La Liga Premier League

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေကို အဖြေပေးလိုက်ပြီဖြစ်တဲ့ ရာဖင်ညာ

ဘာစီလိုနာတောင်ပံကြယ်ပွင့် ရာဖင်ညာဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ကို ပြောင်းရွှေ့မယ့်သတင်းတွေကို ငြင်းပယ်သွားခဲ့တယ်လို့ စပိန်က သတင်းတွေအရ သိရပါတယ်။

ဂန်းနားတွေဟာ ယခုလမှာ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ မိုင်ခေလို မာဒရစ်ခ်ကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းက အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားကို ယူရိုသန်း ၁၀၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ လူအင်အားဖြည့်တင်းချင်နေဆဲဖြစ်ပြီး လက်ရှိမှာတော့ မာဒရစ်ခ်ကို လက်လွှတ်ခဲ့ရပြီးနောက် တခြားရွေးချယ်စရာတွေကို ရှာဖွေနေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရာဖင်ညာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဘရာဇီးလ်တောင်ပံကစားသမားဟာဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ရာဖင်ညာဟာ ဘာစီလိုနာအသင်းမှာ ပထမဆုံးလအနည်းငယ်အတွင်း အကျိုးသက်ရောက်မှု ပြသဖို့ ရုန်းကန်ခဲ့ရပြီးနောက် အာဆင်နယ်ရဲ့ ပစ်မှတ်ထဲကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကတ်တလန်အသင်းကြီးက ယူရိုသန်း ၁၀၀နဲ့ ရောင်းချချင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း Mundo Deportivo ရဲ့သတင်းအရ ရာဖင်ညာရဲ့ ကိုယ်စားလှယ်တွေဟာ အသက် ၂၆ နှစ်အရွယ် တောင်ပံကစာသမားဟာ ဇန်နဝါရီလအတွင်း အပြောင်းအရွှေ့ပြုလုပ်ချင်တဲ့ဆန္ဒမရှိဘဲ ဘာစီလိုနာနဲ့အတူ ရာသီကုန်တဲ့အထိ ဆက်နေသွားချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရာဖင်ညာဟာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ညနေက စပိန်စူပါဖလားဗိုလ်လုပွဲအတွင်း နောက်ကျ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ဘရာဇီးလ်တောင်ပံကစားသမားက အင်စတာဂရမ်မှာ ပို့စ်တင်ပြီး ဘာဆာနဲ့အတူ ရာသီကုန်ဆုံးသွားမယ်ဆိုတဲ့ လက္ခဏာမျိုး ပရိသတ်တွေကို ပြသခဲ့ပါတယ်။

“ပထမဆုံးရာသီ၊ ဒီ ဧရာမ ရှပ်နဲ့ ပထမဆုံး။ အဲဒါတွေက ဘာစီလိုနာပါ။ ဒီလို အံ့အားသင့်စရာအခိုက်အတန့်အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ် သွားကြစို့”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာေတာင္ပံၾကယ္ပြင့္ ရာဖင္ညာဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕မယ့္သတင္းေတြကို ျငင္းပယ္သြားခဲ့တယ္လို႔ စပိန္က သတင္းေတြအရ သိရပါတယ္။

ဂန္းနားေတြဟာ ယခုလမွာ ဦးစားေပးပစ္မွတ္ျဖစ္တဲ့ မိုင္ေခလို မာဒရစ္ခ္ကို ေခၚယူဖို႔ ၿပိဳင္ပြဲမွာ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းက အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားကို ယူ႐ိုသန္း ၁၀၀ နဲ႔ အၿပီးသတ္ေခၚယူႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူေတြဟာ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ လူအင္အားျဖည့္တင္းခ်င္ေနဆဲျဖစ္ၿပီး လက္ရွိမွာေတာ့ မာဒရစ္ခ္ကို လက္လႊတ္ခဲ့ရၿပီးေနာက္ တျခားေ႐ြးခ်ယ္စရာေတြကို ရွာေဖြေနတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရာဖင္ညာကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဘရာဇီးလ္ေတာင္ပံကစားသမားဟာဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္သြားခဲ့တာ ျဖစ္ပါတယ္။

ရာဖင္ညာဟာ ဘာစီလိုနာအသင္းမွာ ပထမဆုံးလအနည္းငယ္အတြင္း အက်ိဳးသက္ေရာက္မႈ ျပသဖို႔ ႐ုန္းကန္ခဲ့ရၿပီးေနာက္ အာဆင္နယ္ရဲ႕ ပစ္မွတ္ထဲကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ကတ္တလန္အသင္းႀကီးက ယူ႐ိုသန္း ၁၀၀နဲ႔ ေရာင္းခ်ခ်င္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း Mundo Deportivo ရဲ႕သတင္းအရ ရာဖင္ညာရဲ႕ ကိုယ္စားလွယ္ေတြဟာ အသက္ ၂၆ ႏွစ္အ႐ြယ္ ေတာင္ပံကစာသမားဟာ ဇန္နဝါရီလအတြင္း အေျပာင္းအေ႐ႊ႕ျပဳလုပ္ခ်င္တဲ့ဆႏၵမရွိဘဲ ဘာစီလိုနာနဲ႔အတူ ရာသီကုန္တဲ့အထိ ဆက္ေနသြားခ်င္ေၾကာင္း ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ရာဖင္ညာဟာ ဘာစီလိုနာအသင္းက ရီးရဲလ္မက္ဒရစ္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ တနဂၤေႏြေန႔ညေနက စပိန္စူပါဖလားဗိုလ္လုပြဲအတြင္း ေနာက္က် လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ ဘရာဇီးလ္ေတာင္ပံကစားသမားက အင္စတာဂရမ္မွာ ပို႔စ္တင္ၿပီး ဘာဆာနဲ႔အတူ ရာသီကုန္ဆုံးသြားမယ္ဆိုတဲ့ လကၡဏာမ်ိဳး ပရိသတ္ေတြကို ျပသခဲ့ပါတယ္။

“ပထမဆုံးရာသီ၊ ဒီ ဧရာမ ရွပ္နဲ႔ ပထမဆုံး။ အဲဒါေတြက ဘာစီလိုနာပါ။ ဒီလို အံ့အားသင့္စရာအခိုက္အတန႔္အတြက္ ေက်းဇူးတင္ပါတယ္။ ေနာက္ထပ္ သြားၾကစို႔”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.