Other Leagues

အိုးထရက်ဖို့ဒ်က ထွက်ပြီးနောက် အသင်း ၂ သင်းကို ပြောင်းရွှေ့ချင်ခဲ့တဲ့ ရော်နယ်လ်ဒို

ဗြိတိန်သတင်းတင်ဆက်သူ ပီးယာ့စ် မော်ဂန်က ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာခဲ့ပြီးနောက် ဆဲလ်တစ် သို့မဟုတ် ရိန်းဂျားစ်တို့ကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ အယ်လ် နက်ဆာအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပေမယ့်လည်း talkSPORT နဲ့ အင်တာဗျူးမှာ မော်ဂန်က မန်ချက်စတာယူနိုက်တက်ဂန္တဝင်က ချန်ပီယံလိဂ်မှာ ဆက်ကစားချင်နေခဲ့တာကြောင့် အရာအားလုံးက မတူညီတဲ့ပုံစံနဲ့ အဆုံးသတ်ခဲ့မယ်ဆိုရင် စကော့တလန်ဟာ ရော်နယ်လ်ဒို နောက်ထပ်ပြောင်းရွှေ့မယ့်နေရာဖြစ်ခဲ့လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ စကော့တလန်ပရီးမီးယားလိဂ်က ဆော်ဒီ ပရိုလိဂ်ပေးတဲ့ ပမာဏအတိုင်း ပေးချေမယ်ဆိုရင် စကော့တလန်ကို ပြောင်းရွှေ့နိုင်လားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ပီးယာ့စ် မော်ဂန်က”ရော်နယ်လ်ဒိုက ချန်ပီယံလိဂ်ကစားရမယ့် ဘယ်လိုနေရာကိုမဆို သွားခဲ့ပါလိမ့်မယ်။ ကျွန်တော် အဲဒါကို ဘာလို့သိလဲဆိုတော့ သူတကယ်လုပ်ချင်ခဲ့တဲ့အရာက သူ့ရဲ့ ချန်ပီယံလိဂ်ကစားသမားဘဝကို ဆက်လက် တိုးမြှင့်ချင်တာလို့ ပြောခဲ့လို့ပါ။ သူက ချန်ပီယံလိဂ်မှာ စံချိန်မှတ်တမ်းအများဆုံးကစားသမားဖြစ်ပြီး သူက အဲဒါကို ထပ်ပြီးတော့ တိုးမြှင့်ချင်တယ်။ မက်ဆီ သူ့ကို လိုက်မမီတော့ဘဲ တသက်တာအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်အောင် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒါက သူ့အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ အဓိကအကြောင်းအရင်းပါ”လို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာမှုက ကမ္ဘာတလွှားမှာ လှုပ်ခတ်ခဲ့ပြီး ချဲလ်ဆီး၊ အသင်းဟောင်း စပို့တင်း လစ္စဘွန်းအပါအဝင် အသင်းအများအပြားနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် နက်ဆာကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့က အမြင်ကွဲပြားမှုတွေကို ဖြစ်စေခဲ့ပြီး အချို့က အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ငွေနောက်လိုက်သွားတာဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ပီးယာ့စ် မော်ဂန်က ငြင်းပယ်ခဲ့ပါတယ်။

“သူက ငွေကြေးထက် စံချိန်မှတ်တမ်းတွေနဲ့ အမွေအနှစ်တွေနောက်ကို လိုက်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူက ပေါင်သန်း ၅၀၀ လောက် ပိုင်ဆိုင်ထားပြီးပါပြီ။ အဲဒီတော့ ဆော်ဒီ အာရေဗျမှာ ငွေလေးတစ်ပဲခြောက်ပြားလောက်ကို သူ လိုအပ်တဲ့ပုံမပေါ်ပါဘူး။ သူက ကမ္ဘာ့ချန်ပီယံတွေကို အနိုင်ယူခဲ့တဲ့ အရမ်းကောင်းမွန်တဲ့ ရေခံမြေခံမှာ ဘောလုံးဖွံဖြိုးရေးအတွက် တည်ဆောက်ပေးဖို့အတွက် အထင်ကြီးစရာကောင်းတဲ့ လစာပမာဏကို ရှိနေတာပဲ ဖြစ်ပါလိမ့်မယ်”

“အဲဒီတော့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အရှေ့အလယ်ပိုင်းက ဘောလုံးဇာတ်ကြောင်း ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး အရာအားလုံးက အပြောင်းအလဲတွေ အများကြီးဖြစ်သွားခဲ့တယ်။ ယေဘုယျအားဖြင့် အဲဒီဒေသအတွက် ကမ္ဘာ့ဖလားက အရမ်းကြီးကျယ်ခမ်းနားပြီး ဆော်ဒီက ဘောလုံးလောကမှာ လုံးဝ မသက်ဆိုင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ လလောက်တုန်းက အပြောင်းအရွှေ့ လုပ်ခဲ့တာထက်စာရင် အခု အပြောင်းအရွှေ့က သိပ်ပြီးတော့ ရူးသွပ်ရာမကျတော့တဲ့ပုံပေါ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿဗိတိန္သတင္းတင္ဆက္သူ ပီးယာ့စ္ ေမာ္ဂန္က ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ႏိုဝင္ဘာလမွာ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာခဲ့ၿပီးေနာက္ ဆဲလ္တစ္ သို႔မဟုတ္ ရိန္းဂ်ားစ္တို႔ကို ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ အယ္လ္ နက္ဆာအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ေပမယ့္လည္း talkSPORT နဲ႔ အင္တာဗ်ဴးမွာ ေမာ္ဂန္က မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္က ခ်န္ပီယံလိဂ္မွာ ဆက္ကစားခ်င္ေနခဲ့တာေၾကာင့္ အရာအားလုံးက မတူညီတဲ့ပုံစံနဲ႔ အဆုံးသတ္ခဲ့မယ္ဆိုရင္ စေကာ့တလန္ဟာ ေရာ္နယ္လ္ဒို ေနာက္ထပ္ေျပာင္းေ႐ႊ႕မယ့္ေနရာျဖစ္ခဲ့လိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ စေကာ့တလန္ပရီးမီးယားလိဂ္က ေဆာ္ဒီ ပ႐ိုလိဂ္ေပးတဲ့ ပမာဏအတိုင္း ေပးေခ်မယ္ဆိုရင္ စေကာ့တလန္ကို ေျပာင္းေ႐ႊ႕ႏိုင္လားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ပီးယာ့စ္ ေမာ္ဂန္က”ေရာ္နယ္လ္ဒိုက ခ်န္ပီယံလိဂ္ကစားရမယ့္ ဘယ္လိုေနရာကိုမဆို သြားခဲ့ပါလိမ့္မယ္။ ကြၽန္ေတာ္ အဲဒါကို ဘာလို႔သိလဲဆိုေတာ့ သူတကယ္လုပ္ခ်င္ခဲ့တဲ့အရာက သူ႔ရဲ႕ ခ်န္ပီယံလိဂ္ကစားသမားဘဝကို ဆက္လက္ တိုးျမႇင့္ခ်င္တာလို႔ ေျပာခဲ့လို႔ပါ။ သူက ခ်န္ပီယံလိဂ္မွာ စံခ်ိန္မွတ္တမ္းအမ်ားဆုံးကစားသမားျဖစ္ၿပီး သူက အဲဒါကို ထပ္ၿပီးေတာ့ တိုးျမႇင့္ခ်င္တယ္။ မက္ဆီ သူ႔ကို လိုက္မမီေတာ့ဘဲ တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္ေအာင္ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ အဲဒါက သူ႔အတြက္ စိတ္ဓာတ္ခြန္အားျဖစ္ေစတဲ့ အဓိကအေၾကာင္းအရင္းပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းမွာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာမႈက ကမာၻတလႊားမွာ လႈပ္ခတ္ခဲ့ၿပီး ခ်ဲလ္ဆီး၊ အသင္းေဟာင္း စပို႔တင္း လစၥဘြန္းအပါအဝင္ အသင္းအမ်ားအျပားနဲ႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ အယ္လ္ နက္ဆာကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

ဒီအေျပာင္းအေ႐ႊ႕က အျမင္ကြဲျပားမႈေတြကို ျဖစ္ေစခဲ့ၿပီး အခ်ိဳ႕က အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေငြေနာက္လိုက္သြားတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ပီးယာ့စ္ ေမာ္ဂန္က ျငင္းပယ္ခဲ့ပါတယ္။

“သူက ေငြေၾကးထက္ စံခ်ိန္မွတ္တမ္းေတြနဲ႔ အေမြအႏွစ္ေတြေနာက္ကို လိုက္ခဲ့တယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ သူက ေပါင္သန္း ၅၀၀ ေလာက္ ပိုင္ဆိုင္ထားၿပီးပါၿပီ။ အဲဒီေတာ့ ေဆာ္ဒီ အာေရဗ်မွာ ေငြေလးတစ္ပဲေျခာက္ျပားေလာက္ကို သူ လိုအပ္တဲ့ပုံမေပၚပါဘူး။ သူက ကမာၻ႔ခ်န္ပီယံေတြကို အႏိုင္ယူခဲ့တဲ့ အရမ္းေကာင္းမြန္တဲ့ ေရခံေျမခံမွာ ေဘာလုံးဖြံၿဖိဳးေရးအတြက္ တည္ေဆာက္ေပးဖို႔အတြက္ အထင္ႀကီးစရာေကာင္းတဲ့ လစာပမာဏကို ရွိေနတာပဲ ျဖစ္ပါလိမ့္မယ္”

“အဲဒီေတာ့ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္း အေရွ႕အလယ္ပိုင္းက ေဘာလုံးဇာတ္ေၾကာင္း ေျပာဆိုမႈေတြနဲ႔ပတ္သက္ၿပီး အရာအားလုံးက အေျပာင္းအလဲေတြ အမ်ားႀကီးျဖစ္သြားခဲ့တယ္။ ေယဘုယ်အားျဖင့္ အဲဒီေဒသအတြက္ ကမာၻ႔ဖလားက အရမ္းႀကီးက်ယ္ခမ္းနားၿပီး ေဆာ္ဒီက ေဘာလုံးေလာကမွာ လုံးဝ မသက္ဆိုင္ခဲ့တဲ့ လြန္ခဲ့တဲ့ ၆ လေလာက္တုန္းက အေျပာင္းအေ႐ႊ႕ လုပ္ခဲ့တာထက္စာရင္ အခု အေျပာင္းအေ႐ႊ႕က သိပ္ၿပီးေတာ့ ႐ူးသြပ္ရာမက်ေတာ့တဲ့ပုံေပၚပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.