ျပန္ေတာ့ပဲ”

“တစ္ခါတေလ ခင္ဗ်ားလည္း ေလ့က်င့္ေရးကြင္းမွာ ေနခ်င္မွာပဲ။ အသင္းေဖာ္ေတြနဲ႔ ျမႇားပစ္တမ္း ကစားမယ္။ စားပြဲတင္ တင္းနစ္ ကစားမယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ေျပာသလိုပဲ သူတို႔ေတြက နည္းနည္းေလးပိုၿပီး ေခတ္မီေအာင္ အမီလိုက္ဖို႔ လိုအပ္ေနတာပါ။ သူတို႔ေတြ ကန္တင္းကို ေျပာင္းလဲခဲ့ေပမယ့္လည္း ေခတ္နဲ႔အညီျဖစ္ရမွာျဖစ္ၿပီး ဒီေန႔ေခတ္မွာ ရွိေနရမွာပါ။ ခင္ဗ်ား နည္းနည္းပိုၿပီးေတာ့ ေခတ္မီေအာင္ လုပ္ရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.