Match Report Premier League

အဆင့် ၆ နေရာအတွက် အကြီးအကျယ်ပေါက်ကွဲပြပြီး အပျော်တမ်းဂိုးတွေသွင်းယူခဲ့တဲ့ ချဲလ်ဆီး

တနင်္ဂနွေနေ့ည စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ချဲလ်ဆီးက ကြောက်မက်ဖွယ် စွမ်းဆောင်ရည်နဲ့ ၅ ဂိုးပြတ် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း စကတည်းက အိမ်ရှင် ချဲလ်ဆီးတို့က တစ်ဖက်သတ် စိုးမိုးကစားနိုင်ခဲ့ပြီး ၁၅ မိနစ်မှာ ကိုး ပါလ်မာက နီကိုးလတ်စ် ဂျက်ခ်ဆင်နဲ့ ထိပြီး ရှေ့ရောက်လာတဲ့ ဘောလုံးကို ဂိုးထောင့်ထဲကို အပြင်းကန်သွင်းပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဦးဆောင်ဂိုးရသွားတဲ့ ချဲလ်ဆီးတို့က တရစပ် ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပြီး မိနစ် ၃၀ မှာ ဇူးမားနဲ့ ထိပြီး လမ်းကြောင်းပြောင်းရောက်လာတဲ့ ဘောလုံးကို ဂယ်လေဂါက မြေမကျဘော ဂိုးအေက်ထောင့်ထဲကို ကန်သွင်းယူပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ တိုက်စစ်ဟာ ဆူနာမီ လှိုင်းလုံးကြီးတွေလို ဝက်စ်ဟမ်းနောက်တန်းကို ဝင်ဝင်ဆောင့်ခဲ့ပြီး နောက်ထပ် ၆ မိနစ်အကြာမှာပဲ ဝက်စ်ဟမ်းတို့ မခံနိုင်ဘဲ နောက်ထပ်တစ်ဂိုး ထပ်မံ ခွင့်ပြုခဲ့ရပြန်ပါတယ်။ မာဒူအဲခီဟာ သီယေဂို ဆေးလ်ဗားရဲ့ ခေါင်းတိုက်ပြန်ချပေးခဲ့တဲ့ ဘောလုံးကို ရှားရှားပါးပါး ခေါင်းတိုက်သွင်းယူပြီး ချဲလ်ဆီးတို့ကို အနိုင်သေချာစေခဲ့ပြီး အဲဒီသွင်းဂိုးအပြီးမှာ ဝက်စ်ဟမ်းပရိသတ်အချို့ ကွင်းထဲကနေ ထပြန်သွားခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးတို့ကပဲ ဆက်လက် အသာစီး ရယူကစားနိုင်ခဲ့ပြီး ပွဲပြန်စပြီး ၃ မိနစ်အကြာမှာပဲ ဂျက်ခ်ဆင်က မာဒူအဲခီ ဂိုးသမားနဲ့ တစ်ဦးချင်းအနေအထားမှာ တကိုယ်ကောင်းမဆန်ဘဲ ခင်းပေးလိုက်တဲ့ဘောလုံးကို တစ်ချက်ထိ ပိတ်သွင်းယူပြီး စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းက ၄ ဂိုးအထိ ပေးခဲ့ရပြီးနောက်မှာ ချေပဂိုး တစ်ဂိုးလောက် ပြန်ရဖို့ အသည်းအသန်ကြိုးစားခဲ့ပြီး အီမာဆန်နဲ့ ဝ့ါဒ်ပရောက်စ်တို့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ မာဒရစ်ခ်လည်း အာရီယိုလာနဲ့ တစ်ဦးချင်း ကန်သွင်းခွင့်ရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

မိနစ် ၈၀ မှာ ဂျက်ခ်ဆင်က ချဲလ်ဆီးအတွက် နောက်ထပ် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး စည်းကြပ်ဒိုင်က လူကျွံအလံထောင်ထားခဲ့တာကြောင့် VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် လူကျွံနေခြင်းမရှိခဲ့တာကြောင့် ဂိုးအဖြစ် သတ်မှတ်ပေးခြင်းခံခဲ့ရပါတယ်။

ပွဲပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ ဘိုဝင်ရဲ့ ပြန်လျှံထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူမှုက ဂိုးဘားတန်းကို ထိမှန်ခဲ့ပြီး ဒါဟာ ဝက်စ်ဟမ်းကြယ်ပွင့်အတွက် ဒီပွဲစဉ်အတွင်း ၃ ကြိမ်မြောက် ဂိုးတိုင်ထိမှုဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီနေ့ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၆ နေရာက နယူးကာဆယ်နဲ့ ၂ မှတ်အကွာကနေ ဖိအားဆက်ပေးနိုင်ခဲ့ပြီဖြစ်ပြီး တနင်္လာနေ့ည ခရစ္စတယ်ပဲလေ့စ်အိမ်ကွင်းကို သွားကစားရမယ့် မန်ချက်စတာယူနိုက်တက်သာ အနိုင်ရခဲ့ရင်တော့ အဆင့် ၆ နေရာကို တက်လှမ်းနိုင်တော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တနဂၤေႏြေန႔ည စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဝက္စ္ဟမ္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ ခ်ဲလ္ဆီးက ေၾကာက္မက္ဖြယ္ စြမ္းေဆာင္ရည္နဲ႔ ၅ ဂိုးျပတ္ ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ပထမပိုင္း စကတည္းက အိမ္ရွင္ ခ်ဲလ္ဆီးတို႔က တစ္ဖက္သတ္ စိုးမိုးကစားႏိုင္ခဲ့ၿပီး ၁၅ မိနစ္မွာ ကိုး ပါလ္မာက နီကိုးလတ္စ္ ဂ်က္ခ္ဆင္နဲ႔ ထိၿပီး ေရွ႕ေရာက္လာတဲ့ ေဘာလုံးကို ဂိုးေထာင့္ထဲကို အျပင္းကန္သြင္းၿပီး အဖြင့္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ဦးေဆာင္ဂိုးရသြားတဲ့ ခ်ဲလ္ဆီးတို႔က တရစပ္ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ခဲ့ၿပီး မိနစ္ ၃၀ မွာ ဇူးမားနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းေရာက္လာတဲ့ ေဘာလုံးကို ဂယ္ေလဂါက ေျမမက်ေဘာ ဂိုးေအက္ေထာင့္ထဲကို ကန္သြင္းယူၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးရဲ႕ တိုက္စစ္ဟာ ဆူနာမီ လႈိင္းလုံးႀကီးေတြလို ဝက္စ္ဟမ္းေနာက္တန္းကို ဝင္ဝင္ေဆာင့္ခဲ့ၿပီး ေနာက္ထပ္ ၆ မိနစ္အၾကာမွာပဲ ဝက္စ္ဟမ္းတို႔ မခံႏိုင္ဘဲ ေနာက္ထပ္တစ္ဂိုး ထပ္မံ ခြင့္ျပဳခဲ့ရျပန္ပါတယ္။ မာဒူအဲခီဟာ သီေယဂို ေဆးလ္ဗားရဲ႕ ေခါင္းတိုက္ျပန္ခ်ေပးခဲ့တဲ့ ေဘာလုံးကို ရွားရွားပါးပါး ေခါင္းတိုက္သြင္းယူၿပီး ခ်ဲလ္ဆီးတို႔ကို အႏိုင္ေသခ်ာေစခဲ့ၿပီး အဲဒီသြင္းဂိုးအၿပီးမွာ ဝက္စ္ဟမ္းပရိသတ္အခ်ိဳ႕ ကြင္းထဲကေန ထျပန္သြားခဲ့ၾကပါတယ္။

ဒုတိယပိုင္းမွာလည္း ခ်ဲလ္ဆီးတို႔ကပဲ ဆက္လက္ အသာစီး ရယူကစားႏိုင္ခဲ့ၿပီး ပြဲျပန္စၿပီး ၃ မိနစ္အၾကာမွာပဲ ဂ်က္ခ္ဆင္က မာဒူအဲခီ ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေနအထားမွာ တကိုယ္ေကာင္းမဆန္ဘဲ ခင္းေပးလိုက္တဲ့ေဘာလုံးကို တစ္ခ်က္ထိ ပိတ္သြင္းယူၿပီး စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။

ဝက္စ္ဟမ္းအသင္းက ၄ ဂိုးအထိ ေပးခဲ့ရၿပီးေနာက္မွာ ေခ်ပဂိုး တစ္ဂိုးေလာက္ ျပန္ရဖို႔ အသည္းအသန္ႀကိဳးစားခဲ့ၿပီး အီမာဆန္နဲ႔ ဝ့ါဒ္ပေရာက္စ္တို႔ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့ဘဲ မာဒရစ္ခ္လည္း အာရီယိုလာနဲ႔ တစ္ဦးခ်င္း ကန္သြင္းခြင့္ရခဲ့ေပမယ့္လည္း အသုံးမခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

မိနစ္ ၈၀ မွာ ဂ်က္ခ္ဆင္က ခ်ဲလ္ဆီးအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး စည္းၾကပ္ဒိုင္က လူကြၽံအလံေထာင္ထားခဲ့တာေၾကာင့္ VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ လူကြၽံေနျခင္းမရွိခဲ့တာေၾကာင့္ ဂိုးအျဖစ္ သတ္မွတ္ေပးျခင္းခံခဲ့ရပါတယ္။

ပြဲၿပီးဆုံးခါနီး ၅ မိနစ္အလိုမွာ ဘိုဝင္ရဲ႕ ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို ပိတ္သြင္းယူမႈက ဂိုးဘားတန္းကို ထိမွန္ခဲ့ၿပီး ဒါဟာ ဝက္စ္ဟမ္းၾကယ္ပြင့္အတြက္ ဒီပြဲစဥ္အတြင္း ၃ ႀကိမ္ေျမာက္ ဂိုးတိုင္ထိမႈျဖစ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ဒီေန႔ပြဲမွာ အႏိုင္ရရွိခဲ့တာေၾကာင့္ အဆင့္ ၆ ေနရာက နယူးကာဆယ္နဲ႔ ၂ မွတ္အကြာကေန ဖိအားဆက္ေပးႏိုင္ခဲ့ၿပီျဖစ္ၿပီး တနလၤာေန႔ည ခရစၥတယ္ပဲေလ့စ္အိမ္ကြင္းကို သြားကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္သာ အႏိုင္ရခဲ့ရင္ေတာ့ အဆင့္ ၆ ေနရာကို တက္လွမ္းႏိုင္ေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.