Premier League

လင်းယုန်ကုတ်တာ ၄ ချက်တိတိခံခဲ့ရပြီး သရဲနီပရိသတ်တွေကို တစ်ရှက်နေ သုံးရှက်ဖြစ်စေခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယနေ့ပွဲမှာ အနိုင်ရမှ ဥရောပပြိုင်ပွဲ ကစားခွင့်နှင့်အတူ တစ်ရာသီလုံး အထိုင်ကျအောင်ကြိုးစားနေရတဲ့ ချဲလ်ဆီးအသင်းရဲ့ အထက်မှာ ရာသီသိမ်းနိုင်မှာ ဖြစ်လို့ အနိုင်ကစားဖို့ မဖြစ်မနေလိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် သရဲနီတို့အနေနဲ့ မထင်မှတ်လောက်အောင် ခြေစွမ်းစုတ်ပြတ်ခဲ့ပြီး ၄ ဂိုးပြတ်နဲ့ ဆဲလ်ဟတ်ပါ့ခ်မှာ လင်းယုန်တို့ကို ဒူးထောက်ပြန်လာခဲ့ရပါတယ်။

ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ ဘရူနို ဖာနန်ဒက်နေရာမှာ မေဆန် မောင့်ကို ဝင်ကစားစေခဲ့ပြီး အဓိက ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ ဗာရွန်းတို့လည်း ဒဏ်ရာရနေတာကြောင့်ခံစစ်မှာတော့ ကာစီမီရိုနဲ့ အီဗန်ကို ကစားစေခဲ့ပြီး ဘယ်ညာနောက်ခံ ခံစစ်အတွဲကိုတော့ ဝန်ဘစ်ဆာကာနဲ့ဒါလော့ကို အသုံးပြုခဲ့ပါတယ်။ တိုက်စစ်မှာတော့ ဟွိုင်လန်းကို အထောင်ထားကစားခဲ့ပါတယ်။

ပွဲစစချင်းမှာပဲ ပွဲကို ကြီးစိုးခဲ့တဲ့ ပဲလေ့စ်အသင်းဖြစ်နေပြီး ပွဲချိန် ၁၂ မိနစ်မှာ အိုလီဆေးရဲ့ ကန်ချက်ကို ဂိုးသမား အိုနာနာ ဒိုက်ဗင်ပစ်ပုတ်ပေမယ့် မရခဲ့ပဲ မန်ယူနိုက်တက်တို့ ဂိုးစပေးခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာတော့ ပဲလေ့စ်တိုက်စ်မှူး မာတက်တာက ရစ်ချက်စ်ရဲ့ ပေးပို့မှုကနေ ဘောလုံးရသွားပြီး မန်ချက်စတာယူနိုက်တက်နောက်တန်းလူတွေကို တစ်ယောက်ပြီး တစ်ယောက်ဖြတ်ဆွဲယူသွားပြီး ဂိုးဧရိယာထဲ အရောက်မှာ အပြင်းကန်သွင်းယူခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ ပဲလေ့စ်အသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှ ချေပဂိုးရဖို့ မန်ယူနိုက်တက်အသင်းက ကြိုးစားခဲ့ပေမယ့် တကယ်တမ်းတိုက်စစ်ဆင်ဖိအားပေးခဲ့တာက ပဲလေ့စ်အသင်းပဲ ဖြစ်နေပါတယ်။ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်ကို မန်ချက်စတာယူနိုက်တက်နောက်တန်းတွေ ဘယ်လိုမှ မထိန်းနိုင်ခဲ့ပေမယ့် ဂိုးသမား အိုနာနာ လက်စွမ်းပြ ကာကွယ်နေမှုကြောင့် ဂိုးထပ်မပေးရတာပဲ ဖြစ်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ ပဲလေ့စ်အသင်းရဲ့ ညာခြမ်းက ဖြတ်တင်ပေးပို့မှုကို ဒါလော့ဖျက်ထုတ်ပေးရမှာ ဘောလုံးက ဂိုးရှေ့တည့်တည့်မှာရှိတဲ့ ပဲလေ့စ်အသင်းကစားသမား မစ်ချဲလ်ကို ခင်းပေးလိုက်သလိုဖြစ်ပြီး ဒီပဲလေ့စ်နောက်ခံလူက အပိုင် ပိတ်သွင်းလိုက်တဲ့အတွက် ဂိုးသမား အိုနာနာလည်း ဘယ်လိုမှ မတတ်နိုင်တော့ပဲ ဂိုးပေးခဲ့လိုက်ရပါတယ်။

၃ ဂိုးပြတ်ရှုံးနေပြီးနောက် နည်းပြတန်ဟက်အနေနဲ့ ချေပဂိုး ပြန်သွင်းယူဖို့ထက် ဂိုးထပ်မပေးရအောင် ရည်ရွယ်လေသလား ထင်ရတဲ့ အန်တိုနီအစား အမ်မရာဘတ်ကို မိနစ် ၆၀ မှာ အံ့အားသင့်ဖွယ် လူစားလဲခဲ့ပါတယ်။ ဒါပေမယ့် ဂိုးထပ်ပေးလိုက်ရတာ မန်ချက်စတာယူနိုက်တက်ပဲ ဖြစ်ခဲ့ပြီး နည်းပြတန်ဟက် လူစားလဲပြီး ၆ မိနစ်အကြာ ၆၆ မိနစ်မှာတော့ နောက်တန်းမှာ ဘောလုံးပေးဖို့ တွေေဝေနေတဲ့ ကာစီမီရိုဆီက ဘောလုံးကို ပဲလေ့စ်ကွင်းလယ်ကစားသမား မူးနော့ဇ်က လုယူသွားပြီး အိုလီဆေးကို ထိုးပေးလိုက်ရာ အိုလီဆေးက ဂိုးဧရိယာအစပ်ကနေ အပြင်းကန်သွင်းခဲ့ရာ ဂိုးသမား အိုနာနာဘယ်လိုမှ မကာကွယ်နိုင်ပဲ စတုတ္ထဂိုးပေးခဲ့လိုက်ရပါတယ်။

မန်ယူနိုက်တက် နည်းပြတန်ဟက်အနေနဲ့ ပွဲချိန် မိနစ် ၈၀ မှာ မေဆန်မောင့်အစား ဒီယာလိုနဲ့ ဟွိုင်လန်းအစား အီသန် ဝှစ်တလေကို လူစားလဲခဲ့ပေမယ့် ချေပဂိုး တစ်ဂိုးတောင် ပြန်မသွင်းယူနိုင်ပွဲ ပွဲအပြီးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ကာ အမှတ်ပေးဇယားမှာလည်း ချဲလ်ဆီးအသင်းအောက်မှာ ရပ်တည်ခဲ့ရပါတယ်။ ယခုအတိုင်းဆို ဥရောပပြိုင်ပွဲကစားခွင့်ရနိုင်ချေရှိတဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်ဝင်ခွင့်ကိုလည်း လက်လွှတ်ရဖို့ များသွားပြီဖြစ်တဲ့အတွက် နည်းပြတန်ဟက်ကြောင့် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကို တစ်ရှက်ကနေ သုံးရှက်လောက်အထိ ဖြစ်ခဲ့ရပါကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

SportsA2Z

Zawgyi:
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ယေန႔ပြဲမွာ အႏိုင္ရမွ ဥေရာပၿပိဳင္ပြဲ ကစားခြင့္ႏွင့္အတူ တစ္ရာသီလုံး အထိုင္က်ေအာင္ႀကိဳးစားေနရတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ အထက္မွာ ရာသီသိမ္းႏိုင္မွာ ျဖစ္လို႔ အႏိုင္ကစားဖို႔ မျဖစ္မေနလိုအပ္ခဲ့ပါတယ္။ ဒါေပမယ့္ သရဲနီတို႔အေနနဲ႔ မထင္မွတ္ေလာက္ေအာင္ ေျခစြမ္းစုတ္ျပတ္ခဲ့ၿပီး ၄ ဂိုးျပတ္နဲ႔ ဆဲလ္ဟတ္ပါ့ခ္မွာ လင္းယုန္တို႔ကို ဒူးေထာက္ျပန္လာခဲ့ရပါတယ္။

ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္တဲ့ ဘ႐ူႏို ဖာနန္ဒက္ေနရာမွာ ေမဆန္ ေမာင့္ကို ဝင္ကစားေစခဲ့ၿပီး အဓိက ဗဟိုခံစစ္ကစားသမားေတြျဖစ္တဲ့ မက္ဂြိဳင္းယားနဲ႔ ဗာ႐ြန္းတို႔လည္း ဒဏ္ရာရေနတာေၾကာင့္ခံစစ္မွာေတာ့ ကာစီမီ႐ိုနဲ႔ အီဗန္ကို ကစားေစခဲ့ၿပီး ဘယ္ညာေနာက္ခံ ခံစစ္အတြဲကိုေတာ့ ဝန္ဘစ္ဆာကာနဲ႔ဒါေလာ့ကို အသုံးျပဳခဲ့ပါတယ္။ တိုက္စစ္မွာေတာ့ ဟြိဳင္လန္းကို အေထာင္ထားကစားခဲ့ပါတယ္။

ပြဲစစခ်င္းမွာပဲ ပြဲကို ႀကီးစိုးခဲ့တဲ့ ပဲေလ့စ္အသင္းျဖစ္ေနၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာ အိုလီေဆးရဲ႕ ကန္ခ်က္ကို ဂိုးသမား အိုနာနာ ဒိုက္ဗင္ပစ္ပုတ္ေပမယ့္ မရခဲ့ပဲ မန္ယူႏိုက္တက္တို႔ ဂိုးစေပးခဲ့ရပါတယ္။ ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ပဲေလ့စ္တိုက္စ္မႉး မာတက္တာက ရစ္ခ်က္စ္ရဲ႕ ေပးပို႔မႈကေန ေဘာလုံးရသြားၿပီး မန္ခ်က္စတာယူႏိုက္တက္ေနာက္တန္းလူေတြကို တစ္ေယာက္ၿပီး တစ္ေယာက္ျဖတ္ဆြဲယူသြားၿပီး ဂိုးဧရိယာထဲ အေရာက္မွာ အျပင္းကန္သြင္းယူခဲ့ၿပီး ခရစၥတယ္ပဲေလ့စ္အသင္းအတြက္ ဒုတိယ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ပါတယ္။ ပထမပိုင္းအၿပီးမွာ ပဲေလ့စ္အသင္းက မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၂ ဂိုး ဂိုးမရွိျဖင့္ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္အစမွ ေခ်ပဂိုးရဖို႔ မန္ယူႏိုက္တက္အသင္းက ႀကိဳးစားခဲ့ေပမယ့္ တကယ္တမ္းတိုက္စစ္ဆင္ဖိအားေပးခဲ့တာက ပဲေလ့စ္အသင္းပဲ ျဖစ္ေနပါတယ္။ ခရစၥတယ္ပဲေလ့စ္တိုက္စစ္ကို မန္ခ်က္စတာယူႏိုက္တက္ေနာက္တန္းေတြ ဘယ္လိုမွ မထိန္းႏိုင္ခဲ့ေပမယ့္ ဂိုးသမား အိုနာနာ လက္စြမ္းျပ ကာကြယ္ေနမႈေၾကာင့္ ဂိုးထပ္မေပးရတာပဲ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ပဲေလ့စ္အသင္းရဲ႕ ညာျခမ္းက ျဖတ္တင္ေပးပို႔မႈကို ဒါေလာ့ဖ်က္ထုတ္ေပးရမွာ ေဘာလုံးက ဂိုးေရွ႕တည့္တည့္မွာရွိတဲ့ ပဲေလ့စ္အသင္းကစားသမား မစ္ခ်ဲလ္ကို ခင္းေပးလိုက္သလိုျဖစ္ၿပီး ဒီပဲေလ့စ္ေနာက္ခံလူက အပိုင္ ပိတ္သြင္းလိုက္တဲ့အတြက္ ဂိုးသမား အိုနာနာလည္း ဘယ္လိုမွ မတတ္ႏိုင္ေတာ့ပဲ ဂိုးေပးခဲ့လိုက္ရပါတယ္။

၃ ဂိုးျပတ္ရႈံးေနၿပီးေနာက္ နည္းျပတန္ဟက္အေနနဲ႔ ေခ်ပဂိုး ျပန္သြင္းယူဖို႔ထက္ ဂိုးထပ္မေပးရေအာင္ ရည္႐ြယ္ေလသလား ထင္ရတဲ့ အန္တိုနီအစား အမ္မရာဘတ္ကို မိနစ္ ၆၀ မွာ အံ့အားသင့္ဖြယ္ လူစားလဲခဲ့ပါတယ္။ ဒါေပမယ့္ ဂိုးထပ္ေပးလိုက္ရတာ မန္ခ်က္စတာယူႏိုက္တက္ပဲ ျဖစ္ခဲ့ၿပီး နည္းျပတန္ဟက္ လူစားလဲၿပီး ၆ မိနစ္အၾကာ ၆၆ မိနစ္မွာေတာ့ ေနာက္တန္းမွာ ေဘာလုံးေပးဖို႔ ေတြေေဝေနတဲ့ ကာစီမီ႐ိုဆီက ေဘာလုံးကို ပဲေလ့စ္ကြင္းလယ္ကစားသမား မူးေနာ့ဇ္က လုယူသြားၿပီး အိုလီေဆးကို ထိုးေပးလိုက္ရာ အိုလီေဆးက ဂိုးဧရိယာအစပ္ကေန အျပင္းကန္သြင္းခဲ့ရာ ဂိုးသမား အိုနာနာဘယ္လိုမွ မကာကြယ္ႏိုင္ပဲ စတုတၳဂိုးေပးခဲ့လိုက္ရပါတယ္။

မန္ယူႏိုက္တက္ နည္းျပတန္ဟက္အေနနဲ႔ ပြဲခ်ိန္ မိနစ္ ၈၀ မွာ ေမဆန္ေမာင့္အစား ဒီယာလိုနဲ႔ ဟြိဳင္လန္းအစား အီသန္ ဝွစ္တေလကို လူစားလဲခဲ့ေပမယ့္ ေခ်ပဂိုး တစ္ဂိုးေတာင္ ျပန္မသြင္းယူႏိုင္ပြဲ ပြဲအၿပီးမွာ ခရစၥတယ္ပဲေလ့စ္အသင္းကို ၄ ဂိုး ဂိုးမရွိျဖင့္ အရွက္တကြဲ ရႈံးနိမ့္ခဲ့ကာ အမွတ္ေပးဇယားမွာလည္း ခ်ဲလ္ဆီးအသင္းေအာက္မွာ ရပ္တည္ခဲ့ရပါတယ္။ ယခုအတိုင္းဆို ဥေရာပၿပိဳင္ပြဲကစားခြင့္ရႏိုင္ေခ်ရွိတဲ့ ယူ႐ိုပါ ကြန္းဖရန႔္လိဂ္ဝင္ခြင့္ကိုလည္း လက္လႊတ္ရဖို႔ မ်ားသြားၿပီျဖစ္တဲ့အတြက္ နည္းျပတန္ဟက္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြကို တစ္ရွက္ကေန သုံးရွက္ေလာက္အထိ ျဖစ္ခဲ့ရပါေၾကာင္း ေရးသားတင္ဆက္လိုက္ရပါတယ္။

SportsA2Z