Premier League

ကီပါကို ဆက္လက္ေထာက္ခံျပီး ေနာက္ပြဲစဥ္မွာ ကာဘယ္လီယိုကို စျပီးပြဲထြက္ ကစားေစမယ္လို႔ ဖရန္႔လမ္းပတ္ေျပာ

စကိုင္းစပို႔စ္နဲ႔ျပဳလုပ္တဲ့ ပြဲျပီးအင္တာဗ်ဴးမွာ ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္က
” မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ ကီပါကို ယံုၾကည္မႈေတြ ျပန္ရဖုိ႔ ၾကိဳးစားလုပ္ေပးသြားမွာပါ။ ဒါက သိသာထင္ရွားတဲ့ အမွားျပဳလုပ္မိခဲ့တယ္ဆိုတာကို ကီပါ ကိုယ္တိုင္က လက္ခံခဲ့တယ္ေလ။”

ဒါေပမယ့္ လာမယ့္ ဗုဒၶဟူးေန႔ အိမ္ကြင္းမွာ Barnsley အသင္းနဲ႔ ကစားမယ့္ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲမွာေတာ့ အရန္ဂိုးသမား ကာဘာလီယိုကို ကစားေစမွာ ျဖစ္ျပီး ဒါကလည္း အရင္ကတည္းက စီစဥ္ထားတဲ့အတိုင္း ျပဳလုပ္တာျဖစ္ျပီး ကီပါ ရဲ ႔ အမွားနဲ႔ သက္ဆိုင္ျခင္းမရိွဘူး လို႔ ဖရန္႔လမ္းပတ္က ဆက္ျပီးေျပာၾကားခဲ့ပါတယ္။

” က်ေနာ္ အခုေျပာႏုိင္တာက လာမယ့္ေနာက္ပြဲစဥ္ျဖစ္တဲ့ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲမွာ ကာဘယ္လီယို.ကို ပြဲထြက္ကစားေစမွာ ျဖစ္ပါတယ္။ ဒါက အခုပြဲမတိုင္ခင္ကတည္းက ပါ၀င္ကစားေစမယ္လုိ႔ ဆံုးျဖတ္ထားခဲ့တာပါ” လို႔ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။
ဂိုးသမားၾကီး ကာဘာလီယိုကေတာ့ ယခုအခါအသက္ ၃၉ ႏွစ္ရွိေနျပီး ခ်ဲလ္ဆီးအသင္းႏွင့္ တစ္ႏွစ္စာခ်ဳပ္ သက္တမ္းထပ္တိုးလိုက္တဲ့အတြက္ ယခုေဘာလံုးရာသီအကုန္အထိ အသင္းမွာ ဆက္ရိွေနမွာ ျဖစ္ပါတယ္။

” ကီပါက က်ေန္ာတို႔ရဲ ႔ ကစားသမားေတြထဲက တစ္ေယာက္ပါ။ သူဟာ အခု ကစားျပီးတဲ့ ပရီးမီးယားလိဂ္ ႏွစ္ ပြဲမွာ အမွားေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒီေန႔ပြဲက အမွားကေတာ့ သိသာထင္ရွားတဲ့ အမွားၾကီးျဖစ္ျပီး ဘရိုက္တန္နဲ႔ ပြဲမွာလည္း အမွားျပဳလုပ္ခဲ့ပါေသးတယ္။ ”
“က်ေနာ္တို႔ ဆက္ျပီး အလုပ္ၾကိဳးစား ဆက္လုပ္ဖို႔ လိုပါတယ္။ ကစားသမားေတြအတြက္ တစ္ဦးခ်င္းအလိုက္ က်ေနာ္အေနနဲ႔ ၀ိုင္း၀န္းကူညီ ေထာက္ခံမႈ ျပဳေပးဖုိ႔ လိုအပ္္တယ္။ က်ေနာ္အေနနဲ႔ ဒီအရာေတြကို ကစားသမားအားလံုးကို ေပးအပ္သြားမွာပါ”

” ကီပါ အေနနဲ႔ ဆက္ျပီး အလုပ္ၾကိဳးစားလုပ္ေနပါတယ္။ ေဘာလံုး အားကစားမွာ ဘယ္သူမွ အမွားတမင္လုပ္ဖို႔ မၾကိဳးစားၾကပါဘူး။ ဒါက ကစားပြဲေတြမွာ ျဖစ္တတ္တဲ့ သေဘာသဘာ၀ တစ္ခုသာ ျဖစ္တယ္။ သင္ဟာ သန္မာမႈ ရိွဖို႔ေတာ့ လိုျပီး ဒီေနရာမွာ ရပ္မေနပဲဲ ဆက္သြားဖို႔ေတာ့လိုပါတယ္။ ” လို႔ ဖရန္႔လမ္းပတ္က ကီပါကို ဆက္လက္ေထာက္ခံေနေသးေၾကာင္း စကိုင္းစပို႔စ္ သတင္းေထာက္မ်ားကို ေျပာၾကားခဲ့ပါတယ္။

လက္ရိွ ခ်ဲလ္ဆီး ပထမဂိုးသမားျဖစ္တဲ့ ကီပါအေနနဲ႔ ရင္းေနးအသင္းမွ ခ်ဲလ္ဆီးအသင္းဆီကို ေပါင္ ၂၂သန္းနဲ႔ ေျပာင္းေရႊ႔ဖို႔ သေဘာတူညီမႈရထားတယ္ဆိုတဲ့ ဂိုးသမား ေအဒူယာမန္ဒီနဲ႔ အျပိဳင္ေနရာလုရေတာ့မွာ ျဖစ္ပါတယ္။ ကီပါဟာ ခ်ဲလ္ဆီးအသင္းဆီကို ၂၀၁၈ မွာ အက္တလက္တစ္အသင္းကေန ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေရႊ႔ေရာက္ရိွလာခဲ့တာျဖစ္ပါတယ္။

REF: SKY SPORTS / GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:စကိုင်းစပို့စ်နဲ့ပြုလုပ်တဲ့ ပွဲပြီးအင်တာဗျူးမှာ ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က
” မန်နေဂျာတစ်ယောက်အနေနဲ့ ကီပါကို ယုံကြည်မှုတွေ ပြန်ရဖို့ ကြိုးစားလုပ်ပေးသွားမှာပါ။ ဒါက သိသာထင်ရှားတဲ့ အမှားပြုလုပ်မိခဲ့တယ်ဆိုတာကို ကီပါ ကိုယ်တိုင်က လက်ခံခဲ့တယ်လေ။”

ဒါပေမယ့် လာမယ့် ဗုဒ္ဓဟူးနေ့ အိမ်ကွင်းမှာ Barnsley အသင်းနဲ့ ကစားမယ့် ကာရာဘောင်းဖလား တတိယအဆင့်ပွဲမှာတော့ အရန်ဂိုးသမား ကာဘာလီယိုကို ကစားစေမှာ ဖြစ်ပြီး ဒါကလည်း အရင်ကတည်းက စီစဉ်ထားတဲ့အတိုင်း ပြုလုပ်တာဖြစ်ပြီး ကီပါ ရဲ့ အမှားနဲ့ သက်ဆိုင်ခြင်းမရှိဘူး လို့ ဖရန့်လမ်းပတ်က ဆက်ပြီးပြောကြားခဲ့ပါတယ်။

” ကျနော် အခုပြောနိုင်တာက လာမယ့်နောက်ပွဲစဉ်ဖြစ်တဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲမှာ ကာဘယ်လီယို.ကို ပွဲထွက်ကစားစေမှာ ဖြစ်ပါတယ်။ ဒါက အခုပွဲမတိုင်ခင်ကတည်းက ပါဝင်ကစားစေမယ်လို့ ဆုံးဖြတ်ထားခဲ့တာပါ” လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။
ဂိုးသမားကြီး ကာဘာလီယိုကတော့ ယခုအခါအသက် ၃၉ နှစ်ရှိနေပြီး ချဲလ်ဆီးအသင်းနှင့် တစ်နှစ်စာချုပ် သက်တမ်းထပ်တိုးလိုက်တဲ့အတွက် ယခုဘောလုံးရာသီအကုန်အထိ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

” ကီပါက ကျနေ်ာတို့ရဲ့ ကစားသမားတွေထဲက တစ်ယောက်ပါ။ သူဟာ အခု ကစားပြီးတဲ့ ပရီးမီးယားလိဂ် နှစ် ပွဲမှာ အမှားတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ပွဲက အမှားကတော့ သိသာထင်ရှားတဲ့ အမှားကြီးဖြစ်ပြီး ဘရိုက်တန်နဲ့ ပွဲမှာလည်း အမှားပြုလုပ်ခဲ့ပါသေးတယ်။ ”
“ကျနော်တို့ ဆက်ပြီး အလုပ်ကြိုးစား ဆက်လုပ်ဖို့ လိုပါတယ်။ ကစားသမားတွေအတွက် တစ်ဦးချင်းအလိုက် ကျနော်အနေနဲ့ ဝိုင်းဝန်းကူညီ ထောက်ခံမှု ပြုပေးဖို့ လိုအပ်တယ်။ ကျနော်အနေနဲ့ ဒီအရာတွေကို ကစားသမားအားလုံးကို ပေးအပ်သွားမှာပါ”

” ကီပါ အနေနဲ့ ဆက်ပြီး အလုပ်ကြိုးစားလုပ်နေပါတယ်။ ဘောလုံး အားကစားမှာ ဘယ်သူမှ အမှားတမင်လုပ်ဖို့ မကြိုးစားကြပါဘူး။ ဒါက ကစားပွဲတွေမှာ ဖြစ်တတ်တဲ့ သဘောသဘာ၀ တစ်ခုသာ ဖြစ်တယ်။ သင်ဟာ သန်မာမှု ရှိဖို့တော့ လိုပြီး ဒီနေရာမှာ ရပ်မနေပဲ ဆက်သွားဖို့တော့လိုပါတယ်။ ” လို့ ဖရန့်လမ်းပတ်က ကီပါကို ဆက်လက်ထောက်ခံနေသေးကြောင်း စကိုင်းစပို့စ် သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

လက်ရှိ ချဲလ်ဆီး ပထမဂိုးသမားဖြစ်တဲ့ ကီပါအနေနဲ့ ရင်းနေးအသင်းမှ ချဲလ်ဆီးအသင်းဆီကို ပေါင် ၂၂သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားတယ်ဆိုတဲ့ ဂိုးသမား အေဒူယာမန်ဒီနဲ့ အပြိုင်နေရာလုရတော့မှာ ဖြစ်ပါတယ်။ ကီပါဟာ ချဲလ်ဆီးအသင်းဆီကို ၂၀၁၈ မှာ အက်တလက်တစ်အသင်းကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

REF: SKY SPORTS / GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.