Premier League

ဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ထားတဲ့ ဂန်းနားတွေ ဘယ်လိုရာသီပြီးဆုံးမလဲ ခန့်မှန်းလိုက်တဲ့ နဗီး

ဂယ်ရီ နဗီးဟာ အမြင့်ပျံနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားပေမယ့်လည်း ထိပ်ဆုံး ၂ နေရာအပြင်ဘက်မှာပဲ ရာသီပြီးဆုံးလိမ့်မယ်လို့ ဂယ်ရီ နဗီးက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးဂိုးသမား ဟူဂို လိုရစ်ရဲ့ အရှက်ရဖွယ် အမှားနဲ့ မာတင် အော်ဒီဂွါဒ်ရဲ့ မိုးကြိုးသွားလို ပြင်းထန်တဲ့ အဝေးကန်ချက်ကြောင့် အာတီတာရဲ့အသင်းဟာ မဖြစ်မနေ လိုအပ်နေတဲ့ နိုင်ပွဲကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ အာဆင်နယ်အသင်းဟာ ၂၀၀၃-၂၀၀၄ နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့စတင် အိပ်မက် မက်နိုင်ပြီဖြစ်ပြီး ဒုတိယနေရာက လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ၈ မှတ်အထိ ကွာဟနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ယူနိုက်တက်နောက်ခံကစားသမားဟောင်း ဂယ်ရီ နဗီးက အာဆင်နယ်အနေနဲ့ အမှတ်ပေးဖလားကို ရရှိမှာမဟုတ်သလို ဒုတိယနေရာမှာတောင် ရာသီပြီးဆုံးနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းကို အာဆင်နယ်အနေနဲ့ ယခုရာသီမှာ အမှတ်ပေးဖလားကိုအနိုင်ရရှိသွားမှာလားလို့ မေးမြန်းခဲ့ချိန်မှာ “မရနိုင်ဘူး။ ဒါပေမယ့် ကျွန်တော် လက်စတာတုန်းကလည်း အမှတ်ပေးဖလားမရနိုင်ဘူးလို့ ပြောခဲ့တာပဲ။ သူတို့တွေ အမှတ်ပေးဖလားမရနိုင်ပါဘူး”

“မန်ချက်စတာစီးတီးက အမှတ်ပေးဖလားကို အနိုင်ရရှိသွားပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက်က ဒုတိယနေရာမှာ ရာသီပြီးဆုံးလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါက အာဆင်နယ်ပရိသတ်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂယ်ရီ နဗီးက ဂန်းနားတွေအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလားကို လက်ဝယ်ပိုင်ဆိုင်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ စိတ်လှုပ်ရှားစရာဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ကတော့ မန်စီးတီးထက်စာရင် အာဆင်နယ်ကို အမှတ်ပေးဖလား ရသွားစေခငျ်တယ်။ အဲဒါက ပရီးမီးယားလိဂ်အတွက် လုံးဝကို စိတ်လှုပ်ရှားဖွယ် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ပရီးမီးယားလိဂ်ကို စောင့်ကြည့်ခဲ့တဲ့အကြောင်း စဉ်းစားမိတယ်။ ကျွန်တော်တို့ စီးတီးမဟုတ်ရင် လီဗာပူးလ်ကပဲ ပြီးခဲ့တဲ့ ၅ ရာသီစလုံး ဖလားတွေ သိမ်းကြုံးယူသွားခဲ့တယ်။ အာဆင်နယ်က ရောက်လာပြီး လိဂ်ဖလားကို အနိုင်ရရှိမယ်ဆိုရင် အဲဒါက ကျွန်တော်တို့ရဲ့လိဂ်ကို ကြီးကျယ်ခမ်းနားစေပါလိမ့်မယ်။ ကျွန်တော် မန်ယူနိုက်တက် အမှတ်ပေးဖလားရတာမြင်ချင်ပါတယ်။ ဒါပေမယ့် အဲဒါက ဒီရာသီမှာတော့ ဖြစ်မယ်လို့ မထင်ပါဘူး”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂယ္ရီ နဗီးဟာ အျမင့္ပ်ံေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္အထိ ျဖတ္ၿပီး ဦးေဆာင္ထားေပမယ့္လည္း ထိပ္ဆုံး ၂ ေနရာအျပင္ဘက္မွာပဲ ရာသီၿပီးဆုံးလိမ့္မယ္လို႔ ဂယ္ရီ နဗီးက အခိုင္အမာ ေျပာၾကားခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဂိုးသမား ဟူဂို လိုရစ္ရဲ႕ အရွက္ရဖြယ္ အမွားနဲ႔ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ မိုးႀကိဳးသြားလို ျပင္းထန္တဲ့ အေဝးကန္ခ်က္ေၾကာင့္ အာတီတာရဲ႕အသင္းဟာ မျဖစ္မေန လိုအပ္ေနတဲ့ ႏိုင္ပြဲကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ အာဆင္နယ္အသင္းဟာ ၂၀၀၃-၂၀၀၄ ေနာက္ပိုင္း ပထမဆုံး အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔စတင္ အိပ္မက္ မက္ႏိုင္ၿပီျဖစ္ၿပီး ဒုတိယေနရာက လက္ရွိခ်န္ပီယံ မန္စီးတီးနဲ႔ ၈ မွတ္အထိ ကြာဟေနခဲ့ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ယူႏိုက္တက္ေနာက္ခံကစားသမားေဟာင္း ဂယ္ရီ နဗီးက အာဆင္နယ္အေနနဲ႔ အမွတ္ေပးဖလားကို ရရွိမွာမဟုတ္သလို ဒုတိယေနရာမွာေတာင္ ရာသီၿပီးဆုံးႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းကို အာဆင္နယ္အေနနဲ႔ ယခုရာသီမွာ အမွတ္ေပးဖလားကိုအႏိုင္ရရွိသြားမွာလားလို႔ ေမးျမန္းခဲ့ခ်ိန္မွာ “မရႏိုင္ဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ လက္စတာတုန္းကလည္း အမွတ္ေပးဖလားမရႏိုင္ဘူးလို႔ ေျပာခဲ့တာပဲ။ သူတို႔ေတြ အမွတ္ေပးဖလားမရႏိုင္ပါဘူး”

“မန္ခ်က္စတာစီးတီးက အမွတ္ေပးဖလားကို အႏိုင္ရရွိသြားပါလိမ့္မယ္။ မန္ခ်က္စတာယူႏိုက္တက္က ဒုတိယေနရာမွာ ရာသီၿပီးဆုံးလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒါက အာဆင္နယ္ပရိသတ္ေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ေစလိမ့္မယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဂယ္ရီ နဗီးက ဂန္းနားေတြအေနနဲ႔ ပရီးမီးယားလိဂ္ဆုဖလားကို လက္ဝယ္ပိုင္ဆိုင္ေအာင္ လုပ္ေဆာင္ႏိုင္မယ္ဆိုရင္ေတာ့ စိတ္လႈပ္ရွားစရာျဖစ္လာလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ကေတာ့ မန္စီးတီးထက္စာရင္ အာဆင္နယ္ကို အမွတ္ေပးဖလား ရသြားေစခင်္တယ္။ အဲဒါက ပရီးမီးယားလိဂ္အတြက္ လုံးဝကို စိတ္လႈပ္ရွားဖြယ္ ျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ပရီးမီးယားလိဂ္ကို ေစာင့္ၾကည့္ခဲ့တဲ့အေၾကာင္း စဥ္းစားမိတယ္။ ကြၽန္ေတာ္တို႔ စီးတီးမဟုတ္ရင္ လီဗာပူးလ္ကပဲ ၿပီးခဲ့တဲ့ ၅ ရာသီစလုံး ဖလားေတြ သိမ္းႀကဳံးယူသြားခဲ့တယ္။ အာဆင္နယ္က ေရာက္လာၿပီး လိဂ္ဖလားကို အႏိုင္ရရွိမယ္ဆိုရင္ အဲဒါက ကြၽန္ေတာ္တို႔ရဲ႕လိဂ္ကို ႀကီးက်ယ္ခမ္းနားေစပါလိမ့္မယ္။ ကြၽန္ေတာ္ မန္ယူႏိုက္တက္ အမွတ္ေပးဖလားရတာျမင္ခ်င္ပါတယ္။ ဒါေပမယ့္ အဲဒါက ဒီရာသီမွာေတာ့ ျဖစ္မယ္လို႔ မထင္ပါဘူး”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.