Premier League

ပရီးမီးယားလိဂ်မှာ လက်ရှိအချိန်အထိ အကျိုးသက်ရောက်မှုအရှိဆုံး နွေရာသီခေါ်ယူမှု ၄ ခု

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလမှာ ငွေကြေးအသုံးစွဲဆုံးအသင်းတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ပြီး စုစုပေါင်းငွေကြေးသုံးစွဲမှုဟာ ပေါင် ၁.၉ ဘီလီယံအထိ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ စလုံးက ကြီးမားတဲ့ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ကစားသမားခေါ်ယူမှုအားလုံးက လိဂ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ပြုလုပ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အချို့ကစားသမားတွေဟာ သက်ဆိုင်ရာအသင်းတွေနဲ့ လျင်လျင်မြန်မြန် အသားကျသွားခဲ့ပုံပေါ်ပြီး ယခုရာသီမှာ ကြီးမားတဲ့ကွဲပြားခြားနားမှုတွေကိုတောင် ပြုလုပ်နိုင်ခဲ့ကြပြီးဖြစ်တာကြောင့် လက်ရှိအချိန်အထိ အကျိုးသက်ရောက်မှုအရှိဆုံး နွေရာသီကစားသမား ခေါ်ယူမှု ၄ ခုက ဘယ်သူတွေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၄။ ဆဗင် ဘော့တ်မန်း-နယူးကာဆယ်လ် ယူနိုက်တက်

ပရီးမီးယားလိဂ်မှာ မယုံနိုင်စရာကောင်းတဲ့ ၂၀၂၂-၂၀၂၃ ရာသီကို ပိုင်ဆိုင်ခဲ့သူကတော့ နယူးကာဆယ်လ် ယူနိုက်တက်နောက်ခံလူ ဆဗင် ဘော့တ်မန်းဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ လိုင်လီကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဘော့တ်မန်းဟာ အက်ဒီ ဟောင်းရဲ့အသင်းအတွက် ခံစစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်ခဲ့ပြီး ငှက်ကျားတွေရဲ့ခံစစ်ဟာ ယခုရာသီမှာ အထင်ကြီးဖွယ် ခံစစ်မှတ်တမ်းကို ပိုင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်လ် ယူနိုက်တက်အသင်းဟာ ယခုရာသီ ၁၉ ပွဲမှာ ၁၁ ဂိုးသာ ခွင့်ပြုခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဘော့တ်မန်းဟာ နယူးကာဆယ်လ်ရဲ့ ၁၉ ပွဲမှာ ၁၇ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး အက်ဒီဟောင်းရဲ့အသင်းကို ၁၁ ပွဲ ပေးဂိုးမရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်လ် အသင်းဟာ ဘော့တ်မန်း ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်တိုင်းမှာ ရှုံးပွဲမရှိခဲ့တာလည်း ဖြစ်ပါတယ်။

၃။ ဂါဘရီယဲလ် ဂျေဆူးစ်-အာဆင်နယ်

အာဆင်နယ်ရဲ့ ၂၀၂၂-၂၀၂၃ ရာသီ လက်ရှိ ခြေစွမ်းအများစုဟာ မန်စီးတီးကနေ ခေါ်ယူခဲ့တဲ့ ဂါဘရီယဲလ် ဂျေဆူးစ်ရဲ့ အရည်အချင်းတွေကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဘရာဇီးလ်တိုက်စစ်မှူးကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဂျေဆူးစ်ဟာ အာတီတာရဲ့အသင်းအတွက် ၎င်းရဲ့ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ၊ အလွန်ကောင်းမွန်တဲ့ ချိတ်ဆက်ကစားပုံတွေနဲ့ ရာသီအစမှာ အရေးကြီးတဲ့ ရမှတ်တွေ ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ယခုရာသီ ၁၄ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုဖးန်တီးမှု ၅ ကြိမ်ပြုလုပ်ထားပြီး လက်ရှိမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။

၂။ အာလင်း ဟာလန်း-မန်စီးတီး

ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ်ကို မုန်တိုင်းထန်စေခဲ့တဲ့ကစားသမားအနည်းငယ်သာ ရှိခဲ့ဖူးဖြစ်ပြီး မန်ချက်စတာစီးတီးကြယ်ပွင့် ဟာလန်းကလည်း အဲဒီကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ နာမည်အကြီးဆုံးကစားသမားခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့ပြီး ဒေါ့မွန်အသင်းကနေ ပေါင် ၅၁.၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်ကို ချက်ချင်းနီးပါး အသားကျသွားခဲ့ပြီး မန်စီးတီးအတွက် ဂိုးရှေ့မှာ အညှာအတာကင်းကင်းနဲ့ ပြိုင်ဘက်တွေကို ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ အင်္ဂလန်မှာ လအနည်းငယ်အတွင်း ဂိုးသွင်းစံချိန်အနည်းငယ်ကို ရိုက်ချိုးပြီး စံချိန်သစ်တွေလည်း ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၁ ဂိုးသွင်းယူခဲ့ပြီး လက်ရှိမှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

၁။ ကာစီမီရို-မန်ချက်စတာယူနိုက်တက်

ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ကာစီမီရိုရဲ့အပြောင်းအရွှေ့ကို ဖြစ်မြောက်လိမ့်မယ်လို့ မမျှော်မှန်းထားခဲ့ကြဘဲ သရဲနီတွေဟာ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်အတွက် ပေါင်သန်း ၇၀ အထိ ပေးချေခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပမာဏကြောင့် ကာစီမီရိုဟာ အသင်းသမိုင်းမှာ ဈေးအကြီးဆုံးကစားသမားခေါ်ယူမှုတွေထဲက တစ်ခု ဖြစ်လာခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကွင်းယ်လူဟာ တန်ဟက်လက်အောက် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပျောက်ဆုံးနေတဲ့ နောက်ဆုံးအပိုင်းအစတစ်ခု ဖြည့်စွက်မှုဖြစ်လာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ အသင်းကို ဟန်ချက်ညီမှုနဲ့ မရှိမဖြစ် လိုအပ်နေတဲ့ အရည်အသွေးတွေကို ယူဆောင်လာပေးခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို ကာစီမီရို မရောက်လာခင်က ယူနိုက်တက်ကွင်းလယ်ဟာ ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းအချို့နဲ့ မယှဉ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ်ကစားသမား မရှိမှုကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ ခံစစ်ဟာ ပွဲအများစုမှာ ထိုးဖောက်ရ လွယ်ကူခဲ့ပေမယ့်လည်း အဲဒီပြဿနာတွေဟာ လက်ရှိမှာတော့ အတိတ်မှာ ကျန်ခဲ့ပြီလို့ ပြောလို့ရလောက်အောင် ပြေလည်သွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကွင်းလယ်ကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ၂၀၂၂ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေငြေၾကးအသုံးစြဲဆုံးအသင္းေတြထဲမွာ အပါအဝင္ျဖစ္ခဲ့ၿပီး စုစုေပါင္းေငြေၾကးသုံးစြဲမႈဟာ ေပါင္ ၁.၉ ဘီလီယံအထိ ရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ပရီးမီးယားလိဂ္ကလပ္အသင္း ၂၀ စလုံးက ႀကီးမားတဲ့ေခၚယူမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း ကစားသမားေခၚယူမႈအားလုံးက လိဂ္မွာ ႀကီးမားတဲ့အက်ိဳးသက္ေရာက္မႈေတြ ျပဳလုပ္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အခ်ိဳ႕ကစားသမားေတြဟာ သက္ဆိုင္ရာအသင္းေတြနဲ႔ လ်င္လ်င္ျမန္ျမန္ အသားက်သြားခဲ့ပုံေပၚၿပီး ယခုရာသီမွာ ႀကီးမားတဲ့ကြဲျပားျခားနားမႈေတြကိုေတာင္ ျပဳလုပ္ႏိုင္ခဲ့ၾကၿပီးျဖစ္တာေၾကာင့္ လက္ရွိအခ်ိန္အထိ အက်ိဳးသက္ေရာက္မႈအရွိဆုံး ေႏြရာသီကစားသမား ေခၚယူမႈ ၄ ခုက ဘယ္သူေတြလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

၄။ ဆဗင္ ေဘာ့တ္မန္း-နယူးကာဆယ္လ္ ယူႏိုက္တက္

ပရီးမီးယားလိဂ္မွာ မယုံႏိုင္စရာေကာင္းတဲ့ ၂၀၂၂-၂၀၂၃ ရာသီကို ပိုင္ဆိုင္ခဲ့သူကေတာ့ နယူးကာဆယ္လ္ ယူႏိုက္တက္ေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္းျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ လိုင္လီကေန ေပါင္ ၃၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။ ေဘာ့တ္မန္းဟာ အက္ဒီ ေဟာင္းရဲ႕အသင္းအတြက္ ခံစစ္မွာ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားျဖစ္ခဲ့ၿပီး ငွက္က်ားေတြရဲ႕ခံစစ္ဟာ ယခုရာသီမွာ အထင္ႀကီးဖြယ္ ခံစစ္မွတ္တမ္းကို ပိုင္ဆိုင္ေနခဲ့တာ ျဖစ္ပါတယ္။ နယူးကာဆယ္လ္ ယူႏိုက္တက္အသင္းဟာ ယခုရာသီ ၁၉ ပြဲမွာ ၁၁ ဂိုးသာ ခြင့္ျပဳခဲ့ရတာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ ေပးဂိုးအနည္းဆုံးအသင္းအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။ ေဘာ့တ္မန္းဟာ နယူးကာဆယ္လ္ရဲ႕ ၁၉ ပြဲမွာ ၁၇ ပြဲ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး အက္ဒီေဟာင္းရဲ႕အသင္းကို ၁၁ ပြဲ ေပးဂိုးမရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္လ္ အသင္းဟာ ေဘာ့တ္မန္း ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္တိုင္းမွာ ရႈံးပြဲမရွိခဲ့တာလည္း ျဖစ္ပါတယ္။

၃။ ဂါဘရီယဲလ္ ေဂ်ဆူးစ္-အာဆင္နယ္

အာဆင္နယ္ရဲ႕ ၂၀၂၂-၂၀၂၃ ရာသီ လက္ရွိ ေျခစြမ္းအမ်ားစုဟာ မန္စီးတီးကေန ေခၚယူခဲ့တဲ့ ဂါဘရီယဲလ္ ေဂ်ဆူးစ္ရဲ႕ အရည္အခ်င္းေတြေၾကာင့္ ရရွိခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ ဘရာဇီးလ္တိုက္စစ္မႉးကို ေပါင္ ၄၅ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ေဂ်ဆူးစ္ဟာ အာတီတာရဲ႕အသင္းအတြက္ ၎ရဲ႕ သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြ၊ အလြန္ေကာင္းမြန္တဲ့ ခ်ိတ္ဆက္ကစားပုံေတြနဲ႔ ရာသီအစမွာ အေရးႀကီးတဲ့ ရမွတ္ေတြ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ယခုရာသီ ၁၄ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုဖးန္တီးမႈ ၅ ႀကိမ္ျပဳလုပ္ထားၿပီး လက္ရွိမွာေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္ အနားယူေနရတာျဖစ္ပါတယ္။

၂။ အာလင္း ဟာလန္း-မန္စီးတီး

ၿပီးခဲ့တဲ့ေႏြရာသီမွာ ေခၚယူခဲ့ၿပီး ပရီးမီးယားလိဂ္ကို မုန္တိုင္းထန္ေစခဲ့တဲ့ကစားသမားအနည္းငယ္သာ ရွိခဲ့ဖူးျဖစ္ၿပီး မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဟာလန္းကလည္း အဲဒီကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ ေနာ္ေဝတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ နာမည္အႀကီးဆုံးကစားသမားေခၚယူမႈေတြထဲက တစ္ခုျဖစ္ခဲ့ၿပီး ေဒါ့မြန္အသင္းကေန ေပါင္ ၅၁.၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။ ဟာလန္းဟာ ပရီးမီးယားလိဂ္ကို ခ်က္ခ်င္းနီးပါး အသားက်သြားခဲ့ၿပီး မန္စီးတီးအတြက္ ဂိုးေရွ႕မွာ အညႇာအတာကင္းကင္းနဲ႔ ၿပိဳင္ဘက္ေတြကို ဂိုးေတြသြင္းယူခဲ့တာျဖစ္ပါတယ္။ ဟာလန္းဟာ အဂၤလန္မွာ လအနည္းငယ္အတြင္း ဂိုးသြင္းစံခ်ိန္အနည္းငယ္ကို ႐ိုက္ခ်ိဳးၿပီး စံခ်ိန္သစ္ေတြလည္း ေရးထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၂၁ ဂိုးသြင္းယူခဲ့ၿပီး လက္ရွိမွာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာ ျဖစ္ပါတယ္။

၁။ ကာစီမီ႐ို-မန္ခ်က္စတာယူႏိုက္တက္

ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းကေန မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကာစီမီ႐ိုရဲ႕အေျပာင္းအေ႐ႊ႕ကို ျဖစ္ေျမာက္လိမ့္မယ္လို႔ မေမွ်ာ္မွန္းထားခဲ့ၾကဘဲ သရဲနီေတြဟာ ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္အတြက္ ေပါင္သန္း ၇၀ အထိ ေပးေခ်ခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီပမာဏေၾကာင့္ ကာစီမီ႐ိုဟာ အသင္းသမိုင္းမွာ ေဈးအႀကီးဆုံးကစားသမားေခၚယူမႈေတြထဲက တစ္ခု ျဖစ္လာခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ကြင္းယ္လူဟာ တန္ဟက္လက္ေအာက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ေပ်ာက္ဆုံးေနတဲ့ ေနာက္ဆုံးအပိုင္းအစတစ္ခု ျဖည့္စြက္မႈျဖစ္လာခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းဟာ အသင္းကို ဟန္ခ်က္ညီမႈနဲ႔ မရွိမျဖစ္ လိုအပ္ေနတဲ့ အရည္အေသြးေတြကို ယူေဆာင္လာေပးခဲ့တာျဖစ္ၿပီး အိုးထရက္ဖို႔ဒ္ကို ကာစီမီ႐ို မေရာက္လာခင္က ယူႏိုက္တက္ကြင္းလယ္ဟာ ပရီးမီးယားလိဂ္က ထိပ္တန္းအသင္းအခ်ိဳ႕နဲ႔ မယွဥ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ကမာၻ႔အဆင့္ ကြင္းလယ္ခံစစ္ကစားသမား မရွိမႈေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ခံစစ္ဟာ ပြဲအမ်ားစုမွာ ထိုးေဖာက္ရ လြယ္ကူခဲ့ေပမယ့္လည္း အဲဒီျပႆနာေတြဟာ လက္ရွိမွာေတာ့ အတိတ္မွာ က်န္ခဲ့ၿပီလို႔ ေျပာလို႔ရေလာက္ေအာင္ ေျပလည္သြားခဲ့ၿပီျဖစ္ပါတယ္။ အသက္ ၃၀ အ႐ြယ္ကြင္းလယ္ကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.