Bundesliga Match Report

ဖရန့်ဖွတ်ကို ဂိုးပြတ်ကြိတ်ပြီး အထင်ကြီးဖွယ်စံချိန်ကို လိုက်မီခဲ့တဲ့ လေဗာကူဆင်

တနင်္ဂနွေနေ့ညမှာ ကစားခဲ့တဲ့ ဖရန့်ဖွတ်နဲ့ လေဗာကူဆင်တို့ရဲ့ပွဲမှာ ပူပူနွေးနွေး ဘွန်ဒက်စ်လီဂါ ချန်ပီယံတွေက ၅-၁ နဲ့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

လေဗာကူဆင်အတွက် ပထမပိုင်း ၁၂ မိနစ်မှာပဲ ချာကာက ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ကန်သွင်းနေကျပုံစံအတိုင်းပဲ ဂိုးညာဘက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

နောက်ထပ် မိနစ် ၂၀ အကြာမှာ ဖရန့်ဖွတ်အတွက် ချေပဂိုးကို ဟူဂို အက်ကီတိုက်က ချိုင်ဘီရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ခေါင်းတိုက်သွင်းယူသွားခဲ့ပေမယ့် ပထမပိုင်းပြီးဆုံးခါနီး ၁ မိနစ်အလိုမှာပဲ ပက်ထရစ် ရှစ်ခ်က ဟလိုဇက်ရဲ့ ပေးပို့မှုကနေဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဧည့်သည် လေဗာကူဆင်တို့ကပဲ ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီး ပလာစီယို့စ်က ပင်နယ်တီကနေတဆင့် ဂိုးညာဘက်အောက်ထောင့်ထဲကို အမှားအယွင်းမရှိ ကန်သွင်းပြီး နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

လေဗာကူဆင်အတွက် စတုတ္ထမြောက်သွင်းဂိုးကို ၇၇ မိနစ်မှာ ဖရင်းပေါင်က ဟလိုဇက်ရဲ့ ဟက်ထရစ် ဂိုးဖန်တီးမှုကနေတဆင့် ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ညာခြေနဲ့ ကန်သွင်းယူသွားခဲ့ပါတယ်။

ပွဲပြီးဆုံးခါနီး ၈၉ မိနစ်မှာတော့ ဘိုနီဖေ့စ်က နောက်ထပ်ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ဂိုးအလယ်တည့်တည့်ကို အပြင်းကန်သွင်းပြီး ပဉ္စမမြောက်နဲ့ နောက်ဆုံးသွင်းဂိုးကို သွင်းယူသွားခဲ့ပါတယ်။

လေဗာကူဆင်ဟာ တနင်္ဂနွေနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ၁၉၆၃ ကနေ ၁၉၆၅ အတွင်း တင်ရှိခဲ့တဲ့ ဘင်ဖီကာအသင်းရဲ့ ၄၈ ပွဲရှုံးပွဲမရှိ စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပြီး လာမယ့် ရိုးမားနဲ့ပွဲစဉ်မှာ ၄၉ ပွဲ ရှုံးပွဲမရှိစံချိန်သစ် တင်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တနဂၤေႏြေန႔ညမွာ ကစားခဲ့တဲ့ ဖရန႔္ဖြတ္နဲ႔ ေလဗာကူဆင္တို႔ရဲ႕ပြဲမွာ ပူပူေႏြးေႏြး ဘြန္ဒက္စ္လီဂါ ခ်န္ပီယံေတြက ၅-၁ နဲ႔ အေဝးကြင္းမွာ ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ေလဗာကူဆင္အတြက္ ပထမပိုင္း ၁၂ မိနစ္မွာပဲ ခ်ာကာက ပင္နယ္တီဧရိယာအျပင္ဘက္ကေန ကန္သြင္းေနက်ပုံစံအတိုင္းပဲ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းၿပီး ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ေနာက္ထပ္ မိနစ္ ၂၀ အၾကာမွာ ဖရန႔္ဖြတ္အတြက္ ေခ်ပဂိုးကို ဟူဂို အက္ကီတိုက္က ခ်ိဳင္ဘီရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ေခါင္းတိုက္သြင္းယူသြားခဲ့ေပမယ့္ ပထမပိုင္းၿပီးဆုံးခါနီး ၁ မိနစ္အလိုမွာပဲ ပက္ထရစ္ ရွစ္ခ္က ဟလိုဇက္ရဲ႕ ေပးပို႔မႈကေနဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ေခါင္းတိုက္သြင္းယူသြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဧည့္သည္ ေလဗာကူဆင္တို႔ကပဲ ဆက္လက္ဖိအားေပးကစားႏိုင္ခဲ့ၿပီး ပလာစီယို႔စ္က ပင္နယ္တီကေနတဆင့္ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို အမွားအယြင္းမရွိ ကန္သြင္းၿပီး ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ေလဗာကူဆင္အတြက္ စတုတၳေျမာက္သြင္းဂိုးကို ၇၇ မိနစ္မွာ ဖရင္းေပါင္က ဟလိုဇက္ရဲ႕ ဟက္ထရစ္ ဂိုးဖန္တီးမႈကေနတဆင့္ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ညာေျခနဲ႔ ကန္သြင္းယူသြားခဲ့ပါတယ္။

ပြဲၿပီးဆုံးခါနီး ၈၉ မိနစ္မွာေတာ့ ဘိုနီေဖ့စ္က ေနာက္ထပ္ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ ဂိုးအလယ္တည့္တည့္ကို အျပင္းကန္သြင္းၿပီး ပၪၥမေျမာက္နဲ႔ ေနာက္ဆုံးသြင္းဂိုးကို သြင္းယူသြားခဲ့ပါတယ္။

ေလဗာကူဆင္ဟာ တနဂၤေႏြေန႔ပြဲစဥ္မွာ အႏိုင္ရရွိခဲ့တာေၾကာင့္ ၁၉၆၃ ကေန ၁၉၆၅ အတြင္း တင္ရွိခဲ့တဲ့ ဘင္ဖီကာအသင္းရဲ႕ ၄၈ ပြဲရႈံးပြဲမရွိ စံခ်ိန္ကို လိုက္မီသြားခဲ့ၿပီျဖစ္ၿပီး လာမယ့္ ႐ိုးမားနဲ႔ပြဲစဥ္မွာ ၄၉ ပြဲ ရႈံးပြဲမရွိစံခ်ိန္သစ္ တင္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.