Match Report Serie A

ဖီအိုရင်တီးနားကို ချန်ပီယံလိဂ်ဝင်ဖို့ အနိုင်ယူခဲ့တဲ့ မော်ရင်ညိုရဲ့ ရိုးမား

ရိုးမားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ စမောလင်း၊ မန်ချီနီနဲ့ ကမ်ဘူလာတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ချယ်လိခ်၊ ဘိုဗီ၊ ခရစ္စတန်တေ၊ ဇာလက်ဗ်စကီးနဲ့ ပယ်လီဂရီနီတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အေဘရာဟမ်နဲ့ ဒီဘားလားတို့ကို တွဲဖက်ပေးလာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ဖီအိုရင်တီးနားတို့ကတော့ ဂိုးသမား တယ်ရာချီယာနို၊ ခံစစ်မှာ အီဂေါ်၊ မီလင်ကိုဗစ်ချ်၊ ဒိုဒိုနဲ့ ဘီရာဂီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဒန်ကန်၊ အမ်မရာဘတ်နဲ့ ဘိုနာဗင်တူရာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အီကိုနေ၊ ကူအာမေနဲ့ ယိုဗစ်ချ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာတော့ ဇာလက်ဗ်စကီးကို စောစောပိုင်းက ဆွဲလှဲပြီး တစ်ဝါထိထားတဲ့ ဖီအိုရင်တီးနားနောက်ခံလူ ဒိုဒိုက ဒုတိယအကြိမ် ခပ်ကြမ်းကြမ်း ဖျက်ခဲ့တဲ့ အတွက် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရလို့ စောစောစီးစီးကတည်းက ရိုးမားတို့ တစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့ကြသလို အိမ်ရှင်တွေအတွက်တော့ ပိုမိုလွယ်ကူသွားခဲ့ပါတယ်။

ပွဲချိန်မိနစ် ၄၀ မှာတော့ ရိုးမားတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖီအိုရင်တီးနားကွင်းလယ်လူ ဘိုနာဗင်တူရာ လူပေးမှားရာကနေ ပြန်ရလာတဲ့ ဘောလုံးကို ဧရိယာထဲ မ,တင်ပေးရာမှာ အေဘရာဟမ်က ရင်ဘတ်နဲ့ တားပြီး ပြန်ချပေးတာကို နောက်က လိုက်လာတဲ့ ဒီဘားလားက Volley အပြင်းကန်သွင်းပြီး ဂိုးသမား တယ်ရာချီနိုကို အနိုင်ယူသွားခဲ့တာပါ။

ပထမပိုင်းမှာ ရိုးမားတို့က ဖီအိုရင်တီးနားတို့ကို ဒီဘားလားရဲ့ ဆရာကျလွန်းတဲ့ Volley ကန်ချက်ကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဧည့်သည်တွေဘက်က ခြေစွမ်းမပြနိုင်တဲ့ အီကိုနေနဲ့ ယိုဗစ်ချ်တို့အစား ဘာရက်ခ်နဲ့ နီကိုလာ ဂွန်ဇာလက်ဇ်တို့ကို ထည့်သွင်းပြီး ဂိုးပြန်ရဖို့ ကြိုးစားလာခဲ့ပါတယ်။

ရိုးမားတို့ကတော့ တစ်ယောက်အသာနဲ့ ပွဲကို ထိန်းကစားသွားခဲ့ပြီး နည်းပြ မော်ရင်ညိုကတော့ ဇာလက်စကီး၊ ဘိုဗီနဲ့ ပယ်လီဂရီနီတို့အစား စပင်နက်ဇိုလာ၊ မာတစ်ချ်နဲ့ တာဟီရိုဗစ်ချ်တို့ကို လဲကစားခဲ့သလို အနိုင်သေချာစေဖို့အတွက် ကစားအားကို မလျှော့ချဘဲ ဘောလုံးပိုင်ဆိုင်မှုကိုလည်း ထိန်းကစားဖို့ လုပ်ဆောင်လာခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ ရိုးမားတို့ပဲ အနိုင်သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ခရစ္စတန်တေရဲ့ ညာခြမ်းကို ထုတ်ပေးလိုက်တဲ့ ပေးပို့မှုကို အေဘရာဟမ်က လိုက်လံရယူပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ဘယ်ခြမ်းကနေ ဧရိယာထဲ ဝင်လာခဲ့တဲ့ ဒီဘားလားက အနီးကပ် အပိုင်ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဖီအိုရင်တီးနားတို့ဘက်က ဘိုနာဗင်တူရာအစား ကက်စ်ထရိုဗီလီကို လူစားထည့်သွင်းခဲ့သလို ဖီအိုရင်တီးနားတို့ကတော့ ဒီဘားလားနဲ့ အေဘရာဟမ်တို့ကို အနားပေးပြီး ဘယ်လော့တီနဲ့ ဆောလ်ဘက်ကန်တို့ကို အပြောင်းအလဲလုပ်သွားခဲ့တဲ့နောက်ပိုင်းမှာ ဧည့်သည်တွေရဲ့ ချေပဂိုးရဖို့ ကြိုးစားမှုတွေကို မော်ရင်ညိုရဲ့ လူတွေက အမှားအယွင်းမရှိ ထိန်းသိမ်းသွားနိုင်ခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ ဖီအိုရင်တီးနားတို့ကို အိမ်ကွင်း အိုလံပီကိုမှာ ရိုးမားတို့က နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ကြပြီး ဒီပွဲရလဒ်ကြောင့် ရှေ့ပွဲတွေမှာ မလိုလားအပ်ဘဲ သရေကျပြီး အမှတ်လျော့ခဲ့တဲ့ ရောမသားတွေအနေနဲ့ အခြေအနေ ပြန်ကောင်းလာခဲ့သလို ဒုတိယနေရာက အေစီမီလန်နဲ့ ၄ မှတ်အကွာ၊ ပဉ္စမနဲ့ ဆဋ္ဌမနေရာက လာဇီယို၊ အတ္တလန်တာတို့နဲ့ ရမှတ်တူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုးမားအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ႐ူအီ ပက္ထရီစီယို၊ ခံစစ္မွာ စေမာလင္း၊ မန္ခ်ီနီနဲ႔ ကမ္ဘူလာတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ခ်ယ္လိခ္၊ ဘိုဗီ၊ ခရစၥတန္ေတ၊ ဇာလက္ဗ္စကီးနဲ႔ ပယ္လီဂရီနီတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ေအဘရာဟမ္နဲ႔ ဒီဘားလားတို႔ကို တြဲဖက္ေပးလာခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ ဖီအိုရင္တီးနားတို႔ကေတာ့ ဂိုးသမား တယ္ရာခ်ီယာႏို၊ ခံစစ္မွာ အီေဂၚ၊ မီလင္ကိုဗစ္ခ်္၊ ဒိုဒိုနဲ႔ ဘီရာဂီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒန္ကန္၊ အမ္မရာဘတ္နဲ႔ ဘိုနာဗင္တူရာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အီကိုေန၊ ကူအာေမနဲ႔ ယိုဗစ္ခ်္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဇာလက္ဗ္စကီးကို ေစာေစာပိုင္းက ဆြဲလွဲၿပီး တစ္ဝါထိထားတဲ့ ဖီအိုရင္တီးနားေနာက္ခံလူ ဒိုဒိုက ဒုတိယအႀကိမ္ ခပ္ၾကမ္းၾကမ္း ဖ်က္ခဲ့တဲ့ အတြက္ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရလို႔ ေစာေစာစီးစီးကတည္းက ႐ိုးမားတို႔ တစ္ေယာက္အသာနဲ႔ ကစားႏိုင္ခဲ့ၾကသလို အိမ္ရွင္ေတြအတြက္ေတာ့ ပိုမိုလြယ္ကူသြားခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၄၀ မွာေတာ့ ႐ိုးမားတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဖီအိုရင္တီးနားကြင္းလယ္လူ ဘိုနာဗင္တူရာ လူေပးမွားရာကေန ျပန္ရလာတဲ့ ေဘာလုံးကို ဧရိယာထဲ မ,တင္ေပးရာမွာ ေအဘရာဟမ္က ရင္ဘတ္နဲ႔ တားၿပီး ျပန္ခ်ေပးတာကို ေနာက္က လိုက္လာတဲ့ ဒီဘားလားက Volley အျပင္းကန္သြင္းၿပီး ဂိုးသမား တယ္ရာခ်ီႏိုကို အႏိုင္ယူသြားခဲ့တာပါ။

ပထမပိုင္းမွာ ႐ိုးမားတို႔က ဖီအိုရင္တီးနားတို႔ကို ဒီဘားလားရဲ႕ ဆရာက်လြန္းတဲ့ Volley ကန္ခ်က္ေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ဧည့္သည္ေတြဘက္က ေျခစြမ္းမျပႏိုင္တဲ့ အီကိုေနနဲ႔ ယိုဗစ္ခ်္တို႔အစား ဘာရက္ခ္နဲ႔ နီကိုလာ ဂြန္ဇာလက္ဇ္တို႔ကို ထည့္သြင္းၿပီး ဂိုးျပန္ရဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

႐ိုးမားတို႔ကေတာ့ တစ္ေယာက္အသာနဲ႔ ပြဲကို ထိန္းကစားသြားခဲ့ၿပီး နည္းျပ ေမာ္ရင္ညိဳကေတာ့ ဇာလက္စကီး၊ ဘိုဗီနဲ႔ ပယ္လီဂရီနီတို႔အစား စပင္နက္ဇိုလာ၊ မာတစ္ခ်္နဲ႔ တာဟီ႐ိုဗစ္ခ်္တို႔ကို လဲကစားခဲ့သလို အႏိုင္ေသခ်ာေစဖို႔အတြက္ ကစားအားကို မေလွ်ာ့ခ်ဘဲ ေဘာလုံးပိုင္ဆိုင္မႈကိုလည္း ထိန္းကစားဖို႔ လုပ္ေဆာင္လာခဲ့တာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ႐ိုးမားတို႔ပဲ အႏိုင္ေသခ်ာေစမယ့္ ဒုတိယ ဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ခရစၥတန္ေတရဲ႕ ညာျခမ္းကို ထုတ္ေပးလိုက္တဲ့ ေပးပို႔မႈကို ေအဘရာဟမ္က လိုက္လံရယူၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ဘယ္ျခမ္းကေန ဧရိယာထဲ ဝင္လာခဲ့တဲ့ ဒီဘားလားက အနီးကပ္ အပိုင္ပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဖီအိုရင္တီးနားတို႔ဘက္က ဘိုနာဗင္တူရာအစား ကက္စ္ထ႐ိုဗီလီကို လူစားထည့္သြင္းခဲ့သလို ဖီအိုရင္တီးနားတို႔ကေတာ့ ဒီဘားလားနဲ႔ ေအဘရာဟမ္တို႔ကို အနားေပးၿပီး ဘယ္ေလာ့တီနဲ႔ ေဆာလ္ဘက္ကန္တို႔ကို အေျပာင္းအလဲလုပ္သြားခဲ့တဲ့ေနာက္ပိုင္းမွာ ဧည့္သည္ေတြရဲ႕ ေခ်ပဂိုးရဖို႔ ႀကိဳးစားမႈေတြကို ေမာ္ရင္ညိဳရဲ႕ လူေတြက အမွားအယြင္းမရွိ ထိန္းသိမ္းသြားႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဖီအိုရင္တီးနားတို႔ကို အိမ္ကြင္း အိုလံပီကိုမွာ ႐ိုးမားတို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၾကၿပီး ဒီပြဲရလဒ္ေၾကာင့္ ေရွ႕ပြဲေတြမွာ မလိုလားအပ္ဘဲ သေရက်ၿပီး အမွတ္ေလ်ာ့ခဲ့တဲ့ ေရာမသားေတြအေနနဲ႔ အေျခအေန ျပန္ေကာင္းလာခဲ့သလို ဒုတိယေနရာက ေအစီမီလန္နဲ႔ ၄ မွတ္အကြာ၊ ပၪၥမနဲ႔ ဆ႒မေနရာက လာဇီယို၊ အတၱလန္တာတို႔နဲ႔ ရမွတ္တူၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ျပန္လည္ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.