Bundesliga Premier League Transfer News

ထရော့ဆတ်အပြင် လေဗာကူဆင်တောင်ပံသမားကိုပါ ကြိုးစားလာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်အသင်းကနေ ထွက်ခွာတော့မယ့် တောင်ပံကစားသမား လီယန်ဒရို ထရော့ဆတ်အပြင် ပြီးခဲ့တဲ့ နွေရာသီကတည်းက စိတ်ဝင်စားခဲ့ဖူးတဲ့ ပစ်မှတ်ဟောင်း ဘိုင်ယာ လေဗာကူဆင်ရဲ့ တောင်ပံလူ မူဆာ ဒီယာဘီကို ဇန်နဝါရီမှာ အားဖြည့်သွားဖို့ လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ အသားကျပြီးဖြစ်တဲ့ ထရော့ဆတ်ဟာ ဘရိုက်တန်နဲ့ ၆ လသာ စာချုပ်သက်တမ်းကျန်ရှိတော့ပြီး နွေရာသီမှာ အလွတ်နဲ့ ခေါ်ယူနိုင်မယ့်အချိန်မှာ တောင်ပိုင်းကမ်းခြေကလပ်ဘက်က သူတို့နဲ့ အဆင်မပြေမှုကြောင့် ညစ်ချင်နေပြီး ပေါင်သန်း ၃၀ အထိ မဖြစ်နိုင်တဲ့ ဈေးကို တောင်းဆိုနေချိန်မှာ အာဆင်နယ်တို့အနေနဲ့ ထက်ဝက်ဈေးကိုသာ ပေးချေလိုနေတယ်လို့လည်း သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားကို မြောက်လန်ဒန်ဒါဘီပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးအသင်းကလည်း စိတ်ဝင်စားနေပြီး ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းတာ ပယ်ချခံရတယ်လို့ သတင်းအချို့က ဖော်ပြနေကြသလို အာဆင်နယ်အသင်းကတော့ ပေါချောင်ကောင်းရမယ်ဆိုရင် အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီနဲ့ သိပ်မကိုက်ဘဲ အသက်ကြီးနေပေမယ့် ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။

အခုလို ၂၈ နှစ်၊ ၆ လနဲ့ ပေါင်သန်း ၃၀ ဆိုတဲ့ ရယ်စရာအခြေအနေကိုတော့ လက်တွေ့ကျတဲ့ အခြေအနေကို မပြောင်းလဲနိုင်ဘူးဆိုရင် ဂန်နားတို့အနေနဲ့ လေဗာကူဆင်တောင်ပံကစားသမားကိုပဲ ကြိုးစားသွားဖို့ ရှိနေပြီး ဘာရည်မှန်းချက်မှ တိတိကျကျ မရှိဘဲ အဆင်ပြေရင် လူရောင်းနေကျ အသင်းရဲ့ ပြင်သစ်သားကိုတော့ အသင်းနဲ့ ကိုက်ညီမယ့် ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ပီအက်စ်ဂျီအကယ်ဒမီထွက် ကစားသမားဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ဘွန်ဒက်စ်လီဂါကလပ်ဘက်က ယူရိုသန်း ၁၀၀ လို့ အော်ထားပေမယ့် တကယ်တမ်းဒီလောက် မတန်သလို တေ့တေ့ဆိုင်ဆိုင် ကမ်းလှမ်းခဲ့ရင်တော့ ယူရို သန်း ၆၀-၇၀ ကြားမှာ ပွဲဖြစ်နိုင်မယ်လို့ ခန့်မှန်းထားကြတာပါ။

ဒီယာဘီဟာ ဘယ်တောင်ပံရော ညာတောင်ပံမှာပါ ကစားပေးနိုင်သူလည်းဖြစ်ပြီး ဖြတ်တင်ဘောတွေ ကောင်းမွန်သလို တစ်ဦးချင်း အခွင့်အရေးတွေကိုလည်း ကောင်းကောင်း အသုံးချနိုင်သူဖြစ်လို့ အာဆင်နယ်ရဲ့ ကစားပုံနဲ့ အံဝင်မှာဖြစ်ပြီး သူ့ကို နယူးကာဆယ်လ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

အာဆင်နယ်တို့အနေနဲ့ ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ညာကိုလည်း စုံစမ်းခဲ့ပေမယ့် လက်ရှိခြေစွမ်းကျဆင်းနေပုံနဲ့ မဖြစ်နိုင်တဲ့ ခေါ်ဈေးက ရယ်စရာပဲဖြစ်နေခဲ့တာကြောင့် ထရော့ဆတ်နဲ့ ဒီယာဘီတို့ ဘယ်သူ့ကို ခေါ်ယူနိုင်မလဲ ချိန်ဆနေပြီး ကွင်းလယ်လူတစ်ဦးလည်း ခေါ်ရဦးမယ့် လိုအပ်ချက်တွေကြောင့် ဇန်နဝါရီ တစ်ဝက်ကျိုးချိန်မှာ သိပ်တော့ အချိန်ဆွဲလို့ မရတော့ကြောင်းလည်း သုံးသပ်ထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဘ႐ိုက္တန္အသင္းကေန ထြက္ခြာေတာ့မယ့္ ေတာင္ပံကစားသမား လီယန္ဒ႐ို ထေရာ့ဆတ္အျပင္ ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက စိတ္ဝင္စားခဲ့ဖူးတဲ့ ပစ္မွတ္ေဟာင္း ဘိုင္ယာ ေလဗာကူဆင္ရဲ႕ ေတာင္ပံလူ မူဆာ ဒီယာဘီကို ဇန္နဝါရီမွာ အားျဖည့္သြားဖို႔ လုပ္ေဆာင္ေနခဲ့ၿပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္နဲ႔ အသားက်ၿပီးျဖစ္တဲ့ ထေရာ့ဆတ္ဟာ ဘ႐ိုက္တန္နဲ႔ ၆ လသာ စာခ်ဳပ္သက္တမ္းက်န္ရွိေတာ့ၿပီး ေႏြရာသီမွာ အလြတ္နဲ႔ ေခၚယူႏိုင္မယ့္အခ်ိန္မွာ ေတာင္ပိုင္းကမ္းေျခကလပ္ဘက္က သူတို႔နဲ႔ အဆင္မေျပမႈေၾကာင့္ ညစ္ခ်င္ေနၿပီး ေပါင္သန္း ၃၀ အထိ မျဖစ္ႏိုင္တဲ့ ေဈးကို ေတာင္းဆိုေနခ်ိန္မွာ အာဆင္နယ္တို႔အေနနဲ႔ ထက္ဝက္ေဈးကိုသာ ေပးေခ်လိုေနတယ္လို႔လည္း သိရပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားကို ေျမာက္လန္ဒန္ဒါဘီၿပိဳင္ဘက္ ေတာ့တင္ဟမ္ ေဟာ့စပါးအသင္းကလည္း စိတ္ဝင္စားေနၿပီး ေပါင္ ၁၂ သန္းနဲ႔ ကမ္းလွမ္းတာ ပယ္ခ်ခံရတယ္လို႔ သတင္းအခ်ိဳ႕က ေဖာ္ျပေနၾကသလို အာဆင္နယ္အသင္းကေတာ့ ေပါေခ်ာင္ေကာင္းရမယ္ဆိုရင္ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ေပၚလစီနဲ႔ သိပ္မကိုက္ဘဲ အသက္ႀကီးေနေပမယ့္ ေခၚယူဖို႔ ပစ္မွတ္ထားေနတာပါ။

အခုလို ၂၈ ႏွစ္၊ ၆ လနဲ႔ ေပါင္သန္း ၃၀ ဆိုတဲ့ ရယ္စရာအေျခအေနကိုေတာ့ လက္ေတြ႕က်တဲ့ အေျခအေနကို မေျပာင္းလဲႏိုင္ဘူးဆိုရင္ ဂန္နားတို႔အေနနဲ႔ ေလဗာကူဆင္ေတာင္ပံကစားသမားကိုပဲ ႀကိဳးစားသြားဖို႔ ရွိေနၿပီး ဘာရည္မွန္းခ်က္မွ တိတိက်က် မရွိဘဲ အဆင္ေျပရင္ လူေရာင္းေနက် အသင္းရဲ႕ ျပင္သစ္သားကိုေတာ့ အသင္းနဲ႔ ကိုက္ညီမယ့္ ပစ္မွတ္တစ္ခုအျဖစ္ သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ပီအက္စ္ဂ်ီအကယ္ဒမီထြက္ ကစားသမားဟာ ေလဗာကူဆင္အသင္းနဲ႔ ၂၀၂၅ အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးၿပီး ဘြန္ဒက္စ္လီဂါကလပ္ဘက္က ယူ႐ိုသန္း ၁၀၀ လို႔ ေအာ္ထားေပမယ့္ တကယ္တမ္းဒီေလာက္ မတန္သလို ေတ့ေတ့ဆိုင္ဆိုင္ ကမ္းလွမ္းခဲ့ရင္ေတာ့ ယူ႐ို သန္း ၆၀-၇၀ ၾကားမွာ ပြဲျဖစ္ႏိုင္မယ္လို႔ ခန႔္မွန္းထားၾကတာပါ။

ဒီယာဘီဟာ ဘယ္ေတာင္ပံေရာ ညာေတာင္ပံမွာပါ ကစားေပးႏိုင္သူလည္းျဖစ္ၿပီး ျဖတ္တင္ေဘာေတြ ေကာင္းမြန္သလို တစ္ဦးခ်င္း အခြင့္အေရးေတြကိုလည္း ေကာင္းေကာင္း အသုံးခ်ႏိုင္သူျဖစ္လို႔ အာဆင္နယ္ရဲ႕ ကစားပုံနဲ႔ အံဝင္မွာျဖစ္ၿပီး သူ႔ကို နယူးကာဆယ္လ္အသင္းကလည္း စိတ္ဝင္စားေနတယ္လို႔ ဆိုပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ ဘာစီလိုနာေတာင္ပံကစားသမား ရာဖင္ညာကိုလည္း စုံစမ္းခဲ့ေပမယ့္ လက္ရွိေျခစြမ္းက်ဆင္းေနပုံနဲ႔ မျဖစ္ႏိုင္တဲ့ ေခၚေဈးက ရယ္စရာပဲျဖစ္ေနခဲ့တာေၾကာင့္ ထေရာ့ဆတ္နဲ႔ ဒီယာဘီတို႔ ဘယ္သူ႔ကို ေခၚယူႏိုင္မလဲ ခ်ိန္ဆေနၿပီး ကြင္းလယ္လူတစ္ဦးလည္း ေခၚရဦးမယ့္ လိုအပ္ခ်က္ေတြေၾကာင့္ ဇန္နဝါရီ တစ္ဝက္က်ိဳးခ်ိန္မွာ သိပ္ေတာ့ အခ်ိန္ဆြဲလို႔ မရေတာ့ေၾကာင္းလည္း သုံးသပ္ထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.