Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၀.၉.၂၀၂၀

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ အကယ္ဒမီထြက္ အသက္ ၂၂ ႏွစ္အရြယ္ ေနာက္ခံလူ တိုဆင္ အာဒါရာဘုိင္႐ိုယိုကုိ ေရာင္းခ်ဖို႔ ဆုံးျဖတ္လုိက္ၿပီျဖစ္ၿပီး ဝက္စ္ဟမ္း၊ အဲဗာတန္၊ နယူးကာဆယ္လ္၊ ဖူလ္ဟမ္နဲ႔ လိစ္ဒ္ယူႏုိက္တက္တုိ႔ စိတ္ဝင္စားေနၾက။

– အသင္းရဲ႕ အဓိက ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္ မပါဝင္ႏုိင္ေသးခင္မွာ ေနာက္ခံလူသစ္ နာသန္ ေအကီဟာ အေရးပါတဲ့ ဆုံးျဖတ္ခ်က္နဲ႔ အစားထိုးမွဳျဖစ္လာမွာျဖစ္ၿပီး ပြဲဦးထြက္မွာ ေျခစြမ္းျပႏုိင္မယ္လုိ႔ မန္စီးတီးပရိသတ္ေတြ ေမွ်ာ္လင္ေနၾက။

– ဂ်ဴးလ္ ကြန္ဒီအတြက္ ေပါင္သန္း ၅၀ နဲ႔ မန္စီးတီးရဲ႕ ကမ္းလွမ္းမွဳကို ဆီဗီလာအသင္းက ပယ္ခ်လုိက္ၿပီး သူတုိ႔ရဲ႕ ျပင္သစ္လူငယ္ ယူ-၂၀ ေနာက္ခံလူေဟာင္းအတြက္ စာခ်ဳပ္ ေလ်ာ္ေၾကး ေပါင္ ၈၂.၅ သန္းကိုပဲ ေပးခ်သြားမွ လက္ခံမယ္လုိ႔ တုံ႔ျပန္ထား။

– နည္းျပ ဂြါဒီယိုလာကေတာ့ ဒီအသင္းမွာ ေနရာတာဟာ ခ်စ္စရာေကာင္းတဲ့ အခ်င္းအရာတစ္ခုျဖစ္ၿပီး ဒီထက္ပုိၿပီး ၾကာၾကာေနထုိင္သြားလိုတယ္လုိ႔ စာခ်ဳပ္သစ္ သက္တမ္းတုိးဖို႔အတြက္ သူ႕ဘက္က မီးစိမ္းျပထား။

– ေနာက္ခံလူ အဲရစ္ ဂါစီယာကို ေခၚဖို႔ ဘာစီလိုနာအသင္းရဲ႕ အသံေတြကေတာ့ တိတ္ဆိတ္သြားၿပီျဖစ္ၿပီး လက္ရွိ အရွဳံးေပၚေနတဲ့ အေနအထားမွာ ကစားသမားေရာင္းခ်ျခင္းမျပဳဘဲ ေငြသုံးခဲ့မယ္ဆုိရင္ လာလီဂါအဖြဲ႕ခ်ဳပ္ရဲ႕ စည္းၾကပ္မွဳအရ သုံးေငြရဲ႕ တစ္ရာရာခိုင္ႏွဳန္းကို အခြန္အျဖစ္ေပးေဆာင္ရမွာေၾကာင့္လို႔ဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ အကယ်ဒမီထွက် အသက် ၂၂ နှစ်အရွယ် နောက်ခံလူ တိုဆင် အာဒါရာဘိုင်ရိုယိုကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ဝက်စ်ဟမ်း၊ အဲဗာတန်၊ နယူးကာဆယ်လ်၊ ဖူလ်ဟမ်နဲ့ လိစ်ဒ်ယူနိုက်တက်တို့ စိတ်ဝင်စားနေကြ။

– အသင်းရဲ့ အဓိက နောက်ခံလူ အေးမရစ် လာပေါ့တ် မပါဝင်နိုင်သေးခင်မှာ နောက်ခံလူသစ် နာသန် အေကီဟာ အရေးပါတဲ့ ဆုံးဖြတ်ချက်နဲ့ အစားထိုးမှုဖြစ်လာမှာဖြစ်ပြီး ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်မယ်လို့ မန်စီးတီးပရိသတ်တွေ မျှော်လင်နေကြ။

– ဂျူးလ် ကွန်ဒီအတွက် ပေါင်သန်း ၅၀ နဲ့ မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို ဆီဗီလာအသင်းက ပယ်ချလိုက်ပြီး သူတို့ရဲ့ ပြင်သစ်လူငယ် ယူ-၂၀ နောက်ခံလူဟောင်းအတွက် စာချုပ် လျော်ကြေး ပေါင် ၈၂.၅ သန်းကိုပဲ ပေးချသွားမှ လက်ခံမယ်လို့ တုံ့ပြန်ထား။

– နည်းပြ ဂွါဒီယိုလာကတော့ ဒီအသင်းမှာ နေရာတာဟာ ချစ်စရာကောင်းတဲ့ အချင်းအရာတစ်ခုဖြစ်ပြီး ဒီထက်ပိုပြီး ကြာကြာနေထိုင်သွားလိုတယ်လို့ စာချုပ်သစ် သက်တမ်းတိုးဖို့အတွက် သူ့ဘက်က မီးစိမ်းပြထား။

– နောက်ခံလူ အဲရစ် ဂါစီယာကို ခေါ်ဖို့ ဘာစီလိုနာအသင်းရဲ့ အသံတွေကတော့ တိတ်ဆိတ်သွားပြီဖြစ်ပြီး လက်ရှိ အရှုံးပေါ်နေတဲ့ အနေအထားမှာ ကစားသမားရောင်းချခြင်းမပြုဘဲ ငွေသုံးခဲ့မယ်ဆိုရင် လာလီဂါအဖွဲ့ချုပ်ရဲ့ စည်းကြပ်မှုအရ သုံးငွေရဲ့ တစ်ရာရာခိုင်နှုန်းကို အခွန်အဖြစ်ပေးဆောင်ရမှာကြောင့်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.