La Liga Match Report

ဘာဆာတို့ ဂီရိုနာကို ရှုံးခဲ့တာကြောင့် စံချိန်တင်လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ စနေနေ့မှာ ခါးသီးပြိုင်ဘက်တွေဖြစ်တဲ့ ဘာစီလိုနာရဲ့ ရှုံးနိမ့်မှုကြောင့် လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပြီး ရာသီကုန်ဖို့ ၄ ပွဲသာ လိုတော့ချိန်မှာ ချန်ပီယံစြဖ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို အပြည့်အဝ အာရုံစိုက်နိုင်တော့မှာဖြစ်ပြီး အန်ဆယ်လော့တီရဲ့အသင်းဟာ တန်းဆင်းရနိုင်ခြေရှိနေတဲ့ ကဒစ်ဇ်ကို အရန်ကစားသမားတွေနဲ့ ၃-၀ ရလဒ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာကတော့ ဂီရိုနာကို ၄-၂ နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ကတော့ သူရဲ့အသင်းဟာ ဖလားလက်မဲ့ရာသီအဖြစ် အဆုံးသတ်ရတော့မယ်လို့ ဝန်ခံခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ရလဒ်အနေနဲ့ ၃၆ ကြိမ်မြောက် စပိန်အမှတ်ပေးဖလားကို စံချိန်တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ပြီး ဂီရိုနာနဲ့ ပွဲမှာ ဘာစီလိုနာက အနိုင်ရခဲ့မှသာ အန်ဆယ်လော့တီရဲ့အသင်းက စနေနေ့မှာ အမှတ်ပေးဖလားအောင်ပွဲမခံနိုင်အောင် တားဆီးနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာက ဂီရိုနာကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိမှာတော့ ဥရောပဖလား ၁၅ ကြိမ်အထိ စံချိန်တင်ဆွတ်ခူးနိုင်ဖို့ အာရုံစိုက်နိုင်တော့မှာ ဖြစ်ပါတယ်။

ကဒစ်ကို အနိုင်ရခဲ့တဲ့ စနေနေ့ည ပွဲစဉ်မှာ ဘရာဟင် ဒီယက်ဇ်က ၅၁ မိနစ်မှာ ကဒစ်နောက်ခံလူတွေ ကာထားတဲ့ကြားကနေ ဂိုးညာဘက်အပေါ်ထောင့်ထဲကို ဝိုက်ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် နောက်ထပ် ဦးဆောင်ဂိုးကို ၆၈ မိနစ်မှာ ဘယ်လင်ဟမ်က ဘရာဟင် ဒီယက်ဇ်ရဲ့ တကိုယ်ကောင်းမဆန်ဘဲ ပြန်ခင်းပေးလိုက်တဲ့ဘောလုံးကို သက်တောင့်သက်သာ ပိတ်သွင်းယူပြီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် တတိယမြောက် ဦးဆောင်ဂိုးကို ဂျိုဆေးလူက နာချို ခင်းပေးလိုက်တဲ့ဘောလုံးကို ဂိုးပေါက်အလွတ်ထဲကို အဆုံးသတ် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ရီးရဲလ္မက္ဒရစ္ဟာ စေနေန႔မွာ ခါးသီးၿပိဳင္ဘက္ေတြျဖစ္တဲ့ ဘာစီလိုနာရဲ႕ ရႈံးနိမ့္မႈေၾကာင့္ လာလီဂါဖလားကို ဆြတ္ခူးႏိုင္ခဲ့ၿပီျဖစ္ၿပီး ရာသီကုန္ဖို႔ ၄ ပြဲသာ လိုေတာ့ခ်ိန္မွာ ခ်န္ပီယံျစဖ္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ရီးရဲလ္မက္ဒရစ္ဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္ကို အျပည့္အဝ အာ႐ုံစိုက္ႏိုင္ေတာ့မွာျဖစ္ၿပီး အန္ဆယ္ေလာ့တီရဲ႕အသင္းဟာ တန္းဆင္းရႏိုင္ေျခရွိေနတဲ့ ကဒစ္ဇ္ကို အရန္ကစားသမားေတြနဲ႔ ၃-၀ ရလဒ္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာကေတာ့ ဂီ႐ိုနာကို ၄-၂ နဲ႔ စိတ္ပ်က္ဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး နည္းျပ ဇာဗီ ဟာနန္ဒက္ဇ္ကေတာ့ သူရဲ႕အသင္းဟာ ဖလားလက္မဲ့ရာသီအျဖစ္ အဆုံးသတ္ရေတာ့မယ္လို႔ ဝန္ခံခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ရလဒ္အေနနဲ႔ ၃၆ ႀကိမ္ေျမာက္ စပိန္အမွတ္ေပးဖလားကို စံခ်ိန္တိုးျမႇင့္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဂီ႐ိုနာနဲ႔ ပြဲမွာ ဘာစီလိုနာက အႏိုင္ရခဲ့မွသာ အန္ဆယ္ေလာ့တီရဲ႕အသင္းက စေနေန႔မွာ အမွတ္ေပးဖလားေအာင္ပြဲမခံႏိုင္ေအာင္ တားဆီးႏိုင္မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာစီလိုနာက ဂီ႐ိုနာကို စိတ္ပ်က္ဖြယ္ရႈံးနိမ့္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ဟာ လက္ရွိမွာေတာ့ ဥေရာပဖလား ၁၅ ႀကိမ္အထိ စံခ်ိန္တင္ဆြတ္ခူးႏိုင္ဖို႔ အာ႐ုံစိုက္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ကဒစ္ကို အႏိုင္ရခဲ့တဲ့ စေနေန႔ည ပြဲစဥ္မွာ ဘရာဟင္ ဒီယက္ဇ္က ၅၁ မိနစ္မွာ ကဒစ္ေနာက္ခံလူေတြ ကာထားတဲ့ၾကားကေန ဂိုးညာဘက္အေပၚေထာင့္ထဲကို ဝိုက္ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ၆၈ မိနစ္မွာ ဘယ္လင္ဟမ္က ဘရာဟင္ ဒီယက္ဇ္ရဲ႕ တကိုယ္ေကာင္းမဆန္ဘဲ ျပန္ခင္းေပးလိုက္တဲ့ေဘာလုံးကို သက္ေတာင့္သက္သာ ပိတ္သြင္းယူၿပီး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို ဂ်ိဳေဆးလူက နာခ်ိဳ ခင္းေပးလိုက္တဲ့ေဘာလုံးကို ဂိုးေပါက္အလြတ္ထဲကို အဆုံးသတ္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.