Match Report Premier League

ဆြန္ေဟာင္မင္ရဲ႕ သြင္းဂိုးေလးဂိုးနဲ႔ ေမာ္ရင္ညဳိကို ေပ်ာ္ေအာင္ ဖန္တီးေပးႏုိင္ခဲ့တဲ့ ဟာရီကိန္း

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းဟာ ဒီေန႔မွာေတာ့ အေဝးကြင္း စိန္႔ေမရီမွာ ဂိုးျပတ္သြင္းၿပီး အႏုိင္ယူႏုိင္ခဲ့တာကေတာ့ အသင္းကို အသစ္ ေရာက္ရွိလာခဲ့တဲ့ ဟီး႐ိုးေဟာင္း ဂါရက္ ေဘးလ္ရဲ႕ တြန္းအားေတြနဲ႔မ်ား သက္ဆုိင္ေနမလားလို႔ ေတြးစရာလည္းျဖစ္ခဲ့ၿပီး ေတာင္ကိုရီးယားတုိက္စစ္မွဴး ဆြန္ေဟာင္မင္ရဲ႕ သြင္းဂိုး ၄ ဂိုးက ေဆာက္သမ္တန္တုိ႔ကို အရင္းကေန လဲၿပဳိေစခဲ့ပါတယ္။

ပထမပုိင္းပြဲခ်ိန္အေစာပုိင္းေတြမွာ ဟာရီကိန္းရဲ႕ သြင္းဂိုးက လူကၽြံေဘာနဲ႔ ဒန္နီအင္းစ္ရဲ႕ သြင္းဂိုးက လက္ထိေဘာနဲ႔ ျငင္းပယ္ခံခဲ့ရလို႔ ပြဲခ်ိန္ ၃၁ မိနစ္မွာမွ စပါးစ္ကစားသမားေဟာင္း ခိုင္လ္ ေဝၚလ္ကာ-ပီတာစ္ရဲ႕ အေဝးေဘာကို အိမ္ရွင္တုိက္စစ္မွဴး အင္းစ္က ေျပးထြက္ၿပီး ေကာင္းမြန္တဲ့ ထိန္းသိမ္းမွဳနဲ႔ အနိမ့္ေဘာကန္ၿပီး အဖြင့္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပုိမွာေတာ့ ဒီပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ေစမယ့္ဂိုးကို အန္ဒြမ္ဘီလီရဲ႕ ေဘာ္ဒီကို မယွဥ္ႏိုင္ခဲ့တဲ့ စိန္႔ကြင္းလယ္ကို ျဖတ္ေက်ာ္ၿပီး ျပင္သစ္သားက ေတာင္ပံက ဟာရီကိန္းကို ထုတ္ေပးလိုက္ရာမွာ သူျပန္ခ်ေပးတာကို ဆြန္ေဟာင္မင္က ေျပးလုိက္ၿပီး ညာျခမ္းကေန ေထာင့္ျဖတ္ကန္သြင္းခဲ့ရာမွာ ဂိုးသမား မကၠာသီ ပိတ္ဆို႔ပုံ မမွန္ခဲ့လို႔ ဂိုးျပန္ရခဲ့ၿပီး ပထမပုိင္းမွာ တစ္ဂိုးစီ သေရက်ေနပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ စုဖြဲ႕ပုံမေကာင္းသလုိ လူကၽြံေထာင္ေခ်ာက္လည္း ကေလးသာသာျဖစ္ေနတဲ့ ေဆာက္သမ္တန္ေနာက္တန္းၾကားက ဟာရီကိန္းခ်ေပးတာကို ဆြန္ကပဲ ေျပးထြက္ေက်ာ္ျဖတ္ႏုိင္ခဲ့ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေျခႏွစ္ဖက္စလုံးသန္တဲ့ ကိုရီးယားသားက ဘယ္ေျခနဲ႔ ကန္သြင္းခဲ့လို႔ ၄၇ မိနစ္မွာ စပါးစ္တုိ႔ စတင္ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ေဆာက္သမ္တန္ေနာက္တန္းက ခ်ာသထက္ ခ်ာလာခဲ့သလို သူတုိ႔ကို ႏွစ္ဂိုးသြင္းယူထားတဲ့ ဆြန္ကို လူကပ္ဖို႔ေတာင္ ေမ့ေလ်ာ့ေနတဲ့အခ်ိန္က ခံစစ္က စတင္တဲ့ Build-up Play ကေန ကိန္းကပဲ ခ်ေပးခဲ့ရာမွာ ဆြန္နဲ႔ ဂိုးသမား တစ္ဦးခ်င္းေတြ႕ခဲ့ျပန္ၿပီး ညာေျခကန္ခ်က္နဲ႔ တတိယေျမာက္ဂိုးကို ပြဲခ်ိန္ ၆၄ မိနစ္မွာ ထပ္မံသြင္းယူႏုိင္ခဲ့ပါတယ္။ ဒီဂိုးအတြက္ စပါးစ္ကစားသမားေဟာင္း ေဝၚလ္ကာ-ပီတာစ္ရဲ႕ ေပါ့ေလ်ာ့မွဳက ေတာ္ေတာ္ေလး ပါဝင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာလည္း ေဆာက္သမ္တန္ခံစစ္မွာ ကစားေနတာဟာ ေနာက္ခံလူေတြမွ ဟုတ္ရဲ႕လားလုိ႔ ေမးခြန္းထုတ္ရမယ့္ ပုံစံကေန ညာျခမ္းမွာ တစ္ေယာက္တည္းလြတ္ေနတဲ့ ဆြန္ကပဲ ဟာရီကိန္းရဲ႕ ျဖတ္တင္ေဘာကို ဘယ္ေျခနဲ႔ သြင္းယူႏုိင္ခဲ့ၿပီး အဲဗာတန္နဲ႔ပြဲက သူတုိ႔ရဲ႕ နားလည္မွဳ ေပ်ာက္ဆုံးေနခဲ့တာကိုလည္း ျပန္လည္ေခ်ဖ်က္ႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ဆြန္ရဲ႕ ေလးဂိုးစလုံးကို ဖန္တီးေပးထားတဲ့ တုိက္စစ္မွဴး ဟာရီကိန္းက ဘယ္ျခမ္းက လာမယ္လာရဲ႕ ကန္ခ်က္ကို ဂိုးသမားပုတ္ထုတ္လုိ႔ တိုင္ထိၿပီးျပန္ထြက္လာတာကို ပိတ္သြင္းယူႏိုင္ခဲ့ၿပီး သူ႕အတြက္ ဒီရာသီ အဖြင့္ဂိုးကို ရယူႏုိင္ခဲ့ၿပီး နည္းျပ ေမာ္ရင္ညဳိအတြက္ေတာ့ ဂုဏ္ယူႏုိင္စရာ ဂိုးသြင္းႏွဳန္းကို ျပသႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ဂ်ီနီပုိရဲ႕ ထိုးေဖာက္မွဳကို ေနာက္ခံလူသစ္ ဒိုဟာတီ လက္နဲ႔ ထိခဲ့မိတာကေန ပယ္နယ္တီကန္ခြင့္ ျပန္ေပးခဲ့ရၿပီး ဒါကို ဒန္နီအင္းစ္ကပဲ အမွားအယြင္းမရွိ ကန္သြင္းႏုိင္ခဲ့လို႔ အိမ္ရွင္တုိ႔ ႏွစ္သိမ့္ဂိုးတစ္ဂိုးထပ္ရခဲ့ၿပီး ပြဲအၿပီးမွာေတာ့ ဆြန္ေဟာင္မင္နဲ႔ စပါးစ္တုိ႔ ငါးဂိုး-ႏွစ္ဂိုးနဲ႔ ေအာင္ပြဲခံၿပီး ရာသီသစ္အတြက္ လမ္းေၾကာင္းမွန္ေပၚကို ျပန္တက္ႏုိင္မယ့္ စိတ္ဓာတ္ခြန္အားေတြ ရရွိႏုိင္ေတာ့မွာပဲျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တော့တင်ဟမ်ဟော့စပါးစ်အသင်းဟာ ဒီနေ့မှာတော့ အဝေးကွင်း စိန့်မေရီမှာ ဂိုးပြတ်သွင်းပြီး အနိုင်ယူနိုင်ခဲ့တာကတော့ အသင်းကို အသစ် ရောက်ရှိလာခဲ့တဲ့ ဟီးရိုးဟောင်း ဂါရက် ဘေးလ်ရဲ့ တွန်းအားတွေနဲ့များ သက်ဆိုင်နေမလားလို့ တွေးစရာလည်းဖြစ်ခဲ့ပြီး တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး ၄ ဂိုးက ဆောက်သမ်တန်တို့ကို အရင်းကနေ လဲပြိုစေခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်အစောပိုင်းတွေမှာ ဟာရီကိန်းရဲ့ သွင်းဂိုးက လူကျွံဘောနဲ့ ဒန်နီအင်းစ်ရဲ့ သွင်းဂိုးက လက်ထိဘောနဲ့ ငြင်းပယ်ခံခဲ့ရလို့ ပွဲချိန် ၃၁ မိနစ်မှာမှ စပါးစ်ကစားသမားဟောင်း ခိုင်လ် ဝေါ်လ်ကာ-ပီတာစ်ရဲ့ အဝေးဘောကို အိမ်ရှင်တိုက်စစ်မှူး အင်းစ်က ပြေးထွက်ပြီး ကောင်းမွန်တဲ့ ထိန်းသိမ်းမှုနဲ့ အနိမ့်ဘောကန်ပြီး အဖွင့်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာတော့ ဒီပွဲရဲ့ အလှည့်အပြောင်းဖြစ်စေမယ့်ဂိုးကို အန်ဒွမ်ဘီလီရဲ့ ဘော်ဒီကို မယှဉ်နိုင်ခဲ့တဲ့ စိန့်ကွင်းလယ်ကို ဖြတ်ကျော်ပြီး ပြင်သစ်သားက တောင်ပံက ဟာရီကိန်းကို ထုတ်ပေးလိုက်ရာမှာ သူပြန်ချပေးတာကို ဆွန်ဟောင်မင်က ပြေးလိုက်ပြီး ညာခြမ်းကနေ ထောင့်ဖြတ်ကန်သွင်းခဲ့ရာမှာ ဂိုးသမား မက္ကာသီ ပိတ်ဆို့ပုံ မမှန်ခဲ့လို့ ဂိုးပြန်ရခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေပါတယ်။

ဒုတိယပိုင်းအစမှာတော့ စုဖွဲ့ပုံမကောင်းသလို လူကျွံထောင်ချောက်လည်း ကလေးသာသာဖြစ်နေတဲ့ ဆောက်သမ်တန်နောက်တန်းကြားက ဟာရီကိန်းချပေးတာကို ဆွန်ကပဲ ပြေးထွက်ကျော်ဖြတ်နိုင်ခဲ့ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ခြေနှစ်ဖက်စလုံးသန်တဲ့ ကိုရီးယားသားက ဘယ်ခြေနဲ့ ကန်သွင်းခဲ့လို့ ၄၇ မိနစ်မှာ စပါးစ်တို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဆောက်သမ်တန်နောက်တန်းက ချာသထက် ချာလာခဲ့သလို သူတို့ကို နှစ်ဂိုးသွင်းယူထားတဲ့ ဆွန်ကို လူကပ်ဖို့တောင် မေ့လျော့နေတဲ့အချိန်က ခံစစ်က စတင်တဲ့ Build-up Play ကနေ ကိန်းကပဲ ချပေးခဲ့ရာမှာ ဆွန်နဲ့ ဂိုးသမား တစ်ဦးချင်းတွေ့ခဲ့ပြန်ပြီး ညာခြေကန်ချက်နဲ့ တတိယမြောက်ဂိုးကို ပွဲချိန် ၆၄ မိနစ်မှာ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးအတွက် စပါးစ်ကစားသမားဟောင်း ဝေါ်လ်ကာ-ပီတာစ်ရဲ့ ပေါ့လျော့မှုက တော်တော်လေး ပါဝင်ခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာလည်း ဆောက်သမ်တန်ခံစစ်မှာ ကစားနေတာဟာ နောက်ခံလူတွေမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ရမယ့် ပုံစံကနေ ညာခြမ်းမှာ တစ်ယောက်တည်းလွတ်နေတဲ့ ဆွန်ကပဲ ဟာရီကိန်းရဲ့ ဖြတ်တင်ဘောကို ဘယ်ခြေနဲ့ သွင်းယူနိုင်ခဲ့ပြီး အဲဗာတန်နဲ့ပွဲက သူတို့ရဲ့ နားလည်မှု ပျောက်ဆုံးနေခဲ့တာကိုလည်း ပြန်လည်ချေဖျက်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ ဆွန်ရဲ့ လေးဂိုးစလုံးကို ဖန်တီးပေးထားတဲ့ တိုက်စစ်မှူး ဟာရီကိန်းက ဘယ်ခြမ်းက လာမယ်လာရဲ့ ကန်ချက်ကို ဂိုးသမားပုတ်ထုတ်လို့ တိုင်ထိပြီးပြန်ထွက်လာတာကို ပိတ်သွင်းယူနိုင်ခဲ့ပြီး သူ့အတွက် ဒီရာသီ အဖွင့်ဂိုးကို ရယူနိုင်ခဲ့ပြီး နည်းပြ မော်ရင်ညိုအတွက်တော့ ဂုဏ်ယူနိုင်စရာ ဂိုးသွင်းနှုန်းကို ပြသနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ ဂျီနီပိုရဲ့ ထိုးဖောက်မှုကို နောက်ခံလူသစ် ဒိုဟာတီ လက်နဲ့ ထိခဲ့မိတာကနေ ပယ်နယ်တီကန်ခွင့် ပြန်ပေးခဲ့ရပြီး ဒါကို ဒန်နီအင်းစ်ကပဲ အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တို့ နှစ်သိမ့်ဂိုးတစ်ဂိုးထပ်ရခဲ့ပြီး ပွဲအပြီးမှာတော့ ဆွန်ဟောင်မင်နဲ့ စပါးစ်တို့ ငါးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲခံပြီး ရာသီသစ်အတွက် လမ်းကြောင်းမှန်ပေါ်ကို ပြန်တက်နိုင်မယ့် စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်တော့မှာပဲဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.