Ligue1

ဆော်ဒီကလပ်နဲ့မက်ဆီရဲ့သတင်းတွေကို အဖြေပေးခဲ့တဲ့ ဂျာနယ်လစ်

ဂျာနယ်လစ် ဂီယန် ဘာလာဂေးက ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် ဟီလာလ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ လီယွန်နယ် မက်ဆီရဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။

အယ်လ် ဟီလာလ်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်းတန်ကြေးရှိတဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တဲ့ အယ်လ် နက်ဆာအသင်းရဲ့ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးက အယ်လ် နက်ဆာကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက အယ်လ် ဟီလာလ်အသင်းကလည်း လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အကြောင်း ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာလာဂေးက ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ကြီးမားတဲ့ရည်မှန်းချက်ရှိပြီး ဆော်ဒီ အာရေဗျကလပ်အသင်းဆီကနေလည်း ဘာကမ်းလှမ်းမှုမှ ရရှိခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“သူက ဘလွန်ဒေါဆုရဖို့ ရေပန်းအစားဆုံးပါ။ သူက ချန်ပီယံလိဂ်ပြိုင်ပွဲထဲမှာပဲရှိနေပါသေးတယ်။ သူက ကမ္ဘာ့ဖလားအနိုင်ရရှိခဲ့ပြီးနောက် ကြီးမားတဲ့ ပစ်မှတ်တွေရှိပါတယ်။ သူ့ကို ဒီကမ်းလှမ်းမှုတွေနဲ့ ချဉ်းကပ်ဖို့ဆိုတာ အဓိပ္ပာယ်မရှိရုံတင်မဟုတ်ဘဲ ကမ်းလှမ်းမှုတွေလည်း မရှိပါဘူး”လို့ BBC ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ကလပ်အသင်းနဲ့ နိုင်ငံတကာဆုဖလား စုစုပေါင်း ၄၃ လုံးအထိ စံချိန်တင် ရရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ၁၈ ပွဲကစားပြီးနောက် လိဂန်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ၆ မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်သလို ပြင်သစ်လိဂ်ဖလားမှာလည်း ၃၂ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်းရှုံးထွက်အဆင့်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြင်သစ်လိဂန်းချန်ပီယံတွေဟာ အသင်းသမိုင်းတလျှောက် ဥရောပဆုဖလားကြီးကို တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ဖူးပေမယ့် လီယွန်နက် မက်ဆီက ဘာစီလိုနာမှာ ၄ ကြိမ်အထိ ရရှိခဲ့ဖူးတာဖြစ်ပါတယ်။

ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း ဘလွန်ဒေါဆုကို ၈ ကြိမ်မြောက် ရရှိဖို့အတွက် စောစောစီးစီး ရေပန်းစားနေတဲ့ အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ စာချုပ်သက်တမ်းတိုးသွားမယ်လို့ ယုံကြည်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ာနယ္လစ္ ဂီယန္ ဘာလာေဂးက ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ အယ္လ္ ဟီလာလ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနတဲ့ လီယြန္နယ္ မက္ဆီရဲ႕ သတင္းေတြကို ျငင္းပယ္ခဲ့ပါတယ္။

အယ္လ္ ဟီလာလ္အသင္းဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၇၃ သန္းတန္ေၾကးရွိတဲ့ ၂ ႏွစ္ခြဲစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ အယ္လ္ နက္ဆာအသင္းရဲ႕ ၿပိဳင္ဘက္ေတြ ျဖစ္ပါတယ္။ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးက အယ္လ္ နက္ဆာကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးကတည္းက အယ္လ္ ဟီလာလ္အသင္းကလည္း လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အေၾကာင္း ေကာလာဟလေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာလာေဂးက ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ႀကီးမားတဲ့ရည္မွန္းခ်က္ရွိၿပီး ေဆာ္ဒီ အာေရဗ်ကလပ္အသင္းဆီကေနလည္း ဘာကမ္းလွမ္းမႈမွ ရရွိခဲ့ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“သူက ဘလြန္ေဒါဆုရဖို႔ ေရပန္းအစားဆုံးပါ။ သူက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲထဲမွာပဲရွိေနပါေသးတယ္။ သူက ကမာၻ႔ဖလားအႏိုင္ရရွိခဲ့ၿပီးေနာက္ ႀကီးမားတဲ့ ပစ္မွတ္ေတြရွိပါတယ္။ သူ႔ကို ဒီကမ္းလွမ္းမႈေတြနဲ႔ ခ်ဥ္းကပ္ဖို႔ဆိုတာ အဓိပၸာယ္မရွိ႐ုံတင္မဟုတ္ဘဲ ကမ္းလွမ္းမႈေတြလည္း မရွိပါဘူး”လို႔ BBC ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့လက ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ၿပီးေနာက္ ကလပ္အသင္းနဲ႔ ႏိုင္ငံတကာဆုဖလား စုစုေပါင္း ၄၃ လုံးအထိ စံခ်ိန္တင္ ရရွိခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းက ၁၈ ပြဲကစားၿပီးေနာက္ လိဂန္း အမွတ္ေပးဇယားထိပ္ဆုံးမွာ ၆ မွတ္ျဖတ္ ဦးေဆာင္ထားႏိုင္ခဲ့ၿပီျဖစ္သလို ျပင္သစ္လိဂ္ဖလားမွာလည္း ၃၂ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ၁၆ သင္းရႈံးထြက္အဆင့္မွာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ျပင္သစ္လိဂန္းခ်န္ပီယံေတြဟာ အသင္းသမိုင္းတေလွ်ာက္ ဥေရာပဆုဖလားႀကီးကို တစ္ႀကိမ္တစ္ခါမွ မရရွိခဲ့ဖူးေပမယ့္ လီယြန္နက္ မက္ဆီက ဘာစီလိုနာမွာ ၄ ႀကိမ္အထိ ရရွိခဲ့ဖူးတာျဖစ္ပါတယ္။

ဘာစီလိုနာၾကယ္ပြင့္ေဟာင္းဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၆ လထဲကို ေရာက္ရွိေနၿပီျဖစ္ေပမယ့္လည္း ဘလြန္ေဒါဆုကို ၈ ႀကိမ္ေျမာက္ ရရွိဖို႔အတြက္ ေစာေစာစီးစီး ေရပန္းစားေနတဲ့ အာဂ်င္တီးနားၾကယ္ပြင့္အေနနဲ႔ စာခ်ဳပ္သက္တမ္းတိုးသြားမယ္လို႔ ယုံၾကည္မႈေတြ ျမင့္တက္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.