Match Report Premier League

ဖူလ်ဟမ်ကို အနိုင်ယူပြီး မန်ယူဆီက အဆင့်သုံးကို ပြန်သိမ်းတဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ နစ်ခ် ပုပ်၊ ခံစစ်မှာ ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂျိုလင်တန်နဲ့ ကယ်လမ် ဝီလ်ဆန်တို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ဖူလ်ဟမ်တို့ကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ တင်မ် ရင်းမ်၊ ဒီယော့ပ်၊ ကာဇာဝါနဲ့ တီတီတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဟာရစ်ဆန် ရိဒ်၊ ပယ်လင်ညာ၊ ပါရဲရား၊ ဒီကော်ဒိုဗာ-ရိဒ်နဲ့ ဝီလီယန်တို့ကို စုဖွဲ့ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မီထရိုဗစ်ချ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲစတာနဲ့ နည်းပြအရည်အသွေး ပိုသာတဲ့ အက်ဒီဟောင်းရဲ့ နယူးကာဆယ်လ်တို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်ကို ထိန်းချုပ်ကစားသွားခဲ့ကြပြီး ဂိုးပေါက်တည့်ခွင့် တစ်ကြိမ်မှ မပေးရဘဲ ထိန်းချုပ်သွားခဲ့သလို မကြာခဏဆိုသလို ထိုးဖောက် ကန်သွင်းနေခဲ့ပြီး ဂိုးသမား လီနိုနဲ့အဖွဲ့ အလုပ်များနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာ ပယ်လင်ညာနဲ့ ထိခိုက်မိခဲ့တဲ့ ဘရူနို ဂီမာရိုင်းစ်ရဲ့ ခြေကျင်းဝတ်ဒဏ်ရာက စိုးရိမ်စရာဖြစ်ခဲ့သလို ပွဲချိန် ၂၃ မိနစ်မှာ ဝီလ်ဆန်ရဲ့ ခေါင်းတိုက်ချက်က လီနိုဆီ ခပ်ပျော့ပျော့ပဲ ရောက်သွားခဲ့လို နယူးကာဆယ်လ်တို့ ဂိုးရဖို့ ဝေးနေခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးအနေနဲ့ တော်တော်လေး ကြိုးစားခဲ့ပေမယ့် ဂိုးလာဘ်ကတော့ ပျောက်ကွယ်နေခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဒဏ်ရာဆိုးသွားခဲ့လို့ ဆက်မကစားနိုင်တော့တဲ့ ဘရူနို ဂီမာရိုင်းစ်အစား စန်မက်ဇီမန် ဝင်ကစားခဲ့တာကြောင့် ဂျိုလင်တန်က ကွင်းလယ်ကို ဝင်ကစားခဲ့သလို ပွဲချိန် ၆၁ မိနစ်မှာ ထရစ်ပီယာရဲ့ ဖရီးကစ်က တိုင်ထိထွက်ခဲ့လို့ နယူးကာဆယ်လ်တို့ ဂိုးပေါက်ရှာမတွေ့သေးဘဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ ဧရိယာထဲမှာ ပါရဲရားနဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့ကို နှစ်ကြိမ်ဆက်တိုက် ပြစ်ဒဏ်ကျူးလွန်ခဲ့ရတာကြောင့် ဖူလ်ဟမ်တို့ ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပြီး ဒီအခွင့်အရေးကို တိုက်စစ်မှူး မီထရိုဗစ်ချ်က ကန်သွင်းရာမှာ ခြေချော်ပြီး ဘောလုံးက နောက်ခြေတစ်ဖက်ကို ထိပြီးမှ ဂိုးထဲ ဝင်သွားခဲ့တာကြောင့် အောင်ပွဲခံနေတဲ့ ဆားဘီးယား စိတ်ပျက်ခဲ့ရပြီး ဂိုးလည်း ပယ်ဖျက်ခံရသလို ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ ဝီလော့ခ်အစား ဒဏ်ရာကနေ ပြန်လာတဲ့ အီဆက်ခ်ကို နယူးကာဆယ်လ်တို့ ထည့်သွင်းသွားခဲ့ပြီး ဖူလ်ဟမ်တို့ကတော့ ပါရဲရားနဲ့ ဝီလီယန်တို့အစား အာဒါရာဘိုင်ယိုရိုနဲ့ ဒန်ဂျိမ်းစ်တို့ကို ထည့်ပြီး ခံစစ်နဲ့ ကောင်တာကစားဖို့ ကြိုးစားခဲ့သလို အိမ်ရှင်တွေအနေနဲ့ ဒီနေ့ပွဲမှာ အလုပ်မဖြစ်တဲ့ အယ်လ်မီရွန်အစား မာဖီကို ထပ်မံလူစားလဲသွားခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ နယူးကာဆယ်လ်တို့အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဧရိယာအစပ်ကနေ လောင်းစတပ်ဖ်က ဘယ်ခြမ်းကို ဖြတ်တင်ပေးရာမှာ ဝီလ်ဆန်က ခေါင်းတိုက်ဖို့ ကြိုးစားတာကနေ ဒီယော့ပ်နဲ့ ငြိပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဝီလ်ဆန်ကပဲ ဂိုးရှေ့ ပြန်ဖြတ်ပို့ရာမှာ လွတ်နေတဲ့ အီဆက်ခ်က အပိုင်ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဖူလ်ဟမ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ နယူးကာဆယ်လ်ယူနိုက်တက်တို့အနေနဲ့ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့သလို ပေးဂိုးအနည်းဆုံးခံစစ်၊ အများဆုံး Clean Sheet နဲ့ ရှေ့ဆက်နိုင်ခဲ့ပြီး စနေနေ့က မန်ချက်စတာယူနိုက်တက်ကို လွှဲပေးခဲ့ရတဲ့ အဆင့် ၃ ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ နစ္ခ္ ပုပ္၊ ခံစစ္မွာ ရွား၊ ေဘာ့တ္မန္၊ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ေလာင္းစတပ္ဖ္နဲ႔ ဝီေလာ့ခ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ဂ်ိဳလင္တန္နဲ႔ ကယ္လမ္ ဝီလ္ဆန္တို႔ကို ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ ဖူလ္ဟမ္တို႔ကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ တင္မ္ ရင္းမ္၊ ဒီေယာ့ပ္၊ ကာဇာဝါနဲ႔ တီတီတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဟာရစ္ဆန္ ရိဒ္၊ ပယ္လင္ညာ၊ ပါရဲရား၊ ဒီေကာ္ဒိုဗာ-ရိဒ္နဲ႔ ဝီလီယန္တို႔ကို စုဖြဲ႕ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ မီထ႐ိုဗစ္ခ်္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲစတာနဲ႔ နည္းျပအရည္အေသြး ပိုသာတဲ့ အက္ဒီေဟာင္းရဲ႕ နယူးကာဆယ္လ္တို႔အေနနဲ႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ မာကို ေဆးလ္ဗားရဲ႕ ဖူလ္ဟမ္ကို ထိန္းခ်ဳပ္ကစားသြားခဲ့ၾကၿပီး ဂိုးေပါက္တည့္ခြင့္ တစ္ႀကိမ္မွ မေပးရဘဲ ထိန္းခ်ဳပ္သြားခဲ့သလို မၾကာခဏဆိုသလို ထိုးေဖာက္ ကန္သြင္းေနခဲ့ၿပီး ဂိုးသမား လီႏိုနဲ႔အဖြဲ႕ အလုပ္မ်ားေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာ ပယ္လင္ညာနဲ႔ ထိခိုက္မိခဲ့တဲ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္ရဲ႕ ေျခက်င္းဝတ္ဒဏ္ရာက စိုးရိမ္စရာျဖစ္ခဲ့သလို ပြဲခ်ိန္ ၂၃ မိနစ္မွာ ဝီလ္ဆန္ရဲ႕ ေခါင္းတိုက္ခ်က္က လီႏိုဆီ ခပ္ေပ်ာ့ေပ်ာ့ပဲ ေရာက္သြားခဲ့လို နယူးကာဆယ္လ္တို႔ ဂိုးရဖို႔ ေဝးေနခဲ့ၿပီး အဂၤလန္တိုက္စစ္မႉးအေနနဲ႔ ေတာ္ေတာ္ေလး ႀကိဳးစားခဲ့ေပမယ့္ ဂိုးလာဘ္ကေတာ့ ေပ်ာက္ကြယ္ေနခဲ့တာပါ။

ပထမပိုင္းမွာ ဂိုးမရွိသေရနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ဒဏ္ရာဆိုးသြားခဲ့လို႔ ဆက္မကစားႏိုင္ေတာ့တဲ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္အစား စန္မက္ဇီမန္ ဝင္ကစားခဲ့တာေၾကာင့္ ဂ်ိဳလင္တန္က ကြင္းလယ္ကို ဝင္ကစားခဲ့သလို ပြဲခ်ိန္ ၆၁ မိနစ္မွာ ထရစ္ပီယာရဲ႕ ဖရီးကစ္က တိုင္ထိထြက္ခဲ့လို႔ နယူးကာဆယ္လ္တို႔ ဂိုးေပါက္ရွာမေတြ႕ေသးဘဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဧရိယာထဲမွာ ပါရဲရားနဲ႔ ဒီေကာ္ဒိုဗာ-ရိဒ္တို႔ကို ႏွစ္ႀကိမ္ဆက္တိုက္ ျပစ္ဒဏ္က်ဴးလြန္ခဲ့ရတာေၾကာင့္ ဖူလ္ဟမ္တို႔ ပင္နယ္တီ ကန္ခြင့္ရရွိခဲ့ၿပီး ဒီအခြင့္အေရးကို တိုက္စစ္မႉး မီထ႐ိုဗစ္ခ်္က ကန္သြင္းရာမွာ ေျခေခ်ာ္ၿပီး ေဘာလုံးက ေနာက္ေျခတစ္ဖက္ကို ထိၿပီးမွ ဂိုးထဲ ဝင္သြားခဲ့တာေၾကာင့္ ေအာင္ပြဲခံေနတဲ့ ဆားဘီးယား စိတ္ပ်က္ခဲ့ရၿပီး ဂိုးလည္း ပယ္ဖ်က္ခံရသလို ျပစ္ဒဏ္ေဘာအျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ဝီေလာ့ခ္အစား ဒဏ္ရာကေန ျပန္လာတဲ့ အီဆက္ခ္ကို နယူးကာဆယ္လ္တို႔ ထည့္သြင္းသြားခဲ့ၿပီး ဖူလ္ဟမ္တို႔ကေတာ့ ပါရဲရားနဲ႔ ဝီလီယန္တို႔အစား အာဒါရာဘိုင္ယို႐ိုနဲ႔ ဒန္ဂ်ိမ္းစ္တို႔ကို ထည့္ၿပီး ခံစစ္နဲ႔ ေကာင္တာကစားဖို႔ ႀကိဳးစားခဲ့သလို အိမ္ရွင္ေတြအေနနဲ႔ ဒီေန႔ပြဲမွာ အလုပ္မျဖစ္တဲ့ အယ္လ္မီ႐ြန္အစား မာဖီကို ထပ္မံလူစားလဲသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔အတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ဧရိယာအစပ္ကေန ေလာင္းစတပ္ဖ္က ဘယ္ျခမ္းကို ျဖတ္တင္ေပးရာမွာ ဝီလ္ဆန္က ေခါင္းတိုက္ဖို႔ ႀကိဳးစားတာကေန ဒီေယာ့ပ္နဲ႔ ၿငိၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ဝီလ္ဆန္ကပဲ ဂိုးေရွ႕ ျပန္ျဖတ္ပို႔ရာမွာ လြတ္ေနတဲ့ အီဆက္ခ္က အပိုင္ေခါင္းတိုက္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဖူလ္ဟမ္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တဲ့ နယူးကာဆယ္လ္ယူႏိုက္တက္တို႔အေနနဲ႔ ႏိုင္ပြဲျပန္လည္ရွာေဖြႏိုင္ခဲ့သလို ေပးဂိုးအနည္းဆုံးခံစစ္၊ အမ်ားဆုံး Clean Sheet နဲ႔ ေရွ႕ဆက္ႏိုင္ခဲ့ၿပီး စေနေန႔က မန္ခ်က္စတာယူႏိုက္တက္ကို လႊဲေပးခဲ့ရတဲ့ အဆင့္ ၃ ကို ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.