Match Report UCL&UEL

၆ နှစ်နီးပါး ဂိုးမသွင်းနိုင်တဲ့ ဟန်းမဲလ်စ်ရဲ့ဂိုးနဲ့ ၁၁နှစ်ကြာဝေးကွာနေတဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ ဒေါ့မွန်

ဒေါ့မွန်ဟာ အင်္ဂါနေ့ညက ပီအက်စ်ဂျီကို အလွန်ကောင်းမွန်တဲ့ အဝေးကွင်းစွမ်းဆောင်ရည်ပြသပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒေါ့မွန်ဟာ ပထမအကျော့တုန်းက အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒုတိယအကျော့မှာ ထောင့်ကန်ဘောကနေ ဂျူလီယန် ဘရန့်တ်ကန်တင်ပေးလိုက်တဲ့ဘောလုံးကို လူကပ်မခံထားရတဲ့ ဟန်းမဲလ်စ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ ပီအက်စ်ဂျီကြယ်ပွင့် ဇဲ-အမ်မရီက ဒုတိယပိုင်းအစောပိုင်းမှာ မြေမကျဘောကန်သွင်းခဲ့တဲ့ အနီးကပ်ကန်ချက်က ဂိုးတိုင်ထိမှန်သွားခဲ့ပြီးနောက် ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဂျာမနီမှာတုန်းကလည်း ဂိုးတိုင် ၂ ကြိမ်အထိ ထိမှန်ခဲ့ပြီး ၂ ကျော့ပေါင်း ၂-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရပြီးနောက် နူနို မန်ဒက်စ်ရဲ့ ကန်ချက်ကလည်း နောက်ထပ်တစ်ကြိမ် ဂိုးတိုင်ထိမှန်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ အီတလီဒိုင် ဒန်နီရယ် အော်ဆာတိုက ပင်နယ်တီစက်ဝိုင်းကို ညွှန်ပြခဲ့တဲ့အချိန်မှာ ပင်နယ်တီ ရခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း ချက်ချင်းပဲ စိတ်ပြန်ပြောင်းပြီး ဟန်းမဲလ်စ်က ဒမ်ဘီလီကို ပင်နယ်တီဧရိယာအပြင်ဘက်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ဘယ်တုန်းကမှ ဥရောပချန်ပီယံမဖြစ်ခဲ့ဖူးဘဲ ၂၀၂၀ တုန်းက ဗိုလ်လုပွဲတစ်ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ဒေါ့မွန်ဟာ အလွန်ကောင်းမွန်တဲ့ ခံစစ်ကစားပုံနဲ့ ပြင်သစ်လီဂူးဝမ်းချန်ပီယံတွေကို စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။

လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မယ့် အမ်ဘာပေဟာ ပီအက်စ်ဂျီအတွက် နောက်ဆုံး ဥရောပပွဲကို ပါဝင်ကစားပေးခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ ကန်ချက်က ဂိုးဘားတန်းကို ထိမှန်ခဲ့ပြီးနောက် ဗီတင်ညာရဲ့ ကန်ချက်လည်း ဂိုးဘားတန်းထိမှန်ခဲ့တာဖြစ်ပါတယ်။

တစ်ဖက်က ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ပထမအကျော့မှာ ၂-၂ နဲ့ ပွဲပြီးဆုံးခဲ့ပြီး ယနေ့ညမှာ ဒုတိယအကျော့ပွဲစဉ်ကို ကစားသွားမှာ​ဖြစ်ပါတယ်။ ဒေါ့မွန်ဟာ ၁၉၉၇ ခုနှစ် ဗိုလ်လုပွဲမှာ ဂျူဗင်တပ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်စွဲခဲ့ပြီးနောက် အသင်းသမိုင်းတလျှောက် ဒုတိယအကြိမ် ဥရောပချန်ပီယံဖြစ်ဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေဒါ့မြန္ဟာ အဂၤါေန႔ညက ပီအက္စ္ဂ်ီကို အလြန္ေကာင္းမြန္တဲ့ အေဝးကြင္းစြမ္းေဆာင္ရည္ျပသၿပီး ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေဒါ့မြန္ဟာ ပထမအေက်ာ့တုန္းက အိမ္ကြင္းမွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ဒုတိယအေက်ာ့မွာ ေထာင့္ကန္ေဘာကေန ဂ်ဴလီယန္ ဘရန႔္တ္ကန္တင္ေပးလိုက္တဲ့ေဘာလုံးကို လူကပ္မခံထားရတဲ့ ဟန္းမဲလ္စ္က လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္ ဇဲ-အမ္မရီက ဒုတိယပိုင္းအေစာပိုင္းမွာ ေျမမက်ေဘာကန္သြင္းခဲ့တဲ့ အနီးကပ္ကန္ခ်က္က ဂိုးတိုင္ထိမွန္သြားခဲ့ၿပီးေနာက္ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ ဂ်ာမနီမွာတုန္းကလည္း ဂိုးတိုင္ ၂ ႀကိမ္အထိ ထိမွန္ခဲ့ၿပီး ၂ ေက်ာ့ေပါင္း ၂-၀ နဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရၿပီးေနာက္ ႏူႏို မန္ဒက္စ္ရဲ႕ ကန္ခ်က္ကလည္း ေနာက္ထပ္တစ္ႀကိမ္ ဂိုးတိုင္ထိမွန္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ အီတလီဒိုင္ ဒန္နီရယ္ ေအာ္ဆာတိုက ပင္နယ္တီစက္ဝိုင္းကို ၫႊန္ျပခဲ့တဲ့အခ်ိန္မွာ ပင္နယ္တီ ရခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း ခ်က္ခ်င္းပဲ စိတ္ျပန္ေျပာင္းၿပီး ဟန္းမဲလ္စ္က ဒမ္ဘီလီကို ပင္နယ္တီဧရိယာအျပင္ဘက္မွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာလို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာ ဘယ္တုန္းကမွ ဥေရာပခ်န္ပီယံမျဖစ္ခဲ့ဖူးဘဲ ၂၀၂၀ တုန္းက ဗိုလ္လုပြဲတစ္ႀကိမ္ တက္ေရာက္ႏိုင္ခဲ့ၿပီး ေဒါ့မြန္ဟာ အလြန္ေကာင္းမြန္တဲ့ ခံစစ္ကစားပုံနဲ႔ ျပင္သစ္လီဂူးဝမ္းခ်န္ပီယံေတြကို စိတ္ပ်က္ေစခဲ့တာျဖစ္ပါတယ္။

လာမယ့္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ေတာ့မယ့္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအတြက္ ေနာက္ဆုံး ဥေရာပပြဲကို ပါဝင္ကစားေပးခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးရဲ႕ ကန္ခ်က္က ဂိုးဘားတန္းကို ထိမွန္ခဲ့ၿပီးေနာက္ ဗီတင္ညာရဲ႕ ကန္ခ်က္လည္း ဂိုးဘားတန္းထိမွန္ခဲ့တာျဖစ္ပါတယ္။

တစ္ဖက္က ဆီမီးဖိုင္နယ္ပြဲစဥ္ျဖစ္တဲ့ ဘိုင္ယန္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ဟာ ပထမအေက်ာ့မွာ ၂-၂ နဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး ယေန႔ညမွာ ဒုတိယအေက်ာ့ပြဲစဥ္ကို ကစားသြားမွာ​ျဖစ္ပါတယ္။ ေဒါ့မြန္ဟာ ၁၉၉၇ ခုႏွစ္ ဗိုလ္လုပြဲမွာ ဂ်ဴဗင္တပ္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဗိုလ္စြဲခဲ့ၿပီးေနာက္ အသင္းသမိုင္းတေလွ်ာက္ ဒုတိယအႀကိမ္ ဥေရာပခ်န္ပီယံျဖစ္ဖို႔ ရည္မွန္းေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.