Match Report Premier League

စပါးစ်ကို အနိုင်ယူပြီး အော်ဒီဂွါဒ်ရဲ့ မက်ဆီဆန်မှုနဲ့ ၈ မှတ်ဖြတ်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကိုပဲ အပြောင်းအလဲမရှိ အထိုင်ချလာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် တော့တင်ဟမ် ဟော့စပါးအသင်းကတော့ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ရိုမဲရိုး၊ ဒိုင်ယာနဲ့ လွန်ဂလေတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ ပါပီ မာတာ ဆားရ်၊ ဒိုဟာတီနဲ့ ဆက်ဆီညွန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ကို စုဖွဲ့ပေးခဲ့တာပါ။

ပွဲစတာနဲ့ အာဆင်နယ်တို့ ဘောလုံးကိုင်ကစားပြီး တွဲလုံးတွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားနေခဲ့သလို ပါတေးနဲ့ အော်ဒီဂွါဒ်တို့ရဲ့ ကောင်းမွန်တိကျတဲ့ Passing တွေက စပါးစ်ခံစစ်ကို တော်တော်လေး ဖိအားပေးနိုင်ပြီး ဆာကာကိုလည်း ဆက်ဆီညွန်က မထိန်းနိုင်ခဲ့တာကြောင့် ဟာရီကိန်းတို့ တိုက်စစ်သမားတွေပါ တစ်သင်းလုံး ကွင်းလယ်ကို ဆင်းပြီး ပိတ်ဆို့နေခဲ့ရပါတယ်။

အိမ်ရှင်အားနဲ့ စပါးစ်တို့ ကစားပုံ ကြမ်းချင်ခဲ့ပေမယ့် အာဆင်နယ်တို့က ပါးပါးနပ်နပ် ကိုင်တွယ်သွားခဲ့သလို မာတီနယ်လီနဲ့ ပူးပေါင်းပြီး နကီးတီးယားက ပွဲချိန် ၇ မိနစ်မှာ အနီးကပ် ခြိမ်းခြောက်ခဲ့ပေမယ့် ဂိုးသမား လိုရစ် ကာကွယ်သွားနိုင်ခဲ့ပြီး ပါတေးရဲ့ လက်ထိဘောကိုတော့ ဒိုင်လူကြီး ခရိတ် ပေါ်ဆန်က သက်ညှာပေးခဲ့တာကြောင့် ဟာရီကိန်းတို့ အုပ်စု မခံမရပ်နိုင်ဖြစ်ခဲ့ကြတာပါ။


ပွဲချိန် ၁၄ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ ဆာကာက ဆက်ဆီညွန်ကို ကျော်ဖြတ်ပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ လေးလံထိုင်းမှိုင်းနေပြီလို့ ဝေဖန်ခံနေရတဲ့ ဂိုးသမား လိုရစ်က ကိုယ့်ဂိုးထဲကိုယ် ပုတ်သွင်းမိခဲ့တာကြောင့် ပရီးမီးယားလိဂ် ၃၅၄ ပွဲ ကစားထားတဲ့ ပြင်သစ်သားရဲ့ ပထမဆုံး Own Goal နဲ့ ဧည့်သည်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။


ဂိုးပေးလိုက်ရလို့ ပြန်ကြိုးစားတဲ့ စပါးစ်ဘက်က ဆွန်ဟောင်မင်ရဲ့ အနီးကပ် ကန်ချက်ကို ရမ်းစ်ဒေးလ်က အမှားအယွင်းမရှိ ကာကွယ်ခဲ့သလို အော်ဒီဂွါဒ်ရဲ့ ဧရိယာထိပ်က ကန်ချက်ကိုလည်း လိုရစ်က ပုတ်ထုတ်သွားခဲ့ပြီး နောက်ထပ် မြောက်လန်ဒန်ဒါဘီမှာ သွင်းဂိုးရဖို့ ကြိုးစားနေခဲ့တဲ့ ပါတေးရဲ့ ကန်ချက်ပြင်းပြင်းကတော့ တိုင်ထိထွက်ခဲ့လို့ အိမ်ရှင်တွေ သက်သာသွားခဲ့ရတာပါ။


ပွဲချိန် ၃၆ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ စပါးစ်ခံစစ်က ကန်တင်လိုက်တဲ့ ဘောလုံးကို ဆာလီဘာ ခေါင်းတိုက်ချပေးရာမှာ ပါတေးက ညာခြမ်းကို ထိုးပေးခဲ့ပြီး လွတ်သွားတဲ့ ဆာကာက အလယ်ကို ပြန်တည်အပေးမှာ အော်ဒီဂွါဒ်က ဧရိယာထိပ်ကနေ ညာဘက်တိုင်ခြေကို အနိမ့်ဘော အပြင်းကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။


နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဇင်ချန်ကို ရှင်းမထုတ်ဘဲ ကမျော့တဲ့ ဘောလုံးကနေ ဟာရီကိန်း အနီးကပ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမား ရမ်းစ်ဒေးလ်က ပုတ်ထုတ်သွားခဲ့သလို ဒီကနေ ရတဲ့ ထောင့်ကန်ဘောကနေ ဟွိုင်ဘယာ့ဂ် ကန်ချက်က ဘေးထွက်ပြီးမှ ဆာလီဘာက ခြေထောက်နဲ့ ထိမိတာကို လှဲချပြီး ပင်နယ်တီတောင်းခဲ့ရာတော့ အရှက်နည်းတဲ့ လုပ်ရပ်ဖြစ်ခဲ့ပြီး ဒိုင်လူကြီးရော VAR ကပါ ပယ်ချသွားခဲ့တာပါ။

ပထမပိုင်းမှာ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ စပါးစ်တို့က တိုက်စစ်ဆင်ဖို့ ကြိုးစားနေခဲ့ပေမယ့် လွဲချော်နေခဲ့သလို ပွဲချိန်မိနစ် ၅၀ မှာ အာဆင်နယ်ခံစစ်အမှားကနေ ဟာရီကိန်းရဲ့ ကန်ချက်ပြင်းပြင်းကို ရမ်းစ်ဒေးလ် လက်စွမ်းပြပြီး ပုတ်ထုတ်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ စိတ်ပျက်ခဲ့ရပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာ ဘယ်ခြမ်းက ဆက်ဆီညွန် ဖြတ်ယူပြီး ထောင့်ကျဉ်းအနေအထားက ကန်သွင်းရာမှာ ရမ်းစ်ဒေးလ် ခြေထောက်နဲ့ ပိတ်နိုင်ခဲ့လို့ အာဆင်နယ်တို့ သက်သာသွားခဲ့သလို စပါးစ်တို့ ဆက်တိုက်ဖိနေခဲ့ပြီး အာတီတာရဲ့လူတွေကတော့ ခံစစ်ကို ပိုအားပြုခဲ့သလို ကောင်တာကစားဖို့ပဲ ကြိုးစားနေခဲ့ချိန်မှာ အဝါထိထားတဲ့ ရိုမဲရိုးကတော့ ချာကာကို ဖျက်ရာမှာ နောက်တစ်ဝါ ထိနိုင်ပေမယ့် ဒိုင်လူကြီးက သက်ညှာသွားခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ချာကာရဲ့ လှပအကွက်မြင်တဲ့ ပေးပို့မှုကို နကီးတီးယားက မသေမသပ် ထိန်းသိမ်းခဲ့လို့ ကန်ချိန် သေချာမရဘဲ ဂိုးသမား လိုရစ် ပိတ်ဆို့တာခံခဲ့ရသလို အဖြစ်မရှိတာကနေ ရှိအောင်လုပ်ဖို့ကတော့ တစ်သက်လုံးမဖြစ်နိုင်ဘူးလို့ပဲ အာဆင်နယ်ပရိသတ်တွေ တွေးထားတဲ့အတိုင်းပဲ စိတ်ပျက်ခဲ့ရပြီး စပါးစ်တို့ကတော့ ပွဲချိန် ၇၂ မိနစ်မှာ ဒိုဟာတီအစား ရစ်ချာလစ်ဆန်ကို လဲပြီး တိုက်စစ်မြှင့်လာခဲ့ပါတယ်။

စပါးစ်တို့ဘက်က ဆားရ်နဲ့ ဆက်ဆီညွန်တို့အစား ဘီဆူးမားနဲ့ ပါရီရှစ်ချ်တို့ကို ထပ်ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို ပွဲချိန် ၇၉ မိနစ်မှာတော့ ချာကာရဲ့ ဂိုးဝင်နိုင်တဲ့ ဖရီးကစ်က ထောင့်နဲ့ အနည်းငယ် လွဲသွားတာကြောင့် အာဆင်နယ်တို့ ပွဲမဖြတ်နိုင်ဘဲဖြစ်ခဲ့သလို အဝါထိထားတဲ့ မာတီနယ်လီအစား တီယာနီကို လဲပြီး ခံစစ်လုံခြုံဖို့ အာရုံစိုက်လာခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာ ဖရီးကစ်ကနေ အကြာကြီး ရှုပ်ယှက်ခတ်ပြီးမှ ပြန်ကျလာတာကို ရစ်ချာလစ်ဆန် ကန်ပေမယ့် ဂိုးသမားလက်ထဲပဲ ရောက်ခဲ့ပြီး ဇင်ချန်ကိုအစား တိုမီယာစုကို အာဆင်နယ်တို့ ထပ်ထည့်ခဲ့သလို စပါးစ်တို့ကတော့ ကူလူရှက်ဗ်စကီးနဲ့ လွန်ဂလေတို့အစား ဘရိုင်ယန် ဟေးလ်နဲ့ ဒေးဗီးစ်တို့ကို ကစားအားတင်ဖို့ ပြောင်းလဲလာခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာလည်း အာဆင်နယ်တို့ပဲ ဘောင်ထဲက အချိန်ဆွဲပြီး ထိန်းကစားသွားခဲ့သလို အော်ဒီဂွါဒ်နဲ့ နကီးတီးယားတို့အစား စမစ်ရိုးနဲ့ ဖာဘီယို ဗီယာရာတို့ကို ထည့်သွင်းခဲ့ပြီး စပါးစ်တို့ကို စိတ်ပျက်စေခဲ့တဲ့နောက် ၇ ကြိမ်အထိ ကာကွယ်ပြီး လက်စွမ်းပြနေတဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ကို မကျော်လွန်နိုင်တော့ဘဲ မြောက်လန်ဒန်ဒါဘီမှာ Clean Sheet နဲ့ နိုင်ပွဲက လှပခဲ့တာပါ။

စပါးစ်တို့ကို အဝေးကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် မန်ချက်စတာဒါဘီမှာ မန်စီးတီးတို့ ရှုံးနိမ်ခဲ့မှုကို အခွင့်ကောင်း ယူနိုင်ခဲ့ပြီး အာဆင်နယ်တို့အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ပြီး ဦးဆောင်သွားနိုင်ခဲ့ကြသလို နှစ်ပေါင်းများစွာကြာမှ တစ်ကျော့ပြန် ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်တွေ မြင့်မားလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ ဘန္ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကိုပဲ အေျပာင္းအလဲမရွိ အထိုင္ခ်လာခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေတာ့တင္ဟမ္ ေဟာ့စပါးအသင္းကေတာ့ ဂိုးသမား လိုရစ္၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ဒိုင္ယာနဲ႔ လြန္ဂေလတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟြိဳင္ဘယာ့ဂ္၊ ပါပီ မာတာ ဆားရ္၊ ဒိုဟာတီနဲ႔ ဆက္ဆီၫြန္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ကူလူရွက္ဗ္စကီး၊ ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတို႔ကို စုဖြဲ႕ေပးခဲ့တာပါ။

ပြဲစတာနဲ႔ အာဆင္နယ္တို႔ ေဘာလုံးကိုင္ကစားၿပီး တြဲလုံးေတြနဲ႔ ထိုးေဖာက္ဖို႔ ႀကိဳးစားေနခဲ့သလို ပါေတးနဲ႔ ေအာ္ဒီဂြါဒ္တို႔ရဲ႕ ေကာင္းမြန္တိက်တဲ့ Passing ေတြက စပါးစ္ခံစစ္ကို ေတာ္ေတာ္ေလး ဖိအားေပးႏိုင္ၿပီး ဆာကာကိုလည္း ဆက္ဆီၫြန္က မထိန္းႏိုင္ခဲ့တာေၾကာင့္ ဟာရီကိန္းတို႔ တိုက္စစ္သမားေတြပါ တစ္သင္းလုံး ကြင္းလယ္ကို ဆင္းၿပီး ပိတ္ဆို႔ေနခဲ့ရပါတယ္။

အိမ္ရွင္အားနဲ႔ စပါးစ္တို႔ ကစားပုံ ၾကမ္းခ်င္ခဲ့ေပမယ့္ အာဆင္နယ္တို႔က ပါးပါးနပ္နပ္ ကိုင္တြယ္သြားခဲ့သလို မာတီနယ္လီနဲ႔ ပူးေပါင္းၿပီး နကီးတီးယားက ပြဲခ်ိန္ ၇ မိနစ္မွာ အနီးကပ္ ၿခိမ္းေျခာက္ခဲ့ေပမယ့္ ဂိုးသမား လိုရစ္ ကာကြယ္သြားႏိုင္ခဲ့ၿပီး ပါေတးရဲ႕ လက္ထိေဘာကိုေတာ့ ဒိုင္လူႀကီး ခရိတ္ ေပၚဆန္က သက္ညႇာေပးခဲ့တာေၾကာင့္ ဟာရီကိန္းတို႔ အုပ္စု မခံမရပ္ႏိုင္ျဖစ္ခဲ့ၾကတာပါ။


ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ ဆာကာက ဆက္ဆီၫြန္ကို ေက်ာ္ျဖတ္ၿပီး ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ ေလးလံထိုင္းမႈိင္းေနၿပီလို႔ ေဝဖန္ခံေနရတဲ့ ဂိုးသမား လိုရစ္က ကိုယ့္ဂိုးထဲကိုယ္ ပုတ္သြင္းမိခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ ၃၅၄ ပြဲ ကစားထားတဲ့ ျပင္သစ္သားရဲ႕ ပထမဆုံး Own Goal နဲ႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။


ဂိုးေပးလိုက္ရလို႔ ျပန္ႀကိဳးစားတဲ့ စပါးစ္ဘက္က ဆြန္ေဟာင္မင္ရဲ႕ အနီးကပ္ ကန္ခ်က္ကို ရမ္းစ္ေဒးလ္က အမွားအယြင္းမရွိ ကာကြယ္ခဲ့သလို ေအာ္ဒီဂြါဒ္ရဲ႕ ဧရိယာထိပ္က ကန္ခ်က္ကိုလည္း လိုရစ္က ပုတ္ထုတ္သြားခဲ့ၿပီး ေနာက္ထပ္ ေျမာက္လန္ဒန္ဒါဘီမွာ သြင္းဂိုးရဖို႔ ႀကိဳးစားေနခဲ့တဲ့ ပါေတးရဲ႕ ကန္ခ်က္ျပင္းျပင္းကေတာ့ တိုင္ထိထြက္ခဲ့လို႔ အိမ္ရွင္ေတြ သက္သာသြားခဲ့ရတာပါ။


ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ စပါးစ္ခံစစ္က ကန္တင္လိုက္တဲ့ ေဘာလုံးကို ဆာလီဘာ ေခါင္းတိုက္ခ်ေပးရာမွာ ပါေတးက ညာျခမ္းကို ထိုးေပးခဲ့ၿပီး လြတ္သြားတဲ့ ဆာကာက အလယ္ကို ျပန္တည္အေပးမွာ ေအာ္ဒီဂြါဒ္က ဧရိယာထိပ္ကေန ညာဘက္တိုင္ေျခကို အနိမ့္ေဘာ အျပင္းကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။


နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဇင္ခ်န္ကို ရွင္းမထုတ္ဘဲ ကေမ်ာ့တဲ့ ေဘာလုံးကေန ဟာရီကိန္း အနီးကပ္ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးသမား ရမ္းစ္ေဒးလ္က ပုတ္ထုတ္သြားခဲ့သလို ဒီကေန ရတဲ့ ေထာင့္ကန္ေဘာကေန ဟြိဳင္ဘယာ့ဂ္ ကန္ခ်က္က ေဘးထြက္ၿပီးမွ ဆာလီဘာက ေျခေထာက္နဲ႔ ထိမိတာကို လွဲခ်ၿပီး ပင္နယ္တီေတာင္းခဲ့ရာေတာ့ အရွက္နည္းတဲ့ လုပ္ရပ္ျဖစ္ခဲ့ၿပီး ဒိုင္လူႀကီးေရာ VAR ကပါ ပယ္ခ်သြားခဲ့တာပါ။

ပထမပိုင္းမွာ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ စပါးစ္တို႔က တိုက္စစ္ဆင္ဖို႔ ႀကိဳးစားေနခဲ့ေပမယ့္ လြဲေခ်ာ္ေနခဲ့သလို ပြဲခ်ိန္မိနစ္ ၅၀ မွာ အာဆင္နယ္ခံစစ္အမွားကေန ဟာရီကိန္းရဲ႕ ကန္ခ်က္ျပင္းျပင္းကို ရမ္းစ္ေဒးလ္ လက္စြမ္းျပၿပီး ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စိတ္ပ်က္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာ ဘယ္ျခမ္းက ဆက္ဆီၫြန္ ျဖတ္ယူၿပီး ေထာင့္က်ဥ္းအေနအထားက ကန္သြင္းရာမွာ ရမ္းစ္ေဒးလ္ ေျခေထာက္နဲ႔ ပိတ္ႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ သက္သာသြားခဲ့သလို စပါးစ္တို႔ ဆက္တိုက္ဖိေနခဲ့ၿပီး အာတီတာရဲ႕လူေတြကေတာ့ ခံစစ္ကို ပိုအားျပဳခဲ့သလို ေကာင္တာကစားဖို႔ပဲ ႀကိဳးစားေနခဲ့ခ်ိန္မွာ အဝါထိထားတဲ့ ႐ိုမဲ႐ိုးကေတာ့ ခ်ာကာကို ဖ်က္ရာမွာ ေနာက္တစ္ဝါ ထိႏိုင္ေပမယ့္ ဒိုင္လူႀကီးက သက္ညႇာသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ခ်ာကာရဲ႕ လွပအကြက္ျမင္တဲ့ ေပးပို႔မႈကို နကီးတီးယားက မေသမသပ္ ထိန္းသိမ္းခဲ့လို႔ ကန္ခ်ိန္ ေသခ်ာမရဘဲ ဂိုးသမား လိုရစ္ ပိတ္ဆို႔တာခံခဲ့ရသလို အျဖစ္မရွိတာကေန ရွိေအာင္လုပ္ဖို႔ကေတာ့ တစ္သက္လုံးမျဖစ္ႏိုင္ဘူးလို႔ပဲ အာဆင္နယ္ပရိသတ္ေတြ ေတြးထားတဲ့အတိုင္းပဲ စိတ္ပ်က္ခဲ့ရၿပီး စပါးစ္တို႔ကေတာ့ ပြဲခ်ိန္ ၇၂ မိနစ္မွာ ဒိုဟာတီအစား ရစ္ခ်ာလစ္ဆန္ကို လဲၿပီး တိုက္စစ္ျမႇင့္လာခဲ့ပါတယ္။

စပါးစ္တို႔ဘက္က ဆားရ္နဲ႔ ဆက္ဆီၫြန္တို႔အစား ဘီဆူးမားနဲ႔ ပါရီရွစ္ခ်္တို႔ကို ထပ္ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့သလို ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ခ်ာကာရဲ႕ ဂိုးဝင္ႏိုင္တဲ့ ဖရီးကစ္က ေထာင့္နဲ႔ အနည္းငယ္ လြဲသြားတာေၾကာင့္ အာဆင္နယ္တို႔ ပြဲမျဖတ္ႏိုင္ဘဲျဖစ္ခဲ့သလို အဝါထိထားတဲ့ မာတီနယ္လီအစား တီယာနီကို လဲၿပီး ခံစစ္လုံၿခဳံဖို႔ အာ႐ုံစိုက္လာခဲ့တာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာ ဖရီးကစ္ကေန အၾကာႀကီး ရႈပ္ယွက္ခတ္ၿပီးမွ ျပန္က်လာတာကို ရစ္ခ်ာလစ္ဆန္ ကန္ေပမယ့္ ဂိုးသမားလက္ထဲပဲ ေရာက္ခဲ့ၿပီး ဇင္ခ်န္ကိုအစား တိုမီယာစုကို အာဆင္နယ္တို႔ ထပ္ထည့္ခဲ့သလို စပါးစ္တို႔ကေတာ့ ကူလူရွက္ဗ္စကီးနဲ႔ လြန္ဂေလတို႔အစား ဘ႐ိုင္ယန္ ေဟးလ္နဲ႔ ေဒးဗီးစ္တို႔ကို ကစားအားတင္ဖို႔ ေျပာင္းလဲလာခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာလည္း အာဆင္နယ္တို႔ပဲ ေဘာင္ထဲက အခ်ိန္ဆြဲၿပီး ထိန္းကစားသြားခဲ့သလို ေအာ္ဒီဂြါဒ္နဲ႔ နကီးတီးယားတို႔အစား စမစ္႐ိုးနဲ႔ ဖာဘီယို ဗီယာရာတို႔ကို ထည့္သြင္းခဲ့ၿပီး စပါးစ္တို႔ကို စိတ္ပ်က္ေစခဲ့တဲ့ေနာက္ ၇ ႀကိမ္အထိ ကာကြယ္ၿပီး လက္စြမ္းျပေနတဲ့ ဂိုးသမား ရမ္းစ္ေဒးလ္ကို မေက်ာ္လြန္ႏိုင္ေတာ့ဘဲ ေျမာက္လန္ဒန္ဒါဘီမွာ Clean Sheet နဲ႔ ႏိုင္ပြဲက လွပခဲ့တာပါ။

စပါးစ္တို႔ကို အေဝးကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာဒါဘီမွာ မန္စီးတီးတို႔ ရႈံးနိမ္ခဲ့မႈကို အခြင့္ေကာင္း ယူႏိုင္ခဲ့ၿပီး အာဆင္နယ္တို႔အေနနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ၈ မွတ္ျဖတ္ၿပီး ဦးေဆာင္သြားႏိုင္ခဲ့ၾကသလို ႏွစ္ေပါင္းမ်ားစြာၾကာမွ တစ္ေက်ာ့ျပန္ ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ျမင့္မားလာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.