International World Cup

မက်ဆီရဲ့ကမ္ဘာ့ဖလားအောင်မြင်မှုကို ထူးထူးခြားခြား ဂုဏ်ပြုခဲ့တဲ့ အာဂျင်တီးနားလယ်သမားကြီး

အာဂျင်တီးနားနိုင်ငံက လယ်သမားတစ်ဦးဟာ လီယွန်နယ် မက်ဆီရဲ့ ကာတာကမ္ဘာ့ဖလားအောင်မြင်မှုကို ဂုဏ်ပြုဖို့အတွက် အာဂျင်တီးနားဂန္တဝင်ရဲ့ ရုပ်ပုံကို ပုံဖော်ဖို့ ကြီးမားတဲ့ ၁၂၄ ဧက စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

မက်ဆီဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားကို အောင်ပွဲရရှိအောင် အလွန်တောက်ပတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီသမိုင်းဝင် အောင်ပွဲကို အောင်ပွဲခံဖို့အတွက် လယ်သမား မက်ဆီမီလီယာနို စပီနာဇီက အထူးဒီဇိုင်းထွင်ထားတဲ့ ပြောင်းခင်းကို လီယွန်နယ် မက်ဆီပုံဖော်ဖို့အတွက် စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

စပီနာဇီဟာ ၎င်းရဲ့ စိုက်ခင်းထဲမှာ ဘယ်အစေ့ကို ဘယ်နေရာမှာ စိုက်ပျိုးဖို့ လိုအပ်လဲဆိုတာကို အယ်လ်ဂိုရစ်သမ်ကို အသုံးပြုပြီး အသေးစိတ်တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ လီယွန်နယ် မက်ဆီရဲ့ မျက်နှာပုံစံပေါ်လာခဲ့ပြီး အာကာသကနေတောင် မြင်တွေ့နိုင်တယ်လို့ သိရပါတယ်။

“အခု သူတို့တွေက ကမ္ဘာ့ချန်ပီယံတွေပါ။ ကျွန်တော် သီးနှံတွေ စိုက်ပျိုးပြီး ဒါကို ထုတ်ဖော်နိုင်ခဲ့လို့ ဝမ်းမြောက်ပျော်ရွှင်မိပါတယ်”လို့ စပီနာဇီက ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ မျက်နှာ စိုက်ခင်းထဲမှာ ပေါ်လာစေမယ့် မျိုးစေ့တွေကို ကြဲချဖို့အတွက် ကုဒ်တွေကို ဒီဇိုင်းထုတ်ပေးခဲ့တဲ့ စိုက်ပျိုးရေးအင်ဂျင်နီယာက လုပ်ထုံးလုပ်နည်းတွေကို ရှင်းလင်းခဲ့ပါတယ်။

“မက်ဆီရဲ့ မျက်နှာကို ဂုဏ်ပြုတဲ့အနေနဲ့ မျိုးစေ့ထည့်တဲ့ ကုဒ်တစ်ခုကို ဖန်တီးဖို့ စိတ်ကူးရှိခဲ့တယ်။ geocoding tools ကို အသုံးပြုပြီး မက်ဆီရဲ့ မတူညီတဲ့ မျက်နှာ အစိတ်အပိုင်းအသီးသီးကို ဖန်တီးဖို့အတွက် ဘယ်လောက်စတုရန်းမီတာမှာ ဘယ်နှစေ့အထိ ထည့်ရမလဲဆိုတာကို စက်တွေက သိရှိနိုင်ပါတယ်”

“အဲဒီတော့ ဒီပြောင်းတွေက ကြီးထွားလာချိန်မှာ ဝေဟင်ကနေ ဓာတ်ပုံရိုက်ကူးခဲ့တဲ့အချိန်မှာ အပင်တွေက အတူတူ နီးနီးကပ်ကပ်ပေါက်နေပြီး မြေပြင်ကို မြင်ရတာ နည်းလာတယ်။ အပင်ပိုနည်းတဲ့နေရာတွေမှာ ပိုပြီး အရောင်ရင့်တဲ့ အစိမ်းရောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီးတော့ ဒီလိုမျိုး စိုက်ပျိုးရေးအနုပညာကို ဖန်တီးခဲ့တယ်”လို့ ရှင်းပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားႏိုင္ငံက လယ္သမားတစ္ဦးဟာ လီယြန္နယ္ မက္ဆီရဲ႕ ကာတာကမာၻ႔ဖလားေအာင္ျမင္မႈကို ဂုဏ္ျပဳဖို႔အတြက္ အာဂ်င္တီးနားဂႏၲဝင္ရဲ႕ ႐ုပ္ပုံကို ပုံေဖာ္ဖို႔ ႀကီးမားတဲ့ ၁၂၄ ဧက စိုက္ပ်ိဳးခဲ့တယ္လို႔ သိရပါတယ္။

မက္ဆီဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း အာဂ်င္တီးနားကို ေအာင္ပြဲရရွိေအာင္ အလြန္ေတာက္ပတဲ့ စြမ္းေဆာင္ရည္ေတြ ျပသခဲ့တာျဖစ္ၿပီး ဗိုလ္လုပြဲမွာ ျပင္သစ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အာဂ်င္တီးနားအသင္း ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒီသမိုင္းဝင္ ေအာင္ပြဲကို ေအာင္ပြဲခံဖို႔အတြက္ လယ္သမား မက္ဆီမီလီယာႏို စပီနာဇီက အထူးဒီဇိုင္းထြင္ထားတဲ့ ေျပာင္းခင္းကို လီယြန္နယ္ မက္ဆီပုံေဖာ္ဖို႔အတြက္ စိုက္ပ်ိဳးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

စပီနာဇီဟာ ၎ရဲ႕ စိုက္ခင္းထဲမွာ ဘယ္အေစ့ကို ဘယ္ေနရာမွာ စိုက္ပ်ိဳးဖို႔ လိုအပ္လဲဆိုတာကို အယ္လ္ဂိုရစ္သမ္ကို အသုံးျပဳၿပီး အေသးစိတ္တြက္ခ်က္ခဲ့တာ ျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ လီယြန္နယ္ မက္ဆီရဲ႕ မ်က္ႏွာပုံစံေပၚလာခဲ့ၿပီး အာကာသကေနေတာင္ ျမင္ေတြ႕ႏိုင္တယ္လို႔ သိရပါတယ္။

“အခု သူတို႔ေတြက ကမာၻ႔ခ်န္ပီယံေတြပါ။ ကြၽန္ေတာ္ သီးႏွံေတြ စိုက္ပ်ိဳးၿပီး ဒါကို ထုတ္ေဖာ္ႏိုင္ခဲ့လို႔ ဝမ္းေျမာက္ေပ်ာ္႐ႊင္မိပါတယ္”လို႔ စပီနာဇီက ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ မ်က္ႏွာ စိုက္ခင္းထဲမွာ ေပၚလာေစမယ့္ မ်ိဳးေစ့ေတြကို ႀကဲခ်ဖို႔အတြက္ ကုဒ္ေတြကို ဒီဇိုင္းထုတ္ေပးခဲ့တဲ့ စိုက္ပ်ိဳးေရးအင္ဂ်င္နီယာက လုပ္ထုံးလုပ္နည္းေတြကို ရွင္းလင္းခဲ့ပါတယ္။

“မက္ဆီရဲ႕ မ်က္ႏွာကို ဂုဏ္ျပဳတဲ့အေနနဲ႔ မ်ိဳးေစ့ထည့္တဲ့ ကုဒ္တစ္ခုကို ဖန္တီးဖို႔ စိတ္ကူးရွိခဲ့တယ္။ geocoding tools ကို အသုံးျပဳၿပီး မက္ဆီရဲ႕ မတူညီတဲ့ မ်က္ႏွာ အစိတ္အပိုင္းအသီးသီးကို ဖန္တီးဖို႔အတြက္ ဘယ္ေလာက္စတုရန္းမီတာမွာ ဘယ္ႏွေစ့အထိ ထည့္ရမလဲဆိုတာကို စက္ေတြက သိရွိႏိုင္ပါတယ္”

“အဲဒီေတာ့ ဒီေျပာင္းေတြက ႀကီးထြားလာခ်ိန္မွာ ေဝဟင္ကေန ဓာတ္ပုံ႐ိုက္ကူးခဲ့တဲ့အခ်ိန္မွာ အပင္ေတြက အတူတူ နီးနီးကပ္ကပ္ေပါက္ေနၿပီး ေျမျပင္ကို ျမင္ရတာ နည္းလာတယ္။ အပင္ပိုနည္းတဲ့ေနရာေတြမွာ ပိုၿပီး အေရာင္ရင့္တဲ့ အစိမ္းေရာင္နဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနၿပီးေတာ့ ဒီလိုမ်ိဳး စိုက္ပ်ိဳးေရးအႏုပညာကို ဖန္တီးခဲ့တယ္”လို႔ ရွင္းျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.