Ligue1 Transfer News

ရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာမှာ ပူးပေါင်းမယ့် ရီးရဲလ်အသင်းဖော် ဂိုးသမား

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဆော်ဒီလိဂ်ကလပ် အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့တာကတော့ သူတို့နိုင်ငံနဲ့ ပြိုင်ပွဲရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးလိုက်သလိုလည်းဖြစ်ခဲ့ပြီး ပေါ်တူဂီသားကြီးရဲ့ ပုံရိပ်ကြောင့် သူ့နောက်ကို နာမည်ကျော်တွေ လိုက်လာနိုင်ချိန်မှာ အသင်းဖော်ဟောင်း ဂိုးသမား တစ်ဦးလည်း ရောက်ရှိလာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းအနေနဲ့ သူတို့ရဲ့ ဂိုးပေါက်ကို ကာကွယ်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားသုံးကြိမ်နဲ့ လာလီဂါ ဖလားတစ်ကြိမ် ဆွတ်ခူးရယူနိုင်ခဲ့တဲ့ ဂိုးသမား ကီလော် နာဗက်စ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းနဲ့ ချိတ်ဆက်နေပြီး ဒီတစ်ပတ်ထဲမှာ အပြီးသတ် ကမ်းလှမ်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်အရွယ် ကော့စတာရီကာလက်ရွေးစင်ဟာ ဒီရာသီမှာတော့ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ တစ်ပွဲသာ ကစားခွင့် ရထားခဲ့ပြီး ပြင်သစ်လိဂန်နဲ့ ချန်ပီယံလိဂ်တို့လို အရေးပါတဲ့ ပွဲစဉ်တွေမှာ ဂိုးပေါက်စောင့်ရှောက်ခွင့်ကို အီတလီသား ဂျန်လွီဂီ ဒွန်နာရမ်မာကို လွှဲပေးထားခဲ့ရသလို အရေးပါမှုက မရှိသလောက်ဖြစ်နေခဲ့တာပါ။

ဒါကြောင့် နာဗက်စ်အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ပါရီမြေကို စွန့်ခွာဖို့ စီစဉ်နေတယ်လို့ အသံတွေ ထွက်နေချိန်မှာ အယ်လ်နာဆာတို့အနေနဲ့ ရော်နယ်လ်ဒိုရဲ့ ပုံရိပ်ကို အသုံးချပြီး မြင့်တက်လာခဲ့တဲ့ ကလပ်ရဲ့ ဂုဏ်သိက္ခာအရ သူ့ကို ခေါ်ယူနိုင်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့မှာ ဆော်ဒီလိဂ်အကောင်းဆုံး ၁၁ ဦး ညွန့်ပေါင်းအသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲကစားဖို့လည်း ရှိနေပြီး ဒီထဲမှာ အသင်းသားတစ်ဦးအနေနဲ့ လိုက်ပါလာမယ့် နာဗက်စ်တစ်ယောက် ပြင်သစ်ကို ပြန်လိုက်ဦးမလား၊ တစ်ခါတည်းပဲ ရော်နယ်လ်ဒိုရဲ့ လက်ကို ဆွဲပြီး ကျန်ခဲ့မလားတော့ စောင့်ကြည့်ရမှာပါ။

ဇန်နဝါရီမှာ အသက် ၃၈ နှစ် ပြည့်တော့မှာဖြစ်တဲ့ ရော်နယ်လ်ဒိုနဲ့ နာဗက်စ်တို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ လေးရာသီကြာအောင် တွဲဖက် ကစားခဲ့ကြဖူးတာဖြစ်ပြီး ပေါ်တူဂီသားကြီးကတော့ ကော့စတာရီကာဂိုးသမားထက် တစ်နှစ်စောပြီး ဘာနေဗျူးကို စွန့်ခွာခဲ့တာဖြစ်သလို ဥရောပခရီးကိုတော့ မန်ချက်စတာယူနိုက်တက်မှာ မလှမပ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

အယ်လ်နာဆာတို့အနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ နံပါတ် ၂ ဂိုးသမား နာဗက်စ်ကို ခေါ်ယူရာမှာ စာချုပ်ဖျက်သိမ်းပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်ဖို့ ကြိုးစားနေပြီး ပါရီသားတွေအနေနဲ့တော့ သူတို့ရဲ့ မင်းသားကွင်းမှာ ၂၀၂၄ ခုနှစ်အထိ ကျန်ရှိနေသေးတဲ့ စာချုပ်သက်တမ်းအရ ပြောင်းရွှေ့ကြေး အနည်းငယ် တောင်းဆိုဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေဆာ္ဒီလိဂ္ကလပ္ အယ္လ္နာဆာအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာကေတာ့ သူတို႔ႏိုင္ငံနဲ႔ ၿပိဳင္ပြဲရဲ႕ အဆင့္အတန္းကို ျမႇင့္တင္ေပးလိုက္သလိုလည္းျဖစ္ခဲ့ၿပီး ေပၚတူဂီသားႀကီးရဲ႕ ပုံရိပ္ေၾကာင့္ သူ႔ေနာက္ကို နာမည္ေက်ာ္ေတြ လိုက္လာႏိုင္ခ်ိန္မွာ အသင္းေဖာ္ေဟာင္း ဂိုးသမား တစ္ဦးလည္း ေရာက္ရွိလာဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။

အယ္လ္နာဆာအသင္းအေနနဲ႔ သူတို႔ရဲ႕ ဂိုးေပါက္ကို ကာကြယ္ဖို႔အတြက္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားသုံးႀကိမ္နဲ႔ လာလီဂါ ဖလားတစ္ႀကိမ္ ဆြတ္ခူးရယူႏိုင္ခဲ့တဲ့ ဂိုးသမား ကီေလာ္ နာဗက္စ္ကို ေခၚယူဖို႔ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်ိတ္ဆက္ေနၿပီး ဒီတစ္ပတ္ထဲမွာ အၿပီးသတ္ ကမ္းလွမ္းလုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ေကာ့စတာရီကာလက္ေ႐ြးစင္ဟာ ဒီရာသီမွာေတာ့ ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲစုံမွာ တစ္ပြဲသာ ကစားခြင့္ ရထားခဲ့ၿပီး ျပင္သစ္လိဂန္နဲ႔ ခ်န္ပီယံလိဂ္တို႔လို အေရးပါတဲ့ ပြဲစဥ္ေတြမွာ ဂိုးေပါက္ေစာင့္ေရွာက္ခြင့္ကို အီတလီသား ဂ်န္လြီဂီ ဒြန္နာရမ္မာကို လႊဲေပးထားခဲ့ရသလို အေရးပါမႈက မရွိသေလာက္ျဖစ္ေနခဲ့တာပါ။

ဒါေၾကာင့္ နာဗက္စ္အေနနဲ႔ အသင္းကေန ထြက္ခြာဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး ပါရီေျမကို စြန႔္ခြာဖို႔ စီစဥ္ေနတယ္လို႔ အသံေတြ ထြက္ေနခ်ိန္မွာ အယ္လ္နာဆာတို႔အေနနဲ႔ ေရာ္နယ္လ္ဒိုရဲ႕ ပုံရိပ္ကို အသုံးခ်ၿပီး ျမင့္တက္လာခဲ့တဲ့ ကလပ္ရဲ႕ ဂုဏ္သိကၡာအရ သူ႔ကို ေခၚယူႏိုင္ဖို႔ စီစဥ္လာခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ လာမယ့္ ဇန္နဝါရီလ ၁၉ ရက္ေန႔မွာ ေဆာ္ဒီအာေရးဘီးယားႏိုင္ငံ၊ ရီယာ့ဒ္ၿမိဳ႕မွာ ေဆာ္ဒီလိဂ္အေကာင္းဆုံး ၁၁ ဦး ၫြန႔္ေပါင္းအသင္းနဲ႔ ခ်စ္ၾကည္ေရး ေျခစမ္းပြဲကစားဖို႔လည္း ရွိေနၿပီး ဒီထဲမွာ အသင္းသားတစ္ဦးအေနနဲ႔ လိုက္ပါလာမယ့္ နာဗက္စ္တစ္ေယာက္ ျပင္သစ္ကို ျပန္လိုက္ဦးမလား၊ တစ္ခါတည္းပဲ ေရာ္နယ္လ္ဒိုရဲ႕ လက္ကို ဆြဲၿပီး က်န္ခဲ့မလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

ဇန္နဝါရီမွာ အသက္ ၃၈ ႏွစ္ ျပည့္ေတာ့မွာျဖစ္တဲ့ ေရာ္နယ္လ္ဒိုနဲ႔ နာဗက္စ္တို႔ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ေလးရာသီၾကာေအာင္ တြဲဖက္ ကစားခဲ့ၾကဖူးတာျဖစ္ၿပီး ေပၚတူဂီသားႀကီးကေတာ့ ေကာ့စတာရီကာဂိုးသမားထက္ တစ္ႏွစ္ေစာၿပီး ဘာေနဗ်ဴးကို စြန႔္ခြာခဲ့တာျဖစ္သလို ဥေရာပခရီးကိုေတာ့ မန္ခ်က္စတာယူႏိုက္တက္မွာ မလွမပ အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။

အယ္လ္နာဆာတို႔အေနနဲ႔ ပီအက္စ္ဂ်ီအသင္းရဲ႕ နံပါတ္ ၂ ဂိုးသမား နာဗက္စ္ကို ေခၚယူရာမွာ စာခ်ဳပ္ဖ်က္သိမ္းၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိႏိုင္ဖို႔ ႀကိဳးစားေနၿပီး ပါရီသားေတြအေနနဲ႔ေတာ့ သူတို႔ရဲ႕ မင္းသားကြင္းမွာ ၂၀၂၄ ခုႏွစ္အထိ က်န္ရွိေနေသးတဲ့ စာခ်ဳပ္သက္တမ္းအရ ေျပာင္းေ႐ႊ႕ေၾကး အနည္းငယ္ ေတာင္းဆိုဖြယ္ရွိေၾကာင္းလည္း ခန႔္မွန္းထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.