La Liga Match Report

စပိန်ဆူပါဖလားမှာ အအောင်မြင်ဆုံးအဖြစ် ရီးရဲလ်ကို အနိုင်ယူဗိုလ်စွဲခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ အရော်ဂျို၊ ခရစ္စတင်ဆန်၊ ကွန်ဒီနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ဒီယုံးနဲ့ ပက်ဒရီတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ လီဗန်ဒေါ့ဗ်စကီးက အထောင်နဲ့ ဒမ်ဘီလီ၊ ဂါဗီတို့က တောင်ပံတွေမှာ ကစားခဲ့ကြတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်တို့ကတော့ ဂိုးသမား ကူတွာ၊ ခံစစ်မှာ ရူဒီဂါ၊ အယ်ဒါ မီလီတို၊ ကာဗာဟယ်လ်နဲ့ ဖယ်လွန် မန်ဒီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာဗင်ဂါ၊ မိုဒရစ်ချ်နဲ့ တိုနီ ခရူးစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဗယ်လ်ဗာဒီ၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကို ပွဲထုတ်လာခဲ့တာပါ။

နှစ်သင်းစလုံးကတော့ လာလီဂါမှာသာ ဆရာတွေ လုပ်နေခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ပွဲတွေက စွမ်းဆောင်ရည်အရ ဥရောပ ထွက်ကစားရင် တခြားအသင်းကြီးတွေရဲ့ အနိုင်ကျင့်ခံရမယ့် ပုံစံတွေကိုပဲ ပြသနေခဲ့သလို ဘာစီလိုနာတို့ကတော့ ဒီနေ့ပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ထက် ပိုမိုသာလွန်ခဲ့ပြီး ဇာဗီရဲ့ ကစားကွက်က အဘိုးကြီး အန်ချယ်လော့တီရဲ့ စိတ်ဝင်စားစရာမရှိတဲ့ ကစားဟန်ကို လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ ဂါဗီ တင်ပေးတာကနေ လီဗန်ဒေါ့ဗ်စကီး ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဘားပေါ်က ကျော်သွားခဲ့သလို ပိုလန်တိုက်စစ်မှူးအနေနဲ့ မိနစ်ပိုင်းအတွင်းမှာ နောက်တစ်ကြိမ် ခပ်ပြင်းပြင်း ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား ကူတွာက လက်စွမ်းပြ ပုတ်ထုတ်သွားခဲ့ပြီး ဒီက ထွက်လာတာကို အဲလက်စ် ဘာလ်ဒီက ဘေးကန်ပစ်ခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ ဘာစီလိုနာတို့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ပက်ဒရီ ထိုးပေးတာကို လီဗန်ဒေါ့ဗ်စကီးက သူကန်မလိုလိုနဲ့ ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ ရီးရဲလ်ခံစစ် အငိုက်မိသွားခဲ့တာကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ဂါဗီက ဘယ်ခြမ်းကနေ ပြေးဝင်ပြီး ဂိုးသမား ကူတွာ ဘေးကနေ ဘယ်ခြေနဲ့ ချိုးကန်သွင်းနိုင်ခဲ့လို့ ကာတာလန်သားတွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ရီးရဲလ်တို့ ဘာမှ မလုပ်နိုင်ခဲ့ဘဲ ပွဲကို ဘာစီလိုနာတို့ပဲ စိုးမိုးထားခဲ့သလို ဗီနီးရှပ်စ် ဂျူနီယာရော ဘင်ဇီးမားပါ တိုက်စစ်မှာ အလုပ်မဖြစ်ခဲ့တဲ့အတွက် နည်းပြ အန်ချယ်လော့တီရဲ့ ဗျူဟာက ဒီနေ့မှာ မထိရောက်ဘဲဖြစ်ခဲ့ရပြီး ဒီရာသီစပြီး မကြာခင်မှာပဲ ခြေကျနေခဲ့တဲ့ ပြဿနာကို အမ်ဘာပေနဲ့ အစားထိုးဖို့ အထမမြောက်ခဲ့တာကလည်း သူတို့ကို အထိနာစေခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဘာစီလိုနာတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်နေရာယူမှုကို စွန့်ပြီး ရူးရူးမိုက်မိုက် ဝင်ဖျက်တဲ့ ကာဗာဟယ်လ်နဲ့ မီလီတိုတို့ရဲ့ ကြားကနေ ဒီယုံးက အလျင်အမြန် ထိုးပေးခဲ့ရာမှာ ဂါဗီက ဘယ်ခြမ်းကနေ လွတ်လွတ်ကျွတ်ကျွတ် ရသွားခဲ့ပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ လီဗန်ဒေါ့ဗ်စကီး ပိတ်သွင်းဖို့ကတော့ ငှက်ပျောသီး အခွံနွှာစားတာထက် လွယ်ကူခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်တို့ရဲ့ နောက်တန်းကစားပုံက ပြီးခဲ့တဲ့ ပွဲတွေမှာကတည်းက ပြဿနာရှိနေခဲ့သလို ဗဟိုခံစစ်သမားတွေရဲ့ နေရာယူပုံတွေက ဆိုးရွားလွန်းနေခဲ့ပြီး ဂိုးသမား ကူတွာနဲ့ ရန်ဖြစ်ထားလို့ ဆေးလှိမ့်ထိုးနေသလားလို့ ထင်ရလောက်အောင် အတွေးပေါက်စေခဲ့သလို ပထမပိုင်းမှာတော့ ဘာစီလိုနာတို့က နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ ရီးရဲလ်တို့ဘက်က ကာမာဗင်ဂါအစား ရိုဒရီဂိုကို ထည့်သွင်းလာခဲ့သလို တိုက်စစ်မြှင့်ကစားနေခဲ့ပေမယ့် ဘာစီလိုနာတို့ရဲ့ လျင်မြန်တဲ့ ကောင်တာတွေနဲ့ တွေ့ကြုံခဲ့ရပြီး ပွဲချိန် ၅၁ မိနစ်မှာ အဲလက်စ် ဘာလ်ဒီရဲ့ တာတိုပြေးအစွမ်းနဲ့ ကာဗာဟယ်လ်ကို ကျော်ဖြတ်ပြီး ချပေးတာကို ဒမ်ဘီလီ ကန်ရာမှာ ကူတွာ ပိတ်ဆို့သွားနိုင်ခဲ့လို့သာ သက်သာရာရခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ အနိုင်သေချာစေမယ့် တတိယဂိုးကို ဘာစီလိုနာတို့ ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ လီဗန်ဒေါ့ဗ်စကီးက ဆွဲယူလာပြီး ဘယ်ခြမ်းကို ထိုးပေးရာမှာ ဂါဗီက ချိုးချိုးကန်ကန် ကန်ရာမှာ ရူဒီဂါနဲ့ ထိပြီး ညာခြမ်းကို လည်ထွက်လာတဲ့ ဘောလုံးကို ပက်ဒရီက ပြေးပိတ်ပြီး သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ရီးရဲလ်တို့ဘက်က မိုဒရစ်ချ်၊ တိုနီ ခရူးစ်နဲ့ ကာဗာဟယ်လ်တို့အစား စီဘာယော့စ်၊ အဆန်စီယိုနဲ့ နာချို ဖာနန်ဒက်ဇ်တို့ကို လူစားလဲသွားခဲ့သလို ဘာစီလိုနာတို့ဘက်ကတော့ ဒမ်ဘီလီ၊ အရော်ဂျို၊ ဒီယုံး၊ ဂါဗီနဲ့ ပက်ဒရီတို့အစား ရာဖင်ညာ၊ အဲရစ် ဂါစီယာ၊ ကက်ဆီယေး၊ အန်ဆူ ဖာတီနဲ့ ဆာဂျီ ရောဘတ်တိုတို့ကို အပြောင်းအလဲလုပ်သွားခဲ့ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ရီးရဲလ်တို့အတွက် အရှက်ပြေသွင်းဂိုး တစ်ဂိုးကို ပြန်လည်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဗယ်လ်ဗာဒီ ပေးတာကို ဘယ်ခြမ်းက စီဘာယော့စ်က ဧရိယာထဲ အနိမ့်ဘော ပြန်ချိုးပေးတာကို ဘင်ဇီးမားက လူကြားထဲကနေ ပိတ်သွင်းခဲ့ရာမှာ တာစတီဂန် ခြေထောက်နဲ့ ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတာကို ဘင်ဇီးမားကပဲ နောက်တစ်ကြိမ် ကန်သွင်းရယူသွားခဲ့ပါ။

ဆော်ဒီနိုင်ငံက ဖာ့ဒ်ဘုရင်အထိမ်းအမှတ်ကွင်းကြီးမှာ ကစားခဲ့တဲ့ စပိန်ဆူပါဖလား ပွဲချိန်အပြည့်မှာတော့ ဘာစီလိုနာတို့က ရီးရဲလ်မက်ဒရစ်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆုဖလားကို ၁၄ ကြိမ်မြောက် ရယူသွားနိုင်ခဲ့ကြသလို ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရီးရဲလ်တို့က တူညီသွားနိုင်မယ့် အဖြစ်ကိုလည်း ကာကွယ်သွားနိုင်ခဲ့ပြီး ၂ ကြိမ်အသာနဲ့ ကာတာလန်သားတွေ ဂုဏ်ခံနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ အေရာ္ဂ်ိဳ၊ ခရစၥတင္ဆန္၊ ကြန္ဒီနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ဒီယုံးနဲ႔ ပက္ဒရီတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီးက အေထာင္နဲ႔ ဒမ္ဘီလီ၊ ဂါဗီတို႔က ေတာင္ပံေတြမွာ ကစားခဲ့ၾကတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္တို႔ကေတာ့ ဂိုးသမား ကူတြာ၊ ခံစစ္မွာ ႐ူဒီဂါ၊ အယ္ဒါ မီလီတို၊ ကာဗာဟယ္လ္နဲ႔ ဖယ္လြန္ မန္ဒီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာဗင္ဂါ၊ မိုဒရစ္ခ်္နဲ႔ တိုနီ ခ႐ူးစ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဗယ္လ္ဗာဒီ၊ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ဘင္ဇီးမားတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ႏွစ္သင္းစလုံးကေတာ့ လာလီဂါမွာသာ ဆရာေတြ လုပ္ေနခဲ့ၾကေပမယ့္ ၿပီးခဲ့တဲ့ ပြဲေတြက စြမ္းေဆာင္ရည္အရ ဥေရာပ ထြက္ကစားရင္ တျခားအသင္းႀကီးေတြရဲ႕ အႏိုင္က်င့္ခံရမယ့္ ပုံစံေတြကိုပဲ ျပသေနခဲ့သလို ဘာစီလိုနာတို႔ကေတာ့ ဒီေန႔ပြဲမွာ ရီးရဲလ္မက္ဒရစ္တို႔ထက္ ပိုမိုသာလြန္ခဲ့ၿပီး ဇာဗီရဲ႕ ကစားကြက္က အဘိုးႀကီး အန္ခ်ယ္ေလာ့တီရဲ႕ စိတ္ဝင္စားစရာမရွိတဲ့ ကစားဟန္ကို လႊမ္းမိုးထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာ ဂါဗီ တင္ေပးတာကေန လီဗန္ေဒါ့ဗ္စကီး ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဘားေပၚက ေက်ာ္သြားခဲ့သလို ပိုလန္တိုက္စစ္မႉးအေနနဲ႔ မိနစ္ပိုင္းအတြင္းမွာ ေနာက္တစ္ႀကိမ္ ခပ္ျပင္းျပင္း ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးသမား ကူတြာက လက္စြမ္းျပ ပုတ္ထုတ္သြားခဲ့ၿပီး ဒီက ထြက္လာတာကို အဲလက္စ္ ဘာလ္ဒီက ေဘးကန္ပစ္ခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ အဖြင့္ဂိုး စတင္ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ပက္ဒရီ ထိုးေပးတာကို လီဗန္ေဒါ့ဗ္စကီးက သူကန္မလိုလိုနဲ႔ ဧရိယာထဲကို ခင္းေပးခဲ့ရာမွာ ရီးရဲလ္ခံစစ္ အငိုက္မိသြားခဲ့တာကို အခြင့္ေကာင္းယူႏိုင္ခဲ့တဲ့ ဂါဗီက ဘယ္ျခမ္းကေန ေျပးဝင္ၿပီး ဂိုးသမား ကူတြာ ေဘးကေန ဘယ္ေျခနဲ႔ ခ်ိဳးကန္သြင္းႏိုင္ခဲ့လို႔ ကာတာလန္သားေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ရီးရဲလ္တို႔ ဘာမွ မလုပ္ႏိုင္ခဲ့ဘဲ ပြဲကို ဘာစီလိုနာတို႔ပဲ စိုးမိုးထားခဲ့သလို ဗီနီးရွပ္စ္ ဂ်ဴနီယာေရာ ဘင္ဇီးမားပါ တိုက္စစ္မွာ အလုပ္မျဖစ္ခဲ့တဲ့အတြက္ နည္းျပ အန္ခ်ယ္ေလာ့တီရဲ႕ ဗ်ဴဟာက ဒီေန႔မွာ မထိေရာက္ဘဲျဖစ္ခဲ့ရၿပီး ဒီရာသီစၿပီး မၾကာခင္မွာပဲ ေျခက်ေနခဲ့တဲ့ ျပႆနာကို အမ္ဘာေပနဲ႔ အစားထိုးဖို႔ အထမေျမာက္ခဲ့တာကလည္း သူတို႔ကို အထိနာေစခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ေနရာယူမႈကို စြန႔္ၿပီး ႐ူး႐ူးမိုက္မိုက္ ဝင္ဖ်က္တဲ့ ကာဗာဟယ္လ္နဲ႔ မီလီတိုတို႔ရဲ႕ ၾကားကေန ဒီယုံးက အလ်င္အျမန္ ထိုးေပးခဲ့ရာမွာ ဂါဗီက ဘယ္ျခမ္းကေန လြတ္လြတ္ကြၽတ္ကြၽတ္ ရသြားခဲ့ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ လီဗန္ေဒါ့ဗ္စကီး ပိတ္သြင္းဖို႔ကေတာ့ ငွက္ေပ်ာသီး အခြံႏႊာစားတာထက္ လြယ္ကူခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ ေနာက္တန္းကစားပုံက ၿပီးခဲ့တဲ့ ပြဲေတြမွာကတည္းက ျပႆနာရွိေနခဲ့သလို ဗဟိုခံစစ္သမားေတြရဲ႕ ေနရာယူပုံေတြက ဆိုး႐ြားလြန္းေနခဲ့ၿပီး ဂိုးသမား ကူတြာနဲ႔ ရန္ျဖစ္ထားလို႔ ေဆးလွိမ့္ထိုးေနသလားလို႔ ထင္ရေလာက္ေအာင္ အေတြးေပါက္ေစခဲ့သလို ပထမပိုင္းမွာေတာ့ ဘာစီလိုနာတို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ ရီးရဲလ္တို႔ဘက္က ကာမာဗင္ဂါအစား ႐ိုဒရီဂိုကို ထည့္သြင္းလာခဲ့သလို တိုက္စစ္ျမႇင့္ကစားေနခဲ့ေပမယ့္ ဘာစီလိုနာတို႔ရဲ႕ လ်င္ျမန္တဲ့ ေကာင္တာေတြနဲ႔ ေတြ႕ႀကဳံခဲ့ရၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာ အဲလက္စ္ ဘာလ္ဒီရဲ႕ တာတိုေျပးအစြမ္းနဲ႔ ကာဗာဟယ္လ္ကို ေက်ာ္ျဖတ္ၿပီး ခ်ေပးတာကို ဒမ္ဘီလီ ကန္ရာမွာ ကူတြာ ပိတ္ဆို႔သြားႏိုင္ခဲ့လို႔သာ သက္သာရာရခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ဘာစီလိုနာတို႔ ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန လီဗန္ေဒါ့ဗ္စကီးက ဆြဲယူလာၿပီး ဘယ္ျခမ္းကို ထိုးေပးရာမွာ ဂါဗီက ခ်ိဳးခ်ိဳးကန္ကန္ ကန္ရာမွာ ႐ူဒီဂါနဲ႔ ထိၿပီး ညာျခမ္းကို လည္ထြက္လာတဲ့ ေဘာလုံးကို ပက္ဒရီက ေျပးပိတ္ၿပီး သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ရီးရဲလ္တို႔ဘက္က မိုဒရစ္ခ်္၊ တိုနီ ခ႐ူးစ္နဲ႔ ကာဗာဟယ္လ္တို႔အစား စီဘာေယာ့စ္၊ အဆန္စီယိုနဲ႔ နာခ်ိဳ ဖာနန္ဒက္ဇ္တို႔ကို လူစားလဲသြားခဲ့သလို ဘာစီလိုနာတို႔ဘက္ကေတာ့ ဒမ္ဘီလီ၊ အေရာ္ဂ်ိဳ၊ ဒီယုံး၊ ဂါဗီနဲ႔ ပက္ဒရီတို႔အစား ရာဖင္ညာ၊ အဲရစ္ ဂါစီယာ၊ ကက္ဆီေယး၊ အန္ဆူ ဖာတီနဲ႔ ဆာဂ်ီ ေရာဘတ္တိုတို႔ကို အေျပာင္းအလဲလုပ္သြားခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ရီးရဲလ္တို႔အတြက္ အရွက္ေျပသြင္းဂိုး တစ္ဂိုးကို ျပန္လည္ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ဗယ္လ္ဗာဒီ ေပးတာကို ဘယ္ျခမ္းက စီဘာေယာ့စ္က ဧရိယာထဲ အနိမ့္ေဘာ ျပန္ခ်ိဳးေပးတာကို ဘင္ဇီးမားက လူၾကားထဲကေန ပိတ္သြင္းခဲ့ရာမွာ တာစတီဂန္ ေျခေထာက္နဲ႔ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတာကို ဘင္ဇီးမားကပဲ ေနာက္တစ္ႀကိမ္ ကန္သြင္းရယူသြားခဲ့ပါ။

ေဆာ္ဒီႏိုင္ငံက ဖာ့ဒ္ဘုရင္အထိမ္းအမွတ္ကြင္းႀကီးမွာ ကစားခဲ့တဲ့ စပိန္ဆူပါဖလား ပြဲခ်ိန္အျပည့္မွာေတာ့ ဘာစီလိုနာတို႔က ရီးရဲလ္မက္ဒရစ္တို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ဆုဖလားကို ၁၄ ႀကိမ္ေျမာက္ ရယူသြားႏိုင္ခဲ့ၾကသလို ဒီၿပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆုံးအသင္းဆိုတဲ့ ဂုဏ္ပုဒ္ကို ရီးရဲလ္တို႔က တူညီသြားႏိုင္မယ့္ အျဖစ္ကိုလည္း ကာကြယ္သြားႏိုင္ခဲ့ၿပီး ၂ ႀကိမ္အသာနဲ႔ ကာတာလန္သားေတြ ဂုဏ္ခံႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.