Other Leagues

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ တွေ့ဆုံမယ့်ပွဲကနေ ကြီးမားတဲ့ငွေကြေးရရှိမယ့် ပီအက်စ်ဂျီ

လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ယှဉ်ပြိုင်မှုဟာ လှပတဲ့ပြိုင်ပွဲမှာ အကြီးမားဆုံးအငြင်းအခုံတွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ညနေမှာ ပီအက်စ်ဂျီအသင်းက ရီယက်ဒ်မှာ ဆော်ဒီ ကြယ်စင်စုအသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး တသက်တာအကောင်းဆုံးကစားသမား ၂ ဦးကို ကွင်းထဲမှာ အတူတူ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

L’Equipe ရဲ့ ဖော်ပြချက်အရ လိဂန်းချန်ပီယံတွေဟာ ဆော်ဒီ အာရေဗျမှာ တစ်ပွဲပဲ ကစားရုံနဲ့ ပေါင် ၈.၈ သန်းအထိ အံ့အားသင့်ဖွယ် ရရှိမှာဖြစ်တယ်လို့ သိရပြီး အဲဒီပမာဏဟာ ပြီးခဲ့တဲ့ရာဦမှာ ပေါင် ၃၂၅ သန်းအထိ အရှုံးပေါ်ခဲ့တဲ့ ပီအက်စ်ဂျီအတွက် မငြင်းရက်နိုင်စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ပွဲစဉ်ကို ဆော်ဒီ ပရိုလိဂ်က ကြယ်ပွင့်ကစားသမားတွေ အများအပြား ပါဝင်ကစားသွားမှာဖြစ်ပြီး ရော်နယ်လ်ဒိုကလည်း ပြီးခဲ့တဲ့လမှာ အယ်လ် နက်ဆာကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းမှာ ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားမှာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဆော်ဒီ ကြယ်စင်စုအသင်းရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်သွားမှာဖြစ်တယ်လို့ မျှော်မှန်းခြင်းခံထားရပြီး မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ၂ ဦးစလုံးဟာ အသက် ၃၀ ကျော်အရွယ်ရောက်ရှိနေပြီဖြစ်တာကြောင့် ဒီတစ်ကြိမ်ဟာ ဂန္တဝင်ကစားသမား ၂ ဦးကြား နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာနိုင်တယ်လို့အများစုက ထင်မြင်နေကြပါတယ်။

လက်မှတ်ဈေးနှုန်းကလည်း အလွန်မြင့်မားနေပြီး ဆော်ဒီ လုပ်ငန်းရှင်တစ်ဦးဆိုရင် King Fahd နိုင်ငံတကာကွင်းထဲက ခုံတစ်ခုံရဖို့ ပေါင် ၂ သန်းကျော် ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပေါင် ၂ သန်းကျော် ထိုင်ခုံဝယ်ယူခဲ့တဲ့ ဆော်ဒီ အာရေဗျလုပ်ငန်းရှင်ဟာ ဆော်ဒီ အထွေထွေဖျော်ဖြေရေးအာဏာပိုင်အဖွဲ့အစည်းဥက္ကဌ တာကီ အယ်လ် ရှိတ်ခ်နဲ့အတူ ထိုင်ခွင့် ရရှိမှာဖြစ်ပြီး ပွဲအပြီးမှာ နှစ်သင်းစလုံးရဲ့ အဝတ်လဲခန်းထဲကို ဝင်ရောက်ခွင့်နဲ့ အနိုင်ရရှိတဲ့အသင်းရဲ့ အောင်ပွဲခံအခမ်းအနားကိုလည်း တက်ရောက်ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ်ဟာ လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ပြိုင်ပွဲစုံမှာ ထိပ်တိုက်ရင်ဆိုင်တဲ့ ၃၅ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်လာမှာဖြစ်ပြီး နောက်ဆုံးတွေ့ဆုံခဲ့မှုကတော့ ၂၀၂၀ ခုနှစ်တုန်းက နူးကမ့်မှာ ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တုန်းက ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ ယွဥ္ၿပိဳင္မႈဟာ လွပတဲ့ၿပိဳင္ပြဲမွာ အႀကီးမားဆုံးအျငင္းအခုံေတြထဲက တစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။

ၾကာသပေတးေန႔ညေနမွာ ပီအက္စ္ဂ်ီအသင္းက ရီယက္ဒ္မွာ ေဆာ္ဒီ ၾကယ္စင္စုအသင္းနဲ႔ ခ်စ္ၾကည္ေရး ေျခစမ္းပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးကို ကြင္းထဲမွာ အတူတူ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

L’Equipe ရဲ႕ ေဖာ္ျပခ်က္အရ လိဂန္းခ်န္ပီယံေတြဟာ ေဆာ္ဒီ အာေရဗ်မွာ တစ္ပြဲပဲ ကစား႐ုံနဲ႔ ေပါင္ ၈.၈ သန္းအထိ အံ့အားသင့္ဖြယ္ ရရွိမွာျဖစ္တယ္လို႔ သိရၿပီး အဲဒီပမာဏဟာ ၿပီးခဲ့တဲ့ရာဦမွာ ေပါင္ ၃၂၅ သန္းအထိ အရႈံးေပၚခဲ့တဲ့ ပီအက္စ္ဂ်ီအတြက္ မျငင္းရက္ႏိုင္စရာ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ၾကာသပေတးေန႔ပြဲစဥ္ကို ေဆာ္ဒီ ပ႐ိုလိဂ္က ၾကယ္ပြင့္ကစားသမားေတြ အမ်ားအျပား ပါဝင္ကစားသြားမွာျဖစ္ၿပီး ေရာ္နယ္လ္ဒိုကလည္း ၿပီးခဲ့တဲ့လမွာ အယ္လ္ နက္ဆာကို အၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ပိုင္း အေရွ႕အလယ္ပိုင္းမွာ ပထမဆုံးပြဲစဥ္အျဖစ္ ပါဝင္ကစားသြားမွာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေဆာ္ဒီ ၾကယ္စင္စုအသင္းရဲ႕ အသင္းေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္သြားမွာျဖစ္တယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ ၂ ဦးစလုံးဟာ အသက္ ၃၀ ေက်ာ္အ႐ြယ္ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ဒီတစ္ႀကိမ္ဟာ ဂႏၲဝင္ကစားသမား ၂ ဦးၾကား ေနာက္ဆုံးအႀကိမ္ ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္လာႏိုင္တယ္လို႔အမ်ားစုက ထင္ျမင္ေနၾကပါတယ္။

လက္မွတ္ေဈးႏႈန္းကလည္း အလြန္ျမင့္မားေနၿပီး ေဆာ္ဒီ လုပ္ငန္းရွင္တစ္ဦးဆိုရင္ King Fahd ႏိုင္ငံတကာကြင္းထဲက ခုံတစ္ခုံရဖို႔ ေပါင္ ၂ သန္းေက်ာ္ ေပးခဲ့ရတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ေပါင္ ၂ သန္းေက်ာ္ ထိုင္ခုံဝယ္ယူခဲ့တဲ့ ေဆာ္ဒီ အာေရဗ်လုပ္ငန္းရွင္ဟာ ေဆာ္ဒီ အေထြေထြေဖ်ာ္ေျဖေရးအာဏာပိုင္အဖြဲ႕အစည္းဥကၠဌ တာကီ အယ္လ္ ရွိတ္ခ္နဲ႔အတူ ထိုင္ခြင့္ ရရွိမွာျဖစ္ၿပီး ပြဲအၿပီးမွာ ႏွစ္သင္းစလုံးရဲ႕ အဝတ္လဲခန္းထဲကို ဝင္ေရာက္ခြင့္နဲ႔ အႏိုင္ရရွိတဲ့အသင္းရဲ႕ ေအာင္ပြဲခံအခမ္းအနားကိုလည္း တက္ေရာက္ခြင့္ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီတစ္ႀကိမ္ဟာ လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ ၿပိဳင္ပြဲစုံမွာ ထိပ္တိုက္ရင္ဆိုင္တဲ့ ၃၅ ႀကိမ္ေျမာက္ ေတြ႕ဆုံမႈျဖစ္လာမွာျဖစ္ၿပီး ေနာက္ဆုံးေတြ႕ဆုံခဲ့မႈကေတာ့ ၂၀၂၀ ခုႏွစ္တုန္းက ႏူးကမ့္မွာ ဂ်ဴဗင္တပ္နဲ႔ ဘာစီလိုနာတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္တုန္းက ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.