Premier League Transfer News

BREAKING: အာဆင်နယ်တို့ လက်သွက်သွက်နဲ့ ထရော့ဆတ်ကို ခေါ်ပြီ

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံတိုက်စစ်မှာ အင်အားနည်းပါးနေမှုအတွက် ဘရိုက်တန်အသင်းရဲ့ တောင်ပံကစားသမား လီယန်ဒရို ထရော့ဆတ်ကို ခေါ်ယူဖို့ ကလပ်အသင်းနှစ်သင်းကြား သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲအမီ ပါဝင်လာနိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယမ်တောင်ပံကစားသမားဟာ တောင်ပံနှစ်ဖက်တင် မဟုတ်ဘဲ လက်ရှိမှာ ဂါဘရီယယ် ဂျေဆူးစ် နားနေရပြီး အက်ဒီ နကီးတီးယား ကစားနေတဲ့ False 9 နေရာမှာပါ ကစားနိုင်သူဖြစ်ပြီး အသင်းနဲ့ တွဲလုံးတွေ လုပ်ဆောင်နိုင်သလို ဖန်တီးမှုနဲ့ ဂိုးသွင်းမှုအပိုင်းမှာပါ ကောင်းမွန်သူပါ။

ဘရိုက်တန်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ရောဘတ်တို ဒီဇာဘီနဲ့ ပြဿနာတက်ခဲ့ပြီးတဲ့နောက် အသင်းက ထွက်ခွာဖို့ အတိအလင်း လုပ်ဆောင်နေခဲ့တဲ့ ထရော့ဆတ်ကို တော့တင်ဟမ် ဟော့စပါးအသင်းကလည်း စိတ်ဝင်စားခဲ့ပေမယ့် အာဆင်နယ်တို့အနေနဲ့ လက်ဦးမှု ရယူပြီး စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ခေါ်ယူသွားနိုင်တော့မှာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကောလဟာလတွေအရ ထရော့ဆတ်ရဲ့ စာချုပ်က နွေရာသီမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ဒီလောက်ပေးရတာ မတန်ဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဘရိုက်တန်နဲ့ ၂၀၂၄ နွေရာသီအထိ စာချုပ်ရှိနေတာဖြစ်ပြီး ၁၈ လ ကျန် သက်တမ်းအတွက် ဒီလောက် ပေးချေခဲ့ရတာကတော့ ထိုက်သင့်ခဲ့သလို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၁ နဲ့ ဆုကြေး ပေါင် ၆ သန်း ပေးရမယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့တာပါ။

အာဆင်နယ် အားကစားဒါရိုက်တာ အီဒူးအနေနဲ့ ထရော့ဆတ်အတွက် ဘရိုက်တန်အသင်းဆီကို ဗုဒ္ဓဟူးနေ့က စတင်ချိတ်ဆက်ခဲ့ပြီး ၂၄ နာရီ အကြာမှာပဲ သဘောတူညီမှုအားလုံးကို အပြီးသတ်နိုင်ခဲ့သလို သောကြာနေ့မှာ ဆေးစစ်ဖို့ စီစဉ်နိုင်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရလည်း သဘောတူနိုင်ခဲ့ပြီဖြစ်ပေမယ့် ကစားသမားနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဘရိုက်တန်အသင်းနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၇ ဂိုးသွင်းယူထားခဲ့တဲ့ ဘယ်လ်ဂျီယမ်သားဟာ အာဆင်နယ်တို့ရဲ့ ချန်ပီယံပြေးလမ်းက ဂိုးတစ်စိတ်တစ်ဒေသကိုလည်း အာမခံချက်ပေးသွားနိုင်ဖို့ ရှိနေပြီး စင်ရော်နည်းပြ ဒီဇာဘီအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်လာချိန်မှာ အမြောက်တပ်သားတွေရဲ့ ပဲ့ကိုင်ရှင် မီခယ်လ် အာတီတာအတွက်တော့ အင်အားတစ်ရပ်ဖြစ်လာဖို့ ရှိနေတာပါ။

အာဆင်နယ်တို့အနေနဲ့ ယူကရိန်းလိဂ်မှာသာ ခြေစွမ်းပြထားနိုင်ပြီး အဆင့်မြင့်ပြိုင်ပွဲတွေမှာ အစမ်းသပ်ခံရဦးမယ့် မိုင်ခေလို မူဒရစ်ခ်ကို ချဲလ်ဆီး အသင်းဆီ လက်လွှတ်ခဲ့ရအပြီးမှာ လက်တွေ့ကျတဲ့ လုပ်ရပ်အဖြစ် ပရီးမီးယားလိဂ်က အသင့်သုံး တိုက်စစ်သမားကို ခေါ်ယူလိုက်နိုင်တာက ချီးကျူးစရာ အကွက်ရွှေ့မှုလည်းဖြစ်ခဲ့ပြီး ပရိသတ်တွေကို အတိုင်းအတာတစ်ခုအထိ ကျေနပ်နှစ်သိမ့်စေနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေတာင္ပံတိုက္စစ္မွာ အင္အားနည္းပါးေနမႈအတြက္ ဘ႐ိုက္တန္အသင္းရဲ႕ ေတာင္ပံကစားသမား လီယန္ဒ႐ို ထေရာ့ဆတ္ကို ေခၚယူဖို႔ ကလပ္အသင္းႏွစ္သင္းၾကား သေဘာတူညီႏိုင္ခဲ့ၿပီျဖစ္ၿပီး လာမယ့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲအမီ ပါဝင္လာႏိုင္ဖို႔ လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္ေတာင္ပံကစားသမားဟာ ေတာင္ပံႏွစ္ဖက္တင္ မဟုတ္ဘဲ လက္ရွိမွာ ဂါဘရီယယ္ ေဂ်ဆူးစ္ နားေနရၿပီး အက္ဒီ နကီးတီးယား ကစားေနတဲ့ False 9 ေနရာမွာပါ ကစားႏိုင္သူျဖစ္ၿပီး အသင္းနဲ႔ တြဲလုံးေတြ လုပ္ေဆာင္ႏိုင္သလို ဖန္တီးမႈနဲ႔ ဂိုးသြင္းမႈအပိုင္းမွာပါ ေကာင္းမြန္သူပါ။

ဘ႐ိုက္တန္အသင္းရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ ေရာဘတ္တို ဒီဇာဘီနဲ႔ ျပႆနာတက္ခဲ့ၿပီးတဲ့ေနာက္ အသင္းက ထြက္ခြာဖို႔ အတိအလင္း လုပ္ေဆာင္ေနခဲ့တဲ့ ထေရာ့ဆတ္ကို ေတာ့တင္ဟမ္ ေဟာ့စပါးအသင္းကလည္း စိတ္ဝင္စားခဲ့ေပမယ့္ အာဆင္နယ္တို႔အေနနဲ႔ လက္ဦးမႈ ရယူၿပီး စုစုေပါင္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၇ သန္းနဲ႔ ေခၚယူသြားႏိုင္ေတာ့မွာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ေကာလဟာလေတြအရ ထေရာ့ဆတ္ရဲ႕ စာခ်ဳပ္က ေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္တာေၾကာင့္ ဒီေလာက္ေပးရတာ မတန္ဘူးလို႔ ေဝဖန္မႈေတြ ရွိခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ ဘ႐ိုက္တန္နဲ႔ ၂၀၂၄ ေႏြရာသီအထိ စာခ်ဳပ္ရွိေနတာျဖစ္ၿပီး ၁၈ လ က်န္ သက္တမ္းအတြက္ ဒီေလာက္ ေပးေခ်ခဲ့ရတာကေတာ့ ထိုက္သင့္ခဲ့သလို ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၁ နဲ႔ ဆုေၾကး ေပါင္ ၆ သန္း ေပးရမယ္လို႔ ဖာဘရီဇီယို ႐ိုမာႏိုက ေဖာ္ျပခဲ့တာပါ။

အာဆင္နယ္ အားကစားဒါ႐ိုက္တာ အီဒူးအေနနဲ႔ ထေရာ့ဆတ္အတြက္ ဘ႐ိုက္တန္အသင္းဆီကို ဗုဒၶဟူးေန႔က စတင္ခ်ိတ္ဆက္ခဲ့ၿပီး ၂၄ နာရီ အၾကာမွာပဲ သေဘာတူညီမႈအားလုံးကို အၿပီးသတ္ႏိုင္ခဲ့သလို ေသာၾကာေန႔မွာ ေဆးစစ္ဖို႔ စီစဥ္ႏိုင္ခဲ့ၿပီး ပုဂၢိဳလ္ေရးအရလည္း သေဘာတူႏိုင္ခဲ့ၿပီျဖစ္ေပမယ့္ ကစားသမားနဲ႔ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးဘူးလို႔ ဆိုပါတယ္။

ဘ႐ိုက္တန္အသင္းနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ ၁၇ ပြဲမွာ ၇ ဂိုးသြင္းယူထားခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားဟာ အာဆင္နယ္တို႔ရဲ႕ ခ်န္ပီယံေျပးလမ္းက ဂိုးတစ္စိတ္တစ္ေဒသကိုလည္း အာမခံခ်က္ေပးသြားႏိုင္ဖို႔ ရွိေနၿပီး စင္ေရာ္နည္းျပ ဒီဇာဘီအတြက္ ဆုံးရႈံးမႈတစ္ခုျဖစ္လာခ်ိန္မွာ အေျမာက္တပ္သားေတြရဲ႕ ပဲ့ကိုင္ရွင္ မီခယ္လ္ အာတီတာအတြက္ေတာ့ အင္အားတစ္ရပ္ျဖစ္လာဖို႔ ရွိေနတာပါ။

အာဆင္နယ္တို႔အေနနဲ႔ ယူကရိန္းလိဂ္မွာသာ ေျခစြမ္းျပထားႏိုင္ၿပီး အဆင့္ျမင့္ၿပိဳင္ပြဲေတြမွာ အစမ္းသပ္ခံရဦးမယ့္ မိုင္ေခလို မူဒရစ္ခ္ကို ခ်ဲလ္ဆီး အသင္းဆီ လက္လႊတ္ခဲ့ရအၿပီးမွာ လက္ေတြ႕က်တဲ့ လုပ္ရပ္အျဖစ္ ပရီးမီးယားလိဂ္က အသင့္သုံး တိုက္စစ္သမားကို ေခၚယူလိုက္ႏိုင္တာက ခ်ီးက်ဴးစရာ အကြက္ေ႐ႊ႕မႈလည္းျဖစ္ခဲ့ၿပီး ပရိသတ္ေတြကို အတိုင္းအတာတစ္ခုအထိ ေက်နပ္ႏွစ္သိမ့္ေစႏိုင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.