Analysis Match Report Premier League

ရန်သူ့နယ်မြေမှာ ဗိုလ်ဝင်ခံတဲ့ အာဆင်နယ် 2-0 စပါးစ်ပွဲက မှတ်မှတ်ရရ ပြောစရာများ

၉ နှစ်ကြာ စံချိန်ဆိုးကို ရိုက်ချိုးလိုက်တဲ့ အာဆင်နယ်
၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်နေ့က ရိုဆစ်စကီးရဲ့ ဝုန်းဒိုင်းကြဲကန်ချက်နဲ့ နိုင်ခဲ့တဲ့ ပွဲနောက်ပိုင်း တစ်ခါမှ အဝေးကွင်းမှာ ပရီးမီးယားလိဂ်နိုင်ပွဲ မရဖူးတော့တဲ့ အာဆင်နယ်တို့အနေနဲ့ ဒီနေ့မှာတော့ ၉ နှစ်ကြာနေပြီဖြစ်တဲ့ စံချိန်ဆိုးကို ချိုးဖျက်နိုင်ခဲ့ပြီး ရန်သူတွေရဲ့ နယ်မြေမှာ ဗိုလ်ဝင်ခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲမှာတော့ ၂၀၁၅ လိဂ်ဖလားမှာ ဖလာမီနီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ဖူးပေမယ့် ပရီးမီးယားလိဂ်မှာလိုတော့ အရသာမရှိတဲ့အတွက် ရှုံးလိုက် သရေကျလိုက်နဲ့ပဲ စောင့်ဆိုင်းနေခဲ့ရတဲ့ အာဆင်နယ်ဖန်တွေအနေနဲ့ ဒီရာသီမှာ ဂန်းနားတွေက စပါးစ်တွေထက် အမှတ်ပေးဇယားအပေါ်မှာ ရပ်တည်တိုင်း အောင်ပွဲခံလေ့ရှိတဲ့ စိန့်တော်တာရင်ဟမ်နေ့ St. Totteringham Day ကို ကြိုလုပ်ထားလို့တောင် ရနေခဲ့ပါပြီ။

ပွဲစကတည်းက မလှန်နိုင်ခဲ့တဲ့ စပါးစ်
အိမ်ရှင် စပါးစ်အသင်းအနေနဲ့ ဘောလုံးကိုင်ကစားပြီး ဂိုးဧရိယာနားအထိ စုဖွဲ့ဖိအားပေးမှုကို ဘယ်လိုချေဖျက်ရမလဲဆိုတာ ကောင်းကောင်း နားလည်ပုံ မပေါ်ဘဲဖြစ်နေခဲ့ပြီး ပထမပိုင်းမှာ အာဆင်နယ်တို့ အင်ပြည့်အားပြည့် ကစားနိုင်နေချိန်အတွင်း ဘာမှ မလုပ်နိုင်ဘဲဖြစ်ခဲ့သလို သူတို့ရဲ့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ တန်ပြန်တိုက်စစ်ကိုလည်း အသုံးမပြုနိုင်ခဲ့ဘဲဖြစ်ခဲ့ရပါတယ်။ အာဆင်နယ်ကွင်းလယ်နဲ့ ခံစစ်သမားတွေအနေနဲ့ ကျွံလာတဲ့ ဘောလုံးတိုင်းနီးပါးကို ကောက်စားသွားနိုင်ခဲ့ပြီး ပါတေး၊ ဆာလီဘာနဲ့ ဂါဘရီယယ်လ်တို့ ခံစစ်တြိဂံက ဒီနေ့မှာ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ လှုပ်မရအောင် ထိန်းသိမ်းသွားနိုင်ခဲ့တာပါ။

နောက်ကျ ခရစ္စမတ်လက်ဆောင်ပေးတဲ့ ဘိုးဘိုးဆန်တာ လိုရစ်
နှစ်သင်းပေါင်း ကစားသမားတွေ အရိုအသေပြုရမယ့် အသက်အကြီးဆုံး ကစားသမားဖြစ်တဲ့ ဟူဂို လိုရစ်ကတော့ အသက် ၃၆ နှစ်အရွယ်မှာ လက်စွမ်းတွေလည်း ကျဆင်းနေခဲ့သလို အာဆင်နယ်တို့ကို ဂိုးတွေ လက်ဆောင်ပေးမိလျက်သား ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ အကောင်းဆုံး အားသာချက် ဖြစ်ခဲ့တဲ့ မလွတ်တမ်း ပုတ်ထုတ်ကာကွယ်နိုင်မှုတွေမှာလည်း အမြန်နှုန်း ကျဆင်းလာခဲ့လို့ ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်နေခဲ့ရသလို ပွဲချိန် ၁၄ မိနစ်မှာ ဆာကာရဲ့ ဖြတ်တင်ဘောကနေ ဆက်ဆီညွန်နဲ့ ထိပြီး လည်ထွက်လာတဲ့ ဘောလုံးကို ကိုယ့်ဂိုးထဲကိုယ် ပုတ်သွင်းမိခဲ့ပြီး ပွဲချိန် ၃၆ မိနစ်က အော်ဒီဂွါဒ်ရဲ့ ကန်ချက်ကိုလည်း သူသာ မဟုတ်ဘဲ လူငယ်ဂိုးသမားတွေဆိုရင် ကာကွယ်နိုင်လိမ့်မယ်လို့ စပါးစ်ဖန်တွေကြား လူပြောများနေခဲ့တာပါ။

အော်ဒီဂွါဒ်ရဲ့ အဓိကကျမှု
တစ်ချိန်တုန်းကတော့ အာဆင်နယ်ပရိသတ်တွေအနေနဲ့ မာတင် အော်ဒီဂွါဒ်ကို ဖန်တီးမှုတွေ ပြုလုပ်နိုင်ပြီး အသင်းကြီးတွေနဲ့ ပွဲမှာဆိုရင်တော့ အားကိုးဖို့ ခက်တဲ့ ရေပေါ်ဆီ ကစားသမားလို့ သတ်မှတ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ နော်ဝေသားအနေနဲ့ ပြိုင်ဘက်တိုင်းကို တူညီတဲ့ အားထုတ်မှုနဲ့ ရင်ဆိုင်နိုင်ခဲ့ပြီး အသင်းကြီးငယ်မရွေး ခြေစွမ်းပြနိုင်ခဲ့သလို စပါးစ်ကွင်းမှာ ဂိုးသွင်းယူပြခဲ့တာကတော့ သူ့ရဲ့ တစ်ဆင့်မြင့် ကစားသမားဘဝကို တက်လှမ်းသွားနိုင်ခဲ့ပြီလို့ သက်သေထူနိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေရဲ့ အဓိကလူဖြစ်ခဲ့တဲ့ ၂၄ နှစ်သား ကပ္ပတိန်ဟာ မက်ဆီနဲ့တောင် တူလာခဲ့ပြီလို့ ချီးကျူးရတော့မှာပါ။

ကွန်တီကို ဖြဲခဲ့တဲ့ ချာကာ
အာဆင်နယ်ရဲ့ တစ်ရှိန်ထိုး တိုးတက်လာမှုမှာ အလိုလိုနေရင်း နိမ့်ပါးသွားခဲ့ရသူတွေကတော့ မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်နဲ့ သူတို့နည်းပြ အန်တိုနီယို ကွန်တီတို့ပဲဖြစ်ကြပါတယ်။ တစ်ပွဲလုံးမှာ ဒေါသထွက်လိုက်၊ စောဒကတက်လိုက်နဲ့ မနာလိုတိုရှည်ပုံစံကို ပြသနေခဲ့တဲ့ အီတလီနည်းပြဟောင်း အနေနဲ့ ဒုတိယပိုင်းမှာ ချာကာကို ဝင်ပိုင်းတဲ့ ရိုမဲရိုး နှစ်ဝါတစ်နီ မထိဘဲ သက်ညှာခံခဲ့ရတာကိုတောင် အားမရသေးဘဲ ဘေးစည်းကနေ ဟန်ဆောင်တယ်လို့ စွပ်စွဲပြောဆိုနေခဲ့တဲ့အတွက် ဆွစ်ဇာလန်ကပ္ပတိန်က ရှက်တတ်ရင် ပါးစပ်ပိတ်ထားဖို့ ပြန်လည်အော်ဟစ်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဝေဖန်စရာဖြစ်ခဲ့ရတာပါ။

ရှစ်မှတ် ဖင်ခုထိုင်ပြီး ဇိမ်ခံနိုင်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဒီနေ့ပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ပွဲမှာ ဒုတိယနေရာက မန်စီးတီးတို့အပေါ် ကွာခြားချက် ၈ မှတ်ကို ဖင်ခုထိုင်ပြီး ဇိမ်ခံနေလို့ရပြီဖြစ်ပါတယ်။ မန်ချက်စတာဒါဘီမှာ ရှုံးပွဲတွေ့ခဲ့တဲ့ မန်စီးတီးတို့ရဲ့ ခြေချော်မှုကြောင့် စပါးစ်ကွင်းမှာ သရေလောက်ရရင်ပဲ အာဆင်နယ်တို့ ပေါ့ပေါ့ပါးပါး နေလို့ရပြီလို့ တချို့က ခန့်မှန်းခဲ့ကြပေမယ့် လက်တွေ့မှာတော့ ဖိဖိစီးစီး အနိုင်ကစားပြီး ကွက်လပ်ကို ၈ မှတ်အထိ တိုးမြှင့်ခဲ့တာပါ။ လာမယ့် ပွဲစဉ်မှာ မန်ယူနဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ကစားရမှာဖြစ်လို့ ပရိသတ်တွေကတော့ ရာသီအစက အညစ်ခံခဲ့ရတဲ့ ရှုံးပွဲ အတွက် လက်စားစေချေစေဖို့ ဆန္ဒရှိနေခဲ့ကြသလို နိုင်ပွဲဆက်ပြီး မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ တန်ဟတ်ကို အနိုင်ယူဖို့ ရှစ်မှတ်ဆိုဖာပေါ်က အာတီတာ ကြိုတင်ပြင်ဆင်နေမှာကတော့ သေချာနေပါတယ်။

ရမ်းစ်ဒေးလ်ကြောင့် စပါးတွေ ရေနစ်ခဲ့တဲ့ လွမ်းစရာ ဆောင်းည
အာဆင်နယ်တို့ကို အိမ်ကွင်းမှာတော့ ရိုက်ချလိုက်မဟဲ့လို့ လုပ်ခဲ့ပေမယ့် သူတို့အားကိုးတဲ့ ကောင်တာနဲ့ တောင်ပံတွေ ဘာမှ လုပ်မရခဲ့သလို ဒုတိယပိုင်းမှာ တိုက်စစ်ဖွင့်ပြီး အတင်းဖိကစားတော့လည်း ဘောလုံးတော်တော်များများက ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ လက်ထဲမှာပဲ အဆုံးသတ်သွားခဲ့တာပါ။ ဂိုးပေါက်ကန်သွင်းမှု ၁၇ ကြိမ်မှာ ၇ ကြိမ်ဂိုးပေါက်တည့်ခဲ့တာကို ရှက်ဖီးလ်ဒ်ဂိုးသမားဟောင်းက ကာကွယ်သွားခဲ့ပြီး ဒီထဲမှာ ၅ ကြိမ်ကို ခက်ခက်ခဲခဲ တားဆီးခဲ့ရသလို ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေအရတော့ ဒီထဲမှာ ၂ ဂိုးကနေ ၃ ဂိုးအထိ ပေးရနိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ရမ်းစ်ဒေးလ် ကတော့ ဝှိုက်ဟတ်လိန်းမှာ Clean Sheet တောင် ရှာဖွေသွားခဲ့သေးပြီး ဒီပွဲရဲ့ အကောင်းဆုံးကစားသမားလည်းဖြစ်လာခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၉ ႏွစ္ၾကာ စံခ်ိန္ဆိုးကို ႐ိုက္ခ်ိဳးလိုက္တဲ့ အာဆင္နယ္
၂၀၁၄ ခုႏွစ္ မတ္လ ၁၆ ရက္ေန႔က ႐ိုဆစ္စကီးရဲ႕ ဝုန္းဒိုင္းႀကဲကန္ခ်က္နဲ႔ ႏိုင္ခဲ့တဲ့ ပြဲေနာက္ပိုင္း တစ္ခါမွ အေဝးကြင္းမွာ ပရီးမီးယားလိဂ္ႏိုင္ပြဲ မရဖူးေတာ့တဲ့ အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔မွာေတာ့ ၉ ႏွစ္ၾကာေနၿပီျဖစ္တဲ့ စံခ်ိန္ဆိုးကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး ရန္သူေတြရဲ႕ နယ္ေျမမွာ ဗိုလ္ဝင္ခံႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီၾကားထဲမွာေတာ့ ၂၀၁၅ လိဂ္ဖလားမွာ ဖလာမီနီရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့ဖူးေပမယ့္ ပရီးမီးယားလိဂ္မွာလိုေတာ့ အရသာမရွိတဲ့အတြက္ ရႈံးလိုက္ သေရက်လိုက္နဲ႔ပဲ ေစာင့္ဆိုင္းေနခဲ့ရတဲ့ အာဆင္နယ္ဖန္ေတြအေနနဲ႔ ဒီရာသီမွာ ဂန္းနားေတြက စပါးစ္ေတြထက္ အမွတ္ေပးဇယားအေပၚမွာ ရပ္တည္တိုင္း ေအာင္ပြဲခံေလ့ရွိတဲ့ စိန႔္ေတာ္တာရင္ဟမ္ေန႔ St. Totteringham Day ကို ႀကိဳလုပ္ထားလို႔ေတာင္ ရေနခဲ့ပါၿပီ။

ပြဲစကတည္းက မလွန္ႏိုင္ခဲ့တဲ့ စပါးစ္
အိမ္ရွင္ စပါးစ္အသင္းအေနနဲ႔ ေဘာလုံးကိုင္ကစားၿပီး ဂိုးဧရိယာနားအထိ စုဖြဲ႕ဖိအားေပးမႈကို ဘယ္လိုေခ်ဖ်က္ရမလဲဆိုတာ ေကာင္းေကာင္း နားလည္ပုံ မေပၚဘဲျဖစ္ေနခဲ့ၿပီး ပထမပိုင္းမွာ အာဆင္နယ္တို႔ အင္ျပည့္အားျပည့္ ကစားႏိုင္ေနခ်ိန္အတြင္း ဘာမွ မလုပ္ႏိုင္ဘဲျဖစ္ခဲ့သလို သူတို႔ရဲ႕ တစ္ခုတည္းေသာ လက္နက္ျဖစ္တဲ့ တန္ျပန္တိုက္စစ္ကိုလည္း အသုံးမျပဳႏိုင္ခဲ့ဘဲျဖစ္ခဲ့ရပါတယ္။ အာဆင္နယ္ကြင္းလယ္နဲ႔ ခံစစ္သမားေတြအေနနဲ႔ ကြၽံလာတဲ့ ေဘာလုံးတိုင္းနီးပါးကို ေကာက္စားသြားႏိုင္ခဲ့ၿပီး ပါေတး၊ ဆာလီဘာနဲ႔ ဂါဘရီယယ္လ္တို႔ ခံစစ္ႀတိဂံက ဒီေန႔မွာ ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ လႈပ္မရေအာင္ ထိန္းသိမ္းသြားႏိုင္ခဲ့တာပါ။

ေနာက္က် ခရစၥမတ္လက္ေဆာင္ေပးတဲ့ ဘိုးဘိုးဆန္တာ လိုရစ္
ႏွစ္သင္းေပါင္း ကစားသမားေတြ အ႐ိုအေသျပဳရမယ့္ အသက္အႀကီးဆုံး ကစားသမားျဖစ္တဲ့ ဟူဂို လိုရစ္ကေတာ့ အသက္ ၃၆ ႏွစ္အ႐ြယ္မွာ လက္စြမ္းေတြလည္း က်ဆင္းေနခဲ့သလို အာဆင္နယ္တို႔ကို ဂိုးေတြ လက္ေဆာင္ေပးမိလ်က္သား ျဖစ္ေနခဲ့ပါတယ္။ သူ႔ရဲ႕ အေကာင္းဆုံး အားသာခ်က္ ျဖစ္ခဲ့တဲ့ မလြတ္တမ္း ပုတ္ထုတ္ကာကြယ္ႏိုင္မႈေတြမွာလည္း အျမန္ႏႈန္း က်ဆင္းလာခဲ့လို႔ ေဝဖန္မႈေတြနဲ႔ပါ ရင္ဆိုင္ေနခဲ့ရသလို ပြဲခ်ိန္ ၁၄ မိနစ္မွာ ဆာကာရဲ႕ ျဖတ္တင္ေဘာကေန ဆက္ဆီၫြန္နဲ႔ ထိၿပီး လည္ထြက္လာတဲ့ ေဘာလုံးကို ကိုယ့္ဂိုးထဲကိုယ္ ပုတ္သြင္းမိခဲ့ၿပီး ပြဲခ်ိန္ ၃၆ မိနစ္က ေအာ္ဒီဂြါဒ္ရဲ႕ ကန္ခ်က္ကိုလည္း သူသာ မဟုတ္ဘဲ လူငယ္ဂိုးသမားေတြဆိုရင္ ကာကြယ္ႏိုင္လိမ့္မယ္လို႔ စပါးစ္ဖန္ေတြၾကား လူေျပာမ်ားေနခဲ့တာပါ။

ေအာ္ဒီဂြါဒ္ရဲ႕ အဓိကက်မႈ
တစ္ခ်ိန္တုန္းကေတာ့ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ မာတင္ ေအာ္ဒီဂြါဒ္ကို ဖန္တီးမႈေတြ ျပဳလုပ္ႏိုင္ၿပီး အသင္းႀကီးေတြနဲ႔ ပြဲမွာဆိုရင္ေတာ့ အားကိုးဖို႔ ခက္တဲ့ ေရေပၚဆီ ကစားသမားလို႔ သတ္မွတ္မႈေတြ ရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ ေနာ္ေဝသားအေနနဲ႔ ၿပိဳင္ဘက္တိုင္းကို တူညီတဲ့ အားထုတ္မႈနဲ႔ ရင္ဆိုင္ႏိုင္ခဲ့ၿပီး အသင္းႀကီးငယ္မေ႐ြး ေျခစြမ္းျပႏိုင္ခဲ့သလို စပါးစ္ကြင္းမွာ ဂိုးသြင္းယူျပခဲ့တာကေတာ့ သူ႔ရဲ႕ တစ္ဆင့္ျမင့္ ကစားသမားဘဝကို တက္လွမ္းသြားႏိုင္ခဲ့ၿပီလို႔ သက္ေသထူႏိုင္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြရဲ႕ အဓိကလူျဖစ္ခဲ့တဲ့ ၂၄ ႏွစ္သား ကပၸတိန္ဟာ မက္ဆီနဲ႔ေတာင္ တူလာခဲ့ၿပီလို႔ ခ်ီးက်ဴးရေတာ့မွာပါ။

ကြန္တီကို ၿဖဲခဲ့တဲ့ ခ်ာကာ
အာဆင္နယ္ရဲ႕ တစ္ရွိန္ထိုး တိုးတက္လာမႈမွာ အလိုလိုေနရင္း နိမ့္ပါးသြားခဲ့ရသူေတြကေတာ့ ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္နဲ႔ သူတို႔နည္းျပ အန္တိုနီယို ကြန္တီတို႔ပဲျဖစ္ၾကပါတယ္။ တစ္ပြဲလုံးမွာ ေဒါသထြက္လိုက္၊ ေစာဒကတက္လိုက္နဲ႔ မနာလိုတိုရွည္ပုံစံကို ျပသေနခဲ့တဲ့ အီတလီနည္းျပေဟာင္း အေနနဲ႔ ဒုတိယပိုင္းမွာ ခ်ာကာကို ဝင္ပိုင္းတဲ့ ႐ိုမဲ႐ိုး ႏွစ္ဝါတစ္နီ မထိဘဲ သက္ညႇာခံခဲ့ရတာကိုေတာင္ အားမရေသးဘဲ ေဘးစည္းကေန ဟန္ေဆာင္တယ္လို႔ စြပ္စြဲေျပာဆိုေနခဲ့တဲ့အတြက္ ဆြစ္ဇာလန္ကပၸတိန္က ရွက္တတ္ရင္ ပါးစပ္ပိတ္ထားဖို႔ ျပန္လည္ေအာ္ဟစ္မႈနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ေဝဖန္စရာျဖစ္ခဲ့ရတာပါ။

ရွစ္မွတ္ ဖင္ခုထိုင္ၿပီး ဇိမ္ခံႏိုင္တဲ့ အာတီတာ
အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ဒီေန႔ပြဲအႏိုင္ေၾကာင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ၿပိဳင္ပြဲမွာ ဒုတိယေနရာက မန္စီးတီးတို႔အေပၚ ကြာျခားခ်က္ ၈ မွတ္ကို ဖင္ခုထိုင္ၿပီး ဇိမ္ခံေနလို႔ရၿပီျဖစ္ပါတယ္။ မန္ခ်က္စတာဒါဘီမွာ ရႈံးပြဲေတြ႕ခဲ့တဲ့ မန္စီးတီးတို႔ရဲ႕ ေျခေခ်ာ္မႈေၾကာင့္ စပါးစ္ကြင္းမွာ သေရေလာက္ရရင္ပဲ အာဆင္နယ္တို႔ ေပါ့ေပါ့ပါးပါး ေနလို႔ရၿပီလို႔ တခ်ိဳ႕က ခန႔္မွန္းခဲ့ၾကေပမယ့္ လက္ေတြ႕မွာေတာ့ ဖိဖိစီးစီး အႏိုင္ကစားၿပီး ကြက္လပ္ကို ၈ မွတ္အထိ တိုးျမႇင့္ခဲ့တာပါ။ လာမယ့္ ပြဲစဥ္မွာ မန္ယူနဲ႔ အိမ္ကြင္း အမ္းမရိတ္မွာ ကစားရမွာျဖစ္လို႔ ပရိသတ္ေတြကေတာ့ ရာသီအစက အညစ္ခံခဲ့ရတဲ့ ရႈံးပြဲ အတြက္ လက္စားေစေခ်ေစဖို႔ ဆႏၵရွိေနခဲ့ၾကသလို ႏိုင္ပြဲဆက္ၿပီး ေျမာက္ႂကြေျမာက္ႂကြျဖစ္ေနတဲ့ တန္ဟတ္ကို အႏိုင္ယူဖို႔ ရွစ္မွတ္ဆိုဖာေပၚက အာတီတာ ႀကိဳတင္ျပင္ဆင္ေနမွာကေတာ့ ေသခ်ာေနပါတယ္။

ရမ္းစ္ေဒးလ္ေၾကာင့္ စပါးေတြ ေရနစ္ခဲ့တဲ့ လြမ္းစရာ ေဆာင္းည
အာဆင္နယ္တို႔ကို အိမ္ကြင္းမွာေတာ့ ႐ိုက္ခ်လိုက္မဟဲ့လို႔ လုပ္ခဲ့ေပမယ့္ သူတို႔အားကိုးတဲ့ ေကာင္တာနဲ႔ ေတာင္ပံေတြ ဘာမွ လုပ္မရခဲ့သလို ဒုတိယပိုင္းမွာ တိုက္စစ္ဖြင့္ၿပီး အတင္းဖိကစားေတာ့လည္း ေဘာလုံးေတာ္ေတာ္မ်ားမ်ားက ဂိုးသမား ရမ္းစ္ေဒးလ္ရဲ႕ လက္ထဲမွာပဲ အဆုံးသတ္သြားခဲ့တာပါ။ ဂိုးေပါက္ကန္သြင္းမႈ ၁၇ ႀကိမ္မွာ ၇ ႀကိမ္ဂိုးေပါက္တည့္ခဲ့တာကို ရွက္ဖီးလ္ဒ္ဂိုးသမားေဟာင္းက ကာကြယ္သြားခဲ့ၿပီး ဒီထဲမွာ ၅ ႀကိမ္ကို ခက္ခက္ခဲခဲ တားဆီးခဲ့ရသလို ကြၽမ္းက်င္သူေတြရဲ႕ သုံးသပ္ခ်က္ေတြအရေတာ့ ဒီထဲမွာ ၂ ဂိုးကေန ၃ ဂိုးအထိ ေပးရႏိုင္တယ္လို႔ ဆိုခဲ့ၾကပါတယ္။ ဒါေပမယ့္ ရမ္းစ္ေဒးလ္ ကေတာ့ ဝႈိက္ဟတ္လိန္းမွာ Clean Sheet ေတာင္ ရွာေဖြသြားခဲ့ေသးၿပီး ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားလည္းျဖစ္လာခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.