Ligue1

ရင်းနေးကို ရှုံးနိမ့်ခဲ့မှုအတွက် မက်ဆီနဲ့ နေမာကို အပြစ်ဖို့ခဲ့တဲ့ ပီအက်စ်ဂျီနည်းပြ

ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာက လီယွန်နယ် မက်ဆီနဲ့ နေမာတို့ဟာ ရင်းနေးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်အသင်းရဲ့ ခံစစ်အထိ ဆင်းပိတ်တဲ့ကစားကွက်ကြောင့် အကျိုးသက်ရောက်မှုမရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့ညက ရင်းနေးအိမ်ကွင်းမှာ ယခုရာသီ ဒုတိယမြောက် လိဂန်းရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပျင်းရိဖွယ်ကောင်းတဲ့ ပထမပိုင်းအပြီး ရင်းနေးအသင်းခေါင်းဆောင် ဟာမာရီ ထရာအိုရေးက ၆၅ မိနစ်မှာ အေဒရီယန် ထရူဖက်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီရော နေမာပါ ပီအက်စ်ဂျီအသင်းရဲ့ အဝေးကွင်းပွဲစဉ်မှာ ပွဲထွက် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ဘရူနို ဂီနီစီယိုရဲ့ ကျင့်သားရနေတဲ့ ၅-၄-၁ ကစားကွက်နဲ့ ရင်ဆိုင်ရာမှာ တောက်ပဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

တောင်အမေရိကကြယ်ပွင့် ၂ ဦးဟာ စုစုပေါင်း ဂိုးကန်သွင်းမှု ၂ ကြိမ်၊ အခွင့်အရေးဖန်တီးမှု ၂ ကြိမ်နဲ့ လိမ်ခေါက်မှုတစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပြီး ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ နည်းပြ ဂဲလ်တီယာက နေမာနဲ့ မက်ဆီတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ကစားသမား ၂ ဦးအပေါ်မှာ အမြဲတမ်း အစီအစဉ် ရှိခဲ့တယ်။ နေမာ ဖြစ်နေဖို့ ဒါမှမဟုတ် မက်ဆီဖြစ်နေဖို့ပါ။ ဒါပေမယ့် ခင်ဗျား တခြား ရွေးချယ်စရာကို ရှာတွေ့ဖို့အတွက် လိုက်လျောညီထွေဖြစ်အောင်နေနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အစီအစဉ်တစ်ခုလုံးကို ပြောင်းလဲပစ်ရမှာလား။ လီယိုကို လူစာရင်းထဲခေါ်တာပဲဖြစ်ဖြစ် နေမာကို ခေါ်တာပဲဖြစ်ဖြစ် စီစဉ်ရမယ့်ဟာတွေက အများကြီးပိုလိုအပ်တယ်။ အဲဒီမှာ ကျွန်တော်တို့မှာ ဘာအစီအစဉ်မရှိခဲ့ဘူး။ လီယိုနဲ့ နေမာတို့ကို လူသူထူထပ်တဲ့နေရာတွေမှာ အတူတူ ထားလိုက်။ ဘောလုံးပိုင်ဆိုင်မှု ရှိသလောက်တော့ တိုက်စစ်ဆင်တဲ့အခြေအနေအနည်းငယ်ရှိနေမှာပါ”

“ဂိုးရှေ့နားထိပိတ်ဆော့နေတာကို ဘယ်လို ထိုးဖောက်မလဲ။ အဲဒါက မျှတတဲ့ဟန်ချက်တော့လိုပါလိမ့်မယ်။ ဒါပေမယ့်လည်း အကျိုးသက်ရောက်မှုကို ရှာဖွေဖို့တော့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုရှိနေတဲ့အချိန်မှာ အခွင့်ကောင်း မယူနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဘောလုံးပေးခဲ့တယ်။ ကျွန်တော်တို့ အထောက်အပံ့နဲ့ နေခဲ့ကြတယ်”

“တသမတ်တည်းသွားတဲ့ပွဲဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ကျွန်တော်တို့ အဲဒါကို ရှာဖွေရမှာပါ။ ကျွန်တော်တို့ ဒီရာသီအစောပိုင်း အချိန်အချို့မှာ အဲဒါကို ရှာတွေ့ခဲ့တယ်။ အခုအချိန်မှာ ကျွန်တော်တို့မှာ ထက်မြက်မှုမျိုးမရှိဘူး။ ကျွန်တော်တို့ ဘောလုံးပေးလိုက်ရတာနဲ့ ကျွန်တော်တို့ ပိုပြီးတော့ ရွေ့လျားမှုရှိရမယ်။ ကျွန်တော်တို့ ဒီညမှာ ဘောလုံးကို လျင်လျင်မြန်မြန်နဲ့ လိမ်ခေါက်ပြီး ဂိုးရှေ့ကို သယ်ဆောင်မှုတွေအများကြီးလုပ်နိုင်ခဲ့ပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီနည္းျပ ခရစၥတိုဖီ ဂဲလ္တီယာက လီယြန္နယ္ မက္ဆီနဲ႔ ေနမာတို႔ဟာ ရင္းေနးကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ၿပိဳင္ဘက္အသင္းရဲ႕ ခံစစ္အထိ ဆင္းပိတ္တဲ့ကစားကြက္ေၾကာင့္ အက်ိဳးသက္ေရာက္မႈမရွိခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ တနဂၤေႏြေန႔ညက ရင္းေနးအိမ္ကြင္းမွာ ယခုရာသီ ဒုတိယေျမာက္ လိဂန္းရႈံးပြဲကို ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ပ်င္းရိဖြယ္ေကာင္းတဲ့ ပထမပိုင္းအၿပီး ရင္းေနးအသင္းေခါင္းေဆာင္ ဟာမာရီ ထရာအိုေရးက ၆၅ မိနစ္မွာ ေအဒရီယန္ ထ႐ူဖက္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေန အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

မက္ဆီေရာ ေနမာပါ ပီအက္စ္ဂ်ီအသင္းရဲ႕ အေဝးကြင္းပြဲစဥ္မွာ ပြဲထြက္ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ဘ႐ူႏို ဂီနီစီယိုရဲ႕ က်င့္သားရေနတဲ့ ၅-၄-၁ ကစားကြက္နဲ႔ ရင္ဆိုင္ရာမွာ ေတာက္ပဖို႔ ႐ုန္းကန္ခဲ့ရတာ ျဖစ္ပါတယ္။

ေတာင္အေမရိကၾကယ္ပြင့္ ၂ ဦးဟာ စုစုေပါင္း ဂိုးကန္သြင္းမႈ ၂ ႀကိမ္၊ အခြင့္အေရးဖန္တီးမႈ ၂ ႀကိမ္နဲ႔ လိမ္ေခါက္မႈတစ္ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ၾကတာျဖစ္ၿပီး ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ နည္းျပ ဂဲလ္တီယာက ေနမာနဲ႔ မက္ဆီတို႔ရဲ႕ စြမ္းေဆာင္ရည္အေပၚ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ကစားသမား ၂ ဦးအေပၚမွာ အၿမဲတမ္း အစီအစဥ္ ရွိခဲ့တယ္။ ေနမာ ျဖစ္ေနဖို႔ ဒါမွမဟုတ္ မက္ဆီျဖစ္ေနဖို႔ပါ။ ဒါေပမယ့္ ခင္ဗ်ား တျခား ေ႐ြးခ်ယ္စရာကို ရွာေတြ႕ဖို႔အတြက္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနႏိုင္ဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ အစီအစဥ္တစ္ခုလုံးကို ေျပာင္းလဲပစ္ရမွာလား။ လီယိုကို လူစာရင္းထဲေခၚတာပဲျဖစ္ျဖစ္ ေနမာကို ေခၚတာပဲျဖစ္ျဖစ္ စီစဥ္ရမယ့္ဟာေတြက အမ်ားႀကီးပိုလိုအပ္တယ္။ အဲဒီမွာ ကြၽန္ေတာ္တို႔မွာ ဘာအစီအစဥ္မရွိခဲ့ဘူး။ လီယိုနဲ႔ ေနမာတို႔ကို လူသူထူထပ္တဲ့ေနရာေတြမွာ အတူတူ ထားလိုက္။ ေဘာလုံးပိုင္ဆိုင္မႈ ရွိသေလာက္ေတာ့ တိုက္စစ္ဆင္တဲ့အေျခအေနအနည္းငယ္ရွိေနမွာပါ”

“ဂိုးေရွ႕နားထိပိတ္ေဆာ့ေနတာကို ဘယ္လို ထိုးေဖာက္မလဲ။ အဲဒါက မွ်တတဲ့ဟန္ခ်က္ေတာ့လိုပါလိမ့္မယ္။ ဒါေပမယ့္လည္း အက်ိဳးသက္ေရာက္မႈကို ရွာေဖြဖို႔ေတာ့ မျဖစ္မေန လိုအပ္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ေဘာလုံးပိုင္ဆိုင္မႈရွိေနတဲ့အခ်ိန္မွာ အခြင့္ေကာင္း မယူႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ ေဘာလုံးေပးခဲ့တယ္။ ကြၽန္ေတာ္တို႔ အေထာက္အပံ့နဲ႔ ေနခဲ့ၾကတယ္”

“တသမတ္တည္းသြားတဲ့ပြဲဆိုတာ ဘယ္တုန္းကမွ မရွိခဲ့ဘူး။ ကြၽန္ေတာ္တို႔ အဲဒါကို ရွာေဖြရမွာပါ။ ကြၽန္ေတာ္တို႔ ဒီရာသီအေစာပိုင္း အခ်ိန္အခ်ိဳ႕မွာ အဲဒါကို ရွာေတြ႕ခဲ့တယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔မွာ ထက္ျမက္မႈမ်ိဳးမရွိဘူး။ ကြၽန္ေတာ္တို႔ ေဘာလုံးေပးလိုက္ရတာနဲ႔ ကြၽန္ေတာ္တို႔ ပိုၿပီးေတာ့ ေ႐ြ႕လ်ားမႈရွိရမယ္။ ကြၽန္ေတာ္တို႔ ဒီညမွာ ေဘာလုံးကို လ်င္လ်င္ျမန္ျမန္နဲ႔ လိမ္ေခါက္ၿပီး ဂိုးေရွ႕ကို သယ္ေဆာင္မႈေတြအမ်ားႀကီးလုပ္ႏိုင္ခဲ့ပါေသးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.