Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၁.၉.၂၀၂၀

– အသင္းရဲ႕ အေျပာင္းအေရႊ႕ေတြအတြက္ တစ္ဖက္တစ္လမ္းက ဝင္ေငြရရွိဖို႔ ကြင္းလယ္လူ လင္ဂတ္ကို ေရာင္းခ်သြားဖို႔ ရွိေနရာမွာ စပါးစ္ နည္းျပ ေမာ္ရင္ညဳိက ေပါင္သန္း ၃၀ နဲ႔ ေခၚယူႏိုင္တယ္ဆုိတဲ့အခ်က္ေတာ့ ကၽြမ္းက်င္သူေတြ သေဘာမတူဘဲ ဒီေလာက္မတန္ဘဲ ေပါင္သန္း ၂၀ ေလာက္ပဲလို႔ ဆုိေနၾက။

– ေပၚတုိေနာက္ခံလူ အဲလက္စ္ တဲလက္စ္က သူ႕အေနနဲ႔ အနာဂတ္အတြက္ ခန္႔မွန္းခ်က္ေတြမွာ မန္ခ်က္စတာယူႏုိက္တက္နဲ႔ သတင္းေတြ ထြက္ေနေပမယ့္ ေလာေလာဆယ္မွာ သူ႕ရဲ႕ ပြဲကစားခြင့္မွာပဲ အေကာင္းဆုံးေျခစြမ္းျပႏုိင္ဖို႔ အာ႐ုံစိုက္ထားတယ္လုိ႔ဆုိ။

– ပရီးမီးယားလိဂ္တန္းဆင္း ဝတ္ဖို႔ဒ္အသင္းကေတာ့ လီဗာပူးလ္က မေခၚယူေတာ့တဲ့ သူတုိ႔ရဲ႕ ေတာင္ပံကစားသမား အစၥမိုင္လာ ဆားရ္ကို ေပါင္သန္း ၄၀ ကနဦးေပးေခ်ၿပီး ၁၀ သန္းကို ေဘာနပ္စ္အျဖစ္ ေပးေခ်ႏိုင္တယ္လုိ႔ ကမ္းလွမ္းလာခဲ့။

– ခရစၥတယ္လ္ပဲေလ့စ္အသင္းကို ရွဳံးတဲ့ပြဲမွာ ေနာက္ခံလူေတြျဖစ္ၾကတဲ့ လုခ္ေရွာ၊ လင္ဒီေလာ့ဖ္၊ ကြင္းလယ္လူ မက္ေတာ္မီေနးနဲ႔ ေတာင္ပံ ကစားသမား ဂ်ိမ္းစ္တုိ႔ဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အဆင့္အတန္းမ်ဳိးမရွိသလို ဆုိးလ္ရွားဟာလည္း ကမာၻ႕ထိပ္တန္းနည္းျပ ၂၀ ကို ေရြးရင္ ပါဝင္မွာ မဟုတ္ဘူးလို႔ Talk Sport ေဝဖန္။

– ေပၚတုိအသင္းဘက္က ေပါင္ ၁၀ သန္း ေလွ်ာ့ခ်သြားဖို႔ ရွိေနၿပီး တစ္ႏွစ္လစာ ေပါင္ ၃.၇ သန္းသာ ေပးေခ်ရမယ့္ အဲလက္စ္ တဲလက္စ္ကို ေပသီးေခါက္ၿပီး မေခၚယူတဲ့ အက္ဒ္ ဝုဒ္ဝဒ္ကို မန္ခ်က္စတာယူႏုိက္တက္ ပရိသတ္ေတြ ေဒါသထြက္ေနၾက။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ နည္းျပရာထူးအတြက္ ဆုိးလ္ရွားအစား လိဒ္စ္ယူႏုိက္တက္နည္းျပ မာဆယ္လို ဘီယယ္လ္ဆာကသာ အသင့္ေတာ္ဆုံးျဖစ္လိမ့္မယ္လုိ႔ ခ်ဲလ္ဆီးနဲ႔ အုိင္ယာလန္တုိက္စစ္မွဴးေဟာင္း တုိနီ ကက္စ္ကာရီႏို အႀကံေပး။

– အသင္းအတြက္ ကစားသမားသစ္ေခၚယူမွဳေတြမွာ အဓိကလိုအပ္တာ ဆန္ခ်ဳိနဲ႔ ဆားရ္တုိ႔လို ေတာင္ပံကစားသမားမဟုတ္ဘဲ ဗဟိုခံစစ္သာျဖစ္တယ္လို႔ ဂယ္ရီ နဗီးလ္နဲ႔တကြ ကၽြမ္းက်င္သူေတြက ေထာက္ျပထားေပမယ့္ အဆိုပါေနရာအတြက္ ဘာသံမွ မၾကားရေသး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင်းရဲ့ အပြောင်းအရွှေ့တွေအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိဖို့ ကွင်းလယ်လူ လင်ဂတ်ကို ရောင်းချသွားဖို့ ရှိနေရာမှာ စပါးစ် နည်းပြ မော်ရင်ညိုက ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်တယ်ဆိုတဲ့အချက်တော့ ကျွမ်းကျင်သူတွေ သဘောမတူဘဲ ဒီလောက်မတန်ဘဲ ပေါင်သန်း ၂၀ လောက်ပဲလို့ ဆိုနေကြ။

– ပေါ်တိုနောက်ခံလူ အဲလက်စ် တဲလက်စ်က သူ့အနေနဲ့ အနာဂတ်အတွက် ခန့်မှန်းချက်တွေမှာ မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေ ထွက်နေပေမယ့် လောလောဆယ်မှာ သူ့ရဲ့ ပွဲကစားခွင့်မှာပဲ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ အာရုံစိုက်ထားတယ်လို့ဆို။

– ပရီးမီးယားလိဂ်တန်းဆင်း ဝတ်ဖို့ဒ်အသင်းကတော့ လီဗာပူးလ်က မခေါ်ယူတော့တဲ့ သူတို့ရဲ့ တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်ကို ပေါင်သန်း ၄၀ ကနဦးပေးချေပြီး ၁၀ သန်းကို ဘောနပ်စ်အဖြစ် ပေးချေနိုင်တယ်လို့ ကမ်းလှမ်းလာခဲ့။

– ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို ရှုံးတဲ့ပွဲမှာ နောက်ခံလူတွေဖြစ်ကြတဲ့ လုခ်ရှော၊ လင်ဒီလော့ဖ်၊ ကွင်းလယ်လူ မက်တော်မီနေးနဲ့ တောင်ပံ ကစားသမား ဂျိမ်းစ်တို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဆင့်အတန်းမျိုးမရှိသလို ဆိုးလ်ရှားဟာလည်း ကမ္ဘာ့ထိပ်တန်းနည်းပြ ၂၀ ကို ရွေးရင် ပါဝင်မှာ မဟုတ်ဘူးလို့ Talk Sport ဝေဖန်။

– ပေါ်တိုအသင်းဘက်က ပေါင် ၁၀ သန်း လျှော့ချသွားဖို့ ရှိနေပြီး တစ်နှစ်လစာ ပေါင် ၃.၇ သန်းသာ ပေးချေရမယ့် အဲလက်စ် တဲလက်စ်ကို ပေသီးခေါက်ပြီး မခေါ်ယူတဲ့ အက်ဒ် ဝုဒ်ဝဒ်ကို မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ ဒေါသထွက်နေကြ။

– မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြရာထူးအတွက် ဆိုးလ်ရှားအစား လိဒ်စ်ယူနိုက်တက်နည်းပြ မာဆယ်လို ဘီယယ်လ်ဆာကသာ အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့ ချဲလ်ဆီးနဲ့ အိုင်ယာလန်တိုက်စစ်မှူးဟောင်း တိုနီ ကက်စ်ကာရီနို အကြံပေး။

– အသင်းအတွက် ကစားသမားသစ်ခေါ်ယူမှုတွေမှာ အဓိကလိုအပ်တာ ဆန်ချိုနဲ့ ဆားရ်တို့လို တောင်ပံကစားသမားမဟုတ်ဘဲ ဗဟိုခံစစ်သာဖြစ်တယ်လို့ ဂယ်ရီ နဗီးလ်နဲ့တကွ ကျွမ်းကျင်သူတွေက ထောက်ပြထားပေမယ့် အဆိုပါနေရာအတွက် ဘာသံမှ မကြားရသေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.