International World Cup

မာရာဒိုနာထက် မက်ဆီက အကောင်းဆုံးလို့ နာမည်တပ်လိုက်တဲ့ အာဂျင်တီးနားနည်းပြ

အာဂျင်တီးနားအသင်းကို နှစ်ပေါင်း ၃၆ နှစ်တိတိ ဝေးကွာနေခဲ့တဲ့ ကမ္ဘာ့ဖလားဆုကြီးကို ဗိုလ်စွဲနိုင်အောင် လမ်းညွှန်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးနည်းပြဆုကိုပါ ရရှိဖို့ ရေပန်းစားနေခဲ့တဲ့ လီယွန်နယ် စကာလိုနီက သူတို့နိုင်ငံရဲ့ ဂန္ထဝင် မာရာဒိုနာနဲ့ GOAT မက်ဆီတို့နှစ်ဦးကြား ဘယ်သူက ဘယ်လိုလဲဆိုတာကို မျှမျှတတ အမည်တပ်ပြီး သူ့အမြင်ကို ခွဲဝေဖော်ပြသွားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ရွှေဘောလုံးဆုကို ဒုတိယ အကြိမ်မြောက်အဖြစ် ဆွတ်ခူးခဲ့သလို အာဂျင်တီးနားတို့ကို ဒီယေဂို မာရာဒိုနာနောက်ပိုင်း ပထမဆုံး ကြီးကျယ်ခမ်းနားတဲ့ ဆုဖလားကို ကိုင်မြှောက်နိုင်စေသူအဖြစ် ဂုဏ်သိက္ခာချင်း ထပ်တူညီသွားခဲ့ပြီး ကလပ်အသင်း ကစားသမားဘဝမှာ ပိုမိုအောင်မြင်မှုတွေအရ သူဟာ ရှေ့လူထက် ပိုကောင်းတယ်လို့ပါ ဆိုနေခဲ့ကြတာပါ။

အာဂျင်တီးနားနိုင်ငံသားတွေအတွက်ကတော့ လူပုဂ္ဂိုလ်နှစ်ဦးက သူတို့နိုင်ငံမှာ မွေးဖွားလာခဲ့ပြီး ဘောလုံးသမားကောင်းတွေအဖြစ် နိုင်ငံကို ကိုယ်စားပြုခဲ့ကြတာထက် ကောင်းတဲ့ ကိစ္စမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့ ဆိုရမှာဖြစ်သလို လာမယ့် မျိုးဆက်သစ်တွေထဲမှာတော့ မာရာဒိုနာနဲ့ မက်ဆီတို့ရဲ့ ခြေရာကို နင်းနိုင်မယ့် ဂိုးသွင်းရှင် ခေါင်းဆောင်သစ်ကို ရှာဖွေဖော်ထုတ်ကြရဦးမှာဖြစ်ပါတယ်။

လက်ရွေးစင်နည်းပြ လီယွန်နယ် စကာလိုနီကတော့ မက်ဆီက ပိုကောင်းတဲ့ အကြောင်းကို ပြတ်ပြတ်သားသားပဲ ပြောလိုက်ပြီး မာရာဒိုနာကို လေးစားရပေမယ့် သူ့ကို ကမ္ဘာ့ဖလားဆုရှင်နည်းပြဖြစ်အောင် ရုန်းကန်ပြီး ထမ်းတင်ပေးခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးအပေါ်မှာ ထူးခြားတဲ့ နှစ်သက်ရမှုတွေ ရှိနေကြောင်းကိုလည်း ထုတ်ဖော်သွားခဲ့တာပါ။

“ကျွန်တော့်အတွက်တော့ မက်ဆီက သမိုင်းတစ်လျှောက်လုံးမှာ ပိုကောင်းတဲ့ ကစားသမားပဲဗျ”လို့ စကာလိုနီက El Partidazo de COPE ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲရေဒီယို အစီအစဉ်နဲ့‌ တွေ့ဆုံမေးမြန်းမှုမှာ ပြောကြားခဲ့ပြီး “မာရာဒိုနာကတော့ ကြီးကျယ်ခမ်းနားပါတယ်။ ဒါပေမယ့် လီယိုက ကျွန်တော့်အတွက် ပိုပြီး ထူးခြားကောင်းမွန်ခဲ့တယ်လေ”လို့ ဆိုသွားခဲ့ပါတယ်။

လီယွန်နယ် စကာလိုနီဟာ အာဂျင်တီးနားအသင်းကို မကိုင်တွယ်ခင်မှာ သာမန် နည်းပြနဲ့ ကစားသမားဟောင်းတစ်ယောက်သာ ဖြစ်ခဲ့သလို ဒီပေါ့တီဗို လာကရူညာအသင်းမှာ ကစားဖူးပြီး လာလီဂါဖလားတစ်လုံးကို ကိုင်မြှောက်ဖူးတာက သူ့ရဲ့အကြီးမားဆုံး အောင်မြင်မှုဖြစ်ခဲ့ပြီး နည်းပြဘဝမှာတော့ ဟော်ဟဲ ဆမ်ပါအိုလီရဲ့ လက်ထောက်အဖြစ် ဆီဗီလာမှ စတင်တွဲဖက်ပြီးမှ အာဂျင်တီးနားကို ပါလာခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားမှာ ကစားသမားတွေနဲ့ ပြဿနာတက်ပြီး ထွက်ခဲ့ရတဲ့ ဆမ်ပါအိုလီကြောင့် ဦးဆောင်သူ မရှိတော့တဲ့ အာဂျင်တီးနားအသင်းကို စကာလိုနီက အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ ဝေါ်လ်တာ ဆမ်မြူယယ်၊ ရော်ဘတ်တို အာယာလာ၊ ပါဘလို အိုင်းမားတို့နဲ့အတူ စုဖွဲ့ကိုင်တွယ်ခဲ့အပြီးမှာ မက်ဆီရဲ့ ဦးဆောင်မှုနဲ့ ကံစပ်ခဲ့သလို ၂၀၂၁ ကိုပါအမေရိကဖလားနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတို့ကို ဆက်တိုက်ရယူနိုင်ခဲ့လို့ ဒီလိုစကားမျိုးကို နည်းပြအနေနဲ့ ခပ်ရဲရဲပဲ ပြောကြားခဲ့တာဖြစ်နိုင်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားအသင္းကို ႏွစ္ေပါင္း ၃၆ ႏွစ္တိတိ ေဝးကြာေနခဲ့တဲ့ ကမာၻ႔ဖလားဆုႀကီးကို ဗိုလ္စြဲႏိုင္ေအာင္ လမ္းၫႊန္ေပးခဲ့ၿပီး ၂၀၂၂ ခုႏွစ္အတြက္ အေကာင္းဆုံးနည္းျပဆုကိုပါ ရရွိဖို႔ ေရပန္းစားေနခဲ့တဲ့ လီယြန္နယ္ စကာလိုနီက သူတို႔ႏိုင္ငံရဲ႕ ဂႏၴဝင္ မာရာဒိုနာနဲ႔ GOAT မက္ဆီတို႔ႏွစ္ဦးၾကား ဘယ္သူက ဘယ္လိုလဲဆိုတာကို မွ်မွ်တတ အမည္တပ္ၿပီး သူ႔အျမင္ကို ခြဲေဝေဖာ္ျပသြားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားမွာ ေ႐ႊေဘာလုံးဆုကို ဒုတိယ အႀကိမ္ေျမာက္အျဖစ္ ဆြတ္ခူးခဲ့သလို အာဂ်င္တီးနားတို႔ကို ဒီေယဂို မာရာဒိုနာေနာက္ပိုင္း ပထမဆုံး ႀကီးက်ယ္ခမ္းနားတဲ့ ဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ေစသူအျဖစ္ ဂုဏ္သိကၡာခ်င္း ထပ္တူညီသြားခဲ့ၿပီး ကလပ္အသင္း ကစားသမားဘဝမွာ ပိုမိုေအာင္ျမင္မႈေတြအရ သူဟာ ေရွ႕လူထက္ ပိုေကာင္းတယ္လို႔ပါ ဆိုေနခဲ့ၾကတာပါ။

အာဂ်င္တီးနားႏိုင္ငံသားေတြအတြက္ကေတာ့ လူပုဂၢိဳလ္ႏွစ္ဦးက သူတို႔ႏိုင္ငံမွာ ေမြးဖြားလာခဲ့ၿပီး ေဘာလုံးသမားေကာင္းေတြအျဖစ္ ႏိုင္ငံကို ကိုယ္စားျပဳခဲ့ၾကတာထက္ ေကာင္းတဲ့ ကိစၥမ်ိဳး ဘယ္တုန္းကမွ မရွိခဲ့ဖူးဘူးလို႔ ဆိုရမွာျဖစ္သလို လာမယ့္ မ်ိဳးဆက္သစ္ေတြထဲမွာေတာ့ မာရာဒိုနာနဲ႔ မက္ဆီတို႔ရဲ႕ ေျခရာကို နင္းႏိုင္မယ့္ ဂိုးသြင္းရွင္ ေခါင္းေဆာင္သစ္ကို ရွာေဖြေဖာ္ထုတ္ၾကရဦးမွာျဖစ္ပါတယ္။

လက္ေ႐ြးစင္နည္းျပ လီယြန္နယ္ စကာလိုနီကေတာ့ မက္ဆီက ပိုေကာင္းတဲ့ အေၾကာင္းကို ျပတ္ျပတ္သားသားပဲ ေျပာလိုက္ၿပီး မာရာဒိုနာကို ေလးစားရေပမယ့္ သူ႔ကို ကမာၻ႔ဖလားဆုရွင္နည္းျပျဖစ္ေအာင္ ႐ုန္းကန္ၿပီး ထမ္းတင္ေပးခဲ့တဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေပၚမွာ ထူးျခားတဲ့ ႏွစ္သက္ရမႈေတြ ရွိေနေၾကာင္းကိုလည္း ထုတ္ေဖာ္သြားခဲ့တာပါ။

“ကြၽန္ေတာ့္အတြက္ေတာ့ မက္ဆီက သမိုင္းတစ္ေလွ်ာက္လုံးမွာ ပိုေကာင္းတဲ့ ကစားသမားပဲဗ်”လို႔ စကာလိုနီက El Partidazo de COPE ႀကီးက်ယ္ခမ္းနားတဲ့ ၿပိဳင္ပြဲေရဒီယို အစီအစဥ္နဲ႔‌ ေတြ႕ဆုံေမးျမန္းမႈမွာ ေျပာၾကားခဲ့ၿပီး “မာရာဒိုနာကေတာ့ ႀကီးက်ယ္ခမ္းနားပါတယ္။ ဒါေပမယ့္ လီယိုက ကြၽန္ေတာ့္အတြက္ ပိုၿပီး ထူးျခားေကာင္းမြန္ခဲ့တယ္ေလ”လို႔ ဆိုသြားခဲ့ပါတယ္။

လီယြန္နယ္ စကာလိုနီဟာ အာဂ်င္တီးနားအသင္းကို မကိုင္တြယ္ခင္မွာ သာမန္ နည္းျပနဲ႔ ကစားသမားေဟာင္းတစ္ေယာက္သာ ျဖစ္ခဲ့သလို ဒီေပါ့တီဗို လာက႐ူညာအသင္းမွာ ကစားဖူးၿပီး လာလီဂါဖလားတစ္လုံးကို ကိုင္ေျမႇာက္ဖူးတာက သူ႔ရဲ႕အႀကီးမားဆုံး ေအာင္ျမင္မႈျဖစ္ခဲ့ၿပီး နည္းျပဘဝမွာေတာ့ ေဟာ္ဟဲ ဆမ္ပါအိုလီရဲ႕ လက္ေထာက္အျဖစ္ ဆီဗီလာမွ စတင္တြဲဖက္ၿပီးမွ အာဂ်င္တီးနားကို ပါလာခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ကမာၻ႔ဖလားမွာ ကစားသမားေတြနဲ႔ ျပႆနာတက္ၿပီး ထြက္ခဲ့ရတဲ့ ဆမ္ပါအိုလီေၾကာင့္ ဦးေဆာင္သူ မရွိေတာ့တဲ့ အာဂ်င္တီးနားအသင္းကို စကာလိုနီက အသင္းေဖာ္ေဟာင္းေတြျဖစ္ၾကတဲ့ ေဝၚလ္တာ ဆမ္ျမဴယယ္၊ ေရာ္ဘတ္တို အာယာလာ၊ ပါဘလို အိုင္းမားတို႔နဲ႔အတူ စုဖြဲ႕ကိုင္တြယ္ခဲ့အၿပီးမွာ မက္ဆီရဲ႕ ဦးေဆာင္မႈနဲ႔ ကံစပ္ခဲ့သလို ၂၀၂၁ ကိုပါအေမရိကဖလားနဲ႔ ၂၀၂၂ ကမာၻ႔ဖလားတို႔ကို ဆက္တိုက္ရယူႏိုင္ခဲ့လို႔ ဒီလိုစကားမ်ိဳးကို နည္းျပအေနနဲ႔ ခပ္ရဲရဲပဲ ေျပာၾကားခဲ့တာျဖစ္ႏိုင္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.