Premier League

ဘရာဇီးလ်သားအချင်းချင်းတောင် အထာမထားခဲ့တဲ့ ရစ်ချာလီဆန်

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ရစ်ချာလီဆန်ဟာ တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော် ဂါဘရီယဲလ် မာတီနယ်လီနဲ့ လက်သီးချင်းထိဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာ ၎င်းရဲ့ လုပ်ရပ်အတွက် တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် အဲဗာတန်တိုက်စစ်မှူးဟောင်းဟာ တနင်္ဂနွေနေ့ပွဲစဉ်မှာ ဒုတိယပိုင်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အသင်းအတွက် အကျိုးသက်ရောက်မှု တစ်စုံတရာ မပြသနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းက တော့တင်ဟမ်ဟော့စပါးကွင်းမှာ အနိုင် ၃ မှတ်စလုံးကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဟူဂို လိုရစ်ရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ဂိုး၊ မာတင် အော်ဒီဂွါဒ်ရဲ့ အံ့အားသင့်ဖွယ် အဝေးကန်ချက်ကနေ ရရှိခဲ့တဲ့ဂိုးတွေနဲ့ အာဆင်နယ်အသင်းဟာ ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး အမှတ်ပေးဇယား ဒုတိယနေရာက မန်ချက်စတာစီးတီးနဲ့ ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂန်းနားတွေဆီကနေ အထင်ကြီးဖွယ် စွမ်းဆောင်ရည် ဖြစ်ခဲ့ပေမယ့်လည်း ပွဲပြီးဝီစီမှုတ်ခဲ့ပြီးနောက် ပရိသတ်တစ်ဦးက အာရွန် ရမ်းစ်ဒေးလ်ကို ကန်ကျောက်ခဲ့တဲ့အချိန်မှာ ဖျော်ဖြေမှုပေးခဲ့တဲ့ ပွဲစဉ်ဟာ အကျည်းတန်ခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ နောက်ထပ် အရုပ်ဆိုးတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ပြီး အာဆင်နယ်ကြယ်ပွင့် ဂါဘရီယဲလ် မာတီနယ်လီဟာ ထောင့်ကန်ဘော ကန်တင်ဖို့ လုပ်ဆောင်နေချိန်အတွင်း ဘရာဇီးလ်လက်ရွေးစင် အသင်းဖော် ရစ်ချာလီဆန်ရဲ့ နှုတ်ဆက်ဖို့ ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မာတီနယ်လီဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် ရစ်ချာလီဆန်ကို စိတ်ကသိကအောင့်ဖြစ်လောက်စရာ အချိန်ပမာဏတစ်ခုအထိ နှုတ်ဆက်ဖို့ လက်ကမ်းပေးထားခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပြန်လည်တုံ့ပြန်မှုမရှိတာကြောင့် နောက်ဆုံးမှာတော့ ထောင့်ကန်ဘော ကန်ခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအိမ်ကွင်းထဲက ပရိသတ်တွေဟာ မြောက်လန်ဒန်ပြိုင်ဘက် ၂ သင်းတွေ့ဆုံမှုကြောင့် ကျိန်းသေပေါက် ဖျော်ဖြေမှုအပြည့်နဲ့ပွဲတစ်ပွဲကို ကြည့်ရှုခဲ့ရတာ သေချာပေမယ့်လည်း အာဆင်နယ်အသင်းဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း စပါးစ်အိမ်ကွင်းမှာ ပထမဆုံးနိုင်ပွဲကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူးက ၎င်းရဲ့အပြုအမူအတွက် ဘရာဇီးလ်လက်ရွေးစင်အသင်းဖော် မာတီနယ်လီကို တောင်းပန်စကားပြောကြားခဲ့ပြီး “ကျွန်တော် မာတီနယ်လီကို တောင်းပန်ချင်ပါတယ်။ ကျွန်တော် သူ့ကို ဒိုင်ဗင်အရမ်းထိုးတယ်လို့ ပြောခဲ့တယ်။ အဲဒီတော့ ကျွန်တော် သူ့လက်ကို ထိပြီး မနှုတ်ဆက်ခဲ့ပါဘူး။ မာဂါလိုင်စ်ကိုလည်း သူတို့တွေ တစ်ချိန်လုံးကစားတာကိုရပ်ပစ်နေတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် ပြောခဲ့တာက ‘ကစားရအောင်’လို့ပါ”လို့ ESPN ကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ရစ္ခ်ာလီဆန္ဟာ တနဂၤေႏြေန႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အတြင္းမွာ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းေဖာ္ ဂါဘရီယဲလ္ မာတီနယ္လီနဲ႔ လက္သီးခ်င္းထိဖို႔ ျငင္းဆန္ခဲ့ေပမယ့္လည္း ပြဲအၿပီးမွာ ၎ရဲ႕ လုပ္ရပ္အတြက္ ေတာင္းပန္စကား ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ အဲဗာတန္တိုက္စစ္မႉးေဟာင္းဟာ တနဂၤေႏြေန႔ပြဲစဥ္မွာ ဒုတိယပိုင္း လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး အသင္းအတြက္ အက်ိဳးသက္ေရာက္မႈ တစ္စုံတရာ မျပသႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္အသင္းက ေတာ့တင္ဟမ္ေဟာ့စပါးကြင္းမွာ အႏိုင္ ၃ မွတ္စလုံးကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဟူဂို လိုရစ္ရဲ႕ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တဲ့ဂိုး၊ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ အံ့အားသင့္ဖြယ္ အေဝးကန္ခ်က္ကေန ရရွိခဲ့တဲ့ဂိုးေတြနဲ႔ အာဆင္နယ္အသင္းဟာ ၂-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး အမွတ္ေပးဇယား ဒုတိယေနရာက မန္ခ်က္စတာစီးတီးနဲ႔ ၈ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဂန္းနားေတြဆီကေန အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ ျဖစ္ခဲ့ေပမယ့္လည္း ပြဲၿပီးဝီစီမႈတ္ခဲ့ၿပီးေနာက္ ပရိသတ္တစ္ဦးက အာ႐ြန္ ရမ္းစ္ေဒးလ္ကို ကန္ေက်ာက္ခဲ့တဲ့အခ်ိန္မွာ ေဖ်ာ္ေျဖမႈေပးခဲ့တဲ့ ပြဲစဥ္ဟာ အက်ည္းတန္ခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ ေနာက္ထပ္ အ႐ုပ္ဆိုးတဲ့ ျဖစ္စဥ္တစ္ခုလည္း ျဖစ္ပြားခဲ့ၿပီး အာဆင္နယ္ၾကယ္ပြင့္ ဂါဘရီယဲလ္ မာတီနယ္လီဟာ ေထာင့္ကန္ေဘာ ကန္တင္ဖို႔ လုပ္ေဆာင္ေနခ်ိန္အတြင္း ဘရာဇီးလ္လက္ေ႐ြးစင္ အသင္းေဖာ္ ရစ္ခ်ာလီဆန္ရဲ႕ ႏႈတ္ဆက္ဖို႔ ျငင္းပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

မာတီနယ္လီဟာ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းေဖာ္ျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ ရစ္ခ်ာလီဆန္ကို စိတ္ကသိကေအာင့္ျဖစ္ေလာက္စရာ အခ်ိန္ပမာဏတစ္ခုအထိ ႏႈတ္ဆက္ဖို႔ လက္ကမ္းေပးထားခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ျပန္လည္တုံ႔ျပန္မႈမရွိတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ ေထာင့္ကန္ေဘာ ကန္ခဲ့တာ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအိမ္ကြင္းထဲက ပရိသတ္ေတြဟာ ေျမာက္လန္ဒန္ၿပိဳင္ဘက္ ၂ သင္းေတြ႕ဆုံမႈေၾကာင့္ က်ိန္းေသေပါက္ ေဖ်ာ္ေျဖမႈအျပည့္နဲ႔ပြဲတစ္ပြဲကို ၾကည့္ရႈခဲ့ရတာ ေသခ်ာေပမယ့္လည္း အာဆင္နယ္အသင္းဟာ ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း စပါးစ္အိမ္ကြင္းမွာ ပထမဆုံးႏိုင္ပြဲကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့တင္ဟမ္ေဟာ့စပါး တိုက္စစ္မႉးက ၎ရဲ႕အျပဳအမူအတြက္ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းေဖာ္ မာတီနယ္လီကို ေတာင္းပန္စကားေျပာၾကားခဲ့ၿပီး “ကြၽန္ေတာ္ မာတီနယ္လီကို ေတာင္းပန္ခ်င္ပါတယ္။ ကြၽန္ေတာ္ သူ႔ကို ဒိုင္ဗင္အရမ္းထိုးတယ္လို႔ ေျပာခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္ သူ႔လက္ကို ထိၿပီး မႏႈတ္ဆက္ခဲ့ပါဘူး။ မာဂါလိုင္စ္ကိုလည္း သူတို႔ေတြ တစ္ခ်ိန္လုံးကစားတာကိုရပ္ပစ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္ ေျပာခဲ့တာက ‘ကစားရေအာင္’လို႔ပါ”လို႔ ESPN ကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.