International World Cup

ကမ္ဘာ့ဖလားယူပေးထားတဲ့ မက်ဆီကို ကျေးဇူးကန်းစကားပြောခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့်ဟောင်း

အာဂျင်တီးနားဂိုးသမားဟောင်း ဟူဂို ဂက်တီက ပြီးခဲ့တဲ့လ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲက တောင်အမေရိကကလပ်အသင်းရဲ့ အောင်မြင်မှုမှာ လီယွန်နယ် မက်ဆီက အဓိကမကျခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး ကမ္ဘာ့ဖလားကို ကစားခဲ့တာဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းအဆင့် ခြေစွမ်းပိုင်းကို ရရှိနေတဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ၇ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားကို ပေးအပ်တဲ့ ရွှေဘောလုံးဆုကိုလည်း ရရှိခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအတွက် အဆင့်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟူဂို ဂက်တီက အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီထက် ဂိုးသမား အီမီလီယာနို မာတီနက်ဇ်က ပိုပြီးတော့ အဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဂိုးသမားက မက်ဆီထက် ပိုပြီးတော့ အရေးပါခဲ့ပါတယ်။ သူက အခြေခံကျတဲ့ဘောလုံးတွေကို ကာကွယ်နိုင်ခဲ့ပြီး ပင်နယ်တီမှာ အနိုင်ရရှိခဲ့ပါတယ်။ အဆုံးအဖြတ်အပေးနိုင်ဆုံးကစားသမားက ဂိုးသမားဖြစ်ခဲ့ပါတယ်။ ပွဲစဉ်အတွင်းမှာ သူ ဘောလုံးတစ်လုံးကို မဖမ်းနိုင်ဘူးဆိုရင် အဲဒါက ဂိုးဖြစ်သွားခဲ့မှာပါ။ ဒါပေမယ့် သူ နောက်ဆုံးမိနစ်မှာ ပေါ်လာရမယ့်အချိန်မှာ သူ ပေါ်လာခဲ့တယ်။ မက်ဆီက အဓိကမကျခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဒီဇင်ဘာလမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားအောင်မြင်မှု ရရှိအောင် ဦးဆောင်ပြီး ဒီယေဂို မာရာဒိုနာအတိုင်း တစ်ထပ်တည်း စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ဂက်တီက ပီအက်စ်ဂျီကြယ်ပွင့်အနေနဲ့ အာဂျင်တီးနားမှာ ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံထက် ပိုပြီး ကြီးကျယ်ခမ်းနားတဲ့သူဖြစ်လာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဘိုကာ ဂျူနီယာဂန္တဝင်က ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ဘရာဇီးလ်ဂန္တဝင် ပီလီရဲ့အဆင့်အတန်းမျိုး ရောက်ရှိနိုင်မှာမဟုတ်ဘဲ အမ်ဘာပေက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ထောက်ခံခဲ့တာဖြစ်ပါတယ်။

“သူ့ရဲ့ ကမ္ဘာ့ဖလားက တော်တော်လေးတော့ ကောင်းပါတယ်။ ဒါပေမယ့် သူက ဘယ်တော့မျ မာရာဒိုနာထက်ပိုပြီးတော့ ကြီးကျယ်ခမ်းနားမှာမဟုတ်ပါဘူး။ ပထမဆုံးအနေနဲ့ ဘယ်သူကမှ ပီလီကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး။ အာဂျင်တီးနားမှာဆိုရင် ဘယ်သူကမှ ဒီယေဂိုကို ကျော်ဖြတ်လို့မရဘူး။ အမ်ဘာပေက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ”လို့ ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားဂိုးသမားေဟာင္း ဟူဂို ဂက္တီက ၿပီးခဲ့တဲ့လ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲက ေတာင္အေမရိကကလပ္အသင္းရဲ႕ ေအာင္ျမင္မႈမွာ လီယြန္နယ္ မက္ဆီက အဓိကမက်ခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အေကာင္းဆုံး ကမာၻ႔ဖလားကို ကစားခဲ့တာျဖစ္ၿပီး ကမာၻ႔ထိပ္တန္းအဆင့္ ေျခစြမ္းပိုင္းကို ရရွိေနတဲ့ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ ၇ ပြဲမွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးကစားသမားကို ေပးအပ္တဲ့ ေ႐ႊေဘာလုံးဆုကိုလည္း ရရွိခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအတြက္ အဆင့္တိုင္းမွာ ဂိုးသြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟူဂို ဂက္တီက အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီထက္ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္က ပိုၿပီးေတာ့ အဆုံးအျဖတ္ျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ဂိုးသမားက မက္ဆီထက္ ပိုၿပီးေတာ့ အေရးပါခဲ့ပါတယ္။ သူက အေျခခံက်တဲ့ေဘာလုံးေတြကို ကာကြယ္ႏိုင္ခဲ့ၿပီး ပင္နယ္တီမွာ အႏိုင္ရရွိခဲ့ပါတယ္။ အဆုံးအျဖတ္အေပးႏိုင္ဆုံးကစားသမားက ဂိုးသမားျဖစ္ခဲ့ပါတယ္။ ပြဲစဥ္အတြင္းမွာ သူ ေဘာလုံးတစ္လုံးကို မဖမ္းႏိုင္ဘူးဆိုရင္ အဲဒါက ဂိုးျဖစ္သြားခဲ့မွာပါ။ ဒါေပမယ့္ သူ ေနာက္ဆုံးမိနစ္မွာ ေပၚလာရမယ့္အခ်ိန္မွာ သူ ေပၚလာခဲ့တယ္။ မက္ဆီက အဓိကမက်ခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဒီဇင္ဘာလမွာ အာဂ်င္တီးနားအသင္းကို ကမာၻ႔ဖလားေအာင္ျမင္မႈ ရရွိေအာင္ ဦးေဆာင္ၿပီး ဒီေယဂို မာရာဒိုနာအတိုင္း တစ္ထပ္တည္း စြမ္းေဆာင္ေပးႏိုင္ခဲ့ေပမယ့္လည္း ဂက္တီက ပီအက္စ္ဂ်ီၾကယ္ပြင့္အေနနဲ႔ အာဂ်င္တီးနားမွာ ၁၉၈၆ ကမာၻ႔ဖလားခ်န္ပီယံထက္ ပိုၿပီး ႀကီးက်ယ္ခမ္းနားတဲ့သူျဖစ္လာမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဘိုကာ ဂ်ဴနီယာဂႏၲဝင္က ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ ဘရာဇီးလ္ဂႏၲဝင္ ပီလီရဲ႕အဆင့္အတန္းမ်ိဳး ေရာက္ရွိႏိုင္မွာမဟုတ္ဘဲ အမ္ဘာေပက ကမာၻေပၚက အေကာင္းဆုံးကစားသမားျဖစ္တယ္လို႔ ေထာက္ခံခဲ့တာျဖစ္ပါတယ္။

“သူ႔ရဲ႕ ကမာၻ႔ဖလားက ေတာ္ေတာ္ေလးေတာ့ ေကာင္းပါတယ္။ ဒါေပမယ့္ သူက ဘယ္ေတာ့မ် မာရာဒိုနာထက္ပိုၿပီးေတာ့ ႀကီးက်ယ္ခမ္းနားမွာမဟုတ္ပါဘူး။ ပထမဆုံးအေနနဲ႔ ဘယ္သူကမွ ပီလီကို ေက်ာ္ျဖတ္ႏိုင္မွာမဟုတ္ဘူး။ အာဂ်င္တီးနားမွာဆိုရင္ ဘယ္သူကမွ ဒီေယဂိုကို ေက်ာ္ျဖတ္လို႔မရဘူး။ အမ္ဘာေပက ကမာၻေပၚမွာ အေကာင္းဆုံးပဲ”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.