Ligue1

လေလံမှာ ကမ္ဘာအနှံ့ လိုချင်သူများပြီး ဈေးမြင့်တက်ခဲ့တဲ့ မက်ဆီရဲ့ဂျာစီ

ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီ၊ ခီလီယန် အမ်ဘာပေနဲ့ နေမာတို့ရဲ့ ပွဲကစားစဉ်အတွင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေကို လေလံတင်ခဲ့ပြီး ပရိသတ်တွေဆီကနေ ကောင်းမွန်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့ပါတယ်။

ယနေ့မှာ ယခုအပတ်အစောပိုင်း အွန်းဂျေးကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီအတွက် ဈေးဟာ ယူရို ၂၉၆၀၉ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နိုဝင်ဘာလမှာ ကစားသမားတွေ ဝတ်ဆင်ကစားခဲ့တဲ့ ဂျာစီတွေကို စတင် လေလံပစ်ခဲ့တာဖြစ်ပြီး ၎င်းတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ဖော်ပြချက်အရ ဒီရောင်းချရငွေတွေအားလုံးဟာ အသင်းတိုးတက်ဖွံ့ဖြိုးရေးနဲ့ အခြားစီမံကိန်းတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီအင်္ကျီတွေကနေ ရရှိလာတဲ့ အမြတ်ငွေတွေကို အသင်း ဆက်လက် တိုးတက်ဖွံ့ဖြိုးရေးနဲ့ကြီးထွားရေး၊ မတူညီတဲ့ စီမံကိန်းအမျိုးမျိုးအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ အောင်ပွဲရရှိခဲ့ပြီးနောက်ပိုင်း ပီအက်စ်ဂျီအသင်းအတွက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အွန်းဂျေးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ကစားပေးခဲ့ရာမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အွန်းဂျေးနဲ့ပွဲစဉ်က သွင်းဂိုးဟာ လီယွန်နယ် မက်ဆီအတွက် ယခုရာသီ လိဂန်းမှာ သွင်းဂိုး ၈ ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီ ပထမပိုင်းမှာ ဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၃၀ ဂျာစီကို လိုချင်နေတဲ့ ပရိသတ်တွေ များပြားနေပြီး တရုတ်၊ စပိန်၊ ယူကေ၊ ယူအက်စ်အေ၊ ဂျပန်နဲ့ အီတလီနိုင်ငံတွေက ကမ်းလှမ်းမှုတွေ လက်ခံရရှိခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာ တရုတ်နိုင်ငံက ယူရို ၂၉၆၀၉ နဲ့ အာဂျင်တီးနားကြယ်ပွင့်ရဲ့ဂျာစီကို လေလံအောင်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းဟာ လီယြန္နယ္ မက္ဆီ၊ ခီလီယန္ အမ္ဘာေပနဲ႔ ေနမာတို႔ရဲ႕ ပြဲကစားစဥ္အတြင္း ဝတ္ဆင္ခဲ့တဲ့ ဂ်ာစီေတြကို ေလလံတင္ခဲ့ၿပီး ပရိသတ္ေတြဆီကေန ေကာင္းမြန္တဲ့ တုံ႔ျပန္မႈကို ရရွိခဲ့ပါတယ္။

ယေန႔မွာ ယခုအပတ္အေစာပိုင္း အြန္းေဂ်းကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ မက္ဆီ ဝတ္ဆင္ခဲ့တဲ့ ဂ်ာစီအတြက္ ေဈးဟာ ယူ႐ို ၂၉၆၀၉ အထိ ရွိခဲ့တယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ႏိုဝင္ဘာလမွာ ကစားသမားေတြ ဝတ္ဆင္ကစားခဲ့တဲ့ ဂ်ာစီေတြကို စတင္ ေလလံပစ္ခဲ့တာျဖစ္ၿပီး ၎တို႔ရဲ႕ တရားဝင္ဝက္ဘ္ဆိုက္က ေဖာ္ျပခ်က္အရ ဒီေရာင္းခ်ရေငြေတြအားလုံးဟာ အသင္းတိုးတက္ဖြံ႕ၿဖိဳးေရးနဲ႔ အျခားစီမံကိန္းေတြအတြက္ အသုံးျပဳသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ဒီအက်ႌေတြကေန ရရွိလာတဲ့ အျမတ္ေငြေတြကို အသင္း ဆက္လက္ တိုးတက္ဖြံ႕ၿဖိဳးေရးနဲ႔ႀကီးထြားေရး၊ မတူညီတဲ့ စီမံကိန္းအမ်ိဳးမ်ိဳးအတြက္ အသုံးျပဳသြားမွာျဖစ္ပါတယ္”လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေရးသားထားပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔အတူ ေအာင္ပြဲရရွိခဲ့ၿပီးေနာက္ပိုင္း ပီအက္စ္ဂ်ီအသင္းအတြက္ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က အြန္းေဂ်းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ပထမဆုံးအႀကိမ္ ျပန္လည္ပါဝင္ကစားေပးခဲ့ရာမွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အြန္းေဂ်းနဲ႔ပြဲစဥ္က သြင္းဂိုးဟာ လီယြန္နယ္ မက္ဆီအတြက္ ယခုရာသီ လိဂန္းမွာ သြင္းဂိုး ၈ ဂိုးေျမာက္သြင္းဂိုးျဖစ္ခဲ့ၿပီး ၿပိဳင္ပြဲစုံမွာ ၁၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီ ပထမပိုင္းမွာ ဝတ္ဆင္ကစားခဲ့တဲ့ ေက်ာနံပါတ္ ၃၀ ဂ်ာစီကို လိုခ်င္ေနတဲ့ ပရိသတ္ေတြ မ်ားျပားေနၿပီး တ႐ုတ္၊ စပိန္၊ ယူေက၊ ယူအက္စ္ေအ၊ ဂ်ပန္နဲ႔ အီတလီႏိုင္ငံေတြက ကမ္းလွမ္းမႈေတြ လက္ခံရရွိခဲ့တာျဖစ္ေပမယ့္လည္း လက္ရွိမွာ တ႐ုတ္ႏိုင္ငံက ယူ႐ို ၂၉၆၀၉ နဲ႔ အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ဂ်ာစီကို ေလလံေအာင္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.