Match Report Premier League

ဆင်နင်းပြီး ချယ်ဗျင်းသွားတဲ့ စပါးတွေကို အားနာနာနဲ့ ထပ်တီးခဲ့တဲ့ လီဗာပူးလ်

တနင်္ဂနွေနေ့ရဲ့ စူပါဆန်းဒေးပွဲကြီးပွဲကောင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ပွဲစဉ်မှာ ယာဂန် ကလော့ပ်ရဲ့ အသင်းက ၄-၂ နဲ့ ဂိုးပြတ်နိုင်ပွဲရခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးက ပွဲကို တောက်ပတဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ပြီး လီဗာပူးလ်ကွင်းဘက်ခြမ်းထိ Pressing လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်က ဂိုးသွင်းခွင့်ပိုရခဲ့ပြီး ၁၆ မိနစ်မှာပဲ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ခံစစ်ပိုင်း ထိခိုက်လွယ်မှုကို မြင်တွေ့ခဲ့ရပါတယ်။

ဆာလားက ဂက်ခ်ပိုရဲ့ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို နေရာယူမှန်မှန်နဲ့ ခေါင်းတိုက်သွင်းယူသွားခဲ့ပြီး ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ စပါးက ချေပဂိုး ပြန်သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း လီဗာပူးလ်နောက်တန်းကို ထိရောက်တဲ့ခြိမ်းခြောက်မှု ပြုလုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး သူတို့ရဲ့ ဘယ်တောင်ပံက ပေါက်နေတာကြောင့် အာနိုးက နေရာလွတ်တွေ ရရနေခဲ့ပါတယ်။

ပထမပိုင်းပြီးဆုံးခါနီးမှာ အလက်ဇန်းဒါး-အာနိုးက ဂိုးတိုင်နားကို ပေးပို့ခဲ့ရာမှာ ရောဘတ်ဆန်က ဒီယက်ဇ်ကို ပြန်ခင်းပေးခဲ့ရာမှာ ကိုလံဘီယာကြယ်ပွင့်ရဲ့ ကန်ချက်ကို ဗီကာရီယို ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်လျှံထွက်လာတဲ့ဘောလုံးကို ရောဘတ်ဆန်ကပဲ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ၅ မိနစ်အကြာမှာပဲ လီဗာပူးလ်တို့ နောက်ထပ်ဦးဆောင်ဂိုး ရသွားခဲ့ပြီး အဲလီးယော့တ်က စပါးနောက်ခံလူဆီကနေ ဘောလုံးကို ရယူပြီးနောက် ပင်နယ်တီဧရိယာထဲကို အသင်းဖော်တွေ ရောက်လာမှာကို စောင့်ဆိုင်းပြီး ပေးပို့ခဲ့ရာမှာ ဂက်ခ်ပိုက ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၄ မိနစ်အကြာမှာ ဟာဗီး အဲလီးယော့တ်က ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆာလား ထိုးပေးလိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တို့ဟာ ပွဲကစားချိန် မိနစ် ၆၀ မပြည့်ခင်မှာပဲ ၄ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်တာကြောင့် ကစားအား အနည်းငယ်ချလိုက်ချိန်မှာ စပါးက တရစပ် ဖိအားပေးလာခဲ့ပြီး ၇၂ မိနစ်မှာ ရစ်ချာလီဆန်က ဘရန်နန် ဂျွန်ဆင် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို သေသပ်တဲ့ အဆုံးသတ်နဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ တော့တင်ဟမ်ဟော့စပါးအတွက် ဆွန်ဟောင်မင်က နောက်ထပ် ချေပဂိုးကို သွင်းယူပေးသွားခဲ့ပြီး ရစ်ချာလီဆန်ရဲ့ တကိုယ်ကောင်းမဆန်ဘဲ ပြန်ခင်းပေးလိုက်တဲ့ ဘောလုံးကို တောင်ကိုရီးယားတိုက်စစ်မှူးက ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ၅ မိနစ်အတွင်း ၂ ဂိုးပြန်သွင်းနိုင်ခဲ့တာကြောင့် စိတ်အားတက်ကြွသွားခဲ့ပြီး နောက်ထပ် လိုအပ်တဲ့ ချေပဂိုးတွေ သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း လီဗာပူးလ် နောက်တန်းက အာရုံစူးစိုက်မှု ပြန်လည်ရရှိလာခဲ့တာကြောင့် ချေပဂိုး ထပ်မသွင်းနိုင်ခဲ့ဘဲ ၄-၂ နဲ့ ပဲ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ စပါးရဲ့ ထိပ်ဆုံး ၄ နေရာအတွင်း ဝင်ရောက်နိုင်မယ့် မျှော်လင့်ချက်ကို ရိုက်ချိုးနိုင်ခဲ့ပြီး ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၅ မှတ်အကွာ၊ ဒုတိယနေရာက တစ်ပွဲလျော့နေတဲ့ မန်စီးတီးနဲ့ ၄ မှတ်အကွာ အဆင့် ၃ နေရာမှာ အခိုင်အမာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တနဂၤေႏြေန႔ရဲ႕ စူပါဆန္းေဒးပြဲႀကီးပြဲေကာင္းျဖစ္တဲ့ လီဗာပူးလ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ရဲ႕ ပြဲစဥ္မွာ ယာဂန္ ကေလာ့ပ္ရဲ႕ အသင္းက ၄-၂ နဲ႔ ဂိုးျပတ္ႏိုင္ပြဲရခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးက ပြဲကို ေတာက္ပတဲ့ပုံစံနဲ႔ စတင္ႏိုင္ခဲ့ၿပီး လီဗာပူးလ္ကြင္းဘက္ျခမ္းထိ Pressing လုပ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးလ္က ဂိုးသြင္းခြင့္ပိုရခဲ့ၿပီး ၁၆ မိနစ္မွာပဲ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ရဲ႕ ခံစစ္ပိုင္း ထိခိုက္လြယ္မႈကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဆာလားက ဂက္ခ္ပိုရဲ႕ ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ေနရာယူမွန္မွန္နဲ႔ ေခါင္းတိုက္သြင္းယူသြားခဲ့ၿပီး ဦးေဆာင္ဂိုး စတင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ စပါးက ေခ်ပဂိုး ျပန္သြင္းယူဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း လီဗာပူးလ္ေနာက္တန္းကို ထိေရာက္တဲ့ၿခိမ္းေျခာက္မႈ ျပဳလုပ္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး သူတို႔ရဲ႕ ဘယ္ေတာင္ပံက ေပါက္ေနတာေၾကာင့္ အာႏိုးက ေနရာလြတ္ေတြ ရရေနခဲ့ပါတယ္။

ပထမပိုင္းၿပီးဆုံးခါနီးမွာ အလက္ဇန္းဒါး-အာႏိုးက ဂိုးတိုင္နားကို ေပးပို႔ခဲ့ရာမွာ ေရာဘတ္ဆန္က ဒီယက္ဇ္ကို ျပန္ခင္းေပးခဲ့ရာမွာ ကိုလံဘီယာၾကယ္ပြင့္ရဲ႕ ကန္ခ်က္ကို ဗီကာရီယို ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို ေရာဘတ္ဆန္ကပဲ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ၅ မိနစ္အၾကာမွာပဲ လီဗာပူးလ္တို႔ ေနာက္ထပ္ဦးေဆာင္ဂိုး ရသြားခဲ့ၿပီး အဲလီးေယာ့တ္က စပါးေနာက္ခံလူဆီကေန ေဘာလုံးကို ရယူၿပီးေနာက္ ပင္နယ္တီဧရိယာထဲကို အသင္းေဖာ္ေတြ ေရာက္လာမွာကို ေစာင့္ဆိုင္းၿပီး ေပးပို႔ခဲ့ရာမွာ ဂက္ခ္ပိုက ေခါင္းတိုက္ၿပီး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၄ မိနစ္အၾကာမွာ ဟာဗီး အဲလီးေယာ့တ္က ကိုယ္တိုင္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဆာလား ထိုးေပးလိုက္တဲ့ ေဘာလုံးကို ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဂိုးအေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ဟာ ပြဲကစားခ်ိန္ မိနစ္ ၆၀ မျပည့္ခင္မွာပဲ ၄ ဂိုးျပတ္ ဦးေဆာင္ထားႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ကစားအား အနည္းငယ္ခ်လိုက္ခ်ိန္မွာ စပါးက တရစပ္ ဖိအားေပးလာခဲ့ၿပီး ၇၂ မိနစ္မွာ ရစ္ခ်ာလီဆန္က ဘရန္နန္ ဂြၽန္ဆင္ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေသသပ္တဲ့ အဆုံးသတ္နဲ႔ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၃ မိနစ္အၾကာမွာ ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ ဆြန္ေဟာင္မင္က ေနာက္ထပ္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ရစ္ခ်ာလီဆန္ရဲ႕ တကိုယ္ေကာင္းမဆန္ဘဲ ျပန္ခင္းေပးလိုက္တဲ့ ေဘာလုံးကို ေတာင္ကိုရီးယားတိုက္စစ္မႉးက ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ ၅ မိနစ္အတြင္း ၂ ဂိုးျပန္သြင္းႏိုင္ခဲ့တာေၾကာင့္ စိတ္အားတက္ႂကြသြားခဲ့ၿပီး ေနာက္ထပ္ လိုအပ္တဲ့ ေခ်ပဂိုးေတြ သြင္းယူဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း လီဗာပူးလ္ ေနာက္တန္းက အာ႐ုံစူးစိုက္မႈ ျပန္လည္ရရွိလာခဲ့တာေၾကာင့္ ေခ်ပဂိုး ထပ္မသြင္းႏိုင္ခဲ့ဘဲ ၄-၂ နဲ႔ ပဲ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ စပါးရဲ႕ ထိပ္ဆုံး ၄ ေနရာအတြင္း ဝင္ေရာက္ႏိုင္မယ့္ ေမွ်ာ္လင့္ခ်က္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့ၿပီး ဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ၅ မွတ္အကြာ၊ ဒုတိယေနရာက တစ္ပြဲေလ်ာ့ေနတဲ့ မန္စီးတီးနဲ႔ ၄ မွတ္အကြာ အဆင့္ ၃ ေနရာမွာ အခိုင္အမာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.