Other Leagues

ပွဲဦးထွက်မှာ ဟက်ထရစ်နဲ့ ဖလားတစ်လုံးသိမ်းပြီး ငါမအိုသေးဆိုတာ ပြလိုက်တဲ့ ဆွာရက်ဇ်

ဘာစီလိုနာဂန္တဝင် လူးဝစ္စ ဆွာရက်ဇ်ဟာ ဂရီမီယိုအတွက် ပွဲဦးထွက်ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး အင်္ဂါနေ့မှာ ရီကိုပါ ဂါအူချာစူပါဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဥရုဂွေးဝါရင့်တိုက်စစ်မှူးဟာ ဥရုဂွေးကလပ် နေစီယွန်နယ်အသင်းနဲ့ ၆ လကြာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် ဘရာဇီးလ်ကလပ် ဂရီမီယိုကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ပွဲစတင်ပြီး ၅ မိနစ်မှာပဲ ပြိုင်ဘက်ဂိုးသမားအပေါ်ကနေ ပထမဆုံးအကြိမ် ဘောလုံးကို ကျော်ကန်ပြီး အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပြီး နောက်ထပ် ၉ မိနစ်အကြာမှာ ဆာအို လူးဝစ်ဇ်က ချေပဂိုး ပြန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ၃၁ မိနစ်မှာ သေသပ်တဲ့ ကန်ချက်နဲ့အတူ ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပြီး ပထမပိုင်းပြီးဆုံးခါနီး ၇ မိနစ်အကြာမှာ ဟက်ထရစ်ပြည့်မြောက်စေမယ့် သွင်းဂိုးကို ပင်နယ်တီဧရိယာထဲမှာ မြေမကျဘော ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ဂရီမီယိုအသင်းဟာ ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ဘရာဇီးလ်ကလပ်အသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးပြည့်စုံတဲ့ စတင်မှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လူးဝစ္စ ဆွာရက်ဇ်ဟာ အိုင်းယက်စ်၊ လီဗာပူးလ်၊ ဘာစီလိုနာတို့မှာ ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး စီနီယာကစားသမားဘဝ ပြိုင်ပွဲစုံ ၇၁၅ ပွဲမှာ သွင်းဂိုး ၄၄၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၄၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ဒီမျိုးဆက်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

လူးဝစ္စ ဆွာရက်ဇ်ဟာ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း ဥရုဂွေးအသင်းအတွက် ကစားပေးနေဆဲဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် ၁၃၇ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၆၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာဂႏၲဝင္ လူးဝစၥ ဆြာရက္ဇ္ဟာ ဂရီမီယိုအတြက္ ပြဲဦးထြက္ပြဲစဥ္မွာ ဟက္ထရစ္ သြင္းယူႏိုင္ခဲ့ၿပီး အဂၤါေန႔မွာ ရီကိုပါ ဂါအူခ်ာစူပါဖလားရရွိေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးဟာ ဥ႐ုေဂြးကလပ္ ေနစီယြန္နယ္အသင္းနဲ႔ ၆ လၾကာ အခ်ိန္ကုန္ဆုံးခဲ့ၿပီးေနာက္ ဘရာဇီးလ္ကလပ္ ဂရီမီယိုကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ပါတယ္။

ဆြာရက္ဇ္ဟာ ပြဲစတင္ၿပီး ၅ မိနစ္မွာပဲ ၿပိဳင္ဘက္ဂိုးသမားအေပၚကေန ပထမဆုံးအႀကိမ္ ေဘာလုံးကို ေက်ာ္ကန္ၿပီး အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ၿပီး ေနာက္ထပ္ ၉ မိနစ္အၾကာမွာ ဆာအို လူးဝစ္ဇ္က ေခ်ပဂိုး ျပန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာၾကယ္ပြင့္ေဟာင္းဟာ ၃၁ မိနစ္မွာ ေသသပ္တဲ့ ကန္ခ်က္နဲ႔အတူ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ၿပီး ပထမပိုင္းၿပီးဆုံးခါနီး ၇ မိနစ္အၾကာမွာ ဟက္ထရစ္ျပည့္ေျမာက္ေစမယ့္ သြင္းဂိုးကို ပင္နယ္တီဧရိယာထဲမွာ ေျမမက်ေဘာ ကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ဂရီမီယိုအသင္းဟာ ၄-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး ဘရာဇီးလ္ကလပ္အသင္းနဲ႔ ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးျပည့္စုံတဲ့ စတင္မႈ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

လူးဝစၥ ဆြာရက္ဇ္ဟာ အိုင္းယက္စ္၊ လီဗာပူးလ္၊ ဘာစီလိုနာတို႔မွာ ကမာၻ႔ထိပ္တန္းတိုက္စစ္မႉးအျဖစ္ သက္ေသျပသႏိုင္ခဲ့သူျဖစ္ၿပီး စီနီယာကစားသမားဘဝ ၿပိဳင္ပြဲစုံ ၇၁၅ ပြဲမွာ သြင္းဂိုး ၄၄၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂၄၃ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ဒီမ်ိဳးဆက္မွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ သတ္မွတ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

လူးဝစၥ ဆြာရက္ဇ္ဟာ အသက္ ၃၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ေပမယ့္လည္း ဥ႐ုေဂြးအသင္းအတြက္ ကစားေပးေနဆဲျဖစ္ၿပီး လက္ေ႐ြးစင္အသင္းအတြက္ ၁၃၇ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၆၈ ဂိုး သြင္းယူထားတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.