Match Report Premier League

အမွားမ်ားတဲ့ ခ်ဲလ္ဆီးတုိ႔ ေပးဆပ္ခဲ့ရၿပီး ႏွစ္ပြဲအႏုိင္နဲ႔ သာယာသြားတဲ့ လီဗာပူးလ္

စတမ္းဖို႔ဒ္ဘရစ္ခ်္က ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တုိ႔ရဲ႕ ပြဲစဥ္မွာ လိဒ္စ္ကို သုံးဂိုးေပးထားခဲ့တဲ့ ႀကဳိးၾကာေတြရဲ႕ ေနာက္တန္းေၾကာင့္ အိမ္ရွင္တုိ႔ ဂ်ာမန္ကစားသမားသစ္ေတြ အစြမ္းနဲ႔ အခြင့္ေကာင္းယူႏုိင္လိမ့္မယ္လုိ႔ ထင္မွတ္ခဲ့ၾကေပမယ့္ အမွားမ်ားခဲ့တဲ့ ခံစစ္နဲ႔ ဂိုးသမားေၾကာင့္ ဧည့္သည္ေတြရဲ႕ပြဲပဲ ျဖစ္သြားခဲ့ပါတယ္။

အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာကို မသုံးခဲ့တဲ့ ညာျခမ္းခံစစ္က ဂ်ိမ္းစ္ဟာ မာေနးနဲ႔ ေရာဘတ္ဆန္ကို ထိန္းခ်ဳပ္ဖို႔ ႐ုန္းကန္ေနခဲ့ရသလို ယာဂန္ ကေလာပ့္ရဲ႕ Gegenpress ကေတာ့ လမ္းပတ္အတြက္ ျပႆနာတခ်ဳိ႕ကို ေပးစြမ္းႏုိင္ခဲ့လို႔ အႏုတ္အသိမ္းေႏွးတဲ့ ေဂ်ာ္ဂ်င္ညဳိမွာ ျပႆနာတက္ခဲ့ၿပီး ေစာေစာစီးစီးကတည္းက ဗုိင္နယ္လ္ဒြမ္နဲ႔ ဆာလားတုိ႔ရဲ႕ ၿခိမ္းေျခာက္မွဳေတြကိုလည္း ႀကဳံေတြ႕ခဲ့ရပါတယ္။

တီမို ဗာနာရဲ႕ ထိုးေဖာက္မွဳေတြကေတာ့ လီဗာပူးလ္ေနာက္တန္းအတြက္ ထိန္းခ်ဳပ္ရခက္ခဲ့ၿပီး ကြန္ေတကေတာ့ Box to Box မွာ တိုက္စစ္ကို လုိက္ပါကစားခဲ့သလို ဟာဗတ္ဇ္ကေတာ့ ထုံးစံအတုိင္း အဂၤလန္ေျမနဲ႔ ဓာတ္မတည့္ေသးတဲ့ ပုံစံကို ျမင္ခဲ့ရၿပီး မာေနးကို ဆြဲလွဲခဲ့တဲ့ ခရစၥတင္ဆန္ အနီနဲ႔ အထုတ္ခံရခ်ိန္မွာေတာ့ သူ႕ကို နံပါတ္ေပးထားတဲ့ တုိမိုရီနဲ႔ လူစားလဲခံခဲ့ရပါတယ္။

ခရစၥတင္ဆန္ရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ မွားယြင္းခဲ့သလို ကီပါထြက္လာခ်ိန္မွာ ေနာက္ကို ႀကဳိေျပးထားရမယ့္အစား ဝင္ရင္းလိုက္တာကေတာ့ ဒိုင္လူႀကီး ေပါလ္ တီယာနီနဲ႔ VAR တို႔အတြက္ ဥပေဒဘက္ေတာ္သားေတြဆုိတဲ့ ပုံရိပ္ေကာင္းကို ဖန္တီးဖို႔ ဇာတ္ပုိ႔ေပးလုိက္တာပဲလုိ႔ သုံးသပ္ရသလို ဒီမတုိင္ခင္ ပထမပုိင္းမွာေတာ့ ခ်ဲလ္ဆီးတုိ႔အေနနဲ႔ လီဗာပူးလ္ကို ေကာင္းေကာင္းတုံ႔ျပန္ႏုိင္ခဲ့တာပါ။

ပထမပုိင္းကို ဂိုးမရွိသေရျဖစ္အၿပီးမွာေတာ့ ဒုတိယပုိင္းအစမွာ ဟန္ဒါဆန္အစား ကစားသမားသစ္ သီယာဂို ဝင္ကစားခဲ့ရမွာ လီဗာပူးလ္ရဲ႕ Passing Option က ပုိျမင့္မားလာခဲ့ၿပီး ပြဲခ်ိန္မိနစ္ ၅၀ မွာေတာ့ ဆာလားနဲ႔ ဝမ္းတူး႐ိုက္ၿပီး ထြက္လာတဲ့ ဖာမီႏိုက ျဖတ္တင္ေပးတာကို ေနာက္မွာ ဘယ္သူရွိေနလဲဆုိတာ သတိထားဖို႔ ပ်က္ကြက္ေနတဲ့ ဂ်ိမ္းစ္ေနာက္ကေန မာေနးက ေရာက္လာၿပီး သူေခါင္းတုိက္ေနက်ပုံစံအတုိင္း အဖြင့္ဂိုး ရယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ တုိမိုရီ ျပန္ေပးတဲ့ ေဘာလုံးကို ဖာမီႏိုနဲ႔ မာေနးႏွစ္ေယာက္ကာထားတဲ့ ေဂ်ာ္ဂ်င္ညဳိဆီ သူနဲ႔ အနီးဆုံးပဲလို႔ တြက္ၿပီး ၿပီးစလြယ္ေပးခဲ့တဲ့ ကမာၻ႕ေဈးအႀကီးဆုံးဂိုးသမား ကီပါရဲ႕ အမွားကေန မာေနးက ျဖတ္ယူသြားခဲ့ၿပီး ဒုတိယအႏိုင္ဂိုးကို ထပ္မံသြင္းယူႏုိင္ခဲ့ပါတယ္။

ကြင္းလယ္မွာ လူတစ္ေယာက္အပုိရထားတဲ့ လီဗာပူးလ္အေနနဲ႔ ပုိမိုထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ကီတာအစား ဝါရင့္ကစားသမား မီလ္နာကို ထည့္သြင္းလုိက္ခ်ိန္မွာေတာ့ သီယာဂိုရဲ႕ Passing Range နဲ႔အတူ ေရာဘတ္ဆန္က ဘယ္ေတာင္ပံအထိ တက္ၿပီး ဖိအားေပးခဲ့ေပမယ့္ ခ်ဲလ္ဆီးကို ခံစစ္ကိုပဲ အာ႐ုံစိုက္ကစားခဲ့လို႔ တန္ျပန္ တုိက္စစ္ေတြေတာင္ ျပန္ဆင္ခြင့္ ရလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန သူ႕ေရွ႕က ျဖတ္ေျပးတဲ့ တီမို ဗာနာကို ဂိုးဧရိယာထဲမွာ တြန္းခဲ့တဲ့ Over Confident သီယာဂိုေၾကာင့္ ပင္နယ္တီ ျပန္ေပးခဲ့ရေပမယ့္ ေဂ်ာ္ဂ်င္ညဳိ သူဒိုက္ပစ္မွ ကန္မွာမွန္းသိလို႔ မလွဳပ္ဘဲ ေစာင့္ေနတဲ့ အယ္လီဆန္က ညာဘက္ကို ကန္သြင္းလာတဲ့ ေဘာလုံးကို ပုတ္ထုတ္ကာကြယ္ႏုိင္ခဲ့လို႔ ခ်ဲလ္ဆီးတုိ႔ အိမ္ကြင္းမွာ ႏွစ္သိမ့္ဂိုး ျပန္ရခြင့္နဲ႔ လြဲခဲ့ရပါတယ္။

လက္က်န္ပြဲေတြေတြမွာေတာ့ လီဗာပူးလ္ရဲ႕ ထိန္းခ်ဳပ္ကစားမွဳနဲ႔ ခ်ဲလ္ဆီးရဲ႕ တန္ျပန္တုိက္စစ္ အားၿပဳိင္ခဲ့ၾကေပမယ့္ ဘယ္သူကမွ ဂိုးသြင္းဖို႔ ထပ္မလုပ္ႏုိင္ခဲ့ၾကေတာ့လုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး အိမ္ရွင္တို႔ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၀ ကို ေရာက္သြားခဲ့သလို ဧည့္သည္ေတြကေတာ့ မာေဆးလ္ဆုိက္ရဲ႕ အဲဗာတန္နဲ႔ အမီလုိက္ၿပီး ရာႏွဳန္းျပည့္စံခ်ိန္ကို ရယူႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ဗဟိုခံစစ္မွာ ကစားသမားသစ္ေတြ ေခၚယူထားျခင္းမရွိတဲ့ ႏွစ္သင္း ယွဥ္ၿပဳိင္ခဲ့ရာမွာ ဗန္ဒိုက္ကို ဖာဘင္ညဳိနဲ႔ တြဲေပးခဲ့တဲ့ လီဗာပူးလ္တို႔ အလုပ္ျဖစ္ခဲ့ေပမယ့္ အဆင့္မမီတဲ့ ခံစစ္မွာ ဝါရင့္ေတြျဖစ္တဲ့ အက္ဇီပီလီေကြတာနဲ႔ ႐ူဒီဂါတုိ႔ပါ မပါဝင္ခဲ့တဲ့ ခ်ဲလ္ဆီးကေတာ့ ဖိအားေတြကို မကိုင္တြယ္ႏုိင္ခဲ့လို႔ ရွဳံးနိမ့္ခဲ့ရတာလုိ႔ ဆုိႏုိင္ၿပီး ႏွစ္သင္းစလုံးအေနနဲ႔ အေျပာင္းအေရႊ႕ေဈးကြက္မပိတ္ခင္ ေဒါင္ေဒါင္ျမည္ ခံစစ္မွဴးတစ္ဦးစီ ရရွိဖို႔ လုိအပ္ေနေသးေၾကာင္းေတာ့ သုံးသပ္လုိက္ရပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စတမ်းဖို့ဒ်ဘရစ်ချ်က ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာ လိဒ်စ်ကို သုံးဂိုးပေးထားခဲ့တဲ့ ကြိုးကြာတွေရဲ့ နောက်တန်းကြောင့် အိမ်ရှင်တို့ ဂျာမန်ကစားသမားသစ်တွေ အစွမ်းနဲ့ အခွင့်ကောင်းယူနိုင်လိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် အမှားများခဲ့တဲ့ ခံစစ်နဲ့ ဂိုးသမားကြောင့် ဧည့်သည်တွေရဲ့ပွဲပဲ ဖြစ်သွားခဲ့ပါတယ်။

အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာကို မသုံးခဲ့တဲ့ ညာခြမ်းခံစစ်က ဂျိမ်းစ်ဟာ မာနေးနဲ့ ရောဘတ်ဆန်ကို ထိန်းချုပ်ဖို့ ရုန်းကန်နေခဲ့ရသလို ယာဂန် ကလောပ့်ရဲ့ Gegenpress ကတော့ လမ်းပတ်အတွက် ပြဿနာတချို့ကို ပေးစွမ်းနိုင်ခဲ့လို့ အနုတ်အသိမ်းနှေးတဲ့ ဂျော်ဂျင်ညိုမှာ ပြဿနာတက်ခဲ့ပြီး စောစောစီးစီးကတည်းက ဗိုင်နယ်လ်ဒွမ်နဲ့ ဆာလားတို့ရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

တီမို ဗာနာရဲ့ ထိုးဖောက်မှုတွေကတော့ လီဗာပူးလ်နောက်တန်းအတွက် ထိန်းချုပ်ရခက်ခဲ့ပြီး ကွန်တေကတော့ Box to Box မှာ တိုက်စစ်ကို လိုက်ပါကစားခဲ့သလို ဟာဗတ်ဇ်ကတော့ ထုံးစံအတိုင်း အင်္ဂလန်မြေနဲ့ ဓာတ်မတည့်သေးတဲ့ ပုံစံကို မြင်ခဲ့ရပြီး မာနေးကို ဆွဲလှဲခဲ့တဲ့ ခရစ္စတင်ဆန် အနီနဲ့ အထုတ်ခံရချိန်မှာတော့ သူ့ကို နံပါတ်ပေးထားတဲ့ တိုမိုရီနဲ့ လူစားလဲခံခဲ့ရပါတယ်။

ခရစ္စတင်ဆန်ရဲ့ ဆုံးဖြတ်ချက်ကတော့ မှားယွင်းခဲ့သလို ကီပါထွက်လာချိန်မှာ နောက်ကို ကြိုပြေးထားရမယ့်အစား ဝင်ရင်းလိုက်တာကတော့ ဒိုင်လူကြီး ပေါလ် တီယာနီနဲ့ VAR တို့အတွက် ဥပဒေဘက်တော်သားတွေဆိုတဲ့ ပုံရိပ်ကောင်းကို ဖန်တီးဖို့ ဇာတ်ပို့ပေးလိုက်တာပဲလို့ သုံးသပ်ရသလို ဒီမတိုင်ခင် ပထမပိုင်းမှာတော့ ချဲလ်ဆီးတို့အနေနဲ့ လီဗာပူးလ်ကို ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့တာပါ။

ပထမပိုင်းကို ဂိုးမရှိသရေဖြစ်အပြီးမှာတော့ ဒုတိယပိုင်းအစမှာ ဟန်ဒါဆန်အစား ကစားသမားသစ် သီယာဂို ဝင်ကစားခဲ့ရမှာ လီဗာပူးလ်ရဲ့ Passing Option က ပိုမြင့်မားလာခဲ့ပြီး ပွဲချိန်မိနစ် ၅၀ မှာတော့ ဆာလားနဲ့ ဝမ်းတူးရိုက်ပြီး ထွက်လာတဲ့ ဖာမီနိုက ဖြတ်တင်ပေးတာကို နောက်မှာ ဘယ်သူရှိနေလဲဆိုတာ သတိထားဖို့ ပျက်ကွက်နေတဲ့ ဂျိမ်းစ်နောက်ကနေ မာနေးက ရောက်လာပြီး သူခေါင်းတိုက်နေကျပုံစံအတိုင်း အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ တိုမိုရီ ပြန်ပေးတဲ့ ဘောလုံးကို ဖာမီနိုနဲ့ မာနေးနှစ်ယောက်ကာထားတဲ့ ဂျော်ဂျင်ညိုဆီ သူနဲ့ အနီးဆုံးပဲလို့ တွက်ပြီး ပြီးစလွယ်ပေးခဲ့တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမား ကီပါရဲ့ အမှားကနေ မာနေးက ဖြတ်ယူသွားခဲ့ပြီး ဒုတိယအနိုင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ကွင်းလယ်မှာ လူတစ်ယောက်အပိုရထားတဲ့ လီဗာပူးလ်အနေနဲ့ ပိုမိုထိန်းချုပ်နိုင်ဖို့အတွက် ကီတာအစား ဝါရင့်ကစားသမား မီလ်နာကို ထည့်သွင်းလိုက်ချိန်မှာတော့ သီယာဂိုရဲ့ Passing Range နဲ့အတူ ရောဘတ်ဆန်က ဘယ်တောင်ပံအထိ တက်ပြီး ဖိအားပေးခဲ့ပေမယ့် ချဲလ်ဆီးကို ခံစစ်ကိုပဲ အာရုံစိုက်ကစားခဲ့လို့ တန်ပြန် တိုက်စစ်တွေတောင် ပြန်ဆင်ခွင့် ရလာခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ သူ့ရှေ့က ဖြတ်ပြေးတဲ့ တီမို ဗာနာကို ဂိုးဧရိယာထဲမှာ တွန်းခဲ့တဲ့ Over Confident သီယာဂိုကြောင့် ပင်နယ်တီ ပြန်ပေးခဲ့ရပေမယ့် ဂျော်ဂျင်ညို သူဒိုက်ပစ်မှ ကန်မှာမှန်းသိလို့ မလှုပ်ဘဲ စောင့်နေတဲ့ အယ်လီဆန်က ညာဘက်ကို ကန်သွင်းလာတဲ့ ဘောလုံးကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ နှစ်သိမ့်ဂိုး ပြန်ရခွင့်နဲ့ လွဲခဲ့ရပါတယ်။

လက်ကျန်ပွဲတွေတွေမှာတော့ လီဗာပူးလ်ရဲ့ ထိန်းချုပ်ကစားမှုနဲ့ ချဲလ်ဆီးရဲ့ တန်ပြန်တိုက်စစ် အားပြိုင်ခဲ့ကြပေမယ့် ဘယ်သူကမှ ဂိုးသွင်းဖို့ ထပ်မလုပ်နိုင်ခဲ့ကြတော့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အိမ်ရှင်တို့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ ကို ရောက်သွားခဲ့သလို ဧည့်သည်တွေကတော့ မာဆေးလ်ဆိုက်ရဲ့ အဲဗာတန်နဲ့ အမီလိုက်ပြီး ရာနှုန်းပြည့်စံချိန်ကို ရယူနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဗဟိုခံစစ်မှာ ကစားသမားသစ်တွေ ခေါ်ယူထားခြင်းမရှိတဲ့ နှစ်သင်း ယှဉ်ပြိုင်ခဲ့ရာမှာ ဗန်ဒိုက်ကို ဖာဘင်ညိုနဲ့ တွဲပေးခဲ့တဲ့ လီဗာပူးလ်တို့ အလုပ်ဖြစ်ခဲ့ပေမယ့် အဆင့်မမီတဲ့ ခံစစ်မှာ ဝါရင့်တွေဖြစ်တဲ့ အက်ဇီပီလီကွေတာနဲ့ ရူဒီဂါတို့ပါ မပါဝင်ခဲ့တဲ့ ချဲလ်ဆီးကတော့ ဖိအားတွေကို မကိုင်တွယ်နိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ရတာလို့ ဆိုနိုင်ပြီး နှစ်သင်းစလုံးအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ဒေါင်ဒေါင်မြည် ခံစစ်မှူးတစ်ဦးစီ ရရှိဖို့ လိုအပ်နေသေးကြောင်းတော့ သုံးသပ်လိုက်ရပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.