Ligue1

မက်ဆီကို စိတ်ပျက်စေခဲ့တဲ့ လူလိမ်ကောင်ကို ရောင်းထုတ်ပစ်လို့ တောင်းဆိုနေတဲ့ ပရိသတ်များ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ရင်းနေးကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အပိုင်ဂိုးသွင်းခွင့်ကို လွဲချော်ခဲ့ပြီးနောက် မက်ဆီကို စိတ်ပျက်စေခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံခဲ့ရပါတယ်။

အိမ်ရှင် ရင်းနေးအသင်းက ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပြီးနောက် ၅ မိနစ်အကြာမှာပဲ ခီလီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုး သွင်းယူပေးနိုင်မယ့် ကြီးမားတဲ့အခွင့်အရေးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ မှော်ဆန်တဲ့ အခိုက်အတန့်ဟာ ပွဲကို ပီအက်စ်ဂျီလက်ထဲ ပြန်လည် ရောက်ရှိစေတော့မယ်ပုံ ပေါ်ခဲ့ပြီး အာဂျင်တီးနားဂန္တဝင်ဟာ နောက်ထိ ဘောလုံးဆင်ယူပြီးနောက် အမ်ဘာပေကို ခင်းပေးခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးက ဘောလုံးပေးပို့မှုကို ရယူပြီးနောက် ပင်နယ်တီ ဧရိယာထဲကို ပြေးဝင်သွားခဲ့ပြီးနောက် ၁၆ ကိုက်အကွာကနေ ကန်ချက်က ဂိုးဘားတန်းအပေါ် အံ့အားသင့်ဖွယ် ကျော်သွားခဲ့တာ ဖြစ်ပါတယ်။

မမျှော်လင့်ထားတဲ့ လွဲချော်မှုကြောင့် အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြစ်တင်ကြိမ်းမောင်းခံခဲ့ရပြီး ပီအက်စ်ဂျီပရိသတ်အများစုဟာ အမ်ဘာပေရဲ့ ဆိုးရွားလှတဲ့ လွဲချော်မှုအတွက် ခွင့်မလွှတ်နိုင် ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

“မက်ဆီက အမြဲတမ်း သူ့ရဲ့ အဆင့်အတန်းမှာ မရှိတဲ့အသင်းနဲ့ ကစားနေရတယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “သူက မက်ဆီကို စိတ်ပျက်အောင် လုပ်နေတာပဲ။ ဒီလူလိမ်ကောင်ကို ရောင်းထုတ်ပစ်လိုက်စမ်းပါ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ရင်းနေးအသင်းဟာ လိဂန်းအမှတ်ပေးဇယား ဦးဆောင်သူတွေကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီအသင်းကတော့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ရင်းနေးအိမ်ကွင်းမှာ အနိုင်မရခဲ့ဘဲ တနင်္ဂနွေနေ့ည ရှုံးပွဲက ပိုလို့တောင် ဆိုးရွားစေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ ရင္းေနးကို ၁-၀ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ အပိုင္ဂိုးသြင္းခြင့္ကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ မက္ဆီကို စိတ္ပ်က္ေစခဲ့တဲ့အတြက္ ပရိသတ္ေတြရဲ႕ ျပစ္တင္ႀကိမ္းေမာင္းျခင္းကို ခံခဲ့ရပါတယ္။

အိမ္ရွင္ ရင္းေနးအသင္းက ဦးေဆာင္ဂိုး သြင္းယူသြားခဲ့ၿပီးေနာက္ ၅ မိနစ္အၾကာမွာပဲ ခီလီယန္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ေခ်ပဂိုး သြင္းယူေပးႏိုင္မယ့္ ႀကီးမားတဲ့အခြင့္အေရးကို ရရွိခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ ေမွာ္ဆန္တဲ့ အခိုက္အတန႔္ဟာ ပြဲကို ပီအက္စ္ဂ်ီလက္ထဲ ျပန္လည္ ေရာက္ရွိေစေတာ့မယ္ပုံ ေပၚခဲ့ၿပီး အာဂ်င္တီးနားဂႏၲဝင္ဟာ ေနာက္ထိ ေဘာလုံးဆင္ယူၿပီးေနာက္ အမ္ဘာေပကို ခင္းေပးခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးက ေဘာလုံးေပးပို႔မႈကို ရယူၿပီးေနာက္ ပင္နယ္တီ ဧရိယာထဲကို ေျပးဝင္သြားခဲ့ၿပီးေနာက္ ၁၆ ကိုက္အကြာကေန ကန္ခ်က္က ဂိုးဘားတန္းအေပၚ အံ့အားသင့္ဖြယ္ ေက်ာ္သြားခဲ့တာ ျဖစ္ပါတယ္။

မေမွ်ာ္လင့္ထားတဲ့ လြဲေခ်ာ္မႈေၾကာင့္ အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ တြစ္တာ လူမႈကြန္ရက္ေပၚမွာ ျပစ္တင္ႀကိမ္းေမာင္းခံခဲ့ရၿပီး ပီအက္စ္ဂ်ီပရိသတ္အမ်ားစုဟာ အမ္ဘာေပရဲ႕ ဆိုး႐ြားလွတဲ့ လြဲေခ်ာ္မႈအတြက္ ခြင့္မလႊတ္ႏိုင္ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

“မက္ဆီက အၿမဲတမ္း သူ႔ရဲ႕ အဆင့္အတန္းမွာ မရွိတဲ့အသင္းနဲ႔ ကစားေနရတယ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “သူက မက္ဆီကို စိတ္ပ်က္ေအာင္ လုပ္ေနတာပဲ။ ဒီလူလိမ္ေကာင္ကို ေရာင္းထုတ္ပစ္လိုက္စမ္းပါ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ရင္းေနးအသင္းဟာ လိဂန္းအမွတ္ေပးဇယား ဦးေဆာင္သူေတြကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ အိမ္ကြင္းရႈံးပြဲမရွိစံခ်ိန္ကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းကေတာ့ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္း ရင္းေနးအိမ္ကြင္းမွာ အႏိုင္မရခဲ့ဘဲ တနဂၤေႏြေန႔ည ရႈံးပြဲက ပိုလို႔ေတာင္ ဆိုး႐ြားေစခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.